CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 11, 2018
မန္တလေးတွင် ၁၃နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြံစည်သူ GYM ထရိန်နင်ဆရာတစ်ဦးကို ဖမ်းဆီး
မင်းသန့် MUNA
#Unicode Version#
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် (၁၃)နှစ်အရွယ်မိန်းကလေးတစ်ဦး ရည်းစားဖြစ်သူနှင့် ချိန်းတွေ့စဉ် အဓမ္မပြုကျင့်ရန်ကြံစည်သူ GYM ထရိန်နင်ဆရာတစ်ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု စက်မှုနယ်မြေရဲစခန်းမှ သိရသည်။
မိခင်ဖြစ်သူဒေါ်(×××××)သည် နိုဝင်ဘာ(၁)ရက်၊ နံနက်(၁)နာရီက နေအိမ်တွင်မိသားစုဝင်များနှင့်အတူ အိပ်ပျော်နေစဉ် သမီးငယ်ဖြစ်သူ မ×××××သည် နေအိမ်အပြင်ခြံဝင်းတွင်းမှနေ၍ တံခါးဖွင့်ပေးရန် ပြောသံကြားသဖြင့် သော့ဖွင့်ပေးရန်ဆင်းလာခဲ့ရာ အိမ်တံခါးအပြင်ဘက်တွင် သမီးဖြစ်သူ မ×××××× နှင့် ဟိန်းလင်းအောင်တို့အား တွေ့ရ၍ မေးမြန်းရာ ချိန်းတွေ့နေကြောင်း၊
ထိုသို့ချိန်းတွေ့စဉ် ဟိန်းလင်းအောင်ဆိုသူမှ တွန်းလှဲ၍ သအဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရသဖြင့် အရေးယူပေးပါရန် နိုဝင်ဘာ၂၅ရက် နေ့က မိခင်ဖြစ်သူမှ စက်မှုနယ်မြေရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်းကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထိုသို့ တိုင်းတန်းခဲ့သည့်အပေါ် ပြစ်မှုကျူးလွန်သူ ဟိန်းလင်းအောင် (၂၀)နှစ်ကို ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေ ရဲစခန်းမှ (ပ)၆၀၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ပုဒ်မ ၅၁၁ တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး ချုပ်ရက် ရမ္မာန်ရယူထားကာ လာမည့်(၂၁)ရက်နေ့တွင် ခရိုင်တရားရုံး၌ တရားစွဲဆိုသွားမည်ဟု ၎င်းရဲစခန်းမှ ရဲအုပ်ကျော်ကျော်လတ် က ပြောသည်။
မင်းသန့် MUNA
Related Post
- Next လူတိုင်း သိ ထား သင့်တဲ့ ခေါင်း ကနေရေ စတင်လောင်းချိုးခြင်း ၏ ကြောက်မယ်ဖွယ် ဆိုးကျိုး
- Previous ကာမလိမ်လည်မူ ဖြစ်စဉ်ကို ပရဟိတနဲ့ ကာဗာလုပ်နေတဲ့ ဝေဠုကျော် ကိုပန်ဆယ်လိုဒဲ့ ၀ုန်းပြီ ဝေဠုကျော်နဲ့ သင်းသင်း Chat List များထွက်ပေါ်လာ ဝေဋ္ဌုကျော်က လမ်းခွဲလိုက်လို့တရားစွဲမယ့် အလှမယ်သင်းသင်းဓာတ်ပုံများ ဖေ့ဘုတ်တွင်ပြန့်နှံ့လာ ဝေဠုကျော်ကိုတရားစွဲမယ်ဆိုတဲ့ အလှမယ် သင်းသင်း (ခ) သိမ့်ဟန်နီ အိမ်သာဝင်နေတုန်း ယုတ်မာသူလူတစ်ယောက်ရဲ့ အောက်တန်းကျစွာ ဗီဒီယိုချောင်းရိုက်တာကိုခံလိုက်ရတဲ့ သန္တာဗိုလ် မိနစ်ပိုင်းအတွင်းကြည့်ရှုသူသောင်းချီသွားတဲ့ ရွှေနှစ်ရွှေရဲ့ပထမဆုံး စုံတွဲသီဆိုထားတဲ့ “အမှား” MTV သီချင်းသစ် မနိုင်နိုင်ရာမဲနေတဲ့ လူတွေကို အမြဲပြုံးပြနေပါတယ်ဆိုတဲ့ စိုးမြတ်နန္ဒာ လူမှုအကျိုးပြု ဂုဏ်ထူးဆောင် သံတမန် အဖြစ် အကယ်ဒမီ ဝေဠုကျော်နှင့် သရုပ်ဆောင် ခိုင်နှင်းဝေတို့ကို ချီးမြှင့်ပေးအပ်ခဲ့ သရုပ်ဆောင် ရဲမင်းပိုင်၏ ဖခင် သရုပ်ဆောင် ဦးဌေးဝင်း ကွယ်လွန်

Labels:
crime in Myanmar
မန္တလေးတွင် ၁၃နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြံစည်သူ GYM ထရိန်နင်ဆရာတစ်ဦးကို ဖမ်းဆီး
Reviewed by MP4 YoU
on
December 11, 2018
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment