မှတ်တမ်းဓာတ်ပုံ။ ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာသူတွေကို လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းမှာ ထိန်းသိမ်းထားစဉ်။ ၂၀၁၃။ |
ဥပဒေမဲ့ ၀င်ရောက်လာတဲ့ ကလေးငယ်တွေ ထိန်းထားတဲ့ လုပ်ရိုးလုပ်စဉ်ကို အဆုံးသတ်မယ်ဆိုတဲ့ ၀န်ကြီးချုပ် ဖရာယုချန်အိုချာရဲ့ ကတိကို အကောင်အထည် ဖော်ရေး မူဘောင် တရပ်ကို ထိုင်းအစိုးရ အရာရှိကြီးတွေနဲ့ နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ UNHCR က ပြောကြားလိုက်ပါတယ်။
အခု စာချွန်လွှာဟာ မူအားဖြင့် သဘောတူညီချက် ဖြစ်ပြီး ဒီကလေးငယ်တွေကို ဘယ်လို စောင့်ရှောက်သွားမလဲ ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
No comments:
Post a Comment