Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 8, 2018

ျမန္မာႏိုင္ငံ၏ ေခတ္အဆက္ဆက္ လယ္ယာေျမဥပေဒမ်ားႏွင့္ ပတ္သက္ၿပီး သိရွိထားသင့္သည့္ ဗဟုသုတမ်ား

ေမး- ျမန္မာႏုိင္ငံေခတ္အဆက္ဆက္ လယ္ယာေျမဥပေဒမ်ားနဲ႔ပတ္သက္ၿပီး အန္ကယ္တုိ႔ရဲ႕ အေတြ႕အႀကံဳအရ အေျခအေနမ်ားကုိ ရွင္းလင္းေျပာၾကားေပးပါရန္ ေမတၱာရပ္ခံအပ္ပါသည္။

ေျဖ- အန္ကယ္အေနနဲ႔ ေၾကးတုိင္ႏွင့္ ေျမစာရင္းဦးစီးဌာနမွာ ႏွစ္ေပါင္း(၃၀)ေက်ာ္ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး အၿငိမ္းစားယူခဲ့သည္မွာလည္း ႏွစ္ေပါင္း(၂၀)ခန္႔ေလာက္ ရွိၿပီျဖစ္ပါတယ္။ ေတာင္သူလယ္သမားမ်ားႏွင့္ အနီးကပ္ထိေတြ ႕သူမ်ားျဖစ္၍ ေတာင္သူလယ္သမားမ်ား၏ ဘ၀အေျခအေနမ်ားကိုလည္း သိရွိသူမ်ား ျဖစ္ၾကပါတယ္။ ေခတ္အဆက္ဆက္ အစိုးရ အဆက္ဆက္တို႔၏ ေျမယာမူ၀ါဒ(LAND POLICY) ေျမယာပုိင္ဆုိင္မႈစနစ္ (LAND TENURE) စသည့္ ေျမယာစီမံခန္႔ခြဲမႈ လုပ္ငန္းေပါင္းမ်ားစြာကို ထိေတြ႕တာ၀န္ယူလာသည့္ ပုဂ္ၢိဳလ္မ်ားလည္း ျဖစ္ၾကပါတယ္။ အန္ကယ္အေနနဲ႔ ျမန္မာဘုရင္မ်ားလက္ထက္ ေျမယာစနစ္ကို ပထမေျပာၾကားလုိပါတယ္။ ျမန္မာႏိုင္ငံဟာ ဘုရင့္ႏိုင္ငံအျဖစ္ျဖင့္ ႏွစ္ေပါင္းမ်ားစြာ စားေသာက္ေနထုိင္လာခဲ့သည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။

လူမ်ားဟာ ေျမယာမ်ားကို အေျခခံၿပီး လုပ္ကုိင္စားေသာက္ေနထိုင္သူမ်ားျဖစ္၍ ေျမယာသမိုင္းသည္ပင္လွ်င္ လူသားတို႔၏ သမိုင္းပင္ျဖစ္သည္ဟု ေခၚဆိုႏုိင္ပါတယ္။ ျမန္မာဘုရင္မ်ား အုပ္စုိးစဥ္ကာလ ေျမယာစနစ္မွာ ေျမရွင္ပေဒသရာဇ္စနစ္ (FEUDLISM)ျဖစ္ၿပီး ျမန္မာဘုရင္မ်ား အုပ္စိုးစဥ္ကာလ ေျမယာစနစ္ကို ေလ့လာၾကည့္လွ်င္ --

(က) ဘုရင့္ေျမ၊

(ခ) မင္းညီမင္းသားေျမ၊

(ဂ) အမႈထမ္းေျမ၊

(ဃ) အမ်ားျပည္သူပိုင္ေျမ၊

(င) ၀တၱကေျမ၊

ဟူ၍ ေျမယာအသံုးခ်သည့္ စနစ္(၅)မ်ိဳးေတြ႕ရပါတယ္။ ဒုတိယအေနနဲ႔ ၿဗိတိသွ်အစိုးရ လက္ထက္ ေျမယာစနစ္ကို ေျပာၾကားလိုပါတယ္။ ၁၈၂၅ခုႏွစ္၊ ေမလ(၅)ရက္ေန႔တြင္ ၿဗိတိသွ်တို႔ဟာ စစ္ေၾကျငာၿပီး ျမန္မာႏိုင္ငံကို က်ဴးေက်ာ္တုိက္ခိုက္ရာ ျမန္မာတို႔စစ္႐ႈံးသျဖင့္ ၁၈၂၆ခုႏွစ္၊ ေဖာ္ေဖာ္၀ါရီလ (၂၄)ရက္ေန႔တြင္ ရႏၲပိုစာခ်ဳပ္ခ်ဳပ္ဆို၍ စစ္ေျပၿငိမ္းလိုက္ရပါတယ္။ ရခုိင္နွင့္ တနသၤာရီေဒသတို႔ကို ၿဗိတိသွ်တို႔ သိမ္းယူသြားခဲ့ၿပီး ၿဗိတိသွ်တို႔ ေအာက္ျမန္မာျပည္ကို သိမ္းယူစဥ္က ေျမရွင္ပေဒသရာဇ္စနစ္(LAND FEUDALISM)ကိုေဖ်ာက္ၿပီး ေျမယာအားလံုး အစိုးရပိုင္ေျမအျဖစ္ သတ္မွတ္လ်က္ ကိုယ္ပိုင္ႀကီးၾကပ္ထုတ္လုပ္သည့္ ေျမယာအရင္းရွင္စနစ္ (LAND CAPITALISM)ကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္လာခဲ့ပါတယ္။ ၿဗိတိသွ်တို႔ဟာ ျမန္မာ့လယ္ယာ သယံဇာတမွ အစြန္းအျမတ္ထုတ္ယူရန္ ရည္ရြယ္လာျခင္းျဖစ္ပါတယ္။ ၿဗိတိသွ်နယ္ခ်ဲ႕တို႔ဟာ ေအာက္ျမန္မာျပည္မွ ေျမအားလံုးကို ႏိုင္ငံပုိင္ေျမ(STATE LAND )အျဖစ္ သိမ္းယူလိုက္ၿပီး
--
(၁) စကြာတာစနစ္ (squatter system)၊
(၂) ပတၱာစနစ္ (patter system )၊
(၃) ေျမငွားစနစ္ (lease system)၊
(၄) ဂရန္စနစ္ (grant system)၊
(၅) ကိုလိုနီစနစ္ (colony system)၊
ဟူ၍ ေျမယာစနစ္(၅)မ်ိဳးကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ပါတယ္။

ေမး- ျမန္မာဘုရင္မ်ားလက္ထက္ႏွင့္ ၿဗိတိသွ်အစိုးရလက္ထက္တို႔မွာ လယ္ယာေျမစည္းကမ္းမ်ားႏွင့္ ပတ္သက္၍ ဘယ္လိုရွိခဲ့ၿပီး ဘယ္လိုကြာျခားမႈ ရွိေၾကာင္းကိုလည္း ရွင္းျပေပးပါဦး။

ေျဖ- ျမန္မာျပည္ဘုရင္မ်ားေခတ္ လယ္ယာေျမစည္းကမ္းမ်ားမွာ --

(၁) လယ္ယာေျမလုပ္ကိုင္သူအားလံုးဟာ ေျမခြန္ေတာ္ ကင္းလြတ္ခြင့္ ျပဳထားသူမ်ားမွအပ သတ္မွတ္ထားေသာ ေျမခြန္ေတာ္ကို ေပးေဆာင္ရပါတယ္။

(၂) လယ္ယာေျမ လုပ္ကိုင္သူ သီးစားဟာ ေျမရွင္ကို သီးစားခ ေပးေစရပါတယ္။

(၃) အေမြဆက္ခံမည့္သူမရွိေသာ ဘုရင္ေျမ၊ မင္းညီမင္းသားေျမ၊ အမႈထမ္းေျမ၊ ၀တၱကေျမမ်ားတြင္ ကိုယ္တိုင္လုပ္ကိုင္ၿပီး လက္စားလုိက္စနစ္အရ အခ်င္းခ်င္း ႐ိုင္းပင္းကူညီလုပ္ကုိင္ျခင္းေၾကာင့္ လယ္ယာေျမ အျငင္းပြားမႈ အထူးနည္းပါးေၾကာင္း သိရတယ္ဗ်။ ဆက္လက္ၿပီး ၿဗိတိသွ်ေခတ္ ေျမယာစည္းကမ္းမ်ားအေၾကာင္းကို ေျပာျပပါမယ္။ ၿဗိတိသွ်ေခတ္ ေျမယာစည္း ကမ္းမ်ားမွာ --

(၁) မိမိသေဘာအရ က်ဴးေက်ာ္လုပ္ကိုင္သူမ်ားႏွင့္ တရား၀င္ခ် ထား၍ လုပ္ကိုင္ေနသူမ်ားသည္ ႏုိင္ငံေတာ္သုိ႔ သတ္မွတ္ေသာ ႏႈန္းထားအတုိင္း ေျမခြန္ေတာ္ေပးေဆာင္ရပါတယ္။
(၂) ေျမရွင္တို႔သည္ ၎တို႔စိတ္ႀကိဳက္ေရြးခ်ယ္ၿပီး လယ္ယာေျမကို သီးစားခ်ထားႏုိင္ပါတယ္။
(၃) သီးစားခႏႈန္းထားကိုလည္း ကန႔္သတ္မႈမရွိ ေျမရွင္က သတ္မွတ္ႏိုင္ပါတယ္။
(၄) သီးစားခမ်ားကိုလည္း ပ်က္ကြက္ျခင္းျဖင့္ လိမ္လည္မႈမရွိေစရ ပါဘူး။
(၅) ေျမယာမႈခင္းႏွင့္ပတ္သက္၍ တရား႐ံုးမွာ တရားစြဲဆိုခြင့္ရွိတယ္။
(၆) အမႈ႐ႈံးသူဟာ ေျမေပၚမွာ ဆက္လက္ က်ဴးေက်ာ္မႈ မရွိေစရဘူး။
(၇) ေျမေပၚရွိ လုပ္ငန္းခြင္ပစၥည္းမ်ားကို ဖ်က္စီးျခင္း မျပဳရဘူး။
(၈) တရား႐ံုးအမိန္႔ျဖင့္ လူကို ေသာ္လည္းေကာင္း၊ ထြန္တံုးထြန္တံႏွင့္ လယ္လုပ္ကိရိယာမ်ားကို ၀ရမ္းကပ္နိုင္တယ္။

(၉) စည္းကမ္းေဖာက္ဖ်က္ပါက ရာဇသတ္ႀကီးပုဒ္မ ၁၈၈၊ ၄၂၀၊ ၄၀၆၊ ၄၂၆ ႏွင့္ ၄၄၇ တို႔နဲ႔ တရားစြဲလို႔ရတယ္။ ၿဗိတိသွ်ေခတ္မွာ ေတာင္သူလယ္သမားတို႔ရဲ႕ လူေနမႈဘ၀အေျခအေနက ေျမရွင္ႀကီးမ်ားရဲ႕ ဖိႏွိပ္ခံသီးစားဘ၀ အဆင့္ အေနနဲ႔သာ ေနထုိင္ခဲ့ရသလို လယ္ပုိင္ရွင္ႀကီးမ်ားရဲ႕ ဘ၀နဲ႔လည္း ေနထုိင္ခဲ့ရ တယ္။

ေမး- ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီး လယ္ယာလုပ္ကုိင္မႈႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္၏ သေဘာထားကို ျပည္ေထာင္စု ျမန္မာႏိုင္ငံ၏ ဖြဲ႕စည္းပံုအေျခခံဥပေဒ၏ အခန္း(၃) ပုဒ္မ(၃၀)တြင္ --

(၁) နိုင္ငံေတာ္သည္ ေျမအားလံုးရဲ႕ ပင္ရင္းပုိင္ရွင္ျဖစ္တယ္။

(၂) ဤအေျခခံဥပေဒ၏ ျပဌာန္းခ်က္ျဖင့္ မဆန္႔က်င္ေစဘဲ ေျမယာပုိင္ဆုိင္ခြင့္စနစ္မ်ားကို စည္းမ်ဥ္းတက် ျဖစ္ေပၚေစဖို႔ အတြက္ေသာ္လည္းေကာင္း၊ လႊဲေျပာင္းရန္ေသာ္လည္းေကာင္း၊ ဖ်က္သိမ္းရန္ေသာ္လည္းေကာင္း၊ ႏိုင္ငံေတာ္၌ အခြင့္အေရးရရွိရမည္။ ဒါမွမဟုတ္ ဘယ္လို လယ္ယာေျမကိုမဆို ျပန္သိမ္းယူၿပီးလွ်င္ ထိုေျမယာကို စုေပါင္းစိုက္ပ်ိဳးေရးအတြက္ ျဖစ္ေစ၊ သမ၀ါယမစိုက္ပ်ိဳးေရးအတြက္ ျဖစ္ေစ၊ လယ္သီးစားမ်ားသို႔ျဖစ္ေစ ေ၀ငွေပးရန္ ျဖစ္တယ္။

(၃) ဘယ္လိုအေျခခံစနစ္ႏွင့္မွ ေနရာ အေျမာက္အမ်ားကို ပုိင္ဆုိင္ႏုိင္ေသာ အခြင့္အေရးမရွိေစရ။ တစ္ဦးတည္းပိုင္ဆုိင္ႏုိင္ေသာ အခြင့္အေရးမရွိေစရ။ တစ္ဦးတည္းပိုင္ျဖစ္ေစ ေျမယာ၏ အမ်ားဆံုးအေရအတြက္ကို တရားဥပေဒနဲ႔ သတ္မွတ္ရမယ္လို႔ ျပဌာန္းထားပါတယ္။ ၁၉၅၃ ခုႏွစ္ လယ္ယာေျမဥပေဒသစ္ကို ပါတီမန္ေခတ္တြင္ တင္သြင္းအတည္ျပဳ ျပဌာန္းခဲ့တယ္။ ၁၉၅၃ခုႏွစ္ လယ္ယာေျမႏိုင္ငံျပဳလုပ္ေရး အက္ဥပေဒဟာ ၁၉၅၃ခုႏွစ္ ဇြန္လ ၂၂ ရက္ေန႔မွာ ျမန္မာႏိုင္ငံေတာ္တစ္၀န္းလံုးတြင္ အာဏာတည္ခဲ့တယ္။ လယ္ယာေျမႏိုင္ငံပိုင္ ျပဳလုပ္ေရးစီမံကိန္းရဲ႕ ရည္ရြယ္ခ်က္မွာ ေျမရွင္ႀကီးစနစ္ကို ဖ်က္သိမ္းၿပီး ေျမယာစနစ္သစ္ တည္ေဆာက္ေရးပင္ျဖစ္တယ္။ တစ္နည္းအားျဖင့္ေျပာမယ္ဆိုရင္ လယ္မလုပ္သူ လယ္ပိုင္ရွင္မ်ားထံကေန လယ္ယာေျမမ်ားကို သိမ္းယူတယ္။ အမွန္တကယ္လုပ္ကိုင္မဲ့ ေတာင္သူလယ္သမားမ်ားကို လူတန္းေစ့ ေနမႈ၊ စားမႈ၊ ၀တ္မႈ တို႔ျဖင့္ ျမႇင့္တင္ဖို႔ ရည္ရြယ္ခဲ့တယ္။ အဲဒီကတစ္ဆင့္ ေက်းလက္စီးပြားေရးစနစ္သစ္ကို ေခတ္နဲ႔အညီ တည္ေဆာက္ၿပီး ေတာင္သူလယ္သမားမ်ား၏ ဘ၀သစ္ကို ဖန္တီးရန္ပဲျဖစ္တယ္။

ေမး- အန္ကယ္ေျပာသြားတဲ့အထဲမွာ မည္သည့္အေျခခံစနစ္နဲ႔မွ ေနရာအေျမာက္အမ်ားကုိ ပုိင္ဆုိင္ႏုိင္ေသာ အခြင့္မရွိေစရဟု ေျပာသြားပါတယ္။ လက္ေတြ႕အေျခအေနမွာေကာ ဘယ္လိုအေျခအေနရွိတယ္ဆိိုတာ သိလိုပါတယ္။
ေျဖ- ပါလီမန္အစုိးရလက္ထက္မွာ လယ္ယာေျမႏိုင္ငံပိုင္ အက္ဥပေဒကို ျပ႒ာန္းၿပီး ေဆာင္ရြက္ခဲ့ေသာ္လည္းပဲ ၁၉၆၂ခုႏွစ္ မတ္လ(၂)ရက္ေန႔တြင္ ေတာ္လွန္ေရးအစုိးရ တက္လာသည့္တုိင္ေအာင္ လယ္ယာေျမႏိုင္ငံပုိင္ျပဳလုပ္ေရး ဆက္လက္အေကာင္အတည္ေဖာ္ရန္ မျဖစ္ႏုိင္ေတာ့ပါ။ ျမန္မာ့လယ္ယာေျမသမိုင္းတြင္ ပထမဆံုးေျမယာျပဳျပင္ေျပာင္းလဲမႈ (LAND REFORM)လုပ္ျခင္းမွာ ရည္မွန္းခ်က္ပန္းတုိင္သုိ႔ ဆက္လက္ ခ်ီတက္ျခင္းမရွိ၍ ၁၉၅၈-၅၉ ခုႏွစ္မွာပင္ ရပ္ တန္႔သြားခဲ့ရပါတယ္။ ေတာ္လွန္ေရးေကာင္စီ အစိုးရလက္ထက္မွာ လယ္ယာေျမလုပ္ကုိင္မႈစနစ္ကို ေတာ္လွန္သည့္ ၁၉၆၃ ခု သီးစားခ်ထားေရးဥပေဒကို ၁၉၆၃ခုႏွစ္၊ ေမလ(၂၅) ရက္ေန႔တြင္ ျပ႒ာန္းလုိက္ပါတယ္။ ယင္း ဥပေဒအရ သီးစားလုပ္ကိုင္သည့္ ေျမမွန္သမွ်ကို ေတာ္လွန္ေရးေကာင္စီအစုိးရကသာ ဦးစီးကြပ္ကဲ၍ သီးစားခ်ထားရန္ ျဖစ္ၿပီး ဗဟိုလံုၿခံဳေရးႏွင့္ အုပ္ခ်ဳပ္မႈေကာ္မတီမွ ကြၽမ္းက်င္မ်ား ထည့္သြင္း၍ --

(က) ဗဟိုေျမယာေကာ္မတီ၊
(ခ) တုိင္းေျမယာေကာ္မတီ၊
(ဂ) ၿမိဳ႕နယ္ေျမယာေကာ္မတီ၊
(ဃ) ရပ္ကြက္/ေက်းရြာအုပ္စု ေျမယာေကာ္မတီ၊
ဟူ၍ ေျမယာေကာ္မတီမ်ား အဆင့္ဆင့္ကုိ ဖြဲ႕စည္းခဲ့ပါတယ္။
၁၉၆၃ ခုႏွစ္ သီးစားခ်ထားေရး ဥပေဒမွာ လယ္လုပ္ကိရိယာမ်ားနဲ႔ ေျမယာလုပ္ကိုင္သူ သီးစားမ်ားရဲ႕ ပစၥည္းမ်ားကို ၀ရမ္းကပ္ သိမ္းစည္းျခင္းနဲ႔ လူကို ဖမ္းဆီးခ်ဳပ္ေႏွာင္တရားစြဲဆိုျခင္းမ်ား မျပဳရ ျပ႒ာန္းခ်က္ပါရွိတယ္။ ဒါ့အျပင္ ရာဇသတ္ႀကီးပုဒ္မ ၄၄၇၊ ၄၂၆၊ ၄၀၆၊ ၄၂၀၊ ၁၈၈ တို႔အရ အေရးယူတရားစြဲဆိုမႈမ်ားကိုလည္း ကာကြယ္ထားျခင္းမ်ား ေတြ႕ရတယ္။

ေျမယာခ်ထားျခင္းမ်ားကို အဆင့္ဆင့္ ေျမယာေကာ္မတီက ဥပေဒနဲ႔အညီ ေဆာင္ရြက္ခဲ့ၿပီး ေတာင္သူလယ္သမားမ်ားရဲ႕ လုပ္ကြက္မ်ား တည္ၿငိမ္ေအးခ်မ္းၿပီး ေအးေအးခ်မ္းခ်မ္း ေနခဲ့ရတယ္။ ေတာင္သူလယ္သမားမ်ားအေနနဲ႔လည္း မတရားေျမယာသိမ္းဆည္းခံရျခင္း၊ ေျမယာလက္လြတ္ ဆံုး႐ႈံးမႈမ်ား မေပၚေပါက္ခဲ့ဘူး။ ဗဟိုေျမယာေကာ္မတီကို ဖ်က္သိမ္းတယ္။ အဲ့ဒီေနာက္မွာ လယ္ယာေျမမ်ားကို မတရားသိမ္းဆည္းမႈမ်ား၊ စာခ်ဳပ္စပါးမေက်လို႔ လယ္သမားမ်ား ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္း၊ လယ္ယာေျမမ်ား သိမ္းဆည္းျခင္း အဲ့ဒီလို အနိ႒ာ႐ံုမ်ားကို ေတာင္သူလယ္သမားမ်ား ခါးစည္းၿပီး ခံခဲ့ရတယ္။

ေမး- အခု ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒနဲ႔ပတ္သက္ၿပီး အန္ကယ့္ရဲ႕ သေဘာထား ဘယ္လိုရွိသလဲဆိုတာ ေျပာျပေစခ်င္ပါတယ္ အန္ကယ္။

ေျဖ- ၂၀၁၂ လယ္ယာေျမဥပေဒကို ၂၀၁၂ခုႏွစ္ မတ္လ(၃၀)ရက္ေန႔မွာ လယ္ယာေျမဥပေဒကို ျပ႒ာန္းခဲ့တာကို အားလံုးသိၿပီးျဖစ္ပါတယ္။ အဲ့ဒီဥပေဒျပဳစုရာမွာ အခ်ိန္တိုေလးအတြင္း ေရးဆြဲခဲ့တယ္။ ျပည္သူ႔လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီမ်ားတြင္ လယ္ယာလုပ္ငန္းနွင့္ ေတာင္သူလယ္သမားမ်ားႏွင့္ ထိေတြ႕မႈနည္းပါးျခင္း စသည္တို႔ေၾကာင့္ ဒီဥပေဒမွာ အားနည္းခ်က္မ်ားရွိိခဲ့တယ္လို႔ သံုးသပ္ခ်င္ပါတယ္။ ေျမယာမူ၀ါဒႏွင့္ လုပ္ကုိင္မႈစနစ္ကို ျပဳျပင္ေျပာင္းလဲေရးအတြက္ ဥပေဒေတြ ျပ႒ာန္းက်င့္သံုးခဲ့တဲ့ေနရာမွာ ဘယ္လိုတုိင္းျပည္မွ အားရေက်နပ္နွစ္သက္ၿပီး စင္းလံုးေခ်ာေကာင္းမြန္တဲ့ ဥပေဒလို႔ ေျပာဖို႔ဆိုတာ ခက္ခဲတယ္။

၂၀၁၂ ေျမယာဥပေဒအခန္း(၂) ပုဒ္မ(၆)မွာ သက္ဆုိင္ရာခ႐ိုင္ လယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႕ သေဘာတူညီခ်က္နဲ႔ ၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာနတြင္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ မွတ္ပံုတင္ေၾကး ေပးေဆာင္၍ မွတ္ပံုတင္ၿပီး လယ္ယာေျမလုပ္ကုိင္ခြင့္လက္မွတ္ ထုတ္ေပးရမယ္လို႔ ျပ႒ာန္းထားတာ ေတြ႕ရွိရတယ္။ ဒီျပ႒ာန္းခ်က္နဲ႔ပတ္သက္ၿပီး မွတ္ပံုတင္ႏုိင္ေရးမွာ လယ္သမားမ်ားအေနနဲ႔ မိမိတို႔ရဲ႕ ေက်းရြာမွာ ၿမိဳ႕နယ္ကို အႀကိမ္ႀကိမ္ သြားလာေနရၿပီး ခရီးစရိတ္၊ စားစရိတ္၊ ကုန္က်ရတယ္။ မွတ္ပံုတင္ဖုိ႔အေရး စာရြက္တမ္းေတြ၊ စာခ်ဳပ္ေတြ ေရးဖို႔ အခက္အခဲ ႀကံဳေနရသည့္အျပင္ တတ္ကြၽမ္းတဲ့သူကို အကူအညီမ်ား ယူရမယ္ဆိုရင္လည္း ေငြကုန္ေၾကးက်ေတြ မ်ားတယ္။ ဒါ့အျပင္ မွတ္ပံုတင္ၿပီး လုပ္ငန္းခြင္လက္မွတ္ ရရွိေရးအတြက္လည္း လုပ္ငန္းအဆင့္ မ်ားျပားလို႔ လေပါင္းေျမာက္မ်ားစြာ အခ်ိန္ၾကန္႔ၾကာတယ္လို႔ ေျပာခ်င္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ နည္းဥပေဒမွာ လြယ္ကူတဲ့နည္းလမ္း ေငြကုန္ေၾကးက်နည္းတဲ့နည္းလမ္းေတြမွာ အခ်ိန္တိုအတြင္း ေဆာင္ရြက္ႏိုင္တဲ့နည္းလမ္းေတြကို ျပ႒ာန္းသင့္တယ္။ အန္ကယ္ဆိုလိုတာက ေတာင္သူလယ္သမားမ်ားအတြက္ ၀န္ထုပ္၀န္ပိုး မျဖစ္ေစဖို႔ ဦးစားေပးေဆာင္ရြက္သင့္တယ္။ တ႐ုတ္ျပည္သူ႔ ကြန္ကရက္ဥပေဒၾကမ္းေရးဆြဲေရးေကာ္မတီ(Bill Committee ) အေနနဲ႔ ဥပေဒမူၾကမ္းမ်ားကို သတင္းစာနဲ႔ အင္တာနက္တို႔မွာ ႀကိဳတင္ေဖာ္ျပၿပီး ျပည္သူတို႔ရဲ႕ အႀကံဉာဏ္မ်ားကို ရယူေဆာင္ရြက္တယ္ဆုိတာ သိရတယ္။ ျမန္မာႏိုင္ငံမွာလည္း အဲဒီလို ေဆာင္ရြက္သြားသင့္တယ္ဆိုတာလည္း ေျပာခ်င္ပါတယ္။

ေမး- ေနာက္ဆံုးအေနနဲ႔ အန္ကယ့္အေနနဲ႔ ဘာေတြမ်ား အႀကံျပဳခ်င္ပါသလဲ။
ေျဖ- အန္ကယ္တို႔အေနနဲ႔ အႀကံျပဳခ်င္ တင္ျပလိုတာက-

(၁) လူဦးေရဆိုတာ အၿမဲတိုးတက္ေနေသာ္လည္း လူဦးေရလို ေျမယာဆိုတာ တိုးတက္မ်ားျပားလာတဲ့ပစၥည္းမဟုတ္ဘူး။ သယံဇာတေတြ ပ်က္စီးဆံုး႐ႈံးမႈ မျဖစ္ေစေရးကို အေလးေပးၿပီးေတာ့ ကာကြယ္သင့္တယ္။

(၂) ျဖစ္ေပၚလာမယ့္ လယ္ယာေျမဥပေဒ၊ နည္းဥပေဒမ်ားဟာ ေတာင္သူလယ္သမားမ်ားကို ဗဟိုျပဳၿပီးေတာ့ လုပ္ဖို႔လုိအပ္တယ္။

(၃) ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ဖြဲ႕စည္းပံု အေျခခံဥပေဒ အခန္း(၁)၊ ပုဒ္မ(၂၃)(က)အရ ေျမယာသယံဇာတ ကာကြယ္ထိန္း သိမ္းဖို႔ဆိုတာကို ဥပေဒျပ႒ာန္းသင့္ၿပီး အဲ့ဒီျပ႒ာန္းခ်က္နဲ႔အညီ ေဆာင္ရြက္ အေကာင္အထည္ေဖာ္သင့္တယ္။

(၄) ေတာင္သူလယ္သမားေတြ စီးပြားေရးၿပိဳလဲသြားမယ္ဆိုရင္ ႏုိင္ငံေတာ္တစ္ခုလံုးရဲ႕ စီးပြားေရးလည္း ၿပိဳလဲပ်က္စီးသြားႏိုင္တဲ့ အတြက္ေၾကာင့္ ေတာင္သူလယ္သမားတို႔ရဲ႕ စီးပြားေရးတုိးတက္မႈကို ဦးစားေပးသင့္တယ္။

(၅) ေျမရွင္ႀကီးစနစ္ဆိုတာ ေခတ္အဆက္ဆက္ ေတာင္သူလယ္ သမားမ်ားကို ဖိႏွိပ္ခဲ့သည့္အျပင္ ေတာင္သူလယ္သမားမ်ားကိုလည္း အက်ိဳးမျပဳေသာစနစ္ ျဖစ္တဲ့အတြက္ေၾကာင့္ ေျမရွင္ႀကီးမ်ားထပ္မံ မျဖစ္ေပၚႏိုင္ေရးကို အထူး ကာကြယ္ဖို႔ လိုအပ္တယ္။

(၆) စိုက္ပ်ိဳးေရးကို အရွိန္အဟုန္နဲ႔ေဆာင္ရြက္ရာမွာ ေတာင္သူလယ္သမားမ်ား ေျမယာလက္ရလႊတ္ျခင္း၊ အစမ္းသပ္ခံ၊ စေတးခံ ေတာင္သူလယ္သမားေတြ မျဖစ္ဖို႔ လိုအပ္တယ္။

(၇) လုပ္ငန္းရွင္မ်ားႏွင္႔ ေတာင္သူလယ္သမားမ်ား အက်ိဳးတူ ဖက္စပ္လယ္ယာလုပ္ငန္းလုပ္ကုိင္ရာမွာ ေတာင္သူလယ္သမားမ်ားအတြက္ အက်ိဳးအျမတ္မရိွိပါဘဲ ေတာင္သူလယ္သမားမ်ားအတြက္ ေျမယာလက္လႊတ္ခဲ့ရၿပီး တစ္ခ်ိဳ႕ဆိုရင္ လုပ္ငန္းရွင္ရဲ႕ တရားစြဲမႈမ်ားကိုပင္ ခံေနရၿပီး အဲ့ဒီလိုအျဖစ္မ်ိဳး မျဖစ္ဖို႔ရန္အတြက္ ေတာင္သူလယ္သမားမ်ားကို အကယ္အကြယ္ေပးသြားရန္ လိုအပ္ပါတယ္။

(၈) လုပ္ငန္းရွင္မ်ားနဲ႔ ေတာင္သူလယ္သမားမ်ား အက်ိဳးတူ လုပ္ကိုင္မယ္ဆိုရင္ ေတာင္သူလယ္သမားမ်ား ေရရွည္အကိ်ဳးရွိႏုိင္မယ့္ လုပ္ငန္းမ်ိဳးကိုသာ ခြင့္ျပဳသင့္တယ္။ ေတာင္သူလယ္သမားမ်ား သေဘာမတူရင္ေတာ့ ခြင့္မျပဳသင့္ဘူး။ ေတာင္သူလယ္သမားမ်ားကုိ အဓမၼဖိအားေပးမႈမ်ိဳးကို ေရွာင္ရွားရန္ လိုအပ္တယ္။

(၉) လုပ္ငန္းရွင္မ်ား လယ္ယာလုပ္ကုိင္ခြင္မွာ ပါ၀င္ေဆာင္ရြက္လိုရင္ ေျမလြတ္ေျမ႐ိုင္းမ်ားကို လယ္ယာေျမေဖာ္ထုတ္ျခင္းလုပ္ငန္းကို ေဆာင္ရြက္သင့္တယ္။

(၁၀) လယ္ယာေျမမ်ားမွာ လုပ္ငန္းရွင္ႏွင့္ ႏိုင္ငံျခားလုပ္ငန္းရွင္မ်ားရဲ႕ လုပ္ကုိင္ခြင့္ကို နို္င္ငံေတာ္သမၼတရဲ႕ သေဘာတူညီခ်က္ ရယူၿပီးမွ ဗဟိုေျမယာေကာ္မတီက ခြင့္ျပဳခ်က္ ေပးသင့္တယ္။

(၁၁) ႏုိင္ငံေတာ္အစုိးရရဲ႕ လုပ္ငန္းေတြအတြက္ လယ္ယာေျမကိုသိမ္းယူခြင့္ရွိၿပီး ေျမယာသိမ္းဆည္းျခင္း အခြင့္အာဏာကို ဗဟိုေျမယာေကာ္မတီအား အပ္ႏွံလ်က္ ဗဟိုေျမယာေကာ္မတီကသာ ေျမယာသိမ္းဆည္းခြင့္ အမိန္႔ကို ထုတ္ေပးဖို႔ ေျမယာသိိမ္းဆည္းခံရသည့္ ေတာင္သူလယ္သမားမ်ားအတြက္ တန္ရာတန္ေၾကးေပးၿပီး အသက္ေမြးမႈလုပ္ငန္းမ်ား၊ မထိခိုက္ေစဖို႔အတြက္ စီမံေဆာင္ရြက္ေပးသင့္တယ္။

(၁၂) ဆယ္စုႏွစ္မ်ားစြာကတည္းက လယ္ယာေျမေတြကုိ အကန္႔အသတ္မရွိ တျခားနည္းအသံုးျပဳ၍ လက္ရွိအေျခအေနတြင္ စပါးစိုက္ပ်ိဳးထုတ္လုပ္မႈမွာ အားနည္းေနတယ္လုိ႔ သံုးသပ္မိပါတယ္။ ကမ႓ာ့ဘဏ္ေခ်းေငြနဲ႔ ေျမယာေဖာ္ထုတ္ျခင္း လုပ္ငန္းေတြကို ဧရာ၀တီတိုင္းမွာ ေဆာင္ရြက္ေပးခဲ့သလိုပဲ အခုအခါမွာလည္း အလားတူ ေဖာ္ထုတ္ေဆာင္ရြက္သြား သင့္တယ္။

(၁၃) အႀကီးစားေျမယာစနစ္ (LARGE SCALE FARMING)ဆိုတာ ထုတ္လုပ္မႈကုိ အေထာက္အကူ ျပဳေသာ္လည္း ျမန္မာႏိုင္ငံရဲ႕ (၇၀)ရာခိုုင္ႏႈန္း ေတာင္သူလယ္သမားမ်ားရဲ႕ဘ၀ ေျမပုိင္ဆုိင္မႈအေျခအေနနဲ႔ လယ္ယာေျမမ်ားရဲ႕ သြင္ျပင္လကၡဏာမ်ားကို အထူးအေလးေပး စဥ္းစားသင့္ေၾကာင္း ေျပာလိုပါတယ္။ အန္ကယ္က အၿငိမ္းစား ၀န္ထမ္းဆိုေတာ့ အသက္အရြယ္ႀကီးျမင့္သူမ်ားျဖစ္လို႔ မိခင္ေျမႀကီးဆီ ျပန္ၾကဖို႔ အခ်ိန္နီးပါၿပီ။ အခုလို အႀကံေပးရျခင္းမွာလည္း ေခတ္မီႏိုင္ငံေတာ္သစ္ ျဖစ္ေပၚလာေရးအတြက္ တင္ျပရျခင္းျဖစ္ပါတယ္။

Credit: Rule Of Law In Myanmar


#Unicode Version#

မေး- မြန်မာနိုင်ငံခေတ်အဆက်ဆက် လယ်ယာမြေဥပဒေများနဲ့ပတ်သက်ပြီး အန်ကယ်တို့ရဲ့ အတွေ့အကြုံအရ အခြေအနေများကို ရှင်းလင်းပြောကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဖြေ- အန်ကယ်အနေနဲ့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ နှစ်ပေါင်း(၃၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်မှာလည်း နှစ်ပေါင်း(၂၀)ခန့်လောက် ရှိပြီဖြစ်ပါတယ်။ တောင်သူလယ်သမားများနှင့် အနီးကပ်ထိတွေ့သူများဖြစ်၍ တောင်သူလယ်သမားများ၏ ဘဝအခြေအနေများကိုလည်း သိရှိသူများ ဖြစ်ကြပါတယ်။ ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက်တို့၏ မြေယာမူဝါဒ(LAND POLICY) မြေယာပိုင်ဆိုင်မှုစနစ် (LAND TENURE) စသည့် မြေယာစီမံခန့်ခွဲမှု လုပ်ငန်းပေါင်းများစွာကို ထိတွေ့တာဝန်ယူလာသည့် ပုဂ်္ဂိုလ်များလည်း ဖြစ်ကြပါတယ်။ အန်ကယ်အနေနဲ့ မြန်မာဘုရင်များလက်ထက် မြေယာစနစ်ကို ပထမပြောကြားလိုပါတယ်။ မြန်မာနိုင်ငံဟာ ဘုရင့်နိုင်ငံအဖြစ်ဖြင့် နှစ်ပေါင်းများစွာ စားသောက်နေထိုင်လာခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

လူများဟာ မြေယာများကို အခြေခံပြီး လုပ်ကိုင်စားသောက်နေထိုင်သူများဖြစ်၍ မြေယာသမိုင်းသည်ပင်လျှင် လူသားတို့၏ သမိုင်းပင်ဖြစ်သည်ဟု ခေါ်ဆိုနိုင်ပါတယ်။ မြန်မာဘုရင်များ အုပ်စိုးစဉ်ကာလ မြေယာစနစ်မှာ မြေရှင်ပဒေသရာဇ်စနစ် (FEUDLISM)ဖြစ်ပြီး မြန်မာဘုရင်များ အုပ်စိုးစဉ်ကာလ မြေယာစနစ်ကို လေ့လာကြည့်လျှင် --

(က) ဘုရင့်မြေ၊

(ခ) မင်းညီမင်းသားမြေ၊

(ဂ) အမှုထမ်းမြေ၊

(ဃ) အများပြည်သူပိုင်မြေ၊

(င) ဝတ္တကမြေ၊

ဟူ၍ မြေယာအသုံးချသည့် စနစ်(၅)မျိုးတွေ့ရပါတယ်။ ဒုတိယအနေနဲ့ ဗြိတိသျှအစိုးရ လက်ထက် မြေယာစနစ်ကို ပြောကြားလိုပါတယ်။ ၁၈၂၅ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ဗြိတိသျှတို့ဟာ စစ်ကြေငြာပြီး မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရာ မြန်မာတို့စစ်ရှုံးသဖြင့် ၁၈၂၆ခုနှစ်၊ ဖော်ဖော်ဝါရီလ (၂၄)ရက်နေ့တွင် ရန္တပိုစာချုပ်ချုပ်ဆို၍ စစ်ပြေငြိမ်းလိုက်ရပါတယ်။ ရခိုင်နှင့် တနင်္သာရီဒေသတို့ကို ဗြိတိသျှတို့ သိမ်းယူသွားခဲ့ပြီး ဗြိတိသျှတို့ အောက်မြန်မာပြည်ကို သိမ်းယူစဉ်က မြေရှင်ပဒေသရာဇ်စနစ်(LAND FEUDALISM)ကိုဖျောက်ပြီး မြေယာအားလုံး အစိုးရပိုင်မြေအဖြစ် သတ်မှတ်လျက် ကိုယ်ပိုင်ကြီးကြပ်ထုတ်လုပ်သည့် မြေယာအရင်းရှင်စနစ် (LAND CAPITALISM)ကို အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ပါတယ်။ ဗြိတိသျှတို့ဟာ မြန်မာ့လယ်ယာ သယံဇာတမှ အစွန်းအမြတ်ထုတ်ယူရန် ရည်ရွယ်လာခြင်းဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့တို့ဟာ အောက်မြန်မာပြည်မှ မြေအားလုံးကို နိုင်ငံပိုင်မြေ(STATE LAND )အဖြစ် သိမ်းယူလိုက်ပြီး
--
(၁) စကွာတာစနစ် (squatter system)၊
(၂) ပတ္တာစနစ် (patter system )၊
(၃) မြေငှားစနစ် (lease system)၊
(၄) ဂရန်စနစ် (grant system)၊
(၅) ကိုလိုနီစနစ် (colony system)၊
ဟူ၍ မြေယာစနစ်(၅)မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

မေး- မြန်မာဘုရင်များလက်ထက်နှင့် ဗြိတိသျှအစိုးရလက်ထက်တို့မှာ လယ်ယာမြေစည်းကမ်းများနှင့် ပတ်သက်၍ ဘယ်လိုရှိခဲ့ပြီး ဘယ်လိုကွာခြားမှု ရှိကြောင်းကိုလည်း ရှင်းပြပေးပါဦး။

ဖြေ- မြန်မာပြည်ဘုရင်များခေတ် လယ်ယာမြေစည်းကမ်းများမှာ --

(၁) လယ်ယာမြေလုပ်ကိုင်သူအားလုံးဟာ မြေခွန်တော် ကင်းလွတ်ခွင့် ပြုထားသူများမှအပ သတ်မှတ်ထားသော မြေခွန်တော်ကို ပေးဆောင်ရပါတယ်။

(၂) လယ်ယာမြေ လုပ်ကိုင်သူ သီးစားဟာ မြေရှင်ကို သီးစားခ ပေးစေရပါတယ်။

(၃) အမွေဆက်ခံမည့်သူမရှိသော ဘုရင်မြေ၊ မင်းညီမင်းသားမြေ၊ အမှုထမ်းမြေ၊ ဝတ္တကမြေများတွင် ကိုယ်တိုင်လုပ်ကိုင်ပြီး လက်စားလိုက်စနစ်အရ အချင်းချင်း ရိုင်းပင်းကူညီလုပ်ကိုင်ခြင်းကြောင့် လယ်ယာမြေ အငြင်းပွားမှု အထူးနည်းပါးကြောင်း သိရတယ်ဗျ။ ဆက်လက်ပြီး ဗြိတိသျှခေတ် မြေယာစည်းကမ်းများအကြောင်းကို ပြောပြပါမယ်။ ဗြိတိသျှခေတ် မြေယာစည်း ကမ်းများမှာ --

(၁) မိမိသဘောအရ ကျူးကျော်လုပ်ကိုင်သူများနှင့် တရားဝင်ချ ထား၍ လုပ်ကိုင်နေသူများသည် နိုင်ငံတော်သို့ သတ်မှတ်သော နှုန်းထားအတိုင်း မြေခွန်တော်ပေးဆောင်ရပါတယ်။
(၂) မြေရှင်တို့သည် ၎င်းတို့စိတ်ကြိုက်ရွေးချယ်ပြီး လယ်ယာမြေကို သီးစားချထားနိုင်ပါတယ်။
(၃) သီးစားခနှုန်းထားကိုလည်း ကန့်သတ်မှုမရှိ မြေရှင်က သတ်မှတ်နိုင်ပါတယ်။
(၄) သီးစားခများကိုလည်း ပျက်ကွက်ခြင်းဖြင့် လိမ်လည်မှုမရှိစေရ ပါဘူး။
(၅) မြေယာမှုခင်းနှင့်ပတ်သက်၍ တရားရုံးမှာ တရားစွဲဆိုခွင့်ရှိတယ်။
(၆) အမှုရှုံးသူဟာ မြေပေါ်မှာ ဆက်လက် ကျူးကျော်မှု မရှိစေရဘူး။
(၇) မြေပေါ်ရှိ လုပ်ငန်းခွင်ပစ္စည်းများကို ဖျက်စီးခြင်း မပြုရဘူး။
(၈) တရားရုံးအမိန့်ဖြင့် လူကို သော်လည်းကောင်း၊ ထွန်တုံးထွန်တံနှင့် လယ်လုပ်ကိရိယာများကို ဝရမ်းကပ်နိုင်တယ်။

(၉) စည်းကမ်းဖောက်ဖျက်ပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈၊ ၄၂၀၊ ၄၀၆၊ ၄၂၆ နှင့် ၄၄၇ တို့နဲ့ တရားစွဲလို့ရတယ်။ ဗြိတိသျှခေတ်မှာ တောင်သူလယ်သမားတို့ရဲ့ လူနေမှုဘဝအခြေအနေက မြေရှင်ကြီးများရဲ့ ဖိနှိပ်ခံသီးစားဘ၀ အဆင့် အနေနဲ့သာ နေထိုင်ခဲ့ရသလို လယ်ပိုင်ရှင်ကြီးများရဲ့ ဘဝနဲ့လည်း နေထိုင်ခဲ့ရ တယ်။

မေး- မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး လယ်ယာလုပ်ကိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ သဘောထားကို ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၃) ပုဒ်မ(၃၀)တွင် --

(၁) နိုင်ငံတော်သည် မြေအားလုံးရဲ့ ပင်ရင်းပိုင်ရှင်ဖြစ်တယ်။

(၂) ဤအခြေခံဥပဒေ၏ ပြဌာန်းချက်ဖြင့် မဆန့်ကျင်စေဘဲ မြေယာပိုင်ဆိုင်ခွင့်စနစ်များကို စည်းမျဉ်းတကျ ဖြစ်ပေါ်စေဖို့ အတွက်သော်လည်းကောင်း၊ လွှဲပြောင်းရန်သော်လည်းကောင်း၊ ဖျက်သိမ်းရန်သော်လည်းကောင်း၊ နိုင်ငံတော်၌ အခွင့်အရေးရရှိရမည်။ ဒါမှမဟုတ် ဘယ်လို လယ်ယာမြေကိုမဆို ပြန်သိမ်းယူပြီးလျှင် ထိုမြေယာကို စုပေါင်းစိုက်ပျိုးရေးအတွက် ဖြစ်စေ၊ သမဝါယမစိုက်ပျိုးရေးအတွက် ဖြစ်စေ၊ လယ်သီးစားများသို့ဖြစ်စေ ဝေငှပေးရန် ဖြစ်တယ်။

(၃) ဘယ်လိုအခြေခံစနစ်နှင့်မှ နေရာ အမြောက်အများကို ပိုင်ဆိုင်နိုင်သော အခွင့်အရေးမရှိစေရ။ တစ်ဦးတည်းပိုင်ဆိုင်နိုင်သော အခွင့်အရေးမရှိစေရ။ တစ်ဦးတည်းပိုင်ဖြစ်စေ မြေယာ၏ အများဆုံးအရေအတွက်ကို တရားဥပဒေနဲ့ သတ်မှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။ ၁၉၅၃ ခုနှစ် လယ်ယာမြေဥပဒေသစ်ကို ပါတီမန်ခေတ်တွင် တင်သွင်းအတည်ပြု ပြဌာန်းခဲ့တယ်။ ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပြုလုပ်ရေး အက်ဥပဒေဟာ ၁၉၅၃ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် အာဏာတည်ခဲ့တယ်။ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးစီမံကိန်းရဲ့ ရည်ရွယ်ချက်မှာ မြေရှင်ကြီးစနစ်ကို ဖျက်သိမ်းပြီး မြေယာစနစ်သစ် တည်ဆောက်ရေးပင်ဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် လယ်မလုပ်သူ လယ်ပိုင်ရှင်များထံကနေ လယ်ယာမြေများကို သိမ်းယူတယ်။ အမှန်တကယ်လုပ်ကိုင်မဲ့ တောင်သူလယ်သမားများကို လူတန်းစေ့ နေမှု၊ စားမှု၊ ဝတ်မှု တို့ဖြင့် မြှင့်တင်ဖို့ ရည်ရွယ်ခဲ့တယ်။ အဲဒီကတစ်ဆင့် ကျေးလက်စီးပွားရေးစနစ်သစ်ကို ခေတ်နဲ့အညီ တည်ဆောက်ပြီး တောင်သူလယ်သမားများ၏ ဘဝသစ်ကို ဖန်တီးရန်ပဲဖြစ်တယ်။

မေး- အန်ကယ်ပြောသွားတဲ့အထဲမှာ မည်သည့်အခြေခံစနစ်နဲ့မှ နေရာအမြောက်အများကို ပိုင်ဆိုင်နိုင်သော အခွင့်မရှိစေရဟု ပြောသွားပါတယ်။ လက်တွေ့အခြေအနေမှာကော ဘယ်လိုအခြေအနေရှိတယ်ဆိုတာ သိလိုပါတယ်။
ဖြေ- ပါလီမန်အစိုးရလက်ထက်မှာ လယ်ယာမြေနိုင်ငံပိုင် အက်ဥပဒေကို ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့သော်လည်းပဲ ၁၉၆၂ခုနှစ် မတ်လ(၂)ရက်နေ့တွင် တော်လှန်ရေးအစိုးရ တက်လာသည့်တိုင်အောင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဆက်လက်အကောင်အတည်ဖော်ရန် မဖြစ်နိုင်တော့ပါ။ မြန်မာ့လယ်ယာမြေသမိုင်းတွင် ပထမဆုံးမြေယာပြုပြင်ပြောင်းလဲမှု (LAND REFORM)လုပ်ခြင်းမှာ ရည်မှန်းချက်ပန်းတိုင်သို့ ဆက်လက် ချီတက်ခြင်းမရှိ၍ ၁၉၅၈-၅၉ ခုနှစ်မှာပင် ရပ် တန့်သွားခဲ့ရပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ လယ်ယာမြေလုပ်ကိုင်မှုစနစ်ကို တော်လှန်သည့် ၁၉၆၃ ခု သီးစားချထားရေးဥပဒေကို ၁၉၆၃ခုနှစ်၊ မေလ(၂၅) ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ပါတယ်။ ယင်း ဥပဒေအရ သီးစားလုပ်ကိုင်သည့် မြေမှန်သမျှကို တော်လှန်ရေးကောင်စီအစိုးရကသာ ဦးစီးကွပ်ကဲ၍ သီးစားချထားရန် ဖြစ်ပြီး ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီမှ ကျွမ်းကျင်များ ထည့်သွင်း၍ --

(က) ဗဟိုမြေယာကော်မတီ၊
(ခ) တိုင်းမြေယာကော်မတီ၊
(ဂ) မြို့နယ်မြေယာကော်မတီ၊
(ဃ) ရပ်ကွက်/ကျေးရွာအုပ်စု မြေယာကော်မတီ၊
ဟူ၍ မြေယာကော်မတီများ အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပါတယ်။
၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေမှာ လယ်လုပ်ကိရိယာများနဲ့ မြေယာလုပ်ကိုင်သူ သီးစားများရဲ့ ပစ္စည်းများကို ဝရမ်းကပ် သိမ်းစည်းခြင်းနဲ့ လူကို ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခြင်းများ မပြုရ ပြဋ္ဌာန်းချက်ပါရှိတယ်။ ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၆၊ ၄၀၆၊ ၄၂၀၊ ၁၈၈ တို့အရ အရေးယူတရားစွဲဆိုမှုများကိုလည်း ကာကွယ်ထားခြင်းများ တွေ့ရတယ်။

မြေယာချထားခြင်းများကို အဆင့်ဆင့် မြေယာကော်မတီက ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ပြီး တောင်သူလယ်သမားများရဲ့ လုပ်ကွက်များ တည်ငြိမ်အေးချမ်းပြီး အေးအေးချမ်းချမ်း နေခဲ့ရတယ်။ တောင်သူလယ်သမားများအနေနဲ့လည်း မတရားမြေယာသိမ်းဆည်းခံရခြင်း၊ မြေယာလက်လွတ် ဆုံးရှုံးမှုများ မပေါ်ပေါက်ခဲ့ဘူး။ ဗဟိုမြေယာကော်မတီကို ဖျက်သိမ်းတယ်။ အဲ့ဒီနောက်မှာ လယ်ယာမြေများကို မတရားသိမ်းဆည်းမှုများ၊ စာချုပ်စပါးမကျေလို့ လယ်သမားများ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လယ်ယာမြေများ သိမ်းဆည်းခြင်း အဲ့ဒီလို အနိဋ္ဌာရုံများကို တောင်သူလယ်သမားများ ခါးစည်းပြီး ခံခဲ့ရတယ်။

မေး- အခု ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနဲ့ပတ်သက်ပြီး အန်ကယ့်ရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာ ပြောပြစေချင်ပါတယ် အန်ကယ်။

ဖြေ- ၂၀၁၂ လယ်ယာမြေဥပဒေကို ၂၀၁၂ခုနှစ် မတ်လ(၃၀)ရက်နေ့မှာ လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းခဲ့တာကို အားလုံးသိပြီးဖြစ်ပါတယ်။ အဲ့ဒီဥပဒေပြုစုရာမှာ အချိန်တိုလေးအတွင်း ရေးဆွဲခဲ့တယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီများတွင် လယ်ယာလုပ်ငန်းနှင့် တောင်သူလယ်သမားများနှင့် ထိတွေ့မှုနည်းပါးခြင်း စသည်တို့ကြောင့် ဒီဥပဒေမှာ အားနည်းချက်များရှိခဲ့တယ်လို့ သုံးသပ်ချင်ပါတယ်။ မြေယာမူဝါဒနှင့် လုပ်ကိုင်မှုစနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် ဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံးခဲ့တဲ့နေရာမှာ ဘယ်လိုတိုင်းပြည်မှ အားရကျေနပ်နှစ်သက်ပြီး စင်းလုံးချောကောင်းမွန်တဲ့ ဥပဒေလို့ ပြောဖို့ဆိုတာ ခက်ခဲတယ်။

၂၀၁၂ မြေယာဥပဒေအခန်း(၂) ပုဒ်မ(၆)မှာ သက်ဆိုင်ရာခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ သဘောတူညီချက်နဲ့ မြို့နယ်မြေစာရင်းဦးစီးဌာနတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေး ပေးဆောင်၍ မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရမယ်လို့ ပြဋ္ဌာန်းထားတာ တွေ့ရှိရတယ်။ ဒီပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး မှတ်ပုံတင်နိုင်ရေးမှာ လယ်သမားများအနေနဲ့ မိမိတို့ရဲ့ ကျေးရွာမှာ မြို့နယ်ကို အကြိမ်ကြိမ် သွားလာနေရပြီး ခရီးစရိတ်၊ စားစရိတ်၊ ကုန်ကျရတယ်။ မှတ်ပုံတင်ဖို့အရေး စာရွက်တမ်းတွေ၊ စာချုပ်တွေ ရေးဖို့ အခက်အခဲ ကြုံနေရသည့်အပြင် တတ်ကျွမ်းတဲ့သူကို အကူအညီများ ယူရမယ်ဆိုရင်လည်း ငွေကုန်ကြေးကျတွေ များတယ်။ ဒါ့အပြင် မှတ်ပုံတင်ပြီး လုပ်ငန်းခွင်လက်မှတ် ရရှိရေးအတွက်လည်း လုပ်ငန်းအဆင့် များပြားလို့ လပေါင်းမြောက်များစွာ အချိန်ကြန့်ကြာတယ်လို့ ပြောချင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နည်းဥပဒေမှာ လွယ်ကူတဲ့နည်းလမ်း ငွေကုန်ကြေးကျနည်းတဲ့နည်းလမ်းတွေမှာ အချိန်တိုအတွင်း ဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေကို ပြဋ္ဌာန်းသင့်တယ်။ အန်ကယ်ဆိုလိုတာက တောင်သူလယ်သမားများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ဦးစားပေးဆောင်ရွက်သင့်တယ်။ တရုတ်ပြည်သူ့ ကွန်ကရက်ဥပဒေကြမ်းရေးဆွဲရေးကော်မတီ(Bill Committee ) အနေနဲ့ ဥပဒေမူကြမ်းများကို သတင်းစာနဲ့ အင်တာနက်တို့မှာ ကြိုတင်ဖော်ပြပြီး ပြည်သူတို့ရဲ့ အကြံဉာဏ်များကို ရယူဆောင်ရွက်တယ်ဆိုတာ သိရတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ဆောင်ရွက်သွားသင့်တယ်ဆိုတာလည်း ပြောချင်ပါတယ်။

မေး- နောက်ဆုံးအနေနဲ့ အန်ကယ့်အနေနဲ့ ဘာတွေများ အကြံပြုချင်ပါသလဲ။
ဖြေ- အန်ကယ်တို့အနေနဲ့ အကြံပြုချင် တင်ပြလိုတာက-

(၁) လူဦးရေဆိုတာ အမြဲတိုးတက်နေသော်လည်း လူဦးရေလို မြေယာဆိုတာ တိုးတက်များပြားလာတဲ့ပစ္စည်းမဟုတ်ဘူး။ သယံဇာတတွေ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးကို အလေးပေးပြီးတော့ ကာကွယ်သင့်တယ်။

(၂) ဖြစ်ပေါ်လာမယ့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများဟာ တောင်သူလယ်သမားများကို ဗဟိုပြုပြီးတော့ လုပ်ဖို့လိုအပ်တယ်။

(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၂၃)(က)အရ မြေယာသယံဇာတ ကာကွယ်ထိန်း သိမ်းဖို့ဆိုတာကို ဥပဒေပြဋ္ဌာန်းသင့်ပြီး အဲ့ဒီပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက် အကောင်အထည်ဖော်သင့်တယ်။

(၄) တောင်သူလယ်သမားတွေ စီးပွားရေးပြိုလဲသွားမယ်ဆိုရင် နိုင်ငံတော်တစ်ခုလုံးရဲ့ စီးပွားရေးလည်း ပြိုလဲပျက်စီးသွားနိုင်တဲ့ အတွက်ကြောင့် တောင်သူလယ်သမားတို့ရဲ့ စီးပွားရေးတိုးတက်မှုကို ဦးစားပေးသင့်တယ်။

(၅) မြေရှင်ကြီးစနစ်ဆိုတာ ခေတ်အဆက်ဆက် တောင်သူလယ် သမားများကို ဖိနှိပ်ခဲ့သည့်အပြင် တောင်သူလယ်သမားများကိုလည်း အကျိုးမပြုသောစနစ် ဖြစ်တဲ့အတွက်ကြောင့် မြေရှင်ကြီးများထပ်မံ မဖြစ်ပေါ်နိုင်ရေးကို အထူး ကာကွယ်ဖို့ လိုအပ်တယ်။

(၆) စိုက်ပျိုးရေးကို အရှိန်အဟုန်နဲ့ဆောင်ရွက်ရာမှာ တောင်သူလယ်သမားများ မြေယာလက်ရလွှတ်ခြင်း၊ အစမ်းသပ်ခံ၊ စတေးခံ တောင်သူလယ်သမားတွေ မဖြစ်ဖို့ လိုအပ်တယ်။

(၇) လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ အကျိုးတူ ဖက်စပ်လယ်ယာလုပ်ငန်းလုပ်ကိုင်ရာမှာ တောင်သူလယ်သမားများအတွက် အကျိုးအမြတ်မရှိပါဘဲ တောင်သူလယ်သမားများအတွက် မြေယာလက်လွှတ်ခဲ့ရပြီး တစ်ချို့ဆိုရင် လုပ်ငန်းရှင်ရဲ့ တရားစွဲမှုများကိုပင် ခံနေရပြီး အဲ့ဒီလိုအဖြစ်မျိုး မဖြစ်ဖို့ရန်အတွက် တောင်သူလယ်သမားများကို အကယ်အကွယ်ပေးသွားရန် လိုအပ်ပါတယ်။

(၈) လုပ်ငန်းရှင်များနဲ့ တောင်သူလယ်သမားများ အကျိုးတူ လုပ်ကိုင်မယ်ဆိုရင် တောင်သူလယ်သမားများ ရေရှည်အကျိုးရှိနိုင်မယ့် လုပ်ငန်းမျိုးကိုသာ ခွင့်ပြုသင့်တယ်။ တောင်သူလယ်သမားများ သဘောမတူရင်တော့ ခွင့်မပြုသင့်ဘူး။ တောင်သူလယ်သမားများကို အဓမ္မဖိအားပေးမှုမျိုးကို ရှောင်ရှားရန် လိုအပ်တယ်။

(၉) လုပ်ငန်းရှင်များ လယ်ယာလုပ်ကိုင်ခွင်မှာ ပါဝင်ဆောင်ရွက်လိုရင် မြေလွတ်မြေရိုင်းများကို လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်သင့်တယ်။

(၁၀) လယ်ယာမြေများမှာ လုပ်ငန်းရှင်နှင့် နိုင်ငံခြားလုပ်ငန်းရှင်များရဲ့ လုပ်ကိုင်ခွင့်ကို နိုင်ငံတော်သမ္မတရဲ့ သဘောတူညီချက် ရယူပြီးမှ ဗဟိုမြေယာကော်မတီက ခွင့်ပြုချက် ပေးသင့်တယ်။

(၁၁) နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတွေအတွက် လယ်ယာမြေကိုသိမ်းယူခွင့်ရှိပြီး မြေယာသိမ်းဆည်းခြင်း အခွင့်အာဏာကို ဗဟိုမြေယာကော်မတီအား အပ်နှံလျက် ဗဟိုမြေယာကော်မတီကသာ မြေယာသိမ်းဆည်းခွင့် အမိန့်ကို ထုတ်ပေးဖို့ မြေယာသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများအတွက် တန်ရာတန်ကြေးပေးပြီး အသက်မွေးမှုလုပ်ငန်းများ၊ မထိခိုက်စေဖို့အတွက် စီမံဆောင်ရွက်ပေးသင့်တယ်။

(၁၂) ဆယ်စုနှစ်များစွာကတည်းက လယ်ယာမြေတွေကို အကန့်အသတ်မရှိ တခြားနည်းအသုံးပြု၍ လက်ရှိအခြေအနေတွင် စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ အားနည်းနေတယ်လို့ သုံးသပ်မိပါတယ်။ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ မြေယာဖော်ထုတ်ခြင်း လုပ်ငန်းတွေကို ဧရာဝတီတိုင်းမှာ ဆောင်ရွက်ပေးခဲ့သလိုပဲ အခုအခါမှာလည်း အလားတူ ဖော်ထုတ်ဆောင်ရွက်သွား သင့်တယ်။

(၁၃) အကြီးစားမြေယာစနစ် (LARGE SCALE FARMING)ဆိုတာ ထုတ်လုပ်မှုကို အထောက်အကူ ပြုသော်လည်း မြန်မာနိုင်ငံရဲ့ (၇၀)ရာခိုင်နှုန်း တောင်သူလယ်သမားများရဲ့ဘ၀ မြေပိုင်ဆိုင်မှုအခြေအနေနဲ့ လယ်ယာမြေများရဲ့ သွင်ပြင်လက္ခဏာများကို အထူးအလေးပေး စဉ်းစားသင့်ကြောင်း ပြောလိုပါတယ်။ အန်ကယ်က အငြိမ်းစား ဝန်ထမ်းဆိုတော့ အသက်အရွယ်ကြီးမြင့်သူများဖြစ်လို့ မိခင်မြေကြီးဆီ ပြန်ကြဖို့ အချိန်နီးပါပြီ။ အခုလို အကြံပေးရခြင်းမှာလည်း ခေတ်မီနိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် တင်ပြရခြင်းဖြစ်ပါတယ်။

Credit : Rule Of Law In Myanmar

No comments:

Post a Comment