ကျွန်တော် နှလုံးရောဂါ ပြင်းထန်စွာ ခံစားရချိန် ကျွန်တော်
နေထိုင်ရာ ပုသိမ်မြို့ ရှိ ပုသိမ်ဆေးရုံကြီးနှင့် ဇီဝကအထူးကု ဆေးခန်းတို့ တွင်တက်ရောက်ကုသခဲ့ ရာဆေးစစ်ချက်အရ နှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီး တစ်ချောင်းမှာ ကောင်းစွာ အလုပ်မလုပ်တော့သော ကြောင့် နှလုံးစက်ထည့်ရမည့် အခြေနေ ဖြစ်ခဲ့ပါသည်-
ထိုအချိန်တွင် မိတ်ဆွေတစ်ယောက်မှ ကျွန်တော့်လို ခွဲစိပ်ခါနီး လူနာတစ်ဦး မခွဲစိပ်ရပဲ သက်သာပျောက်ကင်းသွား သည်ဆိုသော ဆေးနည်းကို ပေးသဖြင့် ရန်ကုန်၌ ဆေးကုသခံရန် ပြင်ဆင်နေချိန်တွင် ခုနှစ်ရက်မျှ ဆက်တိုက် သောက်ခဲ့ပါသည်-
ထို့ နောက် ရန်ကုန် အာရှတော်ဝင် အထူးကုဆေးခန်းတွင် သွားရောက်စမ်းသပ်ရာ နှလုံးသွေးကြောပိတ်ဆို့ မှုများ မရှိ
တော့ပဲ အကောင်းပကတိဖြစ်နေကြောင်း အံ့သြဖွယ် တွေ့ရှိရပါသည်-
ဆရာမကြီးမှာ ပုသိမ်မှ ဆေးစစ်ချက်များကို ကြည့်၍မယုံနိုင်ဖြစ်ကာ သေချာစေရန် မဟာမြိုင်အထူးကုဆေးခန်း၌ 24နာရီ
စက်ဖြင့် ထပ်မံစမ်းသပ်ရာ နှလုံးသွေး ကြောများ ပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်-
ကျွန်တော် ခံစားနေရသော ရင်ဘတ် အောင့်ခြင်းနှင့် ဘယ်ဘက်လက်မောင်း ကို်က်ခြင်း ဝေဒနာများလည်း ပျောက်ကင်း
သွားပါသည်-
ထို့ ကြောင့်ကျွန်တော့်လို နှလုံးသွေးကြောကျဉ်း ဝေဒနာ ခံစားနေရသူများအတွက် စေတနာရှေ့ ထား၍ ကျွန်တော့်ကိုယ်တွေ့ ဆေးနည်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်-
ဆေးနည်းမှာ –
၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား
၂-တရုတ်ဇီးသီးငါးလုံး
၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့် 
၎-ဆားအနည်းငယ်တို့ ကိုရေဖန်ခွက် ခြောက်ခွက်ထည့် နှစ်ခွက်ကျန်အောင် ကျိုပြီး မနက်တစ်ခွက် ညတစ်ခွက် သောက်ရုံပင် ဖြစ်ပါသည်-
ဆေးနည်းပေးသူ မိတ်ဆွေအား ကျေးဇူးအထူးတင်ပါသည်။
မြန်မာ့ဆေးစွမ်းကောင်းများ
No comments:
Post a Comment