ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် / ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန |
မနေ့က မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်ခြားမျဉ်း အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA ဖက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲကို ပြန်ဆုတ်ခွာသွားတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်က ဒေသခံ ၂၀၀ လောက်လည်း ဘေးလွတ်ရာကို ထွက်ပြေးကြခဲ့ရပါတယ်။
ဒီကနေ့မနက်ပိုင်းအထိတော့ တိုက်ပွဲဖြစ်ပွားတာတော့မရှိသေးဘူးလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
No comments:
Post a Comment