CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 24, 2018
ကျောက်မဲမြို့တွင် စေတီတည်ရန် တူးဖော်ရာမှ ဆင်းတုတော်ငယ် (၄၁)ဆူ တွေ့ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာရှိ ကျွဲကုန်း ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း စေတီတည်ရန်အတွက်ယနေ့ နံနက်ပိုင်းက မြေတူးရာ အနက် (၂)ပေခွဲ အရောက်တွင် ဆင်းတုတော်ငယ် (၄၁) ဆူတွေ့ရှိခဲ့ကြောင်း သိရသည်။
လတ်တလောတွင် တွေ့ရှိခဲ့သည့် ဆင်းတုတော်များကို ကျွဲကုန်းဘုန်းကြီးကျောင်းဝန်းအတွင်း ထားရှိပြီး အဆိုပါနေရာ၌ မြေတူးဖေါ်ခြင်းအား ရပ်ဆိုင်းထားကြောင်း သိရသည်။
"စေတီအသစ်တည်ဖို့ အတွက် မြေတူးရာကနေ စေတီဟောင်းလိုမျိုးတွေ့ပြီး ဆက်တူးကြည့်တဲ့အခါ ၂ ပေခွဲအရောက်မှာတော့ ဘုရားဆင်းတုတော်တွေကို တွေ့ရတာပဲ။ တော်တော်လေးများတယ်။ အောက်ကိုတော့ ဆက်မတူးသေးဘဲ လောလောဆယ်တော့ ရပ်ထားသေးတယ်"ဟု မြေတူးခဲ့သူ ကျွဲကုန်းကျေးရွာဒေသခံတစ်ဦးကျော်မြင့်က ပြောပြသည်။
မြေတူးရာမှ တွေ့ရှိခဲ့သည့် ဆင်းတုတော် (၄၁) ဆူတွင် အကြီးဆုံးဆင်းတုတော်မှာ (၁၀) လက်မခန့်နှင့် အရွယ်အငယ်ဆုံး ဆင်းတုတော်မှာ (၃) လက်မခန့် ဥာဏ်တော်အမြင့်ရှိကာ ရပ်တော်မူ၊ လျောင်းတော်မူ ဆင်းတုတော်များလည်း ပါဝင်ကြောင်း သိရသည်။
"ဆရာတော်ကတော့ မြို့ပေါ်တက်သွားတော့ ဘာဆက်လုပ်မယ်ဆိုတာ မသိသေးဘူး။ ကျောင်းမှာပဲထားမလား။ သာသနာရေးကိုပဲအပ်မလားမသိဘူး" ဟု ၎င်းကျောင်းတိုက်မှ ဆရာတော်တစ်ပါးက မြွက်ကြားသည်။
ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
ကျောက်မဲမြို့တွင် စေတီတည်ရန် တူးဖော်ရာမှ ဆင်းတုတော်ငယ် (၄၁)ဆူ တွေ့ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 24, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment