CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 17, 2018
စာမလိုက်နိုင်သဖြင့် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး အဆိပ်သောက်သေဆုံးဟု သူမ၏မိခင်ဖြစ်သူသုံးသပ်
မိုးကောင်း ၊ ဒီဇင်ဘာ - ၁၇
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ မန်ရွက်ကျေးရွာနေ တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ဒီဇင်ဘာ(၁၇)ရက်က အဆိပ်သောက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။
သေဆုံးသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူမပွင့်ဖြူစိုးသည် စာမလိုက်နိုင်သဖြင့် အဆိပ်သောက်သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း မိခင်ဖြစ်သူကသုံးသပ်ပြောဆိုသည်။
မပွင့်ဖြူစိုး မသေဆုံးချိန်က တက္ကသိုလ်ဝင်တန်းအစမ်းစာမေးပွဲ(ပ)အကြိမ်ဖြေဆိုရာ (၅)ဘာသာကျရှုံးခဲ့ပြီး ၊သေဆုံးသည့်နေ့၌လည်း(ဒု)အကြိမ်အစမ်းစာမေးပွဲရှိကြောင်း မိဘများက တစ်စုံတစ်ရာဆူပူကြိမ်းမောင်းခြင်းများမရှိဘဲ စာမလိုက်နိုင်၍ ယခုလို အဆိပ်သောက်သေဆုံးခြင်းဖြစ်နိုင်ကြောင်း ၎င်း၏မိခင် ဒေါ်တင်မြင့်ပြောပြချက်အရ သိရသည်။
သေဆုံးသူမပွင့်ဖြူစိုးသည် ဒီဇင်ဘာ(၁၇)ရက်၊ နံနက်(၇)နာရီခွဲအချိန်ကကျောင်းမသွားဘဲခေါင်းမူး/ဗိုက်နာကြောင်း ပြောဆိုသဖြင့် ၎င်း၏မိဘများက နေ့လည်(၁၁)နာရီခွဲအချိန်၌ မိုးကောင်းပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ရာ အလှည့်ကျဆရာဝန်ဒေါက်တာ ချောစုစုစော၏ မေးမြန်းရာတွင် မပွင့်ဖြူစိုးက မိဘများမသိအောင် ယင်ကောင်သတ်ဆေးနှင့် ပရုပ်လုံးတွဲ၍သောက်ထားတယ်ဟု ပြောပြချက်အရသိရပြီး ဆေးကုသနေစဉ်နေ့လည်(၁၂)နာရီအချိန်၌ သေဆုံးသွားကြောင်း ရဲမှတ်တမ်းအရသိရသည်။
မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာ၊ အထက(ခွဲ)တက္ကသိုလ်ဝင်တန်းကျောင်းသူ မပွင့်ဖြူစိုး အသက်(၁၅)နှစ်၊ (ဘ)ဦးဝင်းဖေသည် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ်စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၂၃/၂၀၁၈ ဖြင့်မိုးကောင်းမြို့မရဲစခန်းက အမှုရေးဖွင့်ထားကြောင်း သိရသည်။
အလားတူ ပင်းဘောကျေးရွာတွင် ဒီဇင်ဘာ (၁၂)ရက်၊ ညနေ(၅)နာရီအချိန်ခန့်က အဆောင်တစ်ဆောင်တွင်တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သဖြင့် ဒီဇင်ဘာလအတွင်းမိုးကောင်းမြို့နယ်တွင်တက္ကသိုလ်ဝင်တန်းကျောင်းသူ(၂)ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ချစ်သား
EPN
https://www.facebook.com/epngnews/
စာမလိုက်နိုင်သဖြင့် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး အဆိပ်သောက်သေဆုံးဟု သူမ၏မိခင်ဖြစ်သူသုံးသပ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment