CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, January 14, 2019
ကေလးငယ္မ်ားႏွင့္ လူစည္ကားတဲ႔ ေနရာေတြသြားရင္ အထူး သတိျပဳၾကပါ
မေန႔ညက၊ အင္းစိန္၊ အာလိမ္ငါးဆင့္ဘုရားက ကရင္ႏွစ္သစ္ကူး ပဲြေစ်းတန္းကို မိသားစုနဲ႔ ေလွ်ာက္ျဖစ္တယ္။
သားအငယ္ေလး (၂ ႏွစ္၊ ၅ လ အရြယ္)ကို ခ်ီျပီးေတာ့၊ ဘုရားဝင္းထဲကို ဝင္မိေတာ့၊ လူေတြက တစ္အားက်ပ္ေနတယ္။
နည္းနည္းေလာက္ တိုးမိျပီးေတာ့၊ ခပ္လွမ္းလွမ္းက ေနာက္မွာက်န္ခဲ႔တ႔ဲ ဇနီးျဖစ္သူက “မတိုးခ်င္ေတာ့ဘူး။ ျပန္ထြက္ၾကရေအာင္” ဆိုလို႔ ေနာက္ေၾကာင္းျပန္လွည္႔လိုက္တယ္။
အဲဒီအခ်ိန္မွာပဲ ေဘးနားက လူလတ္ပိုင္းအရြယ္ ေယာကၤ်ားတစ္ေယာက္က
“ဟာ။ ပိုက္ဆံႏွုိက္သြားျပီ။ လိုက္။ လိုက္။ ကေလးက်ြန္ေတာ့ကိုေပး။”
ဆိုျပီး ကြ်န္ေတာ္ခ်ီထားတဲ႔ သားအငယ္ကို ရုတ္တရက္ လွမ္းယူလာပါတယ္။
ကြ်န္ေတာ္က ေဘာင္းဘီအိတ္ေတြထဲကို ျပန္စမ္းၾကည့္လိုက္တယ္။ ညာဖက္အိပ္ထဲမွာ ဟန္းဖုန္း၊ ဘယ္ဘက္အိပ္ထဲမွာ ပိုက္ဆံအိတ္၊ ျပီးေတာ့ ကားေသာ့။ ကိုယ့္ပစၥည္း (၃)မ်ိဳးစလံုး ရွိေနတယ္။
အဲဒီအခ်ိန္မွာ ကေလးက သူနဲ႔ ကိုယ္နဲ႔ (၂)ေယာက္စလံုးရဲ႔ လက္ထဲမွာ ကိုင္လွ်က္သားျဖစ္ေနျပီ။
ကြ်န္ေတာ္ ကေလးကို ခ်ီထားတဲ႔ လက္ကို မလြတ္ေသးဘဲ သူ႔ကို ျပန္ေမးလိုက္တယ္။
“ဘယ္သူ႔ပိုက္ဆံ ႏွုိက္သြားတာလဲ” လို႔။ သူကေျပာတယ္။
“အကို႔ပိုက္ဆံႏွုိက္သြားတာ။ ဟိုအေကာင္။ ျမန္ျမန္လိုက္။ ျမန္ျမန္လိုက္။”
လို႔ေျပာရင္း၊ ကိုယ့္ဆီက ကေလးကို လွမ္းယူတယ္။
ကြ်န္ေတာ္၊ ေသခ်ာေအာင္ ကိုယ္႔ရဲ ႔ ေဘာင္းဘီအိတ္ေတြကို ေနာက္တစ္ခါ ျပန္စမ္းၾကည့္ရင္း၊ “မဟုတ္ဘူးဗ်။ ဘာမွ မႏွုိက္သြားပါဘူး။” လို႔ ေျပာလိုက္ျပီး၊ ကိုယ့္ကေလးကို ျပန္ဆဲြယူလိုက္တယ္။
“အဲဒါဆိုလည္း ျပီးေရာ။ ေစတနာနဲ႔ ေျပာတာေနာ္” တဲ႔။
ကြ်န္ေတာ္လည္း “ဟုတ္ကဲ့။ ေက်းဇူးပဲ။” လို႔ေျပာရင္း ကေလးခ်ီလွ်က္ လွည့္ထြက္လာခဲ႔တယ္။
ဇနီးသည္ကို ျပန္ေျပာျပေတာ့၊ အရမ္းစိုးရိမ္သြားတယ္။
တကယ္လို႔မ်ား၊ ရုတ္တရက္ သူေျပာတာ နားေယာင္ျပီး၊ ကေလးကို သူ႔ဆီထိုးေပးလိုက္မိျပီး၊ သူျပတဲ႔လူေနာက္၊ ကိုယ္က လုိက္သြားမိရင္၊ သူ႔လက္ထဲပါသြားတဲ႔ ကိုယ့္ကေလးရဲ႔ ကံၾကမၼာ ဘယ္လိုမ်ားျဖစ္သြားမလဲ။ မေတြးဝံစရာပါပဲ။
ဒါဟာ။ အရင္က မၾကားဖူးေသးတဲ႔ အေၾကာင္ရိုက္ျပီး အလစ္သုတ္တဲ႔ နည္းလမ္းအသစ္ထင္တယ္။ အထူးသျဖင့္ လူေတြတိုးေနတဲ႔ ေနရာမ်ိဳးေတြမွာ လုပ္ၾကံဖို႔ ပိုေကာင္းတာေပါ့။
ကိုယ္က ရုတ္တရက္ သတိေလးတစ္ခ်က္ ထားလိုက္မိလို႔သာ၊ ကိုယ့္ကေလးပါမသြားတာ။
ကေလးမွမဟုတ္ပါဘူး။ တျခားပစၥည္းေတြပါလာရင္လည္း၊ အငိုက္မိျပီး သူတို႔လက္ထဲမွာ ေပးထားခဲ႔မိနိဳင္ပါတယ္။
သူငယ္ခ်င္းတို႔ အားလံုးလည္း၊ အထူးသျဖင့္၊ ကေလးငယ္နဲ႔ ခရီးသြားတဲ႔ မိဘေတြ။ သတိရွိၾကဖို႔ မွ်ေဝလိုက္ပါတယ္။ နီးစပ္ရာ သူငယ္ခ်င္းမ်ားကိုလည္း၊ ဒီသတင္းကို ဆက္လက္ျဖန္႔ေဝေပးၾကပါ။
Zaw Myo Aung
..
Unicode
မနေ့ညက၊ အင်းစိန်၊ အာလိမ်ငါးဆင့်ဘုရားက ကရင်နှစ်သစ်ကူး ပွဲစျေးတန်းကို မိသားစုနဲ့ လျှောက်ဖြစ်တယ်။သားအငယ်လေး (၂ နှစ်၊ ၅ လ အရွယ်)ကို ချီပြီးတော့၊ ဘုရားဝင်းထဲကို ဝင်မိတော့၊ လူတွေက တစ်အားကျပ်နေတယ်။နည်းနည်းလောက် တိုးမိပြီးတော့၊ ခပ်လှမ်းလှမ်းက နောက်မှာကျန်ခဲ့တဲ့ ဇနီးဖြစ်သူက “မတိုးချင်တော့ဘူး။ ပြန်ထွက်ကြရအောင်” ဆိုလို့ နောက်ကြောင်းပြန်လှည့်လိုက်တယ်။
အဲဒီအချိန်မှာပဲ ဘေးနားက လူလတ်ပိုင်းအရွယ် ယောင်္ကျားတစ်ယောက်က
“ဟာ။ ပိုက်ဆံနှိုက်သွားပြီ။ လိုက်။ လိုက်။ ကလေးကျွန်တော့ကိုပေး။”
ဆိုပြီး ကျွန်တော်ချီထားတဲ့ သားအငယ်ကို ရုတ်တရက် လှမ်းယူလာပါတယ်။
ကျွန်တော်က ဘောင်းဘီအိတ်တွေထဲကို ပြန်စမ်းကြည့်လိုက်တယ်။ ညာဖက်အိပ်ထဲမှာ ဟန်းဖုန်း၊ ဘယ်ဘက်အိပ်ထဲမှာ ပိုက်ဆံအိတ်၊ ပြီးတော့ ကားသော့။ ကိုယ့်ပစ္စည်း (၃)မျိုးစလုံး ရှိနေတယ်။
အဲဒီအချိန်မှာ ကလေးက သူနဲ့ ကိုယ်နဲ့ (၂)ယောက်စလုံးရဲ့ လက်ထဲမှာ ကိုင်လျှက်သားဖြစ်နေပြီ။
ကျွန်တော် ကလေးကို ချီထားတဲ့ လက်ကို မလွတ်သေးဘဲ သူ့ကို ပြန်မေးလိုက်တယ်။
“ဘယ်သူ့ပိုက်ဆံ နှိုက်သွားတာလဲ” လို့။ သူကပြောတယ်။
“အကို့ပိုက်ဆံနှိုက်သွားတာ။ ဟိုအကောင်။ မြန်မြန်လိုက်။ မြန်မြန်လိုက်။”
လို့ပြောရင်း၊ ကိုယ့်ဆီက ကလေးကို လှမ်းယူတယ်။
ကျွန်တော်၊ သေချာအောင် ကိုယ့်ရဲ ့ ဘောင်းဘီအိတ်တွေကို နောက်တစ်ခါ ပြန်စမ်းကြည့်ရင်း၊ “မဟုတ်ဘူးဗျ။ ဘာမှ မနှိုက်သွားပါဘူး။” လို့ ပြောလိုက်ပြီး၊ ကိုယ့်ကလေးကို ပြန်ဆွဲယူလိုက်တယ်။
“အဲဒါဆိုလည်း ပြီးရော။ စေတနာနဲ့ ပြောတာနော်” တဲ့။ ကျွန်တော်လည်း “ဟုတ်ကဲ့။ ကျေးဇူးပဲ။” လို့ပြောရင်း ကလေးချီလျှက် လှည့်ထွက်လာခဲ့တယ်။
ဇနီးသည်ကို ပြန်ပြောပြတော့၊ အရမ်းစိုးရိမ်သွားတယ်။
တကယ်လို့များ၊ ရုတ်တရက် သူပြောတာ နားယောင်ပြီး၊ ကလေးကို သူ့ဆီထိုးပေးလိုက်မိပြီး၊ သူပြတဲ့လူနောက်၊ ကိုယ်က လိုက်သွားမိရင်၊ သူ့လက်ထဲပါသွားတဲ့ ကိုယ့်ကလေးရဲ့ ကံကြမ္မာ ဘယ်လိုများဖြစ်သွားမလဲ။ မတွေးဝံစရာပါပဲ။
ဒါဟာ။ အရင်က မကြားဖူးသေးတဲ့ အကြောင်ရိုက်ပြီး အလစ်သုတ်တဲ့ နည်းလမ်းအသစ်ထင်တယ်။ အထူးသဖြင့် လူတွေတိုးနေတဲ့ နေရာမျိုးတွေမှာ လုပ်ကြံဖို့ ပိုကောင်းတာပေါ့။
ကိုယ်က ရုတ်တရက် သတိလေးတစ်ချက် ထားလိုက်မိလို့သာ၊ ကိုယ့်ကလေးပါမသွားတာ။
ကလေးမှမဟုတ်ပါဘူး။ တခြားပစ္စည်းတွေပါလာရင်လည်း၊ အငိုက်မိပြီး သူတို့လက်ထဲမှာ ပေးထားခဲ့မိနိုင်ပါတယ်။
သူငယ်ချင်းတို့ အားလုံးလည်း၊ အထူးသဖြင့်၊ ကလေးငယ်နဲ့ ခရီးသွားတဲ့ မိဘတွေ။ သတိရှိကြဖို့ မျှဝေလိုက်ပါတယ်။ နီးစပ်ရာ သူငယ်ချင်းများကိုလည်း၊ ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးကြပါ။
Zaw Myo Aung
ကေလးငယ္မ်ားႏွင့္ လူစည္ကားတဲ႔ ေနရာေတြသြားရင္ အထူး သတိျပဳၾကပါ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 14, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment