AAတိုက်ခိုက်မှုမှာ ကျဆုံးသွားတဲ့ရဲဘော် |
တို့ဘိုးဘွား အမွေအနစ် ပြည်တောင်စုကိုအသက်ပေးလို့ ကာကွယ်နေချိန်
ဝေလသီချင်းလို ဈေးပေါတဲ့ဓားနဲ့နောက်ကျောကို ထိုးဘို့ တပြင်ပြင်ဖြစ်နေချိန်မှာ
Unicode
AA လက်ချက်ကြောင့် အသက်ပေးသွားရတဲ့တပ်သားတစ်ဦး
၂၇ ရက်နေ ့ကလူမှုမီဒီယာမှာ တင်သွားခဲ့တဲ့စာသားတွေက
မကြာခင်ဖြစ်ပျက်လာတော့မယ် အခြေအနေအနေတွေကို
ကြိုသိခဲ့လို့နိမိတ်ကြိုတင်ဖတ်ရေးထားခဲ့သလိုပါပဲ။
“ကျောရောရင်ပါ အောင့်တယ်"
မနက် ၆းဝဝ လောက်က ကျသွားတဲ့ ရဲဘော်လေး ရေးတဲ့စာပါ
“ကျောရောရင်ပါအောင့်တယ်”
လက်ရှိတာဝန်က အနောက်တံခါးလုံခြုံရေးမျက်နှာခြင်းဆိုင် စစ်မက်ပြင်ကိုရင်ကတုတ်ခံ ကာကွယ်တားဆီးလို့..
တို့ဘိိုးဘွား အမွေအနစ် ပြည်တောင်စုကိုအသက်ပေးလို့ ကာကွယ်နေချိန်
ကိုယ့်နောက်ကျောက ပြည်တောင်စုဝင်တိုင်းရင်းသားလူမျိုးက
ဝေလသီချင်းလို စျေးပေါတဲ့ဓားနဲ့နောက်ကျောကို ထိုးဘို့ တပြင်ပြင်ဖြစ်နေချိန်မှာ
အရင်သမိုင်းတွေက ဘယ်လိုပင်ရိုင်းခဲ့ပါစေ
ကျတော်တို့ ကာကွယ်နေတာခင်ဗျားတို့ပြည်နယ်ပါ နောက်ကျောက မိတ်ဆွေရေ..
ကျတော်တို့က ဧည့်သည်ပါ
အိမ်ရှင်ထမင်း ပုတ်မချဘူး
ခင်ဗျားတို့ရှေ့ မားမားမတ်မတ်ရပ်တည်နေကာမှ
နောက်ကျောကို ဓားနဲ့ထိုးမယ်ဆိုရင်တော့ကျောရော ရင်ရော အောင့်တယ်ဗျာ..
No comments:
Post a Comment