CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
နှစ်သန်းပေါင်းများစွာက ငှက်တောင် မြန်မာ့ပယင်းမှာ တွေ့ရှိ
|
နှစ်သန်းပေါင်း ၁၀၀ ဝန်းကျင်က ငှက်တောင်ပါဝင်နေတဲ့ မြန်မာ့ပယင် |
လွန်ခဲ့တဲ့နှစ် ၇၉ သန်းနဲ့ နှစ် ၆၆ သန်းကြား Cretaceous ဘူမိခေတ် မြန်မာပယင်းမှာ အစိတ်အပိုင်း ၃၁ ပိုင်း ပါတဲ့ အသေးစိတ် မပျက်စီးဘဲရှိနေသေးတဲ့ ငှက်တောင်တွေကို တွေ့ရကြောင်း ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင်တွေက ရှာဖွေတွေ့ရှိပါတယ်။
အခုခေတ်တွေ့ရတဲ့ ငှက်တောင်တွေနဲ့ ဒီငှက်တောင်က လုံးဝ ကွာခြားတဲ့အကြောင်း ပယင်းထဲမှာ ပိတ်မိနေလို့ ၃ ဘက်မြင်ကြည့်နိုင်တဲ့အတွက် သိနိုင်ပါတယ်။ ဒီငှက်ဟာ သူ့ကိုစားမယ့် အကောင်တွေရဲ့ ရန်ကို ကာကွယ်ဖို့ ဒီငှက်တောင်နဲ့ ရုပ်ဖျက်ထားတာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးကြပါတယ်။
|
မြန်မာ့ပယင်းထဲမှာတွေ့ရတဲ့ နှစ်သန်း ၁၀၀ ဝန်းကျင်က ငှက်တောင် |
ဒီလိုငှက်တောင်တွေကို အတောင်ပါတဲ့ ဒိုင်နိုဆောတွေမှာ တွေ့ရနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ပုံမှန်ဆို ငှက်တောင်ရုပ်ကြွင်းတွေက ကျောက်ဖြစ်သွားရင် ပိပြားကုန်တာကြောင့် ငှက်တောင်ရဲ့ ပုံပန်းသဏ္ဍန်ကို လေ့လာဖို့ မဖြစ်နိုင်ပါဘူး။ အခုငှက်တောင်ကတော့ ပယင်းထဲမှာ ပိတ်မိနေတဲ့အတွက် ၃ ဘက်မြင် လေ့လာနိုင်ပါတယ်။ ဒါက တွေ့ဖူးသမျှထဲမှာ အထူးခြားဆုံးငှက်တောင်တွေပဲလို့ တရုတ်နိုင်ငံက ငှက်ကျောက်ဖြစ် ရုပ်ကြွင်းလေ့လာသူ Jingmai O’Connor က ဆိုပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
နှစ်သန်းပေါင်းများစွာက ငှက်တောင် မြန်မာ့ပယင်းမှာ တွေ့ရှိ
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
December 15, 2018
Rating:
5
No comments:
Post a Comment