Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 28, 2019

ေဂၚရန္ဂ်ီကြ်န္းမွာ ေသကံမေရာက္ အသက္မေပ်ာက္ခဲ့ၾကတဲ့ အဖြဲ႕

18.1.2019 (Friday) ည7ခြဲေက်ာ္ေက်ာ္မွာ ခရီးသြားေအဂ်င္စီတစ္ခုနဲ႔ ေဂၚရန္ဂ်ီကို ခရီးထြက္ခဲ့ၾကတယ္။ ကားအမ်ဳိးအစားက အန္စာတံုး၊ ကားေပၚမွာ ကိုယ္ေတြအဖြဲ႕ 8ေယာက္၊ tour agencyဘက္က လူ3ေယာက္ နဲ႔ ခရီးသည္ အတြဲတစ္တြဲသာ စုစုေပါင္း 13ေယာက္ သြားခဲ့ၾကတယ္။ စေနေန႔မနက္ 4နာရီဝန္းက်င္မွာ င႐ုတ္ေကာင္းကိုေရာက္တယ္၊ ဇက္နဲ႔တစ္ဖက္ကမ္းကူးဖို႔ ဇက္အလာကိုေစာင့္ၾကရင္း မနက္ 7နာရီဝန္းက်င္မွာ ကားဆီကေန ဇက္ဆီထြက္ခြာခဲ့ၾကတယ္။

ကမ္းစပ္ေရာက္ေတာ့ ဇက္လို႔ေခၚတဲ့ သမၼာန္မက် စက္ေလွမက်ပံုစံ (ခန္႔မွန္း)အလ်ား10ေပခန္႔ အနံ4ေပခြဲေလာက္သာရိွတဲ့ ေလွငယ္တစ္စင္းကမ္းကပ္လာတယ္။ ကိုယ္ေတြအဖြဲ႕လဲ ေလွေပၚအထုပ္ကိုယ္စီနဲ႔တက္ ေနရာယူၾကၿပီး တစ္ဖက္ကမ္းကို ဇက္နဲ႔ကူးတာေပါ့။ ေလွေပၚမွာ ကိုယ့္အဖြဲ႕ကလြဲလို႔ တစ္ျခားဘယ္သူမွမပါေတာ့ ေလွကို agencyကေန စင္းလံုးငွားထားတယ္လို႔ ထင္လိုက္ေသးတယ္။

ဟိုဘက္တစ္ဖက္ကမ္းမွာ ဆိုင္ကယ္ကယ္ရီေတြအသီးသီးေစာင့္ေနၾကၿပီ။ ကိုယ္ေတြအဖြဲ႕ 13ေယာက္လဲ တစ္စီးမွာ တစ္ေယာက္ႏႈန္းနဲ႔ ေတာင္တက္လမ္းလို အနိမ့္အျမင့္ၾကမ္းတဲ့လမ္းကေနျဖတ္ၿပီး တည္းမယ့္ ဘန္ဂလိုဆီ ခရီးဆက္ခဲ့ၾကတာေပါ့။ ဟိုေရာက္ေတာ့ အခန္းမွာခဏနား၊ မနက္ 8:30မွာ ကြၽန္းေတြကိုလည္ဖို႔ ဆိုင္ကယ္နဲ႔ပဲ ထြက္လာၾကတယ္ မနက္ပိုင္းမွာ လိပ္ခ်ဳိင္နဲ႔ေႂကြခ်ဳိင္ကိုသြား ေန႔လည္ျပန္နားၿပီး ညေန 3နာရီမွာ စပါးထားေခၚ ေက်ာက္ေျခေထာက္ကိုသြား ဓာတ္ပံုေတြ႐ိုက္ၾက ေရကူးၾကေပါ့။

အဲ့ကေန ညေန ေနဝင္ခ်ိန္မွာ ေဂၚရန္ဂ်ီတစ္ခုလံုးကို လွမ္းျမင္ရမယ့္ အရမ္းလွတဲ့ ေတာင္ေပၚက ျမဝတီေစတီဆီကို တက္ခဲ့ၾကတယ္။ ေတာင္တက္လမ္းကိုမွ ေလွကားထစ္ေပါင္း 420ေက်ာ္ တက္ၿပီး အျမင့္ဆံုးကေန ႐ႈခင္းေတြၾကည့္ရင္း ညေန ေနဝင္ခ်ိန္အထိေနၾကတယ္။ ညေန 6နာရီေက်ာ္မွာ ေတာင္ေအာက္ျပန္ဆင္းခဲ့ၾကတယ္။ ညဘက္မွာ မီးပံုပြဲလုပ္ၿပီး လေရာင္ကေနေပးတဲ့အလင္းေအာက္မွာ ဒီလူသားေတြ ေပ်ာ္ရႊင္ေနၾကတာ မနက္ျပန္ရမွာေတာင္ေမ့ၿပီး ည 12နာရီအထိ ဂစ္တာေတြတီးသီခ်င္းေတြဆိုနဲ႔ ေပ်ာ္ခဲ့ၾကတာ

ဒီလိုနဲ႔ မနက္လင္းၿပီ ျပန္ဖို႔ျပင္ဆင္ရင္း မနက္8နာရီမွာ တည္းေနတဲ့ ဘန္ဂလိုဆီကေန လာလမ္းအတိုင္း ဆိုင္ကယ္ကယ္ရီနဲ႔ ဇက္ဆိပ္ဆီထြက္ခြာခဲ့ၾကတယ္။ 8နာရီခြဲေက်ာ္ေလာက္က် တစ္ဖက္ကမ္းကေန ဟိုေန႔ကစီးခဲ့တဲ့ ဇက္ကူးလာတာေတြ႕ရၿပီး ကိုယ္ေတြအဖြဲ႕လဲ ဇက္ေပၚတက္ဖို႔အနားေရာက္ေတာ့ ေလွဦးပိုင္းမွာ ကိုယ့္tour အဖြဲ႕ကလူ 8ေယာက္က ရိွေနၿပီ။သူတို႔ေနာက္မွာ ဆိုင္ကယ္ေပၚမွာ လူတစ္ေယာက္စီပါတာ ႏွစ္စီးတက္တယ္ ေနာက္ လူတစ္ခ်ဳိ႕တက္တယ္။

ကိုယ္တို႔ 4ေယာက္က်န္ေနတယ္ မတက္ရေသးဘူး ၾကည့္လိုက္ေတာ့ ဝန္ကအေတာ္မ်ားေနၿပီ။ ျဖစ္ပါ့မလားေတြစိုးရိမ္ၿပီး တက္ဖို႔ေျခတံုခ်တံုျဖစ္ေနၿပီ ေလွထိုးသားတစ္ေယာက္ကေျပာတယ္ ” မက်န္ခဲ့ပါဘူး ပူမေနနဲ႔” တဲ့ကိုယ္ျပန္ေျပာလိုက္မိတဲ့စကားက “က်န္ခဲ့မွာစိုးတာမဟုတ္ဘူး ပါသြားမွာစိုးတာ”လို႔။အဲ့ခ်ိန္မွာ ဆင္းေနခဲ့ခ်င္ေပမယ့္ ကိုယ့္အဖြဲ႕ရဲ႕ tour leaderေတြအကုန္ေလွဦးမွာေရာက္ေနၿပီ တိုင္ပင္လို႔ မရဘူး က်န္ခဲ့ၿပီး လူစုကြဲမွာစိုးလို႔ ဘာမွမျဖစ္ေလာက္ပါဘူးဆိုၿပီး စိတ္ေျဖရင္းလိုက္ပါခဲ့ၾကတယ္။

ကိုယ္ေတြတက္ၿပီးတဲ့အျပင္ေနာက္ထပ္ ဆိုင္ကယ္ 2စီး(တစ္စီးမွာေတာ့ လူႏွစ္ေယာက္ပါတယ္) နဲ႕ ေခါင္းရြက္ေဈးသည္ 2ေယာက္ ထပ္တက္လာျပန္ေရာ။ စိုးရိမ္စိတ္ေတြဝင္ေနတုန္း ဇက္ဆိုတာႀကီး စေမာင္းႏွင္ၿပီ။ ဇက္ကို ထိန္းတဲ့သူႏွစ္ေယာက္ပါတယ္ ၾကည့္လိုက္ေတာ့ လူႀကီးတစ္ေယာက္ ပဲ့ကိုင္တယ္၊ ေနာက္တစ္ေယာက္က စက္ေမာင္းတဲ့သူ အသက္ 10ႏွစ္ေက်ာ္ကေလးေနာ္ လာတုန္းကလဲ သူတို႔ပဲေမာင္းတာ။ဘာလို႔ သူတို႔ပဲဆိုတာ တပ္အပ္ေျပာႏိုင္တာလဲဆိုေတာ့ ကမ္းကိုအသြားအျပန္ ေမာင္းပို႔တဲ႕ ဇက္က အဲ့တစ္စီးပဲရိွတယ္။

အသက္10ႏွစ္ေက်ာ္ကေလးကို စက္ႏိႈးခိုင္းၿပီး ေလွေပၚလိုက္ပါ အလုပ္လုပ္ေစတာ ျမင္ရတာ တကယ္ကို စိတ္မေကာင္းျဖစ္ရတယ္။ ဝမ္းေရးအတြက္ လုပပ္ၾကရေတာ့လဲ မေျပာသာဘူးေလ။ဒီလိုနဲ႔ စက္ေမာင္းၿပီး ခဏအၾကာမွာ ေရျပင္ကိုၾကည့္လိုက္ေတာ့ ေလွနဲ႔ ေရျပင္ဟာ ထိလုနီးနီး တစ္ေျပးတည္းဖစ္ေနၿပီ မကြာဘူးဆို 2လက္မေလာက္ပဲ က်န္ေတာ့တယ္ နီးေနတာ။လန္႔သြားတယ္ တစ္စ္ခုခုျဖစ္ေတာ့မလားဆိုၿပီး စိတ္ထင့္ေနတုန္းရိွေသး ေလွဦးဘက္ကေန “ေရေတြဝင္ေနၿပီ ေရေတြဝင္ေနၿပီ စက္ကိုပိတ္” လို႔ၾကားလိုက္ရတယ္

ၾကားၾကားခ်င္း လူေတြေယာက္ယက္ခက္ကုန္ၿပီ ေအာ္သူကေအာ္ ေလွေနာက္ပိုင္းက ေဈးသည္ေတြ ေလွရဲ႕ ဖင္ပိုင္းေပၚတက္ၿပီး ေသြးပ်က္ေနခ်ိန္ လွည့္ၾကည့္လိုက္မိတဲ့အခါမွာ…..ကိုယ္ေတြရဲ႕ေလွဟာ အလယ္ေခါင္ေရာက္ေနၿပီ ကမ္းစပ္နဲ႔ေဝးေနၿပီဆိုတာ ျမင္လိုက္ရတယ္။ အဲ့ခ်ိန္ စိတ္က ဘယ္လိုမွ ထိန္းမရေတာ့ဘူး အေတာ္ေၾကာက္ေနၿပီ ဘာလုပ္ရမယ္မွန္းမသိ မတ္တပ္ထရပ္လိုက္တဲ့အခ်ိန္မွာ တစ္ကယ္ပါ 5စကၠန္႔ေလာက္ပဲရိွေသးတယ္ ေလွနဲ႔အတူ ကိုယ္လဲ ေရထဲ နစ္ဆင္းသြားၿပီ။

စိတ္ထဲမွာ” သြားၿပီ ငါေတာ့ ေသရေတာ့မယ္” ထင္လိုက္မိတယ္ ။ အဲ့အခ်ိန္ ပါးစပ္ကေန ဘာေတြေအာ္ေနမိမွန္းေတာင္ မွတ္မိႏိုင္ေတာ့ဘူး ေအာ္ေနတယ္ဆိုတာထက္ ညည္းေနမိတာေတာ့ေသခ်ာတယ္ကိုယ့္ေက်ာေနာက္မွာ မိုးကာသားနဲ႔ လြယ္ေနက် လြယ္အိတ္ေလးလြယ္ထားတယ္။သူေၾကာင့္ပဲ ေလွနဲ႔အတူ ေရထဲနစ္သြားခ်ိန္မွာ ႐ုတ္တစ္ရက္ဘာမွမလုပ္ႏိုင္ခ်ိန္ ေရေပၚမွာ ေပၚေစခဲ့တဲ့အရာေလးတစ္ခုျဖစျဖစ္ခဲ့တယ္။သတိျပန္ဝင္လာခ်ိန္မွာ ေဘးမွာကိုယ့္အဖြဲ႕က ေကာင္ေလးတစ္ေယာက္နဲ႔ အစ္မတစ္ေယာက္ရိွေနတာေတြ႕ရတယ္

မ်က္ႏွာခ်င္းဆိုင္မွာ အကိုေတြ 2ေယာက္ရိွတယ္။ အဲ့အခ်ိန္အထိ ေဆာက္တည္ရာမရဘူး ငါေနာက္ 2မိနစ္ေလာက္ေနရင္ ေသရေတာ့မယ္ဆိုတဲ့အေတြးဆိုးနဲ႔ လန့္ေနတဲ့အခ်ိန္ မ်က္ႏွာခ်င္းဆိုင္က အကိုက “(နာမည္) နင္စိတ္ကိုထိန္း မေၾကာက္နဲ႔ နင့္စိတ္ကို အရင္ၿငိမ္ေအာင္ထား ဘာမွမျဖစ္ဘူး” လို့သတိေပးရွာတယ္။တစ္ကယ္ပါ အဲ႕အကိုရဲ႕ေက်းဇူးနဲ႔သတိဝင္လာၿပီး ငါဒီမွာ တုန္လႈပ္ေနလို႔မျဖစ္ဘူး မဟုတ္ရင္ ကိုယ့္စိတ္ကျပန္သတ္သြားမွာလို႔အသိဝင္လာၿပီး အဲ႕ေတာ့မွ ေရေပၚေပၚႏိုင္သမွ်ေပၚေအာင္ ေရထဲမွာ ေျခေထာက္ကခတ္ေနရတယ္။

အဲ့ဒီအခ်ိန္ ကုန္းေပၚမွွာလို ကူမယ့္သူ ကယ္မယ့္သူ႕ကို ထိုင္ေစာင့္ေနလို႔မရဘူး။ကိုယ္မွမ႐ုန္းရင္ အခ်ိန္မေရြးေသေန႔ေစ့သြားႏိုင္တဲ့ အေျခေနျဖစ္လာတယ္။ေဘးမွာတစ္ဖက္တစ္ခ်က္က အစ္မနဲ႔ ေရမကူးတတ္တဲ့ ေကာင္ေလးကို ကိုင္ထားတယ္။ အဲ့အခ်ိန္ ႐ုတ္တရက္ ဆြဲခ်ခံလိုက္ရသလိုမ်ဳိး ေရထဲနစ္သြားတယ္ ကိုယ္တစ္ဖက္က ကိုင္ထားတဲ့ ေကာင္ေလးလက္လဲလြတ္သြားတယ္ သူလဲေရထဲနစ္ဝင္သြားတာ ႏွစ္ေယာက္လံုး ေခါင္းပါ နစ္ျပီးေရေအာက္က်သြားတယ္

မ်က္လံုးဖြင့္ၾကည့္လိုက္ေတာ့ ေဘးကေကာင္ေလးကို လက္လြတ္သြားၿပီး ေရထဲမွာ႐ုန္းေနတာ ျမင္လိုက္ရေတာ့ ခ်က္ခ်င္း မီွေအာင္လွမ္းဆြဲၿပီး သူ႕ကိုအရင္ေရေပၚဆြဲတင္လိုက္ၿပီးမွ ကိုယ္လဲ ေျခခတ္ကိုယ္ေဖာ့ၿပီး ျပန္ေပၚေအာင္လုပ္ေနတုန္းမွာ တစ္ဖက္က အစ္မကလဲ ဆြဲတင္လိုက္တာ သိလိုက္ရတယ္။စိတ္ထဲမွာ ေသမင္းနဲ႔ရင္ဆိုင္ရေတာ့မလိုျဖစ္သြားတယ္။ အဲ့အခ်ိန္မွာ အစ္မက ေလွကိုကိုင္ထားလို႔ေျပာတာ ၾကားလိုက္တယ္ ေလွျပန္ေပၚလာၿပီး ကိုယ့္မ်က္စိအေရွ႕မွာရိွေနတာေတာင္မျမင္ေတာ့ဘူး။

ေလွကိုခဏကိုင္ၿပီး ကိုယ့္လူေတြေရမကူးတတ္သူေတြကို သတိရၿပီးလိုက္ေမးမိတယ္ အကုန္အဆင္ေျပေနတယ္ ျပန္သိရမွ စိတ္အပူတစ္ခုေတာ့က်သြားေသးတယ္။ ေရထဲမွာ ၾကာခ်ိန္ 3မိနစ္ေလာက္ရိွေနၿပီ… ကိုယ့္ကိုယ္ကိုယ္စြန္႔လြတ္ရၿပီေတြးေနတုန္း ငါးဖမ္းေလွတစ္စီး အနားကိုကပ္လာေနၿပီ။ ခံစားခ်က္ေတြ ေတြးသာၾကည့္ေတာ့။ အနားကို ငါးဖမ္းေလွကပ္လာၿပီ တစ္ေယာက္နဲ႔ တစ္ေယာက္ေရထဲမွာေရာ ကူမယ့္ေလွေပၚတက္တဲ့အခ်ိန္ ႐ုန္းရင္းဆန္ခက္မျဖစ္ပဲ အႏၲရာယ္ကင္းကင္း တက္လာႏိုင္တာလဲ ကံေကာင္းျခင္းတစ္ခုပါပဲ။

ဒီလိုနဲ႔လာရာလမ္းအတိုင္း ကမ္းဘက္ကိုျပန္တက္ခဲ့ၾကတယ္။ ေလွေပၚကဆင္းၿပီး ကုန္းေပၚေရာက္မွပဲ ငါမေသေတာ့ဘူး လို႔စိတ္ဒုန္းဒုန္းခ်ျခင္းနဲ႔အတူ မ်က္ရည္ပါစီးက်လာေတာ့တာပဲ။ ေရထဲမွာ စိတ္ကို တင္းထားရသမွ် ပင္ပန္းခဲ့ရသမွ် အခုမွ လႊတ္ခ်ႏိုင္ေတာ့တာေလ။ကုန္းေပၚမွာ ဆက္ၿပီးေဆာင္ရြက္ရမွာေတြမွာ ဝင္ပါဖို႔ေနေနသာသာ ကိုယ္တိုင္ေတာင္မနည္းစိတ္ကပ္ေအာင္ေနေနရတဲ့အခ်ိန္ တစ္ဖက္ကလဲ ဆံုး႐ံႈးမႈအတြက္ ဒီျဖစ္ရပ္အတြက္ တာဝန္ယူဖို႔ေတာ့ ေျပာေနၾကတာၾကားရတယ္။ ကံေကာင္းတာကေတာ့ လူအေသအေပ်ာက္မရိွဘူး ထိခိုက္ဒဏ္ရာမရခဲ့ၾကဘူး။

စက္ေမာင္းတဲ႕ ကေလးေလးဆို သူ႕အေမရင္ခြင္ထဲမွာ ငိုယိုၿပီး တက္လုနီးနီးျဖစ္ၿပီး ပါးစပ္ကလဲ “သားေၾကာက္တယ္ သားေၾကာက္တယ္” ပဲ ေအာ္ေနေတာ့တာ ။ ကိုယ့္မွာ သူ႕အတြက္စိတ္မေကာင္းဘူး ကေလးနဲ႔မမွ်တဲ့ စိတ္ဒဏ္ရာရသြားမွာစိုးတယ္။ ခဏေနေတာ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးနဲ႔ ရဲတပ္ၾကပ္ဆိုသူက ေပ်ာက္ဆံုးပ်က္စီးစာရင္းေကာက္ယူတယ္။ ေထြအုပ္ကိုေစာင့္တယ္။ေထြအုပ္ေရာက္လာေတာ့ ကိုယ့္အဖြဲ႕ထဲကအကိုတစ္ေယာက္အပါအဝင္ လူ5ေယာက္လိုက္သြားၾကတယ္။ကိုယ္ေတြကိုေတာ့အသီးသီး နားေနရမယ့္ဆီကိုျပန္ပို႔ေတာ့ တည္းခဲ့တဲ့ ဘန္ဂလိုကိုျပန္ၿပီး သတင္းေစာင့္ေနရတာေပါ့။

ခဏၾကာေတာ့ နစ္တုန္းကအတူပါတဲ့ အျခားအဖြဲ႕ကသူတစ္ေယာက္ လိုက္သြားတဲ့ 5ေယာက္ထဲမွာထဲမွာ ပါတဲ့သူက နစ္နာသူေတြအတြက္ ကုမၸဏီက တာဝန္ယူေပးဖို႔လူတစ္ေယာက္လာလိမ့္မယ္။ဆံုး႐ံႈးမႈအတြက္ေတာင္းခံမယ့္တန္ဖိုးကိုလဲ ညိႇႏိႈင္းဖို႔ေျပာတယ္။ တာဝန္ရိွသူဆိုတဲ့သူေရာက္လာေတာ့ ေတာင္းပန္စကားမဆို စိတ္မေကာင္းေၾကာင္းျပဖို႔ေနေနသာသာ မ်က္ႏွာကိုခ်ီထားၿပီး ပ်က္စီးဆံုး႐ံႈးမႈစာရင္းၾကည့္တယ္။ ညိႇႏိႈင္းေနရင္း အျပည့္မေလ်ာ္ႏိုင္ေၾကာင္းသတ္မွတ္ထားတဲ့ပမာဏက ဘယ္ေလာက္ပဲရိွတယ္ အဲ့ေလာက္ပဲ ေလ်ာ္ေပးႏိုင္မယ္ေျပာတယ္။

သူတို႔သတ္မွတ္ထားတဲ့ပမာဏဆိုတာ ပါလာတဲ့လူအေရအတြက္နဲ႔ ဆိုင္ကယ္ 4စီးစာနဲ႔တြက္ရင္ ဘယ္လိုမွလက္မခံႏိုင္တဲ့ နည္းလြန္းတဲ့ ပမာဏေတြျဖစ္လာတယ္။ညိႇႏိႈင္းေနရင္း ေနာက္ဆံုးေျပာသြားတာက “မေလ်ာ္ေတာ့ပဲ ခင္မ်ားတို႔ဘက္က တရားစြဲလို႔ရတယ္” “မေလ်ာ္ႏိုင္ဘူး ေလ်ာ္မယ့္အစား ငါ့လူ2ေယာက္ကိုပဲ ေထာင္ထဲထည့္လိုက္ၿပီး အာမခံနဲ႔ ေနာက္မွ ျပန္ထုတ္လိုက္လို႔ရတယ္” ဆိုၿပီး လူမိုက္စကားေျပာၿပီးထြက္သြားတယ္။ ဒါျဖစ္သင့္တဲ့ပံုစံလားဆိုတာ စဥ္းစားစရာမလိုပဲ သိႏိုင္တယ္။ သူတို႔ဘက္က တာဝန္ယူလု္ိစိတ္မရိွပဲ လူ့အသက္ဆံုး႐ံႈးႏိုင္ေလာက္တဲ့အေနအထားတစ္ခုေရာက္သြားတာေတာင္ တာဝန္မဲ့တဲ့စကားပဲထြက္လာတာ အေတာ္အံ့ဩဖို႔ေကာင္းတယ္။

ဘယ္သူ႕ကိုမွ ေျကာက္ေနရမယ့္အေနအထားမဟုတ္တဲ့ ပံုစံေတြ႕လိုက္ရေတာ့ စဥ္းစားစရာေတြျဖစ္လာတာပဲ။ဒီလိုနဲ႔ ညေနက် မျပန္ခင္ ငပုေတာရဲစခန္းကု္ိ လာခဲ့ဖို႔ေခၚတယ္။အထုတ္ပိုးေတြသိမ္းၿပီး ရဲစခန္းဆီသြားဖို႔ အိမ္ျပန္ဖို႔လမ္းခရီးအတြက္ ဇက္ဆိပ္ကိုျပန္လာရျပန္တယ္။ ဇက္ေပၚတက္မယ္ ၾကည့္လိုက္ေတာ့ ဆိုင္ကယ္တစ္စီးနဲ႔ လူ 8ေယာက္ေလာက္ေရာက္ႏွင့္ေနၿပီ။ ဒီတစ္ခါေတာ့အျဖစ္မခံႏိုင္ဘူးဆိုၿပီး အဖြဲ႕သား5ေယာက္ခြဲၿပီးက်န္ေနခဲ့တယ္။ က်န္ေနခဲ့တဲ့သူေတြ ေနာက္တစ္ေခါက္လိုက္လာေတာ့ ပိုေတာင္ဆိုးေနတယ္ ဆိုင္ကယ္က ႏွစ္စီးနဲ႔ လူကလဲ 10ေယာက္ေက်ာ္ပါလာတယ္။

ဝန္ပိုလို႔ေလွတိမ္းေမွာက္ထားတာကျဖင့္ တေန႔မကူးေသးဘူး လံုးဝဆင္ျခင္သြားျခင္းမရိွတာေတြ႕ရေတာ့ အေတာ္ မိုက္႐ိုင္းတဲ့လုပ္ရပ္ေတြ လူ႕အသက္ေတြကို တန္ဖိုးမထားတဲ့ စိတ္ဓာတ္ေတြကို စိတ္ပ်က္ေလာက္ေအာင္ျဖစ္သြားတယ္။ဘယ္သူေတြမွာ တာဝန္ရိွသလဲ? ကုမၸဏီကလဲ တာဝန္ယူမႈမရိွဘူးဆိုေတာ့ ေနာက္လူေတြအတြက္ဘယ္မွာလဲ လံုၿခံဳမႈေတြ? ကိုယ့္အသက္နဲ႔လဲၿပီး ဒီေနရာကိုသြားရဖို႔ေတာ့ တန္ရဲ႕လား? ေမးစရာေမးခြန္းေတြျဖစ္လာၿပီ….

အေျဖကေတာ့ ရွာမေတြ႕ခဲ့ အသက္သက္ေဘးနဲ႔ႀကံဳၿပီး သာဓကရိွတာေတာင္ မေျပာင္းလဲသြားဘူးဆိုေတာ့ ေနာက္ထပ္ ဘယ္လိုသတင္းေတြမ်ားထပ္တက္လာဦးမလဲ? ကိုယ္ေတြလိုအျဖစ္ေတြဘယ္ေလာက္ရိွလာဦးမလဲလို႔ ရင္တမမနဲ႔ေစာင့္ေနရဦးမွာလား?ရဲစခန္းေရာက္ေတာ့ ပ်က္စီးဆံုး႐ံႈးမႈကို သက္ေသအျဖစ္ယူၿပီး ဓာတ္ပံု႐ိုက္ ကိုယ္ေရးအခ်က္အလက္အျပည့္အစံုေမးသြားတာကလြဲရင္ ဒီေန႔အထိေတာ့ ဘာသတင္းမွ မၾကားရေသးပါဘူး။နစ္နာသူေတြ ကာယကံရွင္ကသာ ဒုကၡေတြပိုက္ၿပီး ရဲစခန္းထိ ေရာက္လာေပးေပမယ့္ ေလာဘစိတ္တစ္ခုနဲ႔အလုပ္လုပ္ေနတဲ့ ဇက္ကို ပိုင္တဲ႕ ကုမၸဏီက တာဝန္ရိွသူဆိုတာ ေရာက္မလာပဲ လက္လြတ္စပယ္ လုပ္သြားခဲ့တယ္။

ဘာမွေထြထူး ေက်နပ္ေလာက္ေအာင္မျဖစ္ခဲ့ပဲ ရဲစခန္းကထြက္ အိမ္ျပန္လမ္းကုိ စိတ္ထဲမွာ အခဲမေက်စြာ နဲ႔ တစ္ကားလံုးလဲ ျငိမ္သက္ျပီး အိမ္ျပန္လမ္းကေတာ့ လမ္းခရီးထက္ပိုၾကမ္းခဲ့ရေတာ့တာပါပဲ။ဒီျဖစ္ရပ္မွာဘာေတြ႕ရလဲဆိုေတာ့- tour agencyဘက္က စီစဥ္မႈအားနည္းခဲ့တယ္-ဇက္ဆိုတာရဲ႕ ခိုင္ခံ့မႈအားနဲ႔ ဝန္အားေတြ မမွ်တတာေတြ႕ခဲ့ရတယ္-ေလွေပၚမွာ ကေလးလုပ္သားအသက္10ႏွစ္ေက်ာ္ေလာက္ကို ခိုင္းေစထားတာေတြ႕ရတယ္။ ဇက္ကို အခေၾကးေငြယူၿပီး ေျပးဆြဲတာကို ေဒသခံေတြက လုပ္တာမဟုတ္ပဲ ကုမၸဏီတစ္ခုက ေလလံေအာင္ထားတာလို႔ ေဒသခံေတြေျပာျပခ်က္အရသိရတယ္။

ကုမၸဏီပိုင္ျဖစ္လ်က္နဲ႔ ကိုယ္က်ဳိးကိုၾကည့္ပဲ အသက္တန္ဖိုးကို လံုးဝမငဲ့တဲ့ လုပ္ရပ္ေတြေတြ႕ရတယ္ ဇက္က ႏွစ္စီးရိွတယ္ တစ္စီးကိုပဲ ထုတ္သံုးၿပီး က်န္တစ္စီးကို ကမ္းမွာ မသံုးပဲထားတာျဖစ္တယ္။ဆီဖိုးသက္သာေအာင္ ႏွစ္ေၾကာင္းေနရာမွာ တစ္ေၾကာင္းထဲနဲ႔တင္ၿပီး ဝန္ပိုေတြျဖစ္လဲ သိရက္နဲ႔ မ်က္ကြယ္ျပဳထားတယ္။-ဇက္ေပၚမွာ အသက္ကယ္အက်ႌ၊ အသက္ကယ္ေဘာေတြတစ္ခုမွမထားရိွပဲ ငါးဖမ္းရာမွာသံုးတဲ့ ေဘာလံုးေတြကို တိုင္တစ္ခုမွာ ျဖဳတ္ရအဆင္သင့္မလြယ္တဲ့ အေနအထားတစ္ခုနဲ႔သာ ပါရိွတယ္။-

ငါးဖမ္းေလွလာကယ္တယ္ဆိုတာ ပံုမွန္ရိွေနတတ္တဲ့ ငါးဖမ္းေလွမဟုတ္ပဲ ကံေကာင္းခ်င္ေတာ့ ငါးဖမ္းထြက္ဖို႔ ထြက္လာတဲ့အခ်ိန္နဲ႔ႀကံဳလို႔သာ ကယ္ေပးႏိုင္လိုက္တာ မေသလို႔သာ အိမ္ျပန္ေရာက္ခဲ့ေပမယ့္ ေသမင္းႏႈတ္ခမ္းဝကို နင္းၿပီး ျပန္တက္လာခဲ့ရတဲ့သူေတြကို ေတာင္းပန္ျခင္း စိတ္မေကာင္းေၾကာင္းေဖာ္ျခင္း၊ ေနာက္မျဖစ္ေစဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္မရိွေၾကာင္း အျပဳအမူေတြနဲ႔ တာဝန္ယူမႈ တာဝန္ခံမႈေတြေဝးစြ မထီမဲ့ျမင္ဆက္ဆံခံခဲ့ရတာေတြေတြးရင္း ဒီစာေရးတဲ့အခ်ိန္မွာေတာင္ ရင္ေတြတုန္ ၊ လက္ေတြတုန္ၿပီး တကယ္ျပန္ျဖစ္ေနသလို အခါခါ ခံစားရတဲ့စိတ္ေတြေရာေထြးေနခဲ့တယ္။ ေနာက္လူေတြလဲ သတိျပဳဆင္ျခင္ႏိုင္ဖို႔အတြက္ ကိုယ္တိုင္အသက္နဲ႔ရင္း သင္ခန္းစာခ်ျပလိုက္ရပါတယ္။မူရင္းေရးသားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။
nalonetardiary

# Unicode Version ျဖင့္ ဖတ္ပါ #

18.1.2019 (Friday) ည7ခွဲကျော်ကျော်မှာ ခရီးသွားအေဂျင်စီတစ်ခုနဲ့ ဂေါ်ရန်ဂျီကို ခရီးထွက်ခဲ့ကြတယ်။ ကားအမျိုးအစားက အန်စာတုံး၊ ကားပေါ်မှာ ကိုယ်တွေအဖွဲ့ 8ယောက်၊ tour agencyဘက်က လူ3ယောက် နဲ့ ခရီးသည် အတွဲတစ်တွဲသာ စုစုပေါင်း 13ယောက် သွားခဲ့ကြတယ်။ စနေနေ့မနက် 4နာရီဝန်းကျင်မှာ ငရုတ်ကောင်းကိုရောက်တယ်၊ ဇက်နဲ့တစ်ဖက်ကမ်းကူးဖို့ ဇက်အလာကိုစောင့်ကြရင်း မနက် 7နာရီဝန်းကျင်မှာ ကားဆီကနေ ဇက်ဆီထွက်ခွာခဲ့ကြတယ်။

ကမ်းစပ်ရောက်တော့ ဇက်လို့ခေါ်တဲ့ သမ္မာန်မကျ စက်လှေမကျပုံစံ (ခန့်မှန်း)အလျား10ပေခန့် အနံ4ပေခွဲလောက်သာရှိတဲ့ လှေငယ်တစ်စင်းကမ်းကပ်လာတယ်။ ကိုယ်တွေအဖွဲ့လဲ လှေပေါ်အထုပ်ကိုယ်စီနဲ့တက် နေရာယူကြပြီး တစ်ဖက်ကမ်းကို ဇက်နဲ့ကူးတာပေါ့။ လှေပေါ်မှာ ကိုယ့်အဖွဲ့ကလွဲလို့ တစ်ခြားဘယ်သူမှမပါတော့ လှေကို agencyကနေ စင်းလုံးငှားထားတယ်လို့ ထင်လိုက်သေးတယ်။

ဟိုဘက်တစ်ဖက်ကမ်းမှာ ဆိုင်ကယ်ကယ်ရီတွေအသီးသီးစောင့်နေကြပြီ။ ကိုယ်တွေအဖွဲ့ 13ယောက်လဲ တစ်စီးမှာ တစ်ယောက်နှုန်းနဲ့ တောင်တက်လမ်းလို အနိမ့်အမြင့်ကြမ်းတဲ့လမ်းကနေဖြတ်ပြီး တည်းမယ့် ဘန်ဂလိုဆီ ခရီးဆက်ခဲ့ကြတာပေါ့။ ဟိုရောက်တော့ အခန်းမှာခဏနား၊ မနက် 8:30မှာ ကျွန်းတွေကိုလည်ဖို့ ဆိုင်ကယ်နဲ့ပဲ ထွက်လာကြတယ် မနက်ပိုင်းမှာ လိပ်ချိုင်နဲ့ကြွေချိုင်ကိုသွား နေ့လည်ပြန်နားပြီး ညနေ 3နာရီမှာ စပါးထားခေါ် ကျောက်ခြေထောက်ကိုသွား ဓာတ်ပုံတွေရိုက်ကြ ရေကူးကြပေါ့။

အဲ့ကနေ ညနေ နေဝင်ချိန်မှာ ဂေါ်ရန်ဂျီတစ်ခုလုံးကို လှမ်းမြင်ရမယ့် အရမ်းလှတဲ့ တောင်ပေါ်က မြဝတီစေတီဆီကို တက်ခဲ့ကြတယ်။ တောင်တက်လမ်းကိုမှ လှေကားထစ်ပေါင်း 420ကျော် တက်ပြီး အမြင့်ဆုံးကနေ ရှုခင်းတွေကြည့်ရင်း ညနေ နေဝင်ချိန်အထိနေကြတယ်။ ညနေ 6နာရီကျော်မှာ တောင်အောက်ပြန်ဆင်းခဲ့ကြတယ်။ ညဘက်မှာ မီးပုံပွဲလုပ်ပြီး လရောင်ကနေပေးတဲ့အလင်းအောက်မှာ ဒီလူသားတွေ ပျော်ရွှင်နေကြတာ မနက်ပြန်ရမှာတောင်မေ့ပြီး ည 12နာရီအထိ ဂစ်တာတွေတီးသီချင်းတွေဆိုနဲ့ ပျော်ခဲ့ကြတာ

ဒီလိုနဲ့ မနက်လင်းပြီ ပြန်ဖို့ပြင်ဆင်ရင်း မနက်8နာရီမှာ တည်းနေတဲ့ ဘန်ဂလိုဆီကနေ လာလမ်းအတိုင်း ဆိုင်ကယ်ကယ်ရီနဲ့ ဇက်ဆိပ်ဆီထွက်ခွာခဲ့ကြတယ်။ 8နာရီခွဲကျော်လောက်ကျ တစ်ဖက်ကမ်းကနေ ဟိုနေ့ကစီးခဲ့တဲ့ ဇက်ကူးလာတာတွေ့ရပြီး ကိုယ်တွေအဖွဲ့လဲ ဇက်ပေါ်တက်ဖို့အနားရောက်တော့ လှေဦးပိုင်းမှာ ကိုယ့်tour အဖွဲ့ကလူ 8ယောက်က ရှိနေပြီ။သူတို့နောက်မှာ ဆိုင်ကယ်ပေါ်မှာ လူတစ်ယောက်စီပါတာ နှစ်စီးတက်တယ် နောက် လူတစ်ချို့တက်တယ်။

ကိုယ်တို့ 4ယောက်ကျန်နေတယ် မတက်ရသေးဘူး ကြည့်လိုက်တော့ ဝန်ကအတော်များနေပြီ။ ဖြစ်ပါ့မလားတွေစိုးရိမ်ပြီး တက်ဖို့ခြေတုံချတုံဖြစ်နေပြီ လှေထိုးသားတစ်ယောက်ကပြောတယ် ” မကျန်ခဲ့ပါဘူး ပူမနေနဲ့” တဲ့ကိုယ်ပြန်ပြောလိုက်မိတဲ့စကားက “ကျန်ခဲ့မှာစိုးတာမဟုတ်ဘူး ပါသွားမှာစိုးတာ”လို့။အဲ့ချိန်မှာ ဆင်းနေခဲ့ချင်ပေမယ့် ကိုယ့်အဖွဲ့ရဲ့ tour leaderတွေအကုန်လှေဦးမှာရောက်နေပြီ တိုင်ပင်လို့ မရဘူး ကျန်ခဲ့ပြီး လူစုကွဲမှာစိုးလို့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး စိတ်ဖြေရင်းလိုက်ပါခဲ့ကြတယ်။

ကိုယ်တွေတက်ပြီးတဲ့အပြင်နောက်ထပ် ဆိုင်ကယ် 2စီး(တစ်စီးမှာတော့ လူနှစ်ယောက်ပါတယ်) နဲ့ ခေါင်းရွက်ဈေးသည် 2ယောက် ထပ်တက်လာပြန်ရော။ စိုးရိမ်စိတ်တွေဝင်နေတုန်း ဇက်ဆိုတာကြီး စမောင်းနှင်ပြီ။ ဇက်ကို ထိန်းတဲ့သူနှစ်ယောက်ပါတယ် ကြည့်လိုက်တော့ လူကြီးတစ်ယောက် ပဲ့ကိုင်တယ်၊ နောက်တစ်ယောက်က စက်မောင်းတဲ့သူ အသက် 10နှစ်ကျော်ကလေးနော် လာတုန်းကလဲ သူတို့ပဲမောင်းတာ။ဘာလို့ သူတို့ပဲဆိုတာ တပ်အပ်ပြောနိုင်တာလဲဆိုတော့ ကမ်းကိုအသွားအပြန် မောင်းပို့တဲ့ ဇက်က အဲ့တစ်စီးပဲရှိတယ်။

အသက်10နှစ်ကျော်ကလေးကို စက်နှိုးခိုင်းပြီး လှေပေါ်လိုက်ပါ အလုပ်လုပ်စေတာ မြင်ရတာ တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။ ဝမ်းရေးအတွက် လုပပ်ကြရတော့လဲ မပြောသာဘူးလေ။ဒီလိုနဲ့ စက်မောင်းပြီး ခဏအကြာမှာ ရေပြင်ကိုကြည့်လိုက်တော့ လှေနဲ့ ရေပြင်ဟာ ထိလုနီးနီး တစ်ပြေးတည်းဖစ်နေပြီ မကွာဘူးဆို 2လက်မလောက်ပဲ ကျန်တော့တယ် နီးနေတာ။လန့်သွားတယ် တစ်စ်ခုခုဖြစ်တော့မလားဆိုပြီး စိတ်ထင့်နေတုန်းရှိသေး လှေဦးဘက်ကနေ “ရေတွေဝင်နေပြီ ရေတွေဝင်နေပြီ စက်ကိုပိတ်” လို့ကြားလိုက်ရတယ်

ကြားကြားချင်း လူတွေယောက်ယက်ခက်ကုန်ပြီ အော်သူကအော် လှေနောက်ပိုင်းက ဈေးသည်တွေ လှေရဲ့ ဖင်ပိုင်းပေါ်တက်ပြီး သွေးပျက်နေချိန် လှည့်ကြည့်လိုက်မိတဲ့အခါမှာ…..ကိုယ်တွေရဲ့လှေဟာ အလယ်ခေါင်ရောက်နေပြီ ကမ်းစပ်နဲ့ဝေးနေပြီဆိုတာ မြင်လိုက်ရတယ်။ အဲ့ချိန် စိတ်က ဘယ်လိုမှ ထိန်းမရတော့ဘူး အတော်ကြောက်နေပြီ ဘာလုပ်ရမယ်မှန်းမသိ မတ်တပ်ထရပ်လိုက်တဲ့အချိန်မှာ တစ်ကယ်ပါ 5စက္ကန့်လောက်ပဲရှိသေးတယ် လှေနဲ့အတူ ကိုယ်လဲ ရေထဲ နစ်ဆင်းသွားပြီ။

စိတ်ထဲမှာ” သွားပြီ ငါတော့ သေရတော့မယ်” ထင်လိုက်မိတယ် ။ အဲ့အချိန် ပါးစပ်ကနေ ဘာတွေအော်နေမိမှန်းတောင် မှတ်မိနိုင်တော့ဘူး အော်နေတယ်ဆိုတာထက် ညည်းနေမိတာတော့သေချာတယ်ကိုယ့်ကျောနောက်မှာ မိုးကာသားနဲ့ လွယ်နေကျ လွယ်အိတ်လေးလွယ်ထားတယ်။သူကြောင့်ပဲ လှေနဲ့အတူ ရေထဲနစ်သွားချိန်မှာ ရုတ်တစ်ရက်ဘာမှမလုပ်နိုင်ချိန် ရေပေါ်မှာ ပေါ်စေခဲ့တဲ့အရာလေးတစ်ခုဖြစဖြစ်ခဲ့တယ်။သတိပြန်ဝင်လာချိန်မှာ ဘေးမှာကိုယ့်အဖွဲ့က ကောင်လေးတစ်ယောက်နဲ့ အစ်မတစ်ယောက်ရှိနေတာတွေ့ရတယ်

မျက်နှာချင်းဆိုင်မှာ အကိုတွေ 2ယောက်ရှိတယ်။ အဲ့အချိန်အထိ ဆောက်တည်ရာမရဘူး ငါနောက် 2မိနစ်လောက်နေရင် သေရတော့မယ်ဆိုတဲ့အတွေးဆိုးနဲ့ လန့်နေတဲ့အချိန် မျက်နှာချင်းဆိုင်က အကိုက “(နာမည်) နင်စိတ်ကိုထိန်း မကြောက်နဲ့ နင့်စိတ်ကို အရင်ငြိမ်အောင်ထား ဘာမှမဖြစ်ဘူး” လို့သတိပေးရှာတယ်။တစ်ကယ်ပါ အဲ့အကိုရဲ့ကျေးဇူးနဲ့သတိဝင်လာပြီး ငါဒီမှာ တုန်လှုပ်နေလို့မဖြစ်ဘူး မဟုတ်ရင် ကိုယ့်စိတ်ကပြန်သတ်သွားမှာလို့အသိဝင်လာပြီး အဲ့တော့မှ ရေပေါ်ပေါ်နိုင်သမျှပေါ်အောင် ရေထဲမှာ ခြေထောက်ကခတ်နေရတယ်။

အဲ့ဒီအချိန် ကုန်းပေါ်မှာလို ကူမယ့်သူ ကယ်မယ့်သူ့ကို ထိုင်စောင့်နေလို့မရဘူး။ကိုယ်မှမရုန်းရင် အချိန်မရွေးသေနေ့စေ့သွားနိုင်တဲ့ အခြေနေဖြစ်လာတယ်။ဘေးမှာတစ်ဖက်တစ်ချက်က အစ်မနဲ့ ရေမကူးတတ်တဲ့ ကောင်လေးကို ကိုင်ထားတယ်။ အဲ့အချိန် ရုတ်တရက် ဆွဲချခံလိုက်ရသလိုမျိုး ရေထဲနစ်သွားတယ် ကိုယ်တစ်ဖက်က ကိုင်ထားတဲ့ ကောင်လေးလက်လဲလွတ်သွားတယ် သူလဲရေထဲနစ်ဝင်သွားတာ နှစ်ယောက်လုံး ခေါင်းပါ နစ်ပြီးရေအောက်ကျသွားတယ်

မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးကကောင်လေးကို လက်လွတ်သွားပြီး ရေထဲမှာရုန်းနေတာ မြင်လိုက်ရတော့ ချက်ချင်း မှီအောင်လှမ်းဆွဲပြီး သူ့ကိုအရင်ရေပေါ်ဆွဲတင်လိုက်ပြီးမှ ကိုယ်လဲ ခြေခတ်ကိုယ်ဖော့ပြီး ပြန်ပေါ်အောင်လုပ်နေတုန်းမှာ တစ်ဖက်က အစ်မကလဲ ဆွဲတင်လိုက်တာ သိလိုက်ရတယ်။စိတ်ထဲမှာ သေမင်းနဲ့ရင်ဆိုင်ရတော့မလိုဖြစ်သွားတယ်။ အဲ့အချိန်မှာ အစ်မက လှေကိုကိုင်ထားလို့ပြောတာ ကြားလိုက်တယ် လှေပြန်ပေါ်လာပြီး ကိုယ့်မျက်စိအရှေ့မှာရှိနေတာတောင်မမြင်တော့ဘူး။

လှေကိုခဏကိုင်ပြီး ကိုယ့်လူတွေရေမကူးတတ်သူတွေကို သတိရပြီးလိုက်မေးမိတယ် အကုန်အဆင်ပြေနေတယ် ပြန်သိရမှ စိတ်အပူတစ်ခုတော့ကျသွားသေးတယ်။ ရေထဲမှာ ကြာချိန် 3မိနစ်လောက်ရှိနေပြီ… ကိုယ့်ကိုယ်ကိုယ်စွန့်လွတ်ရပြီတွေးနေတုန်း ငါးဖမ်းလှေတစ်စီး အနားကိုကပ်လာနေပြီ။ ခံစားချက်တွေ တွေးသာကြည့်တော့။ အနားကို ငါးဖမ်းလှေကပ်လာပြီ တစ်ယောက်နဲ့ တစ်ယောက်ရေထဲမှာရော ကူမယ့်လှေပေါ်တက်တဲ့အချိန် ရုန်းရင်းဆန်ခက်မဖြစ်ပဲ အန္တရာယ်ကင်းကင်း တက်လာနိုင်တာလဲ ကံကောင်းခြင်းတစ်ခုပါပဲ။

ဒီလိုနဲ့လာရာလမ်းအတိုင်း ကမ်းဘက်ကိုပြန်တက်ခဲ့ကြတယ်။ လှေပေါ်ကဆင်းပြီး ကုန်းပေါ်ရောက်မှပဲ ငါမသေတော့ဘူး လို့စိတ်ဒုန်းဒုန်းချခြင်းနဲ့အတူ မျက်ရည်ပါစီးကျလာတော့တာပဲ။ ရေထဲမှာ စိတ်ကို တင်းထားရသမျှ ပင်ပန်းခဲ့ရသမျှ အခုမှ လွှတ်ချနိုင်တော့တာလေ။ကုန်းပေါ်မှာ ဆက်ပြီးဆောင်ရွက်ရမှာတွေမှာ ဝင်ပါဖို့နေနေသာသာ ကိုယ်တိုင်တောင်မနည်းစိတ်ကပ်အောင်နေနေရတဲ့အချိန် တစ်ဖက်ကလဲ ဆုံးရှုံးမှုအတွက် ဒီဖြစ်ရပ်အတွက် တာဝန်ယူဖို့တော့ ပြောနေကြတာကြားရတယ်။ ကံကောင်းတာကတော့ လူအသေအပျောက်မရှိဘူး ထိခိုက်ဒဏ်ရာမရခဲ့ကြဘူး။

စက်မောင်းတဲ့ ကလေးလေးဆို သူ့အမေရင်ခွင်ထဲမှာ ငိုယိုပြီး တက်လုနီးနီးဖြစ်ပြီး ပါးစပ်ကလဲ “သားကြောက်တယ် သားကြောက်တယ်” ပဲ အော်နေတော့တာ ။ ကိုယ့်မှာ သူ့အတွက်စိတ်မကောင်းဘူး ကလေးနဲ့မမျှတဲ့ စိတ်ဒဏ်ရာရသွားမှာစိုးတယ်။ ခဏနေတော့ ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ ရဲတပ်ကြပ်ဆိုသူက ပျောက်ဆုံးပျက်စီးစာရင်းကောက်ယူတယ်။ ထွေအုပ်ကိုစောင့်တယ်။ထွေအုပ်ရောက်လာတော့ ကိုယ့်အဖွဲ့ထဲကအကိုတစ်ယောက်အပါအဝင် လူ5ယောက်လိုက်သွားကြတယ်။ကိုယ်တွေကိုတော့အသီးသီး နားနေရမယ့်ဆီကိုပြန်ပို့တော့ တည်းခဲ့တဲ့ ဘန်ဂလိုကိုပြန်ပြီး သတင်းစောင့်နေရတာပေါ့။

ခဏကြာတော့ နစ်တုန်းကအတူပါတဲ့ အခြားအဖွဲ့ကသူတစ်ယောက် လိုက်သွားတဲ့ 5ယောက်ထဲမှာထဲမှာ ပါတဲ့သူက နစ်နာသူတွေအတွက် ကုမ္ပဏီက တာဝန်ယူပေးဖို့လူတစ်ယောက်လာလိမ့်မယ်။ဆုံးရှုံးမှုအတွက်တောင်းခံမယ့်တန်ဖိုးကိုလဲ ညှိနှိုင်းဖို့ပြောတယ်။ တာဝန်ရှိသူဆိုတဲ့သူရောက်လာတော့ တောင်းပန်စကားမဆို စိတ်မကောင်းကြောင်းပြဖို့နေနေသာသာ မျက်နှာကိုချီထားပြီး ပျက်စီးဆုံးရှုံးမှုစာရင်းကြည့်တယ်။ ညှိနှိုင်းနေရင်း အပြည့်မလျော်နိုင်ကြောင်းသတ်မှတ်ထားတဲ့ပမာဏက ဘယ်လောက်ပဲရှိတယ် အဲ့လောက်ပဲ လျော်ပေးနိုင်မယ်ပြောတယ်။

သူတို့သတ်မှတ်ထားတဲ့ပမာဏဆိုတာ ပါလာတဲ့လူအရေအတွက်နဲ့ ဆိုင်ကယ် 4စီးစာနဲ့တွက်ရင် ဘယ်လိုမှလက်မခံနိုင်တဲ့ နည်းလွန်းတဲ့ ပမာဏတွေဖြစ်လာတယ်။ညှိနှိုင်းနေရင်း နောက်ဆုံးပြောသွားတာက “မလျော်တော့ပဲ ခင်များတို့ဘက်က တရားစွဲလို့ရတယ်” “မလျော်နိုင်ဘူး လျော်မယ့်အစား ငါ့လူ2ယောက်ကိုပဲ ထောင်ထဲထည့်လိုက်ပြီး အာမခံနဲ့ နောက်မှ ပြန်ထုတ်လိုက်လို့ရတယ်” ဆိုပြီး လူမိုက်စကားပြောပြီးထွက်သွားတယ်။ ဒါဖြစ်သင့်တဲ့ပုံစံလားဆိုတာ စဉ်းစားစရာမလိုပဲ သိနိုင်တယ်။ သူတို့ဘက်က တာဝန်ယူလိုစိတ်မရှိပဲ လူ့အသက်ဆုံးရှုံးနိုင်လောက်တဲ့အနေအထားတစ်ခုရောက်သွားတာတောင် တာဝန်မဲ့တဲ့စကားပဲထွက်လာတာ အတော်အံ့ဩဖို့ကောင်းတယ်။

ဘယ်သူ့ကိုမှ ကြောက်နေရမယ့်အနေအထားမဟုတ်တဲ့ ပုံစံတွေ့လိုက်ရတော့ စဉ်းစားစရာတွေဖြစ်လာတာပဲ။ဒီလိုနဲ့ ညနေကျ မပြန်ခင် ငပုတောရဲစခန်းကို လာခဲ့ဖို့ခေါ်တယ်။အထုတ်ပိုးတွေသိမ်းပြီး ရဲစခန်းဆီသွားဖို့ အိမ်ပြန်ဖို့လမ်းခရီးအတွက် ဇက်ဆိပ်ကိုပြန်လာရပြန်တယ်။ ဇက်ပေါ်တက်မယ် ကြည့်လိုက်တော့ ဆိုင်ကယ်တစ်စီးနဲ့ လူ 8ယောက်လောက်ရောက်နှင့်နေပြီ။ ဒီတစ်ခါတော့အဖြစ်မခံနိုင်ဘူးဆိုပြီး အဖွဲ့သား5ယောက်ခွဲပြီးကျန်နေခဲ့တယ်။ ကျန်နေခဲ့တဲ့သူတွေ နောက်တစ်ခေါက်လိုက်လာတော့ ပိုတောင်ဆိုးနေတယ် ဆိုင်ကယ်က နှစ်စီးနဲ့ လူကလဲ 10ယောက်ကျော်ပါလာတယ်။

ဝန်ပိုလို့လှေတိမ်းမှောက်ထားတာကဖြင့် တနေ့မကူးသေးဘူး လုံးဝဆင်ခြင်သွားခြင်းမရှိတာတွေ့ရတော့ အတော် မိုက်ရိုင်းတဲ့လုပ်ရပ်တွေ လူ့အသက်တွေကို တန်ဖိုးမထားတဲ့ စိတ်ဓာတ်တွေကို စိတ်ပျက်လောက်အောင်ဖြစ်သွားတယ်။ဘယ်သူတွေမှာ တာဝန်ရှိသလဲ? ကုမ္ပဏီကလဲ တာဝန်ယူမှုမရှိဘူးဆိုတော့ နောက်လူတွေအတွက်ဘယ်မှာလဲ လုံခြုံမှုတွေ? ကိုယ့်အသက်နဲ့လဲပြီး ဒီနေရာကိုသွားရဖို့တော့ တန်ရဲ့လား? မေးစရာမေးခွန်းတွေဖြစ်လာပြီ….

အဖြေကတော့ ရှာမတွေ့ခဲ့ အသက်သက်ဘေးနဲ့ကြုံပြီး သာဓကရှိတာတောင် မပြောင်းလဲသွားဘူးဆိုတော့ နောက်ထပ် ဘယ်လိုသတင်းတွေများထပ်တက်လာဦးမလဲ? ကိုယ်တွေလိုအဖြစ်တွေဘယ်လောက်ရှိလာဦးမလဲလို့ ရင်တမမနဲ့စောင့်နေရဦးမှာလား?ရဲစခန်းရောက်တော့ ပျက်စီးဆုံးရှုံးမှုကို သက်သေအဖြစ်ယူပြီး ဓာတ်ပုံရိုက် ကိုယ်ရေးအချက်အလက်အပြည့်အစုံမေးသွားတာကလွဲရင် ဒီနေ့အထိတော့ ဘာသတင်းမှ မကြားရသေးပါဘူး။နစ်နာသူတွေ ကာယကံရှင်ကသာ ဒုက္ခတွေပိုက်ပြီး ရဲစခန်းထိ ရောက်လာပေးပေမယ့် လောဘစိတ်တစ်ခုနဲ့အလုပ်လုပ်နေတဲ့ ဇက်ကို ပိုင်တဲ့ ကုမ္ပဏီက တာဝန်ရှိသူဆိုတာ ရောက်မလာပဲ လက်လွတ်စပယ် လုပ်သွားခဲ့တယ်။

ဘာမှထွေထူး ကျေနပ်လောက်အောင်မဖြစ်ခဲ့ပဲ ရဲစခန်းကထွက် အိမ်ပြန်လမ်းကို စိတ်ထဲမှာ အခဲမကျေစွာ နဲ့ တစ်ကားလုံးလဲ ငြိမ်သက်ပြီး အိမ်ပြန်လမ်းကတော့ လမ်းခရီးထက်ပိုကြမ်းခဲ့ရတော့တာပါပဲ။ဒီဖြစ်ရပ်မှာဘာတွေ့ရလဲဆိုတော့- tour agencyဘက်က စီစဉ်မှုအားနည်းခဲ့တယ်-ဇက်ဆိုတာရဲ့ ခိုင်ခံ့မှုအားနဲ့ ဝန်အားတွေ မမျှတတာတွေ့ခဲ့ရတယ်-လှေပေါ်မှာ ကလေးလုပ်သားအသက်10နှစ်ကျော်လောက်ကို ခိုင်းစေထားတာတွေ့ရတယ်။ ဇက်ကို အခကြေးငွေယူပြီး ပြေးဆွဲတာကို ဒေသခံတွေက လုပ်တာမဟုတ်ပဲ ကုမ္ပဏီတစ်ခုက လေလံအောင်ထားတာလို့ ဒေသခံတွေပြောပြချက်အရသိရတယ်။

ကုမ္ပဏီပိုင်ဖြစ်လျက်နဲ့ ကိုယ်ကျိုးကိုကြည့်ပဲ အသက်တန်ဖိုးကို လုံးဝမငဲ့တဲ့ လုပ်ရပ်တွေတွေ့ရတယ် ဇက်က နှစ်စီးရှိတယ် တစ်စီးကိုပဲ ထုတ်သုံးပြီး ကျန်တစ်စီးကို ကမ်းမှာ မသုံးပဲထားတာဖြစ်တယ်။ဆီဖိုးသက်သာအောင် နှစ်ကြောင်းနေရာမှာ တစ်ကြောင်းထဲနဲ့တင်ပြီး ဝန်ပိုတွေဖြစ်လဲ သိရက်နဲ့ မျက်ကွယ်ပြုထားတယ်။-ဇက်ပေါ်မှာ အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောတွေတစ်ခုမှမထားရှိပဲ ငါးဖမ်းရာမှာသုံးတဲ့ ဘောလုံးတွေကို တိုင်တစ်ခုမှာ ဖြုတ်ရအဆင်သင့်မလွယ်တဲ့ အနေအထားတစ်ခုနဲ့သာ ပါရှိတယ်။-

ငါးဖမ်းလှေလာကယ်တယ်ဆိုတာ ပုံမှန်ရှိနေတတ်တဲ့ ငါးဖမ်းလှေမဟုတ်ပဲ ကံကောင်းချင်တော့ ငါးဖမ်းထွက်ဖို့ ထွက်လာတဲ့အချိန်နဲ့ကြုံလို့သာ ကယ်ပေးနိုင်လိုက်တာ မသေလို့သာ အိမ်ပြန်ရောက်ခဲ့ပေမယ့် သေမင်းနှုတ်ခမ်းဝကို နင်းပြီး ပြန်တက်လာခဲ့ရတဲ့သူတွေကို တောင်းပန်ခြင်း စိတ်မကောင်းကြောင်းဖော်ခြင်း၊ နောက်မဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း အပြုအမူတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေဝေးစွ မထီမဲ့မြင်ဆက်ဆံခံခဲ့ရတာတွေတွေးရင်း ဒီစာရေးတဲ့အချိန်မှာတောင် ရင်တွေတုန် ၊ လက်တွေတုန်ပြီး တကယ်ပြန်ဖြစ်နေသလို အခါခါ ခံစားရတဲ့စိတ်တွေရောထွေးနေခဲ့တယ်။ နောက်လူတွေလဲ သတိပြုဆင်ခြင်နိုင်ဖို့အတွက် ကိုယ်တိုင်အသက်နဲ့ရင်း သင်ခန်းစာချပြလိုက်ရပါတယ်။မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။
nalonetardiary

No comments:

Post a Comment