CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 4, 2019
ပေ၆၀ အမြင့် တံတားပေါ်ကနေသူငယ်ချင်းကို နောက်ပြောင်ပြီးတွန်းချခဲ့သူ
အစအနောက်သန်သူများအတွက် ဒီဖြစ်ရပ်က သင်ခန်းစာယူစရာပါ။
မိတ်ဆွေသူငယ်ချင်းကြားမှာ ခင်မင်ရင်းနှီးမှုကြောင့် စကြနောက်ကြပေမယ့်
လိုအပ်တာထက်ပိုသွားရင် အန္တရာယ်ဖြစ်တတ်တယ်ဆိုတာ ဒီမိန်းကလေးရဲ့အဖြစ်အပျက်ကဖော်ပြနေပါတယ်။
ဝါရှင်တန်ပြည်နယ် လူးဝစ်စ်မြစ်အထက်ဘက်မှာရှိတဲ့ မိုလ်တန်ရေတံခွန်မှာရှိတဲ့ တံတားစွန်းပေါ်ကနေ
အသက်(၁၆)နှစ်အရွယ် မိန်းမပျိုလေးတစ်ဦးကိုသူငယ်ချင်းတစ်ဦးကတွန်းချခဲ့တာပါ။
တံတားပေါ်ကနေ ဂျော်ဒန်ဟိုဂျာဆန်ဆိုတဲ့မိန်းကလေးက ရေထဲကိုဒိုင်ဗင်ထိုးချဖို့ပြင်ဆင်နေပြီးမှ ကြောက်တာကြောင့်
ခုန်မချတော့ဘူးလို့ ဘေးကသူငယ်ချင်းကိုပြောလိုက်ပါတယ်။ကြောက်ပြီးသူ့လက်ကိုဆုတ်နယ်နေစဉ်မှာ နောက်ကသူငယ်ချင်းဖြစ်သူက တွန်းချလိုက်တာပဲဖြစ်ပါတယ်။
ပေ ၆၀ကျော်ကနေ ရေထဲကျသွားတဲ့အရှိန်ကြောင့် မိန်းကလေးခမြာ တော်တော်အထိနာသွားခဲ့ပါတယ်။
"ကျမ နံရိုး ငါးချောင်းကျိုးသွားခဲ့ပါတယ်။ရင်ဘတ်ထဲကို လေပူစီပေါင်းတွေလည်းဝင်သွားခဲ့တယ်။ကျမအလွယ်လေးနဲ့သေသွားနိုင်တယ်။"" လို့ ဟိုလ်ဂျာဆန်ကပြောပါတယ်။
သူကအောက်ကိုကျနေတဲ့အချိန်မှာ အကျမနာဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့ကြောင်းပြောပါတယ်။
"လေထဲမှာ အောက်ကိုကျနေတုန်း မတ်မတ်ဖြစ်နေအောင်ကျမကြိုးစားခဲ့တယ်။ ဒါမှ ရေထဲကို ခြေထောက်က အရင်ဆုံးကျအောင်လို့။ဒါပေမယ့်ကြိုးစားတာအရာမထင်ခဲ့ဘူး။လေထဲမှာ သတိလစ်လုမတတ်ဖြစ်သွားခဲ့တယ်။ရေပြင်နဲ့ရိုက်မိတော့မှ ပြန်ပြီးသတိဝင်လာတယ်။"
သူမကို ဗန်ကူးပါးက ဆေးရုံကိုခေါ်သွားခဲ့ပါတယ်။ ဒေါက်တာမေရီကလဲက" တော်တော်ဆိုးဝါးတဲ့အဖြစ်အပျက်ပါ။ဒီလောက်အမြင့်ကနေခုလိုကျတာ သူသေသွားနိုင်တယ်။ လူတွေက ရေထဲကိုကျတာမို့ ဒီလောက်မဆိုးဘူးလို့ပြောကောင်းပြောကြလိမ့်မယ်။ဒါပေမယ့် ဒီလောက်အမြင့်ကနေ ရေထဲကိုကျရင် ရေက ကွန်ကရိလိုဖြစ်နေမှာ။ ဒီကလေးမ ဒီထက်ဆိုးဆိုးဝါးဝါးမဖြစ်တာ အတော်ကံကောင်းပါတယ်။ကျတဲ့ပုံစံကပြောင်းရင် သူ့ရဲ့လည်ပင်းကျိုးသွားနိုင်တယ်။"လို့ပြောပါတယ်။
ဟိုဂျာဆန်ဟာ သူမရဲ့အဆုတ်နဲ့နံရိုးတွေပြန်လည်ကောင်းမွန်လာဖို့ရက်သတ္တခြောက်ပတ်လောက် ကုသရမယ်ဖြစ်ပါတယ်။
သူက အဲဒီဒေသပတ်ဝန်းကျင်မှာရေကူးနေကျဖြစ်ပြီး လူတွေအဲဒီတံတားပေါ်က ဒိုင်ဗင်ထိုးချနေတာမကြာခဏတွေ့ရပြီး ဘာမှဖြစ်တာမတွေ့ခဲ့ဘူးလို့ဆိုပါတယ်။
တံတားပေါ်ကခုန်မချဖို့သတိပေးစာရေးထားပေမယ့်
အဲဒီလိုဖြစ်ပြီးနောက်တစ်ရက်မှာကိုပဲ အဲဒီတံတားပေါ်ကလူတချို့ဒိုင်ဗင်ထိုးချနေတာတွေ့ရတယ်လို့ ဖောက်စ်သတင်းဌာနမှာဖော်ပြပါတယ်။
လွန်ကဲတဲ့နောက်ပြောင်မှုတွေဟာအန္တရာယ်ဖြစ်နိုင်ပြီး သေဆုံးတဲ့အထိဖြစ်သွားနိုင်တာကြောင့်
အနောက်အပြောင်သန်သူများအတွက် သင်ခန်းစာယူစရာအဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။
သတင်းစုံပျော်ဝင်အိုးကြီး
ပေ၆၀ အမြင့် တံတားပေါ်ကနေသူငယ်ချင်းကို နောက်ပြောင်ပြီးတွန်းချခဲ့သူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 04, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment