CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 11, 2019
မြန်မာပြည်မှာ ပိုက်ဆံအကုန်ခံပြီး သေကြမလား
ဒီနေ့မှ ကိုယ်နေ့တိုင်း မျက်ရည်ကျလောက်အောင် အောင့်အောင့်နေတဲ့ အဖြေကို သိရပီ ကျောက်ကပ်မှာ ကျောက်တည်တာတဲ့ ကျောက်ကလည်း နည်းနည်းနောနောမဟုတ် ညာဖက်အခြမ်းမှာ ၆လုံး၇လုံးေ
အဲ့ဒါနဲ့ နောက်နေ့ အဒေါ်တွေပြနေကျ အသည်း သည်းခြေအိတ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဆရာကြီး ဦးညဏ်သိန်းနဲ့ ပြန်ပြကြည့်တော့ ဆရာက Ultra Sound ထပ်ရိုက်ခိုင်း အဲ့မှာ ဒေါက်တာxxx နဲ့ ရို
Unicode
ပြောရဦးမယ် ပြောမှကိုဖြစ်မယ့်ကိစ္စမို့လို့ပါ
ဒီနေ့မှ ကိုယ်နေ့တိုင်း မျက်ရည်ကျလောက်အောင် အောင့်အောင့်နေတဲ့ အဖြေကို သိရပီ ကျောက်ကပ်မှာ ကျောက်တည်တာတဲ့ ကျောက်ကလည်း နည်းနည်းနောနောမဟုတ် ညာဖက်အခြမ်းမှာ ၆လုံး
ရလုံးလောက်ရှိတယ် ဘယ်ဘက်အခြမ်းမှာတော့ ၁လုံးပဲရှိသတဲ့ ဘုရား သိကြားမလို့ အသိဦးလေးတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ မဟာမြိုင်ဆေးရုံမှာထိုင်တဲ့ ဆရာကြီး ဒေါက်တာ ဦးစောလွင်
ဓာတ်မှန်ဆရာကြီးနဲ့ ပြမှပဲ ကျောက်ရှိမှန်း သိရတယ်။ပထမဦးဆုံး အသည်းအသန်ဖြစ်တဲ့နေ့ မနက်၆နာရီကတည်းက အော်ဟစ် အကိုက်အခဲပျောက်ဆေးတွေထိုး ၁၀နာရီမှ ရောက်မယ့် ဓာတ်မှန်ဆရာကိုစောင့် ရိုက်ပီး ထွက်လာတဲ့ အဖြေက သည်းခြေအိတ်နံရံကထူပြီး အမှုန်အမွှားတွေရှိတယ်တဲ့ ရောင်နေတယ်ပေါ့
အဲ့ဒါနဲ့ SSCမှာ ဆေးရုံတက် ခွဲစိတ်ဆရာဝန်ကိုဒေါက်တာ ဦးဝင်းသော်ဦးကိုစောင့် သူရောက်လာတော့ ကိုယ်လကုန်ကျောင်းသွားတက်ရမယ့် အကြောင်းပြောပြ သည်းခြေအိတ်ရော အူအတက်ရောဖြတ်သွားဖို့ အကြံပေး Ultra Soundထပ်ရိုက်ပေးဖို့လည်းပြော ကိုယ်က ဆေးအရင်သောက်ကြည့်ဦးမယ် ခွဲဖို့စဉ်းစားဦးမယ်လို့
အဲ့ဒါနဲ့ နောက်နေ့ အဒေါ်တွေပြနေကျ အသည်း သည်းခြေအိတ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဆရာကြီး ဦးညဏ်သိန်းနဲ့ ပြန်ပြကြည့်တော့ ဆရာက Ultra Sound ထပ်ရိုက်ခိုင်း အဲ့မှာ ဒေါက်တာ ဦးxxx နဲ့
ရိုက်ဖို့ပြောလို့ ရိုက်တော့ ထွက်လာတဲ့ အဖြေက အထဲမှာအကုန်ကောင်းတယ် သည်းခြေအိတ်လည်း မရောင်ဘူး ဘာဆိုဘာမှမရှိ ဆရာဦးညဏ်သိန်းကိုအဖြေပြကြည့်တော့ ဆရာလည်း မျက်စိလည်
ကိုယ်လည်း အဖြေရှာမရ Ultra Soundအဖြေနှစ်ခုက မတူ ဆရာစမ်းကြည့်တော့ သည်းခြေအိတ်ရောင်တာတော့ မဟုတ်လောက်ဘူးဆိုပီး သောက်ဆေးပေးလိုက်တယ် ကိုယ့်မှာတော့ ညတိုင်းမျက်ရည်ကျအောင်ကို အောင့်တယ်
အဲ့ဒီတော့ ကိုယ်သာ ပထမနေ့တည်းက သည်းခြေအိတ်ထုတ်ဖို့ ဆုံးဖြတ်လိုက်ရင် ဘာတွေဆက်ဖြစ်မလဲ ခွဲစိတ်ခ ၁၀သိန်းကျော်လောက်အပြင် ဝေဒနာတခြား ဆေးတခြား ဆေးရုံတစ်ရက်တက် ၁သိန်းဝန်း
ကျင် SSC မှာပြခဲ့တဲ့ ၄ရက်အတွင်း ကုန်ကျစရိတ်က၄သိန်းနီးပါး ရောဂါဘာမှန်းမသိ အဖြေမရှိ SSC က ဓာတ်မှန်ဆရာဝန် ဒေါက်တာ ဦးxxx နဲ့ ဦးxxx တို့ကို ဘယ်လိုဆက်ယုံကြည်ပြီး ဆေးကု
သမှုခံကြမလည်း? ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဒီလိုအမှားမျိုးကို ဘယ်လိုတာဝန်ယူပေးကြမှာလည်း? ပိုက်ဆံတွေလည်းကုန် ဒီလို ဆုံးဖြတ်မှုအလွဲတွေကြောင့် လူဘယ်နှစ်ယောက် ဒုက္ခရောက်ခဲ့ကြသလည်းဆိုတာ မသိနိုင်ဘူး နောက်တစ်ခုက မြန်မာပြည်က ဆေးရုံတွေ ကိုယ်အနေဖူးဆုံးကတော့ SSC နွေးနွေးထွေးထွေးနဲ့ လေးလေးစားစားလည်း မရှိကြဘူး
Health Care Service ဆိုတဲ့ စကားတောင် နားလည်ကြရဲ့လားမသိ ဆေးရုံဆိုတာ စီးပွားရေးတစ်ခုပဲကြည့်တဲ့နေရာလားဟင် လူတွေက ဆေးပညာဗဟုသုတလည်းမရှိ အားကိုးတကြီးနဲ့ လာပြတဲ့ လူ
တွေအပေါ် နွေးနွေးထွေးထွေးရှိသင့်တဲ့အပြင် အနည်းဆုံးတော့ ဘာရောဂါဖြစ်နေတယ်ဆိုတာ ပုဂ္ဂလိကဆေးရုံတစ်ခုအနေနဲ့ အဲ့လောက်တော့ အသုံးကျသင့်တယ်။ ပြဖူးတဲ့လူတိုင်းသိကြမှာပါ တချို့
ဆရာဝန်တွေဆို လူနာကြည့်တာ၅မိနစ်မကြာဘူး စကားကလည်း သိပ်မပြောချင်သလို လူနာတွေကပဲ အောက်ကျနောက်ကျခံရသေးတယ် အောက်ကပုံတွေက ဆရာဝန် သုံးယောက်ရိုက်ထားတဲ့ အဖြေတွေအကုန် ယှဉ်ပြထားပါတယ်။ နားမလည်နိုင်လောက်အောင်ပါပဲ။
Thae Wutyi Soe Facebook
မြန်မာပြည်မှာ ပိုက်ဆံအကုန်ခံပြီး သေကြမလား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 11, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment