Photo By Mong Tong Youth / မိုင်းတုံမြို့ သံဃာတော်များအား ၀ တပ်ဖွဲ့မှ ၀န်ချတောင်းပန်ကန်တော့နေစဉ် |
“မိုင်းတုံမြို့အတွင်း ဆရာတော်တပါးက – ဒီဇင်ဘာလ ၁၃ ရက် မနေ့က မနက်ပိုင်းက မြို့နယ်သံဃာတော်တွေ၊ ဂေါပကတွေ၊ ရပ်မိရပ်ဖတွေနဲ့ UWSA ကအကြီးအကဲတွေတွေ့ဆုံကြတယ်။ ဆွေးနွေးကြတယ်။ ပြီးတော့ ၀ ဘက်ကအကြီးအကဲက တောင်းပန် ကြောင်း ပြောပြီး သံဃာတော်တွေကိုဆွမ်းကပ်တယ်။ ဒီနေ့တော့ မိုင်းဖုန်းဆရာတော် ကျောင်းဆောင်ဆောက်မယ့်နေရာမှာမြေတွေကိုသွားပြီး မျက်နှာပြင်ညှိပေးနေတယ်။ ပြီးတော့ ကျောင်းဆောင်ဆောက်ပြီးသည်အထိ ပါဝင်ကူညီ လုပ်ဆောင်သွားမယ်လို့ပြောတယ် ”- ဟု မိန့်တော်မူသည်။
Photo By Mong Tong Youth / ကျောင်းဆောင်နှင့်စေတီတော်တည်ဆောက်ရန် ၀ တပ်ဖွဲ့တပ်သားများ မြေနေရာရှင်းလင်းနေစဉ် |
Photo By Mong Tong Youth / ၀ တပ်ဖွဲ့အကြီးအကဲများနှင့် မိုင်းတုံဒေသခံ ရပ်မိရပ်ဖ များ သံဃာတော်များ တွေ့ဆုံနေကြစဉ် |
အဆိုပါနေရာတွင် ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ်တပါးဖြစ်သော ဗြနရာဇ်မင်း (ဖရနရေးဆွန်) ၏ အုဋ်ဂူတည်ရှိသောနေရာအနီးတွင်တည်ရှိပြီး စေတီတော်မှာလည်း အဆိုပါအုဋ်ဂူအနီးတွင် ပင်တည်ထားကိုးကွယ်မည်ဖြစ်ကြောင်းသိရပါသည်။
သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
https://burmese.shannews.org/
No comments:
Post a Comment