Please Help..!
နိင်ငံခြားသားတစ်ဦး၏ Backpack ခရီးသွားလာရင်း ကားပေါ်ပျောက်ဆုံး
သီပေါ ဒီဇင်ဘာ ၁၅
အစ္စရေး နိင်ငံခြားသားတစ်ဦးဖြစ်သည့် Mr.Borz သည် တောင်ကြီးမှ သီပေါမြို့သို့ Minibus ခရီးသည် ၁၄ ယောက်ခန့်ဆံ့သည့်ကားဖြင့် ရပ်စောက်-ကံကြီး-တောင်ခမ်းလမ်းအတိုင်း သီပေါမြို့သို့ လာရောက်လည်ပတ်ရင် ၎င်း၏ ခရီးသွားကျောပိုးအိတ် ပျောက်ဆုံးသွားခဲ့သည်
၎င်း ကျောပိုးအိတ်အား ကားပေါ်စီးလာပြီး ၂ နာရီခန့်အကြာ အိတ်အတွင်းမှ earphone အားထုတ်ယူခဲ့စဉ် ရှိနေသေးကြောင်း သီပေါမြို့သို့ ည ၇:၀၀ ခန့်အချိန် ဟိုတယ်ရှေ့ ကားပေါ်မှ အိတ်များချစဉ် ၎င်း အိတ်အားရှာ မတွေ့ပေ..
အိတ်ပျောက်နေသည်မှာ ထူးဆန်းလျက်ရှိသည်..ကားမှာ လမ်းတစ်လျောက်တွင် ၃ ခါရပ်ခဲ့ပြီး ပထမဆုံးရပ်၍ ဆီဖြည့်သောနေရာ၌ နားကြပ်ထုတ်ယူခဲ့ပြီး သီပေါမြို့ ဟိုတယ်ရှေ့အရောက် အိတ်မှာပါမလာတော့ပေ..လမ်းတွင် ခရီးသည်များ ဆင်းခဲ့၍ ယာဉ်မောင်းမှလည်း လမ်းဆင်း ခရီးသည်အိတ်များအား အသေချာ ချပေးခဲ့ကြောင်း ယာဉ်မောင်းကပြောသည်..
အိတ်တွင်းပါ ပစ္စည်းများ
👉Cannon Camera G15
👉GPS Device
👉650$
👉Hamonica
👉Columbia Hat (နိင်ငံ ၁၀ နိင်ငံအလံပါ)
👉Touchlight
👉Samsung Phone Charger
👉Mirvia Power Bank 15000mA
ကားပေါ်မှ အခြားခရီးသည်များ ဆင်းသက်ရာတွင် အိတ်မှား၍ ယူဆောင်သွားနိင်ကြောင်း ယူဆရ၍ ယဉ်မောင်းမှ လိုက်လံစုံစမ်း ဆက်သွယ်ပေးနေပြီး အကယ်၍ လမ်းမှာ ကျခဲ့သော် တွေ့ရှိခဲ့ပါက သီပေါမြို့မ ရဲစခန်းဖုန်းသို့ ဆက်သွယ်သတင်းပေးပို့နိင်ပါရန် အကူညီတောင်းခံ အပ်ပါသည်
☎08280005(သီပေါမြို့မ ရဲစခန်း)
No comments:
Post a Comment