အေဖလုပ္သူက ေန႔တုိင္မူးရူးေနၿပီး မိန္းမလုပ္သူကုိရုိက္ႏွက္ေနေတာ့ မခံႏုိင္တဲ့အဆုံး မုိးေတြသဲႀကီးမဲႀကီး ရြာေနတဲ့ ညတစ္ညမွာခေလးေတြအေမ ထြက္ေျပးသြားေတာ့တယ္။ ဘယ္ဆီေျပးမွန္းမသိ ခုထိသတင္းအစေတာင္မရဘူး ခေလးေတြနဲ႔သူတုိ႔အေဖ ငမူးပဲက်န္ခဲ့တယ္။
ငမူးကေတာ့အိမ္ေလးကုိလည္းျပန္လာခ်င္လ ာတယ္ မလာခ်င္လည္းမလာဘူးတဲ့ ခေလးေတြခမ်ာသူတုိ႔ဖာသာသူတုိ႔ရွာေဖြ ေတာတုိး အရြက္ေတြခူး ဆန္ေလးနဲ႔ခ်က္စ ားၾကရရွာတယ္။
ပါတ္ဝန္းက်င္ကလည္း လက္လုပ္လက္စားေတြခ်ည္းဆုိေတာ့ အခ်ိန္ျပည့္ၾကည့္မေနႏုိင္ရွာဘူးေလ။
က်ေနာ္ စေတြ႕ေတာ့သေဘာၤသီးတစ္လုံး အစိမ္းကုိ အႀကီးေလးက ဓားကုိင္ၿပီးခြဲေနတာ အငယ္ေလးေတြေကြ်းမလုိ႔ထင္ပါရဲ႕ အိမ္ေလးကလည္းျမင္တဲ့အတုိင္းပါပဲ။
အေဖ အေမ မရွိေတာ့တဲ့ အိမ္ကေလးဟာ ေႏြးေထြးမႈ့ရွိပါအုန္းမလားဗ်ာ သူတုိ႔အေၾကာင္းေလးေတြသိရေအာင္လုိ႔ မ်က္ႏွာခ်င္းဆုိင္တဲအိမ္ကေလးကုိ ေမးၾကည့္ရာမွ အေပၚကအေၾကာင္းေတြကုိ အိမ္ရွင္ဦးႀကီးေျပာျပလုိ႔သိခဲ့ရပါတယ္။
က်ေနာ္တုိ႔မွာပါသမၽွ ဆီထမင္း ေကာ္ဖီမစ္ ေပါင္မုန္႔ ေျပာင္းဖူး အခ်ိဳရည္ စတာေတြကုိ ခေလး ၃ေယာက္ကုိေခၚေပးခဲ့ပါတယ္။ သူတုိ႔ပုံေလးေတြၾကည့္ၿပီးစိတ္လည္း ထိခုိက္မိပါတယ္။
ေက်ာင္းေနအရြယ္ေလးေတြ ေက်ာင္းလည္းမတက္၇ရွာၾကဘူး ။ေကာ္ဖီေဖ်ာ္ၿပီးသားကုိဇလုံႀကီးနဲ႔ ထည့္ေတာ့ ဇလုံကအေပါက္ႀကီးပဲ ရွိတယ္တဲ့ ေကာ္ဖီေတြက တစ္ေတာက္ေတာက္က်လုိ..့..အဲ့ဒါႏဲ့ထည့္ၿပီးခ်က္ျခင္းေသာက္ခုိင္းရတယ္။
မင္းတုိ႔ဝဋ္ေႂကြးေတြေပါ့ခေလးငယ္တုိ႔ေ၇ ဒီဘဝ ဒီမၽွနဲ႔ ဒီလုိမိဘဆုိးေတြကုိၾကံဳေတြ႕ၾက ပါေစကြာ။ ေနာက္ႏွစ္ျပန္ေရာက္တဲ့အခါ မင္းတုိ႔ဆီလာခဲ့ပါအုန္းမယ္။ အမုိးအကာမလုံတဲ့ တဲေလးထဲ မေႏြးေထြးတဲ့ေအးစက္စက္ေဆာင္းညေတြမွာ မင္းတုိ႔မိဘေတြကုိ အမွတ္ရေနအုန္းမလား ခေလးတုိ႔ရယ္…… က်ိဳက္ထုိ ကဒတ္ေခ်ာင္းတံတားအနီးမွာ အဲ့ခေလး ၃ေယာက္တဲေလးရွိပါတယ္။ ၾကံဳႀကိဳက္လုိ႔ရွိရင္ မိတ္ေဆြတုိ႔ပုိေနတဲ့မုန္႔ပဲ သြားရည္စာေလးသြားေပးလုိ႔ရပါတယ္ ။
ခေလးေတြဟာ ခုထိ လုံးဝ ေလၽွာက္မေတာင္းစားပါ။ သူတုိ႔ဖာသာ ေတာတုိးရွာၾကံ စားေသာက္ေနၾကျခင္းျဖစ္ပါတယ္။
Phoe Zaw
Unicode
အဖေလုပ်သူက နေ့တိုင်မူးရူးနေပြီး မိန်းမလုပ်သူကိုရိုက်နှက်နေတော့ မခံနိုင်တဲ့အဆုံး မိုးတွေသဲကြီးမဲကြီး ရွာနေတဲ့ ညတစ်ညမှာခလေးတွေအမေ ထွက်ပြေးသွားတော့တယ်။ ဘယ်ဆီပြေးမှန်းမသိ ခုထိသတင်းအစတောင်မရဘူး ခလေးတွေနဲ့သူတို့အဖေ ငမူးပဲကျန်ခဲ့တယ်။
ငမူးကတော့အိမ်လေးကိုလည်းပြန်လာချင်လ ာတယ် မလာချင်လည်းမလာဘူးတဲ့ ခလေးတွေခမျာသူတို့ဖာသာသူတို့ရှာဖွေ တောတိုး အရွက်တွေခူး ဆန်လေးနဲ့ချက်စ ားကြရရှာတယ်။
ပါတ်ဝန်းကျင်ကလည်း လက်လုပ်လက်စားတွေချည်းဆိုတော့ အချိန်ပြည့်ကြည့်မနေနိုင်ရှာဘူးလေ။
ကျနော် စတွေ့တော့သဘောၤသီးတစ်လုံး အစိမ်းကို အကြီးလေးက ဓားကိုင်ပြီးခွဲနေတာ အငယ်လေးတွေကျွေးမလို့ထင်ပါရဲ့ အိမ်လေးကလည်းမြင်တဲ့အတိုင်းပါပဲ။
အဖေ အမေ မရှိတော့တဲ့ အိမ်ကလေးဟာ နွေးထွေးမှု့ရှိပါအုန်းမလားဗျာ သူတို့အကြောင်းလေးတွေသိရအောင်လို့ မျက်နှာချင်းဆိုင်တဲအိမ်ကလေးကို မေးကြည့်ရာမှ အပေါ်ကအကြောင်းတွေကို အိမ်ရှင်ဦးကြီးပြောပြလို့သိခဲ့ရပါတယ်။
ကျနော်တို့မှာပါသမျှ ဆီထမင်း ကော်ဖီမစ် ပေါင်မုန့် ပြောင်းဖူး အချိုရည် စတာတွေကို ခလေး ၃ယောက်ကိုခေါ်ပေးခဲ့ပါတယ်။ သူတို့ပုံလေးတွေကြည့်ပြီးစိတ်လည်း ထိခိုက်မိပါတယ်။
ကျောင်းနေအရွယ်လေးတွေ ကျောင်းလည်းမတက်၇ရှာကြဘူး ။ကော်ဖီဖျော်ပြီးသားကိုဇလုံကြီးနဲ့ ထည့်တော့ ဇလုံကအပေါက်ကြီးပဲ ရှိတယ်တဲ့ ကော်ဖီတွေက တစ်တောက်တောက်ကျလို..့..အဲ့ဒါနဲ့ထည့်ပြီးချက်ခြင်းသောက်ခိုင်းရတယ်။
မင်းတို့ဝဋ်ကြွေးတွေပေါ့ခလေးငယ်တို့ရေ ဒီဘဝ ဒီမျှနဲ့ ဒီလိုမိဘဆိုးတွေကိုကြုံတွေ့ကြ ပါစေကွာ။ နောက်နှစ်ပြန်ရောက်တဲ့အခါ မင်းတို့ဆီလာခဲ့ပါအုန်းမယ်။ အမိုးအကာမလုံတဲ့ တဲလေးထဲ မနွေးထွေးတဲ့အေးစက်စက်ဆောင်းညတွေမှာ မင်းတို့မိဘတွေကို အမှတ်ရနေအုန်းမလား ခလေးတို့ရယ်…… ကျိုက်ထို ကဒတ်ချောင်းတံတားအနီးမှာ အဲ့ခလေး ၃ယောက်တဲလေးရှိပါတယ်။ ကြုံကြိုက်လို့ရှိရင် မိတ်ဆွေတို့ပိုနေတဲ့မုန့်ပဲ သွားရည်စာလေးသွားပေးလို့ရပါတယ် ။
ခလေးတွေဟာ ခုထိ လုံးဝ လျှောက်မတောင်းစားပါ။ သူတို့ဖာသာ တောတိုးရှာကြံ စားသောက်နေကြခြင်းဖြစ်ပါတယ်။
No comments:
Post a Comment