CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, December 24, 2018
ဝဋ္ေႂကြးေၾကာက္ရင္ နွုတ္ကုိ သတိထား
တခ်ဳိ့လူေတြ ေျပာၾကတဲ့ စကား႐ွိတယ္။သူမ်ားအေပၚမဟုတ္တာမလုပ္ဘူး မေကာင္းမၾကံဘူး။ နွုတ္ၾကမ္းတာ ဘာျဖစ္လည္း။ မွန္ပါတယ္ နွုတ္ၾကမ္းလုိ့ သူတစ္ပါးကျဖစ္ျခင္မွျဖစ္မွာပါ။ျဖစ္တာ ခံရတာက ကုိယ္ပါ။
ျမတ္စြာဘုရား လက္ထက္ကအဗၺပါလီျပည့္တန္ဆာမက ႐ုပ္ရည္လွပလုိ႔ ဟုိမင္းကလုိခ်င္ ဒီမင္းက ရခ်င္န့ဲ သူ့ေၾကာင့္စစ္ျဖစ္မွာစုိးလုိ႔အမ်ားပုိင္အျဖစ္ျပည့္တန္ဆာမလုပ္ဖုိ႔ ျဖစ္ခဲ့ရတာဟာ စိတ္ထားညံ့လုိ႔ ေစတနာနည္းလုိ႔မဟုတ္ပါဘူး။အတိတ္ဘဝ ေစတီရင္ျပင္မွာေနမေကာင္းတဲ့ ရဟႏၱာမႀကီး ခြၽဲသလိပ္ဖိတ္စင္သြားတာကုိ ဘယ္သူမွန္းမသိပဲ စည္းကမ္းမဲ့တယ္ ေစတီရင္ျပင္ေပၚဘယ္ျပည့္တန္ဆာမက တံေတြး ေထြးသြားလဲလုိ႔ ေစတနာေဒါသ နွုတ္ဝဋ္ေႂကြးေၾကာင့္ပါ။
ေနာက္တစ္ခုက အမ်ဳိးသမီးေတြထဲ တရားေဟာ အေတာ္ဆုံးျဖစ္တဲ့ ခုဇုတၱရာဆုိတဲ့ခါးကုန္မေလးဟာ ဒီဘဝ ပဋိကတ္ေဆာင္ အမ်ဳိးသမီးျဖစ္ရၿပီး ဘာေၾကာင့္ ခါးကုန္းရလဲဆုိရင္ အတိတ္ဘဝ အလႉခံႂကြလာတဲ့ ပေစၥကဗုဒၶတစ္ပါးက ခါးကုန္းတာကုိ သူငယ္ခ်င္းေတြေ႐ွ႕ ဟာသအျဖစ္ ဖလားကုိင္ၿပီး အိမ္မွာလာတဲ့ကုိယ္ေတာ္ေလးက ေဟာဒီလုိ ခါးကုန္ေလးပါလုိ႔ဟန္အမူရာလုပ္ ေျပာင္ခဲ့လုိ႔ ခါးကုန္းျဖစ္ရတာပါ။
ျမတ္စြာဘုရားကုိယ္တုိင္က ေဟာခဲ့ပါတယ္။သူမ်ားကုိ မကဲ့ရဲ႕ဖုိ႔ ၾကမ္းတမ္းတဲ့စကားေတြနဲ႔ မေျပာဖုိ႔ပါ။ျမတ္စြာဘုရား သုႏၵရိတိတၳိ မိန္းမပ်ဳိစိဥၨမာနတုိ႔ စြပ္စြဲခံရတာဟာ ႏုစဥ္အေလာင္းေတာ္ဘဝကပေစၥကဗုဒၶကုိ မိန္းမပုံစံဝတ္ၿပီး လူထင္လြဲေအာင္ျပဳခဲ့လုိ႔တဲ့။
ဒုကၠစရိယ ၆ႏွစ္က်င့္ရျခင္းလွည္းကုန္သည္လႉတဲ့မုန္႔ၾကမ္းကုိ တစ္ဝါတြင္းလုံးဘုန္ေပးရျခင္းေတြကနွုတ္ဝဋ္ေႂကြးပါ။အျပင္လက္ေတြ႔ဘဝမွာလည္းသူတစ္ပါး အားနည္းခ်က္ကုိကဲ့ရဲ႕တဲ့သူေတြျပန္ဝဋ္လည္ပါတယ္။ဆရာႀကီးေရႊဥေဒါင္းကသူရဲ႕ ဘဝတသက္တာ စာအုပ္ထဲမွာသူစကားထစ္ရျခင္း အေၾကာင္းကကေလးဘဝက စကားထစ္တဲ့တန္းအေဖာ္သူငယ္ခ်င္းကုိ ေျပာင္တာကေနျဖစ္ရတာပါလုိ႔ ေရးထားပါတယ္။
လူေလာကမွာ တခ်ဳိ့သူတစ္ပါးကုိကဲ့ရဲ႕တာ ေနာက္ေျပာင္တာကအစ ကုိယ္တုိင္ေရာကုိယ္ေမြးတဲ့ကေလးတုိ႔မွာအားနည္းခ်က္ေတြပါလာတာ အမ်ားႀကီးပါ။ေပ်ာ္ေစခ်င္လုိ႔ ဟာသလုပ္တာေကာင္းပါတယ္သုိ႔ေသာ္လည္း အေရမရ အ ဖတ္မရ အကုသုိလ္ဝဋ္မပါေအာင္သတိထားရင္ အေကာင္းဆုံးပါ။
ဓမၼေအးရိပ္
#Unicode Version#
တချို့လူတွေ ပြောကြတဲ့ စကားရှိတယ်။သူများအပေါ်မဟုတ်တာမလုပ်ဘူး မကောင်းမကြံဘူး။ နှုတ်ကြမ်းတာ ဘာဖြစ်လည်း။ မှန်ပါတယ် နှုတ်ကြမ်းလို့ သူတစ်ပါးကဖြစ်ခြင်မှဖြစ်မှာပါ။ဖြစ်တာ ခံရတာက ကိုယ်ပါ။
မြတ်စွာဘုရား လက်ထက်ကအဗ္ဗပါလီပြည့်တန်ဆာမက ရုပ်ရည်လှပလို့ ဟိုမင်းကလိုချင် ဒီမင်းက ရချင်နဲ့ သူ့ကြောင့်စစ်ဖြစ်မှာစိုးလို့အများပိုင်အဖြစ်ပြည့်တန်ဆာမလုပ်ဖို့ ဖြစ်ခဲ့ရတာဟာ စိတ်ထားညံ့လို့ စေတနာနည်းလို့မဟုတ်ပါဘူး။အတိတ်ဘဝ စေတီရင်ပြင်မှာနေမကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ်ဖိတ်စင်သွားတာကို ဘယ်သူမှန်းမသိပဲ စည်းကမ်းမဲ့တယ် စေတီရင်ပြင်ပေါ်ဘယ်ပြည့်တန်ဆာမက တံတွေး ထွေးသွားလဲလို့ စေတနာဒေါသ နှုတ်ဝဋ်ကြွေးကြောင့်ပါ။
နောက်တစ်ခုက အမျိုးသမီးတွေထဲ တရားဟော အတော်ဆုံးဖြစ်တဲ့ ခုဇုတ္တရာဆိုတဲ့ခါးကုန်မလေးဟာ ဒီဘဝ ပဋိကတ်ဆောင် အမျိုးသမီးဖြစ်ရပြီး ဘာကြောင့် ခါးကုန်းရလဲဆိုရင် အတိတ်ဘဝ အလှူခံကြွလာတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးက ခါးကုန်းတာကို သူငယ်ချင်းတွေရှေ့ ဟာသအဖြစ် ဖလားကိုင်ပြီး အိမ်မှာလာတဲ့ကိုယ်တော်လေးက ဟောဒီလို ခါးကုန်လေးပါလို့ဟန်အမူရာလုပ် ပြောင်ခဲ့လို့ ခါးကုန်းဖြစ်ရတာပါ။
မြတ်စွာဘုရားကိုယ်တိုင်က ဟောခဲ့ပါတယ်။သူများကို မကဲ့ရဲ့ဖို့ ကြမ်းတမ်းတဲ့စကားတွေနဲ့ မပြောဖို့ပါ။မြတ်စွာဘုရား သုန္ဒရိတိတ္ထိ မိန်းမပျိုစိဉ္ဇမာနတို့ စွပ်စွဲခံရတာဟာ နုစဉ်အလောင်းတော်ဘဝကပစ္စေကဗုဒ္ဓကို မိန်းမပုံစံဝတ်ပြီး လူထင်လွဲအောင်ပြုခဲ့လို့တဲ့။
ဒုက္ကစရိယ ၆နှစ်ကျင့်ရခြင်းလှည်းကုန်သည်လှူတဲ့မုန့်ကြမ်းကို တစ်ဝါတွင်းလုံးဘုန်ပေးရခြင်းတွေကနှုတ်ဝဋ်ကြွေးပါ။အပြင်လက်တွေ့ဘဝမှာလည်းသူတစ်ပါး အားနည်းချက်ကိုကဲ့ရဲ့တဲ့သူတွေပြန်ဝဋ်လည်ပါတယ်။ဆရာကြီးရွှေဥဒေါင်းကသူရဲ့ ဘဝတသက်တာ စာအုပ်ထဲမှာသူစကားထစ်ရခြင်း အကြောင်းကကလေးဘဝက စကားထစ်တဲ့တန်းအဖော်သူငယ်ချင်းကို ပြောင်တာကနေဖြစ်ရတာပါလို့ ရေးထားပါတယ်။
လူလောကမှာ တချို့သူတစ်ပါးကိုကဲ့ရဲ့တာ နောက်ပြောင်တာကအစ ကိုယ်တိုင်ရောကိုယ်မွေးတဲ့ကလေးတို့မှာအားနည်းချက်တွေပါလာတာ အများကြီးပါ။
ပျော်စေချ င်လို့ ဟာသလုပ်တာကောင်းပါတယ်သို့သော်လည်း အရေမရ အ ဖတ်မရ အကုသိုလ်ဝဋ်မပါအောင်သတိထားရင် အကောင်းဆုံးပါ။
ဝဋ္ေႂကြးေၾကာက္ရင္ နွုတ္ကုိ သတိထား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 24, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment