အကောင့်အတုတွေနဲ့ ပေ့ခ်ျအတုတွေလုပ်ပြီးအွန်လိုင်းဗဟုသုတနည်းသူတွေကိုလိမ်ညာကြတယ်။
လိမ်နည်းကတော့ ပေါင်းစုံရှိတယ်။ ဥပမာ CB MobileBanking က ဘယ်နှစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့မဲဖောက်ပေးမယ်၊ ကားဘယ်နှစ်စီးပေးမယ်၊ ဒီပို့စ်ကိုရှဲပေးရမယ်၊ပေ့ခ်ျကိုလိုက်ခ်ထားရမယ် စသဖြင့်လုပ်တာမျိုးရှိတယ်။ Page Like တိုးအောင် အရင်လုပ်တယ်။ လူတွေကလည်း မသိပဲ ပိုက်ဆံလိုချင်စိတ်နဲ့ရှဲကြတယ်။သူ့ပေ့ခ်ျ Like များသွားတဲ့အချိန်မှာ နာမည်ပြောင်းပြီး အွန်လိုင်းရှော့ပင် လုပ်တာ၊ သို့မဟုတ် အခြားတစ်ယောက်ကို ပြန်ရောင်းတာ လုပ်တယ်။ ဒါတွေက အခုမှ ပေါ်လာတာ မဟုတ်ဘူး။ ပေါ်နေတာလည်း ကြာပြီ။ ဒါပေမယ့် အဲ့ဒီပို့စ်တွေကို ရှဲနေတဲ့သူတွေ ကိုယ့်အကောင့်ထဲမှာ အမြဲရှိနေသေးတာတော်တော်လေး အံ့သြမိတယ်။
အရင်တုန်းကမသိကြတာ ထားပါတော့။ အခုအထိ မသိသေးတာတော့ တော်တော်ဆိုးတယ်။ Page အတုတွေက အရမ်းသိသာပါတယ်။ ပို့စ်တွေကလည်းသိပ်မတင်ထားဘူး။ လိမ်ခါနီး ရက်ပိုင်းအလိုမှာ
ပုံလေးတွေတင်ပြီး ဝင်ကြည့်တဲ့သူတွေ ယုံအောင်လုပ်ထားတယ်။ ဒါပေမယ့် သိကိုသိသာပါတယ်။
ဒါ့အပြင် မြင့်မြတ်က အကယ်ဒမီရလို့ ကားဘယ်နှစ်စီးမဲဖောက်ပေးမယ်ဆိုတာမျိုးလည်းရှိတယ်။ အဲ့ဒါလည်းရှဲကြတာပဲ။ Facebook ကို အချိန်အတိုင်းအတာတစ်ခုအထိ သုံးပြီးတဲ့ Generation ကတော့ ဒီအလိမ်တွေကို သိနေလောက်ပြီလို့ ထင်ပါတယ်။ သုံးတာကြာပြီး အခုထက်ထိ မသိသေးရင်တော့ တော်တော်ဆိုးပါတယ်။ ဒီလိုမှ မဟုတ်ပဲ အခုအလိမ်ခံနေရသူတွေဟာ Facebook ကို အခုမှ စသုံးတဲ့ မသိသေးတဲ့ရိုးသူတွေ ဆိုရင်တော့ အခု ဒီစာကိုဖတ်ပြီးရင် စဉ်းစားချင့်ချိန်ကြပါလို့ ပြောချင်ပါတယ်။ ဒီလိမ်နည်းက နည်းနည်း တော်သေးတယ်လို့ ပြောရမယ်။
အလိမ်ခံရရင်တောင် ပိုက်ဆံတစ်ပြားမှ မပါသွားဘူး။ မဟုတ်တာကြီးကို ရှဲထားလို့ ဒါတောင် မသိဘူးလားဆိုတဲ့အထင်သေးခြင်းပဲခံရလိမ့်မယ်။ အဲ့ဒီထက်ဆိုးတဲ့လိမ်နည်း ရှိသေးတယ်။ အဲ့ဒါက ဘာလဲဆိုတော့နိုင်ငံခြားက ကောင်မလေး အကောင့် တစ်ခုပုံစံမျိုးနဲ့ လာ Add မယ်။ ပြီးရင် သူက နိုင်ငံခြားမှာ
နေတာပါ။ ပိုက်ဆံလည်း ချမ်းသာပါတယ်။ ဒါပေမယ့် အမျိုးသားနဲ့ အဆင်မပြေဘူး။ သို့မဟုတ်
သူက အမွေရထားတာ ဒါပေမယ့် တိုက်ရိုက်ထုတ်လို့မရဘူး။ အဲ့ဒါ မြန်မာနိုင်ငံကို လွှဲပေးမယ်။ လက်ခံ
ပေးထားပါလား။ ပြီးရင်သူလာယူမယ်..ယူပြီးရင်ဝေစုလည်း ခွဲပေးမယ်။ သို့မဟုတ် လေဆိပ်မှာ
သူပို့ပေးလိုက်တဲ့ Luggage ကို လာယူပါ။ စသဖြင့်စုံလို့ပါပဲ။
ဒါပေမယ့် သူတို့အားလုံးမှာ တူတာ တစ်ခုရှိတယ်။အဲ့ဒါက သင့်ကို ပိုက်ဆံနဲ့မက်လုံးပေးတာပဲ။ နောက်
တော့ သူပိုက်ဆံလွှဲဖို့အတွက် သင်က ပိုက်ဆံအနည်းငယ် အရင်လွှဲပေးဖို့ ပြောလိမ့်မယ်။ ပိုက်ဆံလွှဲခတို့ဘာတို့ပေါ့။ သေချာတာ တစ်ခုက လိမ်တဲ့သူတော်တော်များများက သင့်ကိုပိုက်ဆံ အရင်ပေးလေ့မရှိ
ဘူး(နောက်မှလည်း မပေးဘူး)။ သင့်ဆီကနေတစ်နည်းနည်းနဲ့ ပိုက်ဆံအရင်တောင်းလိမ့်မယ်။
ဒီလိုနဲ့ နောက်ဆုံး သူ့ဆီက ပိုက်ဆံကိုယ့်ဆီမလာပဲကိုယ့်ပိုက်ဆံပဲ ပါသွားတာမျိုး ဖြစ်တတ်တယ်။
ဒီလိမ်နည်းကလည်း အသစ်လားဆိုတော့မဟုတ်ဘူး။ Gtalk, Gmail ခေတ်တုန်းက ဖန်တရာ
တေနေတဲ့ လိမ်နည်းဖြစ်တယ်။ ဒါကို အခုခေတ်မှာFacebook နဲ့ အင်တာနက် စသုံးသူတွေ မသိကြ
ဘူး။ ဒါက Online Scam လို့ခေါ်တဲ့ လိမ်နည်းအကြောင်း အနည်းငယ်ပြောပြတာပါ။ အခြားနည်း
တွေနဲ့ လိမ်သူတွေလည်း ရှိပါသေးတယ်။
ဒီတော့ အွန်လိုင်းပေါ်မှာ အလိမ်မခံရဖို့ ဘာလုပ်ရမလဲ...
(၁) အရေးကြီးဆုံး အချက်က လောဘမတက်ပါနဲ့။ ဘယ်အရာမှ အလကား မရပါဘူး။ အချောင်
လဲ မလိုချင်ပါနဲ့။ Too good to be true ဆိုတဲ့စကားကို သတိရပါ။ ယုံကြည်ရခက်လောက်အောင်
အရမ်းကောင်းနေတဲ့ ကံကောင်းမှုတွေဟာာများသောအားဖြင့် မျက်နှာဖုံးအုပ်ထားတဲ့ ကံဆိုး
မှုတွေ ဖြစ်နေတတ်ပါတယ်။ တစ်ခုခုဟာ အရမ်းကို ကောင်းနေပြီဆိုရင် တကယ်ဖြစ်နိုင်ရဲ့လား
ပြန်သုံးသပ်ပါ။
(၂) တိုင်ပင်ပါ။ သိတဲ့သူတွေနဲ့ စကားပြောပါ။တစ်ယောက်တည်း ကျိတ်ပြီး ငါတော့ထောပြီ
ဆိုပြီး လုပ်မနေပါနဲ့။ တစ်ယောက်တည်း လုပ်ချင်ရာ လုပ်ပြီး အလိမ်ခံရတော့မှ အရပ်ကယ်ပါ
လူဝိုင်းပါလုပ်ရင် ပြန်ရဖို့လည်း မလွယ်ပါဘူး။
(၃) အသက်ကြီးသူတွေ၊ အွန်လိုင်းဗဟုသုတနည်းသူတွေကို မလွှတ်ထားပါနဲ့။ လိမ်တဲ့သူတွေ
ဟာ အသက်ကြီးသူတွေ၊ အွန်လိုင်းဗဟုသုတမရှိသူတွေကို အဓိက Target ထားပါတယ်။
ကိုယ့်မိသားစုထဲမှာ အဲ့ဒီလို အသက်ကြီးမှFacebook သုံးတာမျိုး...သို့မဟုတ် Facebook
စသုံးကာစ ဆယ်ကျော်သက်မျိုး ရှိရင် သတိထား စောင့်ကြည့်ပါ။ သူတို့ကိုလည်း အဲ့ဒီလို
လိမ်လည်မှုတွေ အကြောင်း ပြောပြထားပါ။
(၄) Link တွေ့တိုင်း လျှောက်မနှိပ်ပါနဲ့။
Messenger ထဲကို ရောက်လာတဲ့ လင့်တွေတိုင်း လျှောက်မနှိပ်ပါနဲ့။ တစ်ခါတစ်လေ
ကိုယ့်ရဲ့ User name နဲ့ Password ကိုတောင်းပြီး ကိုယ့်အကောင့်ကို လိမ်ယူသွားတာာ ရှိ
တတ်ပါတယ်။ အဲ့ဒါကို Phishing လို့ခေါ်ပါတယ်။ အီးမေးလ်ထဲကနေ အီးမေးလ်အတု
တွေလာတတ်တာကိုလည်း သတိထားပါ။
ကိုယ့်ရဲ့ Bank Acc Data တွေကို လိမ်ညာပြီးတောင်းတာမျိုး ရှိတတ်ပါတယ်။ မသေချာရင်
ဘဏ်ကို ဖုန်းဆက်ပါ။ထင်ရာဆိုင်းပြီး ရိုက်မထည့်လိုက်ပါနဲ့။
(၅) ဖြစ်နိုင်ရင် အကောင့်အတုတွေ လက်မခံပါနဲ့။
အကောင့်တစ်ခုကို လက်ခံတော့မယ်ဆိုရင်အရင်ဆုံး အဲ့ဒီအကောင့်ကို ဝင်ကြည့်ပါ။ သူ့ပုံ
တင်ထားတာ ရှိလား၊ နာမည်ကရော ဘယ်လိုပေးထားလဲ။ အချို့က မြန်မာလို “မမချစ်တဲ့မောင်
လေး” တို့ “မိန်းကလေးများ၏အသဲစွဲ”တို့“ဦးပိန်ဦးပိန်ဦးပိန်” တို့ စသဖြင့် စုံနေအောင်
ပေးတတ်ကြပါတယ်။ ဒါ့အပြင် “ရွာတောင်ပိုင်းကဖိုးစိန်သား” တို့ ဘာတို့လည်း ရှိတတ်ပါသေး
တယ်။ သူတို့ပုံတွေ တကယ်တင်ထားလို့ အကောင့်အစစ်လို့ထင်ရင်တော့ လက်ခံလို့ရပါတယ်။
ဒါပေမယ့် သူတို့ပုံလည်း တစ်ပုံမှ မတင်ထားပဲကြောင်ပုံ၊ ခွေးပုံပဲတင်တာမျိုး၊ မင်းသမီး
မင်းသားပုံပဲ တင်တာမျိုးဆို လက်မခံတာ ကောင်းပါတယ်။ ကိုယ်ကတော့ ကိုယ်ရဲ့ Identity အစစ်၊
ပုံအစစ်နဲ့ သုံးနေပြီး သူတို့ကကျတော့ သူတို့ဘယ်သူဆိုတာကို မပြပဲ သုံးပါလိမ့်မယ်။ အဲ့ဒါ
ဟာ ကိုယ့်အတွက် နစ်နာတတ်ပါတယ်။ သူကကိုယ့်အကြောင်း ကိုယ့်Private Life ကို ချွင်းချက်
မရှိ ထိုင်ကြည့်နိုင်ပြီး ကိုယ်ကတော့ သူ့ပုံအတု၊အကောင့်အတုပဲ မြင်နေရပါလိမ့်မယ်။ သင့်အ
အတွက် Privacy က အရေးမကြီးပါဘူး၊ Friendများရင်ပြီးရော... Follower များရင်ပြီးရော
ဆိုရင်တော့ လက်ခံချင် လက်ခံလို့ရပါတယ်။သို့မဟုတ် သင်က Privacy ကို အလေးထား
သူဆိုရင် အကောင့် အစစ်တွေကို လက်ခံတာပိုကောင်းပါတယ်။ ကာတွန်းပုံ၊ ကြောင်ပုံ၊
ခွေးပုံ၊ ကိုရီးယား မင်းသမီးပုံပဲ တင်ပြီး သူတို့ဘယ်သူဆိုတာကို လုံးဝမဖော်ပြတဲ့သူတွေကို
လက်မခံတာ ပိုကောင်းပါတယ်။ ကျွန်တော်လည်းအရင်က အဲ့ဒီလို အကောင့်တွေ လက်ခံခဲ့ဖူး
ပေမယ့် အခုနောက်ပိုင်းတော့ Unfriendလုပ်တာ များပါတယ်။ ကိုယ့်ကိုယ်လေးစား
ရင်၊ ကိုယ့် Privacy လေးစားရင်၊ ကိုယ်နဲ့တကယ် Friend ဖြစ်ချင်ရင် သူတို့အကောင့်
အစစ်နဲ့လာ Add ပါလိမ့်မယ်။
အွန်လိုင်းပေါ်က လိမ်နည်းတွေအကြောင်းအကုန်မသိရင်တောင် ဒီစာဖတ်ပြီးရင် လိမ်နည်း
အခြေခံတွေနဲ့ ဘယ်လိုရှောင်ရှားရမယ်ဆိုတာကိုသိသွားမယ်လို့ မျှော်လင့်ပါတယ်။
မိုးရှင်း (I.M.T)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 9, 2018
Online Scam (အွန်လိုင်းပေါ်က လိမ်ညာမှုများ)
Online Scam (အွန်လိုင်းပေါ်က လိမ်ညာမှုများ)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 09, 2018
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment