CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 6, 2018
သတ္တဝါအားလုံးရဲ့ အရည်အသွေးကို ကျစေသောဓာတ်
တုနှိုင်းမဲ့ ကြည်ညိုဖွယ် မြတ်ဗုဒ္ဓ-အပိုင်း (၁၂)
❖ သတ္တဝါတို့ရဲ့ အရည်အသွေးကို တဖြည်းဖြည်းကျစေတဲ့ ဓာတ်ရှိပါတယ်။ ဗြဟ္မာနှစ်ဆယ်၊ နတ်ပြည်ခြောက်ထပ် လူ့ဘုံတစ်ဘုံ၊ အပါယ်လေးဘုံမှာ လူဆင်းရဲ နတ်ဆင်းရဲ၊ အပါယ်ဆင်းရဲ ကိုဖြစ်စေတဲ့ဓာတ်၊ အကုသိုလ်ဓာတ်ကိုပြောတာပါ။
❖ ဒါတွေသည် လောဘ၊ ဒေါသ၊ မောဟရယ် မောဟဆိုတာသည် စိတ်မှာယှဉ်တဲ့အမှောင် ဓာတ်ကိုပြောတာပါ။ အဲ့ဒီအမှောင်ဓာတ်သည်လည်း ဒီသွေးနဲ့ဆိုင်ပါတယ်။ မှီတဲ့ရုပ်နဲ့ ဆိုင်တယ်။ ဒီမှာရှိတဲ့ သတ္တိနဲ့လည်း ဆိုင်ပါတယ်။
❖ အာရုံ-ဒွါရ တိုက်လို့ မနောမှာ ပေါ်လာတဲ့အခါကျရင် ငါ့ခေါင်း၊ ငါ့ကိုယ်၊ ငါ့ခြေ ပြီးရင် ငါ့ ပတ်ဝန်းကျင်လို့ ထင်လိုက်ကြတယ်။ ဒါဟာ အရိပ်ကို အကောင်ထင်တယ်လို့ ခေါ်တယ်။ ပေါ်တဲ့အရိပ်ကို အကောင်ထင်ပြီးတော့ ငါ့ပစ္စည်းလို့ သတ်မှတ်လိုက်တယ်။
❖ အဲဒီလို သတ်မှတ်တယ်ဆိုရင်ပဲ ငါ့ပစ္စည်းအတွက် ကွက်လပ်လေးတွေ ပေါ်လာတယ်။ ဘာလုပ်ရဦးမယ်ပေါ့။ အဲဒီလို ပေါ်လာတာသည် အာရုံတွေကို ကပ်ငြိမ်းစေတဲ့ သဘောတရားမို့ ’လောဘ´လို့ခေါ်တယ်။
❖ အယူပဲရှိတယ်။ သူလိုချင်တာပဲ တွေးတယ်။ မရရင် ပူတယ်။ ရပြန်တော့လဲ လျော့သွားမှာစိုးလို့ ပူပန်ရတယ်။ ဒီလို သူ့ရင်ထဲမှာ ဘယ်အေးပါလိမ့်မလဲနော်။
❖ အိမ်ရှင်မတွေဆို ပိုဆိုးသေး။ ကိုယ့်ရဲ့ခင်ပွန်း ရာထူးကျမှာစိုးလို့ ရာထူးမတက်မှာစိုးရတာနဲ့ ပြီးရင် ဘုရားစဉ်ရှေ့မှာ ရွတ်ရဖတ်ရတာနဲ့ အပျိုတုန်းက ဒီလောက်ရွတ်ချင်မှ ရွတ်မိလိမ့်မယ်။ ရာထူးကြီးတဲ့ လူဆို ပိုရွတ်တယ်။ ဘုရားကြည်ညိုလို့ရွတ်တာ ဟုတ်ပါ့မလား။ ပူလို့စိုးရိမ်လို့ ရာထူးကျမှာ ရာထူးမတက်မှာ ကြောက်တာကိုး။
❖ ဘုရားကြည်ညိုတာထက် ကိုယ့်အတွက်ဆိုတဲ့ လောဘက ပါမနေဘူးလား။ သတိမထားမိလို့သာ ပါတယ်နော်။ အပူသည် `ဒေါသ´ ရွတ်ဖတ်နေချိန်မှာတောင် ကိုယ့်ရဲ့စိတ်ကို မခွဲခြားတတ်တာ၊ ရွတ်နေရင်းနဲ့ တချို့ ကုသိုလ်မရတာတွေ အများကြီးပဲ အကုသိုလ်ရောမှန်း မသိဘူးပေါ့။
❖ ကုသိုလ်စစ်ဖြစ်မလာဘူး။ ရောနေတယ်။ ကိုယ်ဖြစ်ချင်တာတွေ အောင်ဖို့အတွက် ဘုရားကို အသုံးချသလိုဖြစ်နေတာမို့ လောဘ ရောနေတယ်။ ဥပမာဖြင့် ကိုးနဝင်းကျေအောင် ၉-ခေါက်ရွတ်မှ ဖြစ်မှာတို့ ၁၁-မီးငြိမ်းအောင် ၁၁-ခေါက်ရွတ်တာ တို့ပါသေးတယ်။
❖ တချို့ အခေါက်ရေပြည့်အောင် ပုတီးစိတ်ရင် မြန်မှမြန် ပြီးချင်လွန်းတော့၊ တချို့ပုတီးစိတ်ရင် အရဟံကို ရွတ်တဲ့အခါ ဒန်၊ ဒန်၊ ဒန်တောင်ဖြစ်ကုန်တယ်။ မြန်လွန်းလို့ မြန် လွန်းလို့။ အဲဒီလောက်ဆို ရင်ထဲ ဘယ်လိုလုပ် အေးပါ့မလဲ။ မအေးဘူးနော် ကုသိုလ် ဘယ်အပြည့်ရပါ့မလဲ။ တချို့ကိုယ့်ရင်ထဲ ဖြစ်နေတာကို မခွဲခြားတတ်ဘူးနော်။
❖ အဲဒီလို အပူဓာတ်ထွက်တယ်ဆိုရင် ဆေးပညာနဲ့လည်း ကိုက်တယ်။ ဘုရားဟောတာနဲ့ ကိုက်ညီတယ်။ အဲ့ဒီလိုဆို အရောင်အသွေးတွေဟာ ဒီသွေးတွေ မှာ သတ္တိကိန်းသွားတာ မဟုတ်လား။
❖ အပူဓာတ်ကြောင့်နော် အသစ်အသစ် အစားထိုးတဲ့ရုပ်တွေက မှောင်လာတယ်။ အရည်အသွေး ညံ့လာတယ်။ စိတ်တွေ ကြမ်းတမ်းလာတယ်။ အဲ့ဒါကို မောဟအမှောင်လို့ ခေါ်တယ်။ အပူဟိတ် ထွက်လာတယ်။
❖ အရည်အသွေးကို ဘုရားက ဟောထားပြီးသား ဒေါသအပူဖြစ်တယ်ဆို မီးခိုးရောင် မှောင်သွားတယ်။ နှလုံးအေးပြီးကြည်လာရင် အဝါရောင်ဖြစ်ပြီး လင်းလာတယ်။
❖ ဘုရားရဲ့ရောင်ခြည်တော်က လင်းပြီးတောက်ပြောင် ဖြူဖွေးနေတယ်။ ကိလေသာစင်ကြယ်သွားလို့ တအားအေးချမ်းလို့ပေါ့ ပူလို့ရှိရင် မှောင်လာတယ်။ အမှောင်ဓာတ်ကို မောဟလို့ ဘုရားမိန့်ခဲ့တာပါ။ အားလုံး မှတ်ကြပါ။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
သတ္တဝါအားလုံးရဲ့ အရည်အသွေးကို ကျစေသောဓာတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 06, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment