မစ္စက် အိုဘာမားရဲ့ Becoming စာအုပ်ဟာ ဘာသာပေါင်း ၃၁ မျိုးနဲ့ ရနိုင်ပြီး နိုင်ငံပေါင်းများစွာမှာ Bestseller ဖြစ်နေပါတယ် |
NPD BookScan ရဲ့ စာရင်းဇယားတွေအရ အမေရိကန် နဲ့ ကနေဒါမှာ အုပ်ရေ ၂ သန်းကျော် ရောင်းချရပြီးဖြစ်တယ်လို့ သိရပါတယ်။
ထုတ်ဝေတဲ့ Penguin Random House က စာအုပ် ဘယ်လောက်အရေအတွက်ရောင်းထွက်ခဲ့သလဲ ဆိုတာ သောကြာနေ့တုန်းကကြေညာပါတယ်။
သြစတြေးလျ၊ ဗြိတိန်၊ ဂျာမနီ၊ ကိုရီးယား နဲ့ တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်းများစွာမှာလည်း ဒီစာအုပ်ဟာ အရောင်းရအမြင့်ဆုံးဖြစ်တယ်လို့ ထုတ်ဝေသူတွေ က ပြောပါတယ်။
ဒီစာအုပ်ကတဆင့် ပထမဆုံးအမေရိကန် အာဖရိကန် First Lady နဲ့ ပထမဆုံး အမေရိကန် အာဖရိကန် သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်ကို မရောက်ခင်၊ ရောက်နေစဉ် နဲ့ ရောက်ပြီးနောက်ပိုင်း က သူတို့ရဲ့ ဘဝပုံရိပ်တွေကို တွေ့ရမှာပါ။
ကိုယ်ဝန်ပျက်ကျတုန်းကသူတို့စုံတွဲ ရင်ဆိုင်ကြရပုံတွေ ခံစားမှုတွေ သူတို့ ကလေးတွေ မာလီယာနဲ့ ဆာရှာ ကို ရလာအောင် IVF ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေအောင်စေတဲ့နည်းနဲ့ ပြုလုပ်ခဲ့ရတာတွေ အပါအဝင် အိမ်ထောင်ရေးဘဝမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကိုလည်း မစ္စက်အိုဘားမား က စာအုပ်ထဲမှာ ထည့်သွင်းရေးသားပါတယ်။
ဒေါ်နယ်ထရမ့် က သူမရဲ့ ခင်ပွန်း အိုဘားမားဟာ အမေရိကန်မှာ မွေးဖွားသူမဟုတ်ဘူး၊ ဒါကြောင့် အမေရိကန် ရဲ့ တရားဝင် သမ္မတမဟုတ်ဘူးဆိုတဲ့ မဟုတ်မမှန် လုပ်ကြံ ဇာတ်လမ်းကို ဖြန့်ခဲ့တာကြောင့် သူတို့ မိသားစု လုံခြုံရေးအရ စိတ်မချရတဲ့အထိ ဖြစ်ခဲ့ရတာမို့ ဘယ်တော့မှ ထရမ့်ကို ခွင့်မလွှတ်ဘူး လို့ အသက် ၅၄ နှစ် ရှိပြီဖြစ်တဲ့ သမ္မတကတော်ဟောင်း က စာအုပ်ထဲမှာ ရေးသားကာ ဝေဖန်ထားပါတယ်။
BBC Burmese
https://www.bbc.com/burmese
No comments:
Post a Comment