လေးချိုးဒွေးချိုး၊ငိုချင်းစတဲ့ ကဗျာပုံစံများကနေ ဘုချိုးဆိုတဲ့ ကဗျာပုံစံသစ်တမျိုးထွက်ပေါ်လာတယ်လို့သိရှိရပါတယ်။လက်သံပြောင်တဲ့ ကဗျာဆရာတို့ရဲ့ ဘုချိုးများကို ကူးယူဖော်ပြလိုက်ပါတယ်။
............................................................................
ဝေဠုကျော် လေးချိုးကြီး
~~~~~~~~~~~~~~
ထမင်းကြော်တစ်ခု
အရင်းရယ် ပြုပါလို့
ဘုရဖို့ ဝေဠုကြံ
မိုးလေကထန် ။
အညာသူ မပြန်ရဲတာနဲ့
ဘယ်အချိန် သူလာမလဲရယ်လို့
ခုတင်ကြီးပေါ် အိပ်ကာစောင့်ရတယ်
သည်းခံစိတ်သန် ။
နာရီပြန်နှစ်ချက်တီးကာမှ
သူဝင်လာမီးမှိတ်ပြန်တော့
အညာသူ အိပ်ဖို့အရေး
ဂွင်ဝေးရပြန် ။
အချောင်ကြံ ဟိုလူကြီး
အချောင်ကြီးကို ကြံမိကာမှ
ဒီလောက်ချောင်မယ် မထင်ဘူးရယ်လို့
ဆွေးနောင်တဖန် ။
ဝေဠုမှာ အကြံရှိသလို
အညာသူ့မှာလဲ အဆံနဲ့ပေမို့
အလကား အဘုမခံနိုင်ဘူးကွဲ့
ပေးဟဲ့ စမူဆာဖိုး ။ ။
သခင်ကိုယ်တော်သန့်
..................
မိုးလေရယ်ထန်
ပြန်မယ်လို့ စိတ်ကူး
ဝေလု ရယ်အကြံကောင်းသူမို့ 
ဟော်တယ်ကိုလိုက်ကာပို့ သနော်ဗျ
အကျော်ဆိုထမင်းကိုကျွေးကာပ
လုံးလုံးရယ်မထင်ပြုံးရွင်ရွင်အညာမကိုလ
အော်…ရုန်းမယ်မထင် ပွှေ့ ကာမလို့ ရယ်
ကြုံးချင်သလိုကြုံးကာထားခဲ့ တယ်
အော်………လုံး လုံးမှမသနား…………
လုံးလုံးမှ မသနား………………
ငိုချင်း
........................
မိုးခြိမ့်လို့ညံ စမံထပြန်...
ဠုအီကြာ မာကာတင်းပြီးမို့
စမူဆာချဉ်ခြင်းတပ်တာကြောင့်
ထမင်းကြော်ကျွေးကာဘုတယ်
ငါဟဲ့ ကာဠု
Tain Man Thaung
.....................
''အဖေ့မှာတမ်း''
သားဝေဠု မျက်ရှုထုံသင်း
နှလုံးသွင်းလော့ ။
အတွင်းတော်သွား စမူဆာစားရန်
မည်သူခေါ်စေ မလိုက်လေနှင့်။
စိတ်ရွှင် မပြ အလိုမကျလျှင်...
စမူဆာဈေး တစ်သောင်းပေးလည်း
ကျွေးခဲ့သောသူ မကြည်ဖြူက
ရွာကျော် ရပ်ကျော် သူလျှောက်အော်မည်
စမူလိမ်စား ထိုလူသားဟု။ ။
သို့ ကြောင့် သားငယ် ပညာကြွယ်တို့ 
စမူဆာဈေး အရင်မေး၍
ငွေပေးပြီးမှ စားပါလေ။ ။
ဖေဖေမန်း
.............
စမူဆာရန်ဘေးကိုပ
သူငါမကျန် လူတကာရန်ကင်းရအောင်မို့
ဖွဲတဆုပ်စာ ဖြစ်ခါပေါ်ခဲ့ရင်ဖြင့်
ဖွားဖက်တော်ဖုံးကာထိန်းကျကွဲ့
စွပ်ထားဟဲ့ သားရေကွင်း
..............
စမူဆာရယ်
ဈေးတင်ကာထားသမို့
ဘုမိသူမောင်ကြီးရယ်က
ဂွင်ဆင်ကာ မိတော့တယ်
ငါဟဲ့ဝေဠု…
..................
ဒွေးချိုး ပဲသင်ခဲ့ဘူးတာ ပ ခုခါမှ
ဘု ချိုးစပ်နည်းဆိုတာမြင်ရပြန်တော့ မမင်းရာရယ် ဘုရ အဲ့
လွမ်းရပေါ့လေး
................
သင်းသင်း ဟဲ့ သင်းသင်း
တွေ့သမျှလူ ပတ်လို့ ဂျင်းတယ်
အမေ့အမွေ စမူ တခုကိုနှင့်
ဝေဠုကို အချဉ်ဖမ်းတယ်
တပ်မက်လေခြင်း
.................
စမူဆာဘိုးက
လူတစ်ကာတွေးသလိုမျိုး
ရိုးရိုးမဟုတ်ဘဲ
လူလောက်ရှိတဲ့စမူဆာကြီး
ဝါးလုံးကျော်က
အားရပါးရဖက်ကာတီးတော့
သိန်းတစ်သောင်းပေးတာ
မကျေနပ်
ထမင်းကျော်ကျွေးတာက
၂ ကျပ်ကွက် အရက်တစ်စက်မှ
မပါလို့ သတိရတာအကုန်
မှတ်မိတော့
သိန်းတစ်သောင်းမမြင်ဘဲ
ဖွဘုတ်တင်လိုက်မယ်
မော်ဒယ်ဆယ်လီတွေနေခဲ့တော့
ထရမ့် ပူတင် ရှီကျင့်ဖျင် တို့ရဲ့
သတင်းတောင်မြုတ်သွားတယ်
ကဲ ..
ရွာစားရေး ဘီလူးစီးတဲ့
ဗိန်းဗောင်းဆိုင်းလေး
တစ်ပိုဒ်လောက် တီးပြီးလက်ကမြင်း
ငါဟဲ့ ...သင်းသင်း
.................
စမူဆာလေးက ကောင်းလိုက်တာ ပြောစရာမရှိဘူး ဝေဌုကျော်
တည်ကာသုးံတယ် လေပုန်းကမြူး
..................
ဆယ်လီတွေရဲ့ ဘာညာဘာညာ သတင်းများ
- စိုင်းစိုင်း ခမ်းလှိုင်ကို အပြောအဆိုအနေအထိုင်ဆင်ခြင်ဖို့ သတိပေးလိုက်တဲ့မိုးမိုး
- လက်ထပ်မည်ဟု လိမ်လည်၍ကာမ ရယူမှူ ၁
- မိန်းကလေး တစ်ယောက်ကို မြင်မြင်ချင်းမှာ တန်းပြီးတော့ ဆွဲစားမယ်လို့ ညီမ မထင်ထားဘူးလို့ ပြောလာခဲ့တဲ့ သင်းသင်း
- မသင်းသင်းရေ လုပ်စားချိန်ရပ်သင်ပြီလို့ အလှမယ်သင်းသင်းကို ဝေဖန်ထားတဲ့ပို့စ်တစ်ခု
- ဝေဠုကျော်နဲ့ သင်းသင်း Chat List များထွက်ပေါ်လာ
- ဝေဋ္ဌုကျော်က လမ်းခွဲလိုက်လို့တရားစွဲမယ့် အလှမယ်သင်းသင်းဓာတ်ပုံများ ဖေ့ဘုတ်တွင်ပြန့်နှံ့လာ
- ဝေဠုကျော်ကိုတရားစွဲမယ်ဆိုတဲ့ အလှမယ် သင်းသင်း (ခ) သိမ့်ဟန်နီ
- လူမှုအကျိုးပြု ဂုဏ်ထူးဆောင် သံတမန် အဖြစ် အကယ်ဒမီ ဝေဠုကျော်နှင့် သရုပ်ဆောင် ခိုင်နှင်းဝေတို့ကို ချီးမြှင့်ပေးအပ်ခဲ့
- အိမ်သာဝင်နေတုန်း ယုတ်မာသူလူတစ်ယောက်ရဲ့ အောက်တန်းကျစွာ ဗီဒီယိုချောင်းရိုက်တာကိုခံလိုက်ရတဲ့ သန္တာဗိုလ်
- နှစ်မကုန်ခင်မှာ အစွံထုတ်သွားတဲ့ လူပျိုကြီး သူထူးစံ
- မိနစ်ပိုင်းအတွင်းကြည့်ရှုသူသောင်းချီသွားတဲ့ ရွှေနှစ်ရွှေရဲ့ပထမဆုံး စုံတွဲသီဆိုထားတဲ့ “အမှား” MTV သီချင်းသစ်
- မနိုင်နိုင်ရာမဲနေတဲ့ လူတွေကို အမြဲပြုံးပြနေပါတယ်ဆိုတဲ့ စိုးမြတ်နန္ဒာ
- သရုပ်ဆောင် ရဲမင်းပိုင်၏ ဖခင် သရုပ်ဆောင် ဦးဌေးဝင်း ကွယ်လွန်
No comments:
Post a Comment