ဘု ရားရွင္ဟာ မိမိဆႏၵအေလ်ာက္ ဘုရားျဖစ္ ေအာင္ က်င့္တယ္။ ဘုရားျဖစ္ၿပီးေနာက္ ပရိနိဗၺာန္ျပဳ သြားၿပီး ျဖစ္တယ္။
ဒီ အတြက္ အျခားသူေတြက ဘာရိွခိုးဦးခ်ေနစရာ လိုသလဲလို႔ က်ဥ္းေျမာင္းတဲ့အျမင္နဲ႔ ေတြးေခၚေျပာဆိုတတ္ၾကပါတယ္။
ရိွ ခိုးဦးခ်သင့္တဲ့ အေၾကာင္းေတြက အမ်ားႀကီးပါ။ ဒီထဲက အမ်ားနားလည္တဲ့ အေၾကာင္းတစ္ခုကို ေျပာရ ရင္ အႏႈိင္းမဲ့ေက်းဇူးရွင္ျဖစ္လို႔ပါပဲ။
ဘုရားရွင္ရဲ႕ ေက်းဇူး တရားေတြဟာ သတၱ၀ါေတြအေပၚ ေျပာမကုန္ေအာင္ ႀကီးမားမ်ားျပားလြန္းပါတယ္။ ဘုရားတစ္ဆူရဲ႕ ရိွခိုးဦးခ် ထုိက္တဲ့ ဂုဏ္ေတာ္,
ေက်းဇူးေတာ္ေတြကို အျခားဘုရား တစ္ဆူက တစ္သက္လံုး ေဟာေတာ္မူေပမဲ့ ကုန္ႏုိင္ဖြယ္ မရိွဘူးလို႔ က်မ္းဂန္ေတြမွာ ျပဆိုထားပါတယ္။
ေက်းဇူးတရားကို အပိုင္းသံုးပိုင္းခြဲၿပီး ေျပာခ်င္ ပါတယ္။ လက္ရိွဘ၀တစ္ပိုင္း၊ တမလြန္သံသရာ တစ္ပုိင္းႏွင့္ ဘ၀လြတ္ေျမာက္ေရးတစ္ပုိင္းပါ။
လက္ရိွဘ၀အေနႏွင့္ –
ဒါက ေကာင္းတဲ့အျပဳအမူ, အေျပာအဆို, အႀကံ အစည္ (ကုသိုလ္တရား)၊ ဒါက မေကာင္းတဲ့အျပဳအမူ, အေျပာအဆို,
အႀကံအစည္ (အကုသိုလ္တရား)လို႔ ကုသိုလ္,အကုသိုလ္တို႔ရဲ႕ ကြဲျပားျခားနားခ်က္ေတြ။
ဒါက ကုသိုလ္ရဲ႕ အက်ဳိး၊ ဒါက အကုသိုလ္ရဲ႕ အျပစ္လို႔ ကုသိုလ္, အကုသိုလ္ရဲ႕ အက်ဳိးအျပစ္ေတြ။
ကုသိုလ္,အကုသိုလ္ အားေလ်ာ္စြာ သတၱ၀ါေတြ က်င္လည္ရတဲ့ ေအာက္ဆံုး အ၀ီစိ၊ အထက္ ဘ၀ဂ္တုိင္ေအာင္ ဘံုဘ၀ေတြ။
ဒါေတြကို ဘုရားရွင္ ေဟာျပေတာ္မူလို႔ သတၱ၀ါေတြ သိၾကရတာ ျဖစ္ပါတယ္။
အခ်ဳိ႕က ဒီအေၾကာင္းအရာေတြကို မိဘဘိုးဘြား, ဆရာသမားေတြ ေျပာျပလို႔ သိရတာပါလို႔ ေစာဒကတက္ ႏုိင္ပါတယ္။
တကယ္ေတာ့ မိဘဘိုးဘြား ဆရာသမား ေတြဟာ ကိုယ္တုိင္ ထိုးထြင္းသိလို႔ ေျပာႏုိင္ၾကတာ မဟုတ္ပါဘူး။ဘုရားရွင္ ေဟာေျပာညႊန္ျပမႈေၾကာင့္ သိၾကတာ ျဖစ္ပါတယ္။ ဘုရားရွင္ဆီက တစ္ဆင့္သိရလို႔ ေျပာျပႏုိင္, ဆံုးမႏုိင္ၾကတာ ျဖစ္ပါတယ္။
ဒါေတြကိုသိေတာ့ ဘယ္လိုအက်ဳိးရိွသလဲလို႔ ေမးစရာရိွပါတယ္။ အကုသိုလ္ကိုသိ၊ အကုသိုလ္အျပစ္ကို ျမင္ေတာ့ အကုသိုလ္လုပ္ရမွာ ေၾကာက္တတ္လာပါတယ္။
အကုသိုလ္အျပစ္ကို ခံယူရမွာေၾကာက္လို႔ အကုသိုလ္ ဆိုရင္ ေရွာင္ၾကဥ္လာတတ္ပါတယ္။
ကုသိုလ္ကိုသိ၊ ကုသိုလ္အက်ဳိးကိုျမင္ေတာ့ ကုသိုလ္ေရးမွာ ထႂကြႏိုးၾကား လာတတ္ပါတယ္။ ကုသိုလ္အက်ဳိးကို ခံယူရမွာသိလို႔ ကုသိုလ္ေရးကို ရွာေဖြလုပ္တတ္လာပါတယ္။
အကုသိုလ္မႈကို ေရွာင္ၾကဥ္တာေၾကာင့္ မ်က္ေမွာက္ ဘ၀မွာ မိမိ,သူတစ္ပါး ကိုယ္ဆင္းရဲ စိတ္ဆင္းရဲ အမ်ဳိးမ်ဳိး မွ လြတ္ကင္းရပါတယ္။ ေဘးအမ်ဳိးမ်ဳိး၊ ရန္အမ်ဳိးမ်ဳိးမွ လြတ္ကင္းရပါတယ္။
ကုသိုလ္မႈ ကိုျပဳလုပ္တာေၾကာင့္ ေလာကီ,ေလာကုတ္ၱရာ ေကာင္းက်ဳိးအမ်ဳိးမ်ဳိးကို ခံစားရ ပါတယ္။
ဒီအက်ဳိးတရားေတြဟာ ဘုရားရွင္ ေဟာေျပာ ညႊန္ျပမႈကို အေၾကာင္းခံၿပီး လက္ရိွဘ၀မွာ ခံစားၾကရတဲ့ အက်ဳိးတရားေတြ ျဖစ္ပါတယ္။
တမလြန္အေနႏွင့္ ေျပာရရင္ –
မိဘဘိုးဘြားေတြက ေရႊ၊ ေငြ၊ စိန္၊ ေက်ာက္,စတဲ့ ပစၥည္းဥစၥာအေမြေတြ တစ္သက္လံုး သံုးမကုန္ ျဖဳန္း မကုန္ေအာင္ ေပးႏုိင္တယ္ထားဦးေတာ့၊
ဆရာသမား ေတြက ေလာကအလယ္ တင့္တင့္တယ္တယ္ ေနႏုိင္ ေအာင္ ပညာရပ္ေတြ ဘက္စံုသင္ေပးတယ္ပဲ ထားဦး ေတာ့။ ဒါေတြဟာ တစ္ဘ၀ တစ္သက္စာသာ ျဖစ္ပါ တယ္။
ေနာင္ဘ၀ သံသရာတုိင္ေအာင္ ဒီပစၥည္းဥစၥာ, ဒီအသိပညာေတြကို တစ္ခုမွ ယူသြားလို႔ မရပါဘူး။
ဘုရားရွင္ကေတာ့ ဒီလိုပစၥည္းဥစၥာ,ဒီလိုအသိပညာ ေတြကို သံသရာတေလွ်ာက္ ယူသြားႏုိင္တဲ့ နည္းလမ္း ေတြကို ညႊန္ျပေတာ္မူပါတယ္။
လိုခ်င္တဲ့ဘ၀, လိုခ်င္တဲ့ ေကာင္းက်ဳိးအမ်ဳိးမ်ဳိးကို ရယူႏုိင္ဖို႔ နည္းလမ္းေပါင္း မ်ားစြာကို အေသးစိတ္ညႊန္ျပေတာ္မူပါတယ္။
ဒီညႊန္ၾကား ခ်က္ေတြအတုိင္း လုိက္နာက်င့္သံုးၾကသူေတြဟာ ပစၥည္းဥစၥာ၊ အသိပညာေတြကို သံသရာတေလွ်ာက္ ယူေဆာင္ ႏုိင္ၾကပါတယ္။
လိုခ်င္တဲ့ဘ၀, လိုခ်င္တဲ့အက်ဳိးတရား ေတြကို ရယူႏုိင္ၾကပါတယ္။
ဒါေတြဟာ ဘုရားရွင္ ေဟာေဖာ္ညႊန္ျပမႈကို အေၾကာင္းခံၿပီး သံသရာမွာ ခံစား ၾကရတဲ့ အက်ဳိးတရားေတြ ျဖစ္ပါတယ္။
ဘ၀လြတ္ေျမာက္ေရးႏွင့္ ေျပာရရင္ –
သတၱ၀ါေတြ ဘ၀အျပစ္ကို ျမင္ေအာင္ၾကည့္တတ္ ဖုိ႔၊
ဘ၀ ၀ဋ္ဆင္းရဲမွ လြတ္ကင္းေအာင္ က်င့္ႀကံ အားထုတ္တတ္ဖို႔ နည္းလမ္းမ်ားစြာကို ဘုရားရွင္ ညႊန္ၾကားေတာ္မူပါတယ္။
ဒီနည္းလမ္းေတြအတုိင္း လိုက္နာၾကလို႔ ဘ၀၀ဋ္ဆင္းရဲမွ လြတ္ေျမာက္သြားၾက သူေတြ မေရမတြက္ႏုိင္ေတာ့ပါဘူး။
လက္ရိွ လုိက္နာ က်င့္ႀကံၾကဆဲလည္း အမ်ားႀကီးပါ။ ေနာင္လည္း လုိက္နာက်င့္ႀကံၾကဦးမွာပါ။
ဒီေတာ့ ယခုဘ၀၊ ေနာင္သံသရာႏွင့္ ဘ၀ လြတ္ေျမာက္ေရးအတြက္ပါ မိမိအေပၚ ေက်းဇူးအမ်ားဆံုး ပုဂ္ၢဳိလ္ကို ညႊန္ျပပါဆိုရင္ ဘုရားရွင္ကိုသာ ျပရပါလိမ့္ မယ္။
ဒါေၾကာင့္ ဘုရားရွင္ဟာ သတၱ၀ါေတြအတြက္ ဘယ္လိုမွ ႏႈိင္းယွဥ္စရာမရိွတဲ့ အႏႈိင္းမဲ့ ေက်းဇူးရွင္ျဖစ္ ပါတယ္။
ဒါက ေက်းဇူးခံပုဂ္ၢဳိလ္ အားလံုးအတြက္ သိမ္းႀကဳံးေဖာ္ျပျခင္းပါ။
သာသနာ့၀န္ထမ္း ရွင္ရဟန္းေတြအတြက္ကေတာ့ ဘ၀ရပ္တည္မႈတစ္ခုလံုးဟာ ဘုရားရွင္ကို မွီခိုၾကရတာ ပါ။ တစ္ပါးတည္းအေနျဖင့္ ျဖစ္ေစ၊ အဖြဲ႕အစည္းတစ္ခု အေနျဖင့္ ျဖစ္ေစ၊
ဘယ္ေလာက္ပဲ ေက်ာင္း အေဆာက္ အအံု ေနရာထုိင္ခင္း ႀကီးက်ယ္ပါေစ၊ စားေသာက္ ဖြယ္ရာ ျပည့္စံုပါေစ၊ အ၀တ္အထည္ေပါမ်ားပါေစ၊ က်န္းမာေရးအတြက္ ေဆးပစၥည္းျပည့္စံုပါေစ၊
ဒါေတြ အားလံုးဟာ ဘုရားရွင္ကို အေၾကာင္းျပဳၿပီး ျဖစ္ေပၚလာ တာ ျဖစ္ပါတယ္။ မိမိတို႔ရဲ႕ အတိတ္ကံ, ပစၥဳပၸန္လုပ္ရပ္ ပါသင့္သေလာက္ပါေပမဲ့ ဘုရားရွင္ကို အမွီျပဳ ျဖစ္ေပၚ လာတာသာ ျဖစ္ပါတယ္။
ဒီအေျခအေနကို သတိရေစ ခ်င္လို႔ ပဌမ ေရႊက်င္ဆရာေတာ္ဘုရားႀကီးက ““စိန္ နားကပ္ေရာင္ေၾကာင့္ ပါးမွာေျပာင္ တပည့္ေမာင္ တို႔ မေထာင္နဲ႔”” လို႔ အသိေပး ဆံုးမေတာ္မူခဲ့ပါတယ္။
နားမွာဆင္ထားတဲ့ စိန္နားကပ္ေရာင္ေၾကာင့္ ပါး ကေလး ျဖဴျဖဴ၀င္း၀င္း ျဖစ္ေနတာကို ပါးက စိန္နားကပ္ ရဲ႕ ေက်းဇူးကိုမျမင္ဘဲ ငါ့ဘာသာ သဘာ၀အေလ်ာက္ ျဖဴေဖြး၀င္းအိေနတာပါလို႔ မာနမေထာင္သင့္သလို၊သာသနာ့၀န္ထမ္း ရွင္ရဟန္းေတြလည္း ေနေရး၊ ၀တ္ေရး၊ စားေသာက္ေရးစတဲ့ အရာေတြ ျပည့္စံုေပါ မ်ားေနတာ ကိုယ့္အစြမ္းအစထင္ၿပီး မာနမေထာင္မိဖို႕။
ဘုရားရွင္ရဲ႕ ဘုန္းကံေၾကာင့္လို႔ သိဖို႔၊ ဘုရားေက်းဇူးကို သတိရဖို႔ ဆံုးမတဲ့စကား ျဖစ္ပါတယ္။
အသိပညာပိုင္း၊ က်င့္ႀကံအားထုတ္ပိုင္းေတြမွာ ေတာ့ ဘုရားေက်းဇူးႀကီးမားမႈကို အထူးေျပာစရာ မလို ပါဘူး။
အားလံုး ဘုရားရွင္ကို မွီခိုအားထားၾကရတာ ျဖစ္ပါတယ္။ ဘုရားေက်းဇူးကို အေျခခံၿပီး ဘ၀ရပ္တည္ ၾကရတာ ျဖစ္ပါတယ္။
မိမိႏွင့္တကြ သတၱ၀ါေတြအေပၚ ဘုရားရွင္ရဲ႕ ဒီေလာက္မ်ားျပားတဲ့ ေက်းဇူးတရားေတြကို အနည္းဆံုး တစြန္းတစ ျမင္တတ္ေအာင္ ႀကဳိးစားသင့္ပါတယ္။
တစြန္းတစ ျမင္တတ္ရင္ပဲ ဘုရားရွင္ကို သတိရတုိင္း၊ ႐ုပ္ပြားေတာ္, ေစတီေတာ္မ်ားကို ေတြ႕ျမင္ရတုိင္း ရိွမခိုး ဦးမခ်ဘဲ မေနႏုိင္ ျဖစ္လာမွာပါ။
ရိွခိုးမ၀, ဦးခ်မ၀ျဖစ္ လာမွာပါ။ ရိွခိုးဦးခ်ေနရတာကို ၾကည္ႏူးမဆံုး ျဖစ္လာ မွာပါ။
တစ္ခ်ိန္တစ္ခါက အခ်ိန္မရလို႔ ျဖစ္ေစ, အျခား အေၾကာင္းေတြေၾကာင့္ျဖစ္ေစ ဘုရားဆီ အာ႐ံုမေရာက္ ဘဲ ၀တ္ေက်႐ံု ရိွခိုးတဲ့ အေလ့အထ ရိွေကာင္းရိွႏုိင္ေပမဲ့
မိမိရဲ႕ အႏႈိင္းမဲ့ ေက်းဇူးရွင္အျဖစ္ တစြန္းတစ သိျမင္ လာတဲ့အခါမွာေတာ့ ၀တ္ေက်႐ံု ရိွခိုးတဲ့အက်င့္ လံုး၀ ေပ်ာက္သြားမွာပါ။
တစ္စြန္းတစ္စထက္ပိုၿပီး ဘုရား ေက်းဇူးကို သိျမင္လာေလ ပုိၿပီး ရိွခိုးဦးခ်လို႔ မ၀ေလ ျဖစ္လာမွာပါ။
ဒီေတာ့ ဘာေၾကာင့္ ရိွခိုးရသလဲဆိုတဲ့ အေမးကို အက်ဥ္းခ်ဳပ္ေျဖရရင္ လက္ရိွဘ၀အေရး၊ ေနာင္သံသရာ အေရးႏွင့္ ဘ၀လြတ္ေျမာက္ေရးေတြမွာ ရွင္ေတာ္ဘုရားရဲ႕ ေက်းဇူးတရားေတြဟာ
သတၱ၀ါေတြအေပၚ မ်ားျပား လြန္းပါတယ္။ အျခား ဘယ္လူ, ဘယ္နတ္, ဘယ္ျဗဟၼာ, ဘယ္လိုပုဂ္ၢဳိလ္ရဲ႕ ေက်းဇူးတရားကမွ ဘုရားရွင္ရဲ႕ ေက်းဇူးတရားကို မႏႈိင္းယွဥ္၀ံ႔ေအာင္ ဘုရားေက်းဇူး ႀကီးမားလွပါတယ္။
ေက်းဇူးတရားႏွင့္ ပတ္သက္လာရင္ ရွင္ေတာ္ဘုရားဟာ သတၱ၀ါေတြရဲ႕ အႏႈိင္းမဲ့ ေက်းဇူးရွင္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘုရားရွင္ကို ရိွခိုးဦခ် ကန္ေတာ့ ၾကတာ ျဖစ္ပါတယ္။
ရိွခုိးတဲ့ အဓိပၸာယ္က ဘာလဲ၊ ဘယ္လို အခ်က္အလက္ေတြ လိုအပ္ပါသလဲ
ခႏၶာကိုယ္တစ္ခုလံုးမွာ အေလးအနက္ အျမတ္ တႏိုးထားတဲ့ အစိတ္အပိုင္းကို ျပပါဆိုရင္ ဦးေခါင္းပိုင္း ကို ျပရပါလိမ့္မယ္။
ဥပမာအေနျဖင့္ေျပာရရင္ အခ်င္း ခ်င္း ေနာက္ေျပာင္ၾကည္စယ္ၾကရင္း တစ္ေယာက္က အျခားတစ္ေယာက္ရဲ႕ ေျခ၊ လက္၊ ေပါင္၊ ခါး စတဲ့ အစိတ္အပိုင္းေတြကို ကုိင္တြယ္၊
ထိပါး၊ ပုတ္ခတ္တဲ့ အခါ ထူးျခားတဲ့ အမူအရာကို မျပတတ္ၾကေပမဲ့ ဦးေခါင္း ကို ထိလာရင္ေတာ့ မႏွစ္သက္တဲ့ အမူအရာကို ျပလာ တတ္ၾကပါတယ္။
မႀကဳိက္တဲ့ အမူအရာႏွင့္ ျပန္လည္ တံု႔ျပန္တတ္ၾကပါတယ္။ အသက္,သိကၡာ,ဂုဏ္၀ါႀကီးသူ ရဲ႕ ဦးေခါင္းကို ကိုင္တြယ္ထိပါးတယ္ဆိုရင္ေတာ့ အင္မတန္ မဖြယ္မရာအလုပ္၊
႐ိုင္းစုိင္းတဲ့ အျပဳအမူ အျဖစ္ မွတ္ယူတတ္ၾကပါတယ္။
ဒါက ဘာသေဘာလဲ ဆိုရင္ ဦးေခါင္းဟာ သူသူငါငါ
အျမတ္တႏိုး တန္ဖိုး ထားတဲ့အရာျဖစ္ေၾကာင္းျပဆိုတာ ျဖစ္ပါတယ္။
ဒီေလာက္ အျမတ္တႏိုး တန္ဖိုးထားတဲ့ ဦးေခါင္း ကို ၾကမ္းျပင္၊ ေျမျပင္ထိေအာင္ ေအာက္သို႔ခ်ၿပီး ရိွခိုး ကန္ေတာ့တယ္ဆိုတာ ဦးထိပ္မွာ ထားျခင္း၊ ႐ိုေသ ေလးစားျခင္း၊ ျမတ္ႏုိးျခင္း၊
ယံုၾကည္ျခင္းသေဘာကို ျပဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။
ဒါတြင္မကပါဘူး။ သတၱ၀ါေတြဟာ အတၱမာနကို အလြန္ေရွ႕တန္းတင္တတ္ၾကပါတယ္။
အျပဳအမူ, အေျပာ အဆိုကစၿပီး သူတစ္ပါးအေပၚ နည္းနည္းေလး အေပၚစီး က ေျပာရလုပ္ရမွ ေက်နပ္တတ္ၾကပါတယ္။
တစ္ဖက္ လူကလည္း ““အတင္စီးခံရတယ္”” လို႔ ထင္ျမင္လုိက္ တာနဲ႔ ““ငါ့ကို ဘာေကာင္မ်ား ေအာက္ေမ့လဲ”” စသည္ ျဖင့္ မာနေထာင္တတ္ၾကပါတယ္။
မာနကို ေရွ႕တန္းတင္ ၿပီး ျပန္လည္ေျပာဆို ျပဳမူတတ္ၾကပါတယ္။
မာနတရားဟာ ခ်ဳိးႏွိမ္ဖို႔, ပယ္သတ္ဖို႔ ခက္ခဲတဲ့ အရာတစ္ခုပါ။ အၿပီးတုိင္ပယ္ဖို႔ဆိုတာ ေလာကုတၱရာ မဂ္ႏွင့္မွ ျဖစ္ႏုိင္ပါတယ္။
မဂ္ေလးမ်ဳိးထဲမွာ ေနာက္ဆံုး မဂ္တရားႏွင့္သာ အၿပီးတုိင္ ဖ်က္ဆီး ပယ္ေဖ်ာက္ႏုိင္ ေလာက္ေအာင္ သတၱ၀ါေတြရဲ႕ သႏၲာန္မွာ အႀကီးအက်ယ္ အျမစ္တြယ္ေနတဲ့ တရားပါ။
ရိွခိုးဦးခ်တယ္ဆိုတာ ဒီေလာက္ အျမစ္တြယ္ေနတဲ့ မာနတရားကို အတတ္ႏိုင္ ဆံုး ခ်ဳိးႏွိမ္ေလွ်ာ့ခ်တဲ့ သေဘာကိုျပဆိုတဲ့ အဓိပၸာယ္ လည္း ျဖစ္ပါတယ္။
ရိွခိုးတဲ့အခါ အဂၤါငါးခ်က္ႏွင့္ ျပည့္စံုဖို႔ လိုေၾကာင္း က်န္းဂန္ေတြမွာ ဖြင့္ဆုိၾကပါတယ္။
(၁) လက္၀ါးႏွစ္ဖက္၊
(၂) ေျခေထာက္ႏွစ္ခု၊
(၃) တံေတာင္ႏွစ္ခု၊
(၄) ဒူးႏွစ္ခု၊
(၅) နဖူး ဒီငါးခုဟာ ရိွခိုးသူတည္ရာအခင္း၊ ဒါမွ မဟုတ္ ၾကမ္းျပင္ေျမႀကီးမွာ ထိေနရမယ္လို႔ ျပဆိုၾကပါ တယ္။
ဒီအဂၤါရပ္ ငါးခ်က္ႏွင့္ ျပည့္စံုတဲ့ ရိွခိုးမႈကို ထိျခင္း ငါးပါးႏွင့္ ရိွခိုးမႈလို႔ အေလးအနက္ မိန္႔ဆိုထားၾကပါ တယ္။
ခုေခတ္မွာေတာ့ ဒီလို စနစ္တက် ရိွခိုးႏုိင္သူကို ျမင္ေတြ႕ရဖို႔ အလြန္ခဲယဥ္းပါတယ္။
ဆရာေကာင္းေတြ ရဲ႕ အဆံုးအမႏွင့္ ေတြ႕ထိ ေနထုိင္ခဲ့ရသူေတြဆီမွာသာ ေတြ႕ရပါတယ္။
အရွင္နႏၵေသနာလကၤာရ
(“ဘာသာေရး အႏွစ္သာရမ်ား(အပိုင္း-၁)” စာအုပ္မွ ထုတ္ႏုတ္ေဖာ္ျပပါသည္။)
အပၸမာဒရသမဂၢဇင္း
- Twitter CEO ျမန္မာျပည္တြင္ ၀ိပႆနာ ၁၀ ရက္စခန္း၀င္ခဲ့
- မိသားစု ေျခာက္ေယာက္ကို ကယ္တင္ခဲ့ေသာ ဗုဒၶရုပ္ပြားေတာ္
- ဘုရားမႀကိဳက္တာ အကုန္လုပ္ေနတဲ့ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ား။
- မိုးေအးေအးနဲ႔ ငရဲကို အလည္ထပ္သြားမယ္
#Unicode Version#
ဘု ရားရှင်ဟာ မိမိဆန္ဒအလျောက် ဘုရားဖြစ် အောင် ကျင့်တယ်။ ဘုရားဖြစ်ပြီးနောက် ပရိနိဗ္ဗာန်ပြု သွားပြီး ဖြစ်တယ်။
ဒီ အတွက် အခြားသူတွေက ဘာရှိခိုးဦးချနေစရာ လိုသလဲလို့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ တွေးခေါ်ပြောဆိုတတ်ကြပါတယ်။
ရှိ ခိုးဦးချသင့်တဲ့ အကြောင်းတွေက အများကြီးပါ။ ဒီထဲက အများနားလည်တဲ့ အကြောင်းတစ်ခုကို ပြောရ ရင် အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်လို့ပါပဲ။
ဘုရားရှင်ရဲ့ ကျေးဇူး တရားတွေဟာ သတ္တဝါတွေအပေါ် ပြောမကုန်အောင် ကြီးမားများပြားလွန်းပါတယ်။ ဘုရားတစ်ဆူရဲ့ ရှိခိုးဦးချ ထိုက်တဲ့ ဂုဏ်တော်,
ကျေးဇူးတော်တွေကို အခြားဘုရား တစ်ဆူက တစ်သက်လုံး ဟောတော်မူပေမဲ့ ကုန်နိုင်ဖွယ် မရှိဘူးလို့ ကျမ်းဂန်တွေမှာ ပြဆိုထားပါတယ်။
ကျေးဇူးတရားကို အပိုင်းသုံးပိုင်းခွဲပြီး ပြောချင် ပါတယ်။ လက်ရှိဘဝတစ်ပိုင်း၊ တမလွန်သံသရာ တစ်ပိုင်းနှင့် ဘဝလွတ်မြောက်ရေးတစ်ပိုင်းပါ။
လက်ရှိဘဝအနေနှင့် –
ဒါက ကောင်းတဲ့အပြုအမူ, အပြောအဆို, အကြံ အစည် (ကုသိုလ်တရား)၊ ဒါက မကောင်းတဲ့အပြုအမူ, အပြောအဆို,
အကြံအစည် (အကုသိုလ်တရား)လို့ ကုသိုလ်,အကုသိုလ်တို့ရဲ့ ကွဲပြားခြားနားချက်တွေ။
ဒါက ကုသိုလ်ရဲ့ အကျိုး၊ ဒါက အကုသိုလ်ရဲ့ အပြစ်လို့ ကုသိုလ်, အကုသိုလ်ရဲ့ အကျိုးအပြစ်တွေ။
ကုသိုလ်,အကုသိုလ် အားလျော်စွာ သတ္တဝါတွေ ကျင်လည်ရတဲ့ အောက်ဆုံး အဝီစိ၊ အထက် ဘဝဂ်တိုင်အောင် ဘုံဘဝတွေ။
ဒါတွေကို ဘုရားရှင် ဟောပြတော်မူလို့ သတ္တဝါတွေ သိကြရတာ ဖြစ်ပါတယ်။
အချို့က ဒီအကြောင်းအရာတွေကို မိဘဘိုးဘွား, ဆရာသမားတွေ ပြောပြလို့ သိရတာပါလို့ စောဒကတက် နိုင်ပါတယ်။
တကယ်တော့ မိဘဘိုးဘွား ဆရာသမား တွေဟာ ကိုယ်တိုင် ထိုးထွင်းသိလို့ ပြောနိုင်ကြတာ မဟုတ်ပါဘူး။
ဘုရားရှင် ဟောပြောညွှန်ပြမှုကြောင့် သိကြတာ ဖြစ်ပါတယ်။ ဘုရားရှင်ဆီက တစ်ဆင့်သိရလို့ ပြောပြနိုင်, ဆုံးမနိုင်ကြတာ ဖြစ်ပါတယ်။
ဒါတွေကိုသိတော့ ဘယ်လိုအကျိုးရှိသလဲလို့ မေးစရာရှိပါတယ်။ အကုသိုလ်ကိုသိ၊ အကုသိုလ်အပြစ်ကို မြင်တော့ အကုသိုလ်လုပ်ရမှာ ကြောက်တတ်လာပါတယ်။
အကုသိုလ်အပြစ်ကို ခံယူရမှာကြောက်လို့ အကုသိုလ် ဆိုရင် ရှောင်ကြဉ်လာတတ်ပါတယ်။
ကုသိုလ်ကိုသိ၊ ကုသိုလ်အကျိုးကိုမြင်တော့ ကုသိုလ်ရေးမှာ ထကြွနိုးကြား လာတတ်ပါတယ်။ ကုသိုလ်အကျိုးကို ခံယူရမှာသိလို့ ကုသိုလ်ရေးကို ရှာဖွေလုပ်တတ်လာပါတယ်။
အကုသိုလ်မှုကို ရှောင်ကြဉ်တာကြောင့် မျက်မှောက် ဘဝမှာ မိမိ,သူတစ်ပါး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုး မှ လွတ်ကင်းရပါတယ်။ ဘေးအမျိုးမျိုး၊ ရန်အမျိုးမျိုးမှ လွတ်ကင်းရပါတယ်။
ကုသိုလ်မှု ကိုပြုလုပ်တာကြောင့် လောကီ,လောကုတ်္တရာ ကောင်းကျိုးအမျိုးမျိုးကို ခံစားရ ပါတယ်။
ဒီအကျိုးတရားတွေဟာ ဘုရားရှင် ဟောပြော ညွှန်ပြမှုကို အကြောင်းခံပြီး လက်ရှိဘဝမှာ ခံစားကြရတဲ့ အကျိုးတရားတွေ ဖြစ်ပါတယ်။
တမလွန်အနေနှင့် ပြောရရင် –
မိဘဘိုးဘွားတွေက ရွှေ၊ ငွေ၊ စိန်၊ ကျောက်,စတဲ့ ပစ္စည်းဥစ္စာအမွေတွေ တစ်သက်လုံး သုံးမကုန် ဖြုန်း မကုန်အောင် ပေးနိုင်တယ်ထားဦးတော့၊
ဆရာသမား တွေက လောကအလယ် တင့်တင့်တယ်တယ် နေနိုင် အောင် ပညာရပ်တွေ ဘက်စုံသင်ပေးတယ်ပဲ ထားဦး တော့။ ဒါတွေဟာ တစ်ဘ၀ တစ်သက်စာသာ ဖြစ်ပါ တယ်။
နောင်ဘ၀ သံသရာတိုင်အောင် ဒီပစ္စည်းဥစ္စာ, ဒီအသိပညာတွေကို တစ်ခုမှ ယူသွားလို့ မရပါဘူး။
ဘုရားရှင်ကတော့ ဒီလိုပစ္စည်းဥစ္စာ,ဒီလိုအသိပညာ တွေကို သံသရာတလျှောက် ယူသွားနိုင်တဲ့ နည်းလမ်း တွေကို ညွှန်ပြတော်မူပါတယ်။
လိုချင်တဲ့ဘဝ, လိုချင်တဲ့ ကောင်းကျိုးအမျိုးမျိုးကို ရယူနိုင်ဖို့ နည်းလမ်းပေါင်း များစွာကို အသေးစိတ်ညွှန်ပြတော်မူပါတယ်။
ဒီညွှန်ကြား ချက်တွေအတိုင်း လိုက်နာကျင့်သုံးကြသူတွေဟာ ပစ္စည်းဥစ္စာ၊ အသိပညာတွေကို သံသရာတလျှောက် ယူဆောင် နိုင်ကြပါတယ်။
လိုချင်တဲ့ဘဝ, လိုချင်တဲ့အကျိုးတရား တွေကို ရယူနိုင်ကြပါတယ်။
ဒါတွေဟာ ဘုရားရှင် ဟောဖော်ညွှန်ပြမှုကို အကြောင်းခံပြီး သံသရာမှာ ခံစား ကြရတဲ့ အကျိုးတရားတွေ ဖြစ်ပါတယ်။
ဘဝလွတ်မြောက်ရေးနှင့် ပြောရရင် –
သတ္တဝါတွေ ဘဝအပြစ်ကို မြင်အောင်ကြည့်တတ် ဖို့၊
ဘ၀ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ကျင့်ကြံ အားထုတ်တတ်ဖို့ နည်းလမ်းများစွာကို ဘုရားရှင် ညွှန်ကြားတော်မူပါတယ်။
ဒီနည်းလမ်းတွေအတိုင်း လိုက်နာကြလို့ ဘ၀၀ဋ်ဆင်းရဲမှ လွတ်မြောက်သွားကြ သူတွေ မရေမတွက်နိုင်တော့ပါဘူး။
လက်ရှိ လိုက်နာ ကျင့်ကြံကြဆဲလည်း အများကြီးပါ။ နောင်လည်း လိုက်နာကျင့်ကြံကြဦးမှာပါ။
ဒီတော့ ယခုဘဝ၊ နောင်သံသရာနှင့် ဘ၀ လွတ်မြောက်ရေးအတွက်ပါ မိမိအပေါ် ကျေးဇူးအများဆုံး ပုဂ်္ဂိုလ်ကို ညွှန်ပြပါဆိုရင် ဘုရားရှင်ကိုသာ ပြရပါလိမ့် မယ်။
ဒါကြောင့် ဘုရားရှင်ဟာ သတ္တဝါတွေအတွက် ဘယ်လိုမှ နှိုင်းယှဉ်စရာမရှိတဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်ဖြစ် ပါတယ်။
ဒါက ကျေးဇူးခံပုဂ်္ဂိုလ် အားလုံးအတွက် သိမ်းကြုံးဖော်ပြခြင်းပါ။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေအတွက်ကတော့ ဘဝရပ်တည်မှုတစ်ခုလုံးဟာ ဘုရားရှင်ကို မှီခိုကြရတာ ပါ။ တစ်ပါးတည်းအနေဖြင့် ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခု အနေဖြင့် ဖြစ်စေ၊
ဘယ်လောက်ပဲ ကျောင်း အဆောက် အအုံ နေရာထိုင်ခင်း ကြီးကျယ်ပါစေ၊ စားသောက် ဖွယ်ရာ ပြည့်စုံပါစေ၊ အဝတ်အထည်ပေါများပါစေ၊ ကျန်းမာရေးအတွက် ဆေးပစ္စည်းပြည့်စုံပါစေ၊
ဒါတွေ အားလုံးဟာ ဘုရားရှင်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာ တာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အတိတ်ကံ, ပစ္စုပ္ပန်လုပ်ရပ် ပါသင့်သလောက်ပါပေမဲ့ ဘုရားရှင်ကို အမှီပြု ဖြစ်ပေါ် လာတာသာ ဖြစ်ပါတယ်။
ဒီအခြေအနေကို သတိရစေ ချင်လို့ ပဌမ ရွှေကျင်ဆရာတော်ဘုရားကြီးက ““စိန် နားကပ်ရောင်ကြောင့် ပါးမှာပြောင် တပည့်မောင် တို့ မထောင်နဲ့”” လို့ အသိပေး ဆုံးမတော်မူခဲ့ပါတယ်။
နားမှာဆင်ထားတဲ့ စိန်နားကပ်ရောင်ကြောင့် ပါး ကလေး ဖြူဖြူဝင်းဝင်း ဖြစ်နေတာကို ပါးက စိန်နားကပ် ရဲ့ ကျေးဇူးကိုမမြင်ဘဲ ငါ့ဘာသာ သဘာဝအလျောက် ဖြူဖွေးဝင်းအိနေတာပါလို့ မာနမထောင်သင့်သလို၊
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေလည်း နေရေး၊ ဝတ်ရေး၊ စားသောက်ရေးစတဲ့ အရာတွေ ပြည့်စုံပေါ များနေတာ ကိုယ့်အစွမ်းအစထင်ပြီး မာနမထောင်မိဖို့။
ဘုရားရှင်ရဲ့ ဘုန်းကံကြောင့်လို့ သိဖို့၊ ဘုရားကျေးဇူးကို သတိရဖို့ ဆုံးမတဲ့စကား ဖြစ်ပါတယ်။
အသိပညာပိုင်း၊ ကျင့်ကြံအားထုတ်ပိုင်းတွေမှာ တော့ ဘုရားကျေးဇူးကြီးမားမှုကို အထူးပြောစရာ မလို ပါဘူး။
အားလုံး ဘုရားရှင်ကို မှီခိုအားထားကြရတာ ဖြစ်ပါတယ်။ ဘုရားကျေးဇူးကို အခြေခံပြီး ဘဝရပ်တည် ကြရတာ ဖြစ်ပါတယ်။
မိမိနှင့်တကွ သတ္တဝါတွေအပေါ် ဘုရားရှင်ရဲ့ ဒီလောက်များပြားတဲ့ ကျေးဇူးတရားတွေကို အနည်းဆုံး တစွန်းတစ မြင်တတ်အောင် ကြိုးစားသင့်ပါတယ်။
တစွန်းတစ မြင်တတ်ရင်ပဲ ဘုရားရှင်ကို သတိရတိုင်း၊ ရုပ်ပွားတော်, စေတီတော်များကို တွေ့မြင်ရတိုင်း ရှိမခိုး ဦးမချဘဲ မနေနိုင် ဖြစ်လာမှာပါ။
ရှိခိုးမဝ, ဦးချမဝဖြစ် လာမှာပါ။ ရှိခိုးဦးချနေရတာကို ကြည်နူးမဆုံး ဖြစ်လာ မှာပါ။
တစ်ချိန်တစ်ခါက အချိန်မရလို့ ဖြစ်စေ, အခြား အကြောင်းတွေကြောင့်ဖြစ်စေ ဘုရားဆီ အာရုံမရောက် ဘဲ ဝတ်ကျေရုံ ရှိခိုးတဲ့ အလေ့အထ ရှိကောင်းရှိနိုင်ပေမဲ့
မိမိရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်အဖြစ် တစွန်းတစ သိမြင် လာတဲ့အခါမှာတော့ ဝတ်ကျေရုံ ရှိခိုးတဲ့အကျင့် လုံး၀ ပျောက်သွားမှာပါ။
တစ်စွန်းတစ်စထက်ပိုပြီး ဘုရား ကျေးဇူးကို သိမြင်လာလေ ပိုပြီး ရှိခိုးဦးချလို့ မဝလေ ဖြစ်လာမှာပါ။
ဒီတော့ ဘာကြောင့် ရှိခိုးရသလဲဆိုတဲ့ အမေးကို အကျဉ်းချုပ်ဖြေရရင် လက်ရှိဘဝအရေး၊ နောင်သံသရာ အရေးနှင့် ဘဝလွတ်မြောက်ရေးတွေမှာ ရှင်တော်ဘုရားရဲ့ ကျေးဇူးတရားတွေဟာ
သတ္တဝါတွေအပေါ် များပြား လွန်းပါတယ်။ အခြား ဘယ်လူ, ဘယ်နတ်, ဘယ်ဗြဟ္မာ, ဘယ်လိုပုဂ်္ဂိုလ်ရဲ့ ကျေးဇူးတရားကမှ ဘုရားရှင်ရဲ့ ကျေးဇူးတရားကို မနှိုင်းယှဉ်ဝံ့အောင် ဘုရားကျေးဇူး ကြီးမားလှပါတယ်။
ကျေးဇူးတရားနှင့် ပတ်သက်လာရင် ရှင်တော်ဘုရားဟာ သတ္တဝါတွေရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင် ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ကို ရှိခိုးဦချ ကန်တော့ ကြတာ ဖြစ်ပါတယ်။
ရှိခိုးတဲ့ အဓိပ္ပာယ်က ဘာလဲ၊ ဘယ်လို အချက်အလက်တွေ လိုအပ်ပါသလဲ
ခန္ဓာကိုယ်တစ်ခုလုံးမှာ အလေးအနက် အမြတ် တနိုးထားတဲ့ အစိတ်အပိုင်းကို ပြပါဆိုရင် ဦးခေါင်းပိုင်း ကို ပြရပါလိမ့်မယ်။
ဥပမာအနေဖြင့်ပြောရရင် အချင်း ချင်း နောက်ပြောင်ကြည်စယ်ကြရင်း တစ်ယောက်က အခြားတစ်ယောက်ရဲ့ ခြေ၊ လက်၊ ပေါင်၊ ခါး စတဲ့ အစိတ်အပိုင်းတွေကို ကိုင်တွယ်၊
ထိပါး၊ ပုတ်ခတ်တဲ့ အခါ ထူးခြားတဲ့ အမူအရာကို မပြတတ်ကြပေမဲ့ ဦးခေါင်း ကို ထိလာရင်တော့ မနှစ်သက်တဲ့ အမူအရာကို ပြလာ တတ်ကြပါတယ်။
မကြိုက်တဲ့ အမူအရာနှင့် ပြန်လည် တုံ့ပြန်တတ်ကြပါတယ်။ အသက်,သိက္ခာ,ဂုဏ်ဝါကြီးသူ ရဲ့ ဦးခေါင်းကို ကိုင်တွယ်ထိပါးတယ်ဆိုရင်တော့ အင်မတန် မဖွယ်မရာအလုပ်၊
ရိုင်းစိုင်းတဲ့ အပြုအမူ အဖြစ် မှတ်ယူတတ်ကြပါတယ်။
ဒါက ဘာသဘောလဲ ဆိုရင် ဦးခေါင်းဟာ သူသူငါငါ
အမြတ်တနိုး တန်ဖိုး ထားတဲ့အရာဖြစ်ကြောင်းပြဆိုတာ ဖြစ်ပါတယ်။
ဒီလောက် အမြတ်တနိုး တန်ဖိုးထားတဲ့ ဦးခေါင်း ကို ကြမ်းပြင်၊ မြေပြင်ထိအောင် အောက်သို့ချပြီး ရှိခိုး ကန်တော့တယ်ဆိုတာ ဦးထိပ်မှာ ထားခြင်း၊ ရိုသေ လေးစားခြင်း၊ မြတ်နိုးခြင်း၊
ယုံကြည်ခြင်းသဘောကို ပြဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ဒါတွင်မကပါဘူး။ သတ္တဝါတွေဟာ အတ္တမာနကို အလွန်ရှေ့တန်းတင်တတ်ကြပါတယ်။
အပြုအမူ, အပြော အဆိုကစပြီး သူတစ်ပါးအပေါ် နည်းနည်းလေး အပေါ်စီး က ပြောရလုပ်ရမှ ကျေနပ်တတ်ကြပါတယ်။
တစ်ဖက် လူကလည်း ““အတင်စီးခံရတယ်”” လို့ ထင်မြင်လိုက် တာနဲ့ ““ငါ့ကို ဘာကောင်များ အောက်မေ့လဲ”” စသည် ဖြင့် မာနထောင်တတ်ကြပါတယ်။
မာနကို ရှေ့တန်းတင် ပြီး ပြန်လည်ပြောဆို ပြုမူတတ်ကြပါတယ်။
မာနတရားဟာ ချိုးနှိမ်ဖို့, ပယ်သတ်ဖို့ ခက်ခဲတဲ့ အရာတစ်ခုပါ။ အပြီးတိုင်ပယ်ဖို့ဆိုတာ လောကုတ္တရာ မဂ်နှင့်မှ ဖြစ်နိုင်ပါတယ်။
မဂ်လေးမျိုးထဲမှာ နောက်ဆုံး မဂ်တရားနှင့်သာ အပြီးတိုင် ဖျက်ဆီး ပယ်ဖျောက်နိုင် လောက်အောင် သတ္တဝါတွေရဲ့ သန္တာန်မှာ အကြီးအကျယ် အမြစ်တွယ်နေတဲ့ တရားပါ။
ရှိခိုးဦးချတယ်ဆိုတာ ဒီလောက် အမြစ်တွယ်နေတဲ့ မာနတရားကို အတတ်နိုင် ဆုံး ချိုးနှိမ်လျှော့ချတဲ့ သဘောကိုပြဆိုတဲ့ အဓိပ္ပာယ် လည်း ဖြစ်ပါတယ်။
ရှိခိုးတဲ့အခါ အင်္ဂါငါးချက်နှင့် ပြည့်စုံဖို့ လိုကြောင်း ကျန်းဂန်တွေမှာ ဖွင့်ဆိုကြပါတယ်။
(၁) လက်ဝါးနှစ်ဖက်၊
(၂) ခြေထောက်နှစ်ခု၊
(၃) တံတောင်နှစ်ခု၊
(၄) ဒူးနှစ်ခု၊
(၅) နဖူး ဒီငါးခုဟာ ရှိခိုးသူတည်ရာအခင်း၊ ဒါမှ မဟုတ် ကြမ်းပြင်မြေကြီးမှာ ထိနေရမယ်လို့ ပြဆိုကြပါ တယ်။
ဒီအင်္ဂါရပ် ငါးချက်နှင့် ပြည့်စုံတဲ့ ရှိခိုးမှုကို ထိခြင်း ငါးပါးနှင့် ရှိခိုးမှုလို့ အလေးအနက် မိန့်ဆိုထားကြပါ တယ်။
ခုခေတ်မှာတော့ ဒီလို စနစ်တကျ ရှိခိုးနိုင်သူကို မြင်တွေ့ရဖို့ အလွန်ခဲယဉ်းပါတယ်။
ဆရာကောင်းတွေ ရဲ့ အဆုံးအမနှင့် တွေ့ထိ နေထိုင်ခဲ့ရသူတွေဆီမှာသာ တွေ့ရပါတယ်။
အရှင်နန္ဒသေနာလင်္ကာရ
(“ဘာသာရေး အနှစ်သာရများ(အပိုင်း-၁)” စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။)
အပ္ပမာဒရသမဂ္ဂဇင်း
No comments:
Post a Comment