CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 24, 2018
ဆီးချိုဝေဒနာရှင်များအတွက်ဆေးစွမ်းထက်တဲ့ဆေးညွှန်းလေးတခု
ဆီးချိုဝေဒနာရှင်များအတွက်ဆေးစွမ်းထက်တဲ့ဆေးညွှန်းလေးတခုမျှဝေပေးလိုက်ပါတယ်
ကျွန်တော် ၂၀၁၆ ခုနှစ်ခန့်မှစ၍ နှုတ်ခမ်းတွေတအားခြောက် ရေတွေတအားငတ် ခဏ ခဏသောက် ထမင်းစားသလောက် ဝမလာဘဲ ပိန်ကျသွားခဲ့ပါတယ်……
ကျွန်တော်မှ မသင်္ကာ၍ ဆေးစစ်ကြည့်ရာ ဆီးချို ၄၉၀ ကျော်တက်နေပါတယ်………
ဒါနဲ့ ဆရာဝန်နဲ့တိုင်ပင်ကုသပြီး ဆေးသောက်ခဲ့ပါတယ် နည်းနည်းဘဲ ကျပါတယ်…
တခြားမြန်မာဆေးတွေ ပြောင်းသောက်တာ သက်သာလာပေမယ့် ပုံမှန် ၂၀၀ နီးပါးကနေ သိပ်မကျခဲ့ပါဘူး……
လွန်ခဲ့တဲ့ ၃ လခန့်က Facebook ကနေ မီးကွင်းဂမုန်းအသေးကို သုံးခွက်တခွက်တင်ကြိုသောက်တာ တပတ်လောက်အကြာမှာ ဆီးချိုရောဂါလက္ခဏာတွေဖြစ်တဲ့ အရေပြားယားတာ မျက်စိဝါးတာ ရေငတ်တာ ညအိပ်မပျော်တာတွေ သက်သာပါတယ် ဆီးချိုလည်း ၁၂၀ လောက်ထိ ကျသွားပါတယ်…
အခုတော့ ဆီးချိုက တိုင်းကြည့်တာ ၉၁ ဘဲရှိပါတော့တယ်…ဆီးချို လက္ခဏာတွေလည်း လုံးဝပျောက်ကင်းခဲ့ပါပြီ
ဒါ့ကြောင့် ဆီးချို ဆီးကျင် ဆီးအောင့် ဆီးကျန် ဆီးရောဂါအမျိုးမျိုးအတွက် မီးကွင်းဂမုန်းက အမှန်တကယ် သက်သာပျောက်ကင်းပါကြောင်း ဝမ်းမြောက်စွာ တင်လိုက်ရပါတယ် ……
သုံးစွဲနည်း
………………
မီးကွင်းဂမုန်း အရွက်(သေးရင်)အပင်လိုက် ၉ ခက်ခန့် (ကြီးရင်)အပင်လိုက်၎ ခက်ခန့် အား ရေစင်အောင်ဆေးပါ
သံပရာသီး တစိတ်ခန့်ထည့်ပါ
ရေမတ်ခွက် ၃ ခွက်ထည့်ပါ
ဆားသင့်တင့်ယုံ နည်းနည်းထည့်ပါ
(အများကြီးထည့်ရင် ငန်ပါတယ်)
၃ ခွက်တခွက်တင်ကျန်အောင်ကြိုပါ……
တနေ့ တခွက်သာ သောက်ပါ ။ ။ ။
###ဒီမိတ်ဆွေတင်တဲ့ဆေးနည်းက
အခုမတွေ့တာပါ ###
ဒီပို့ကိုအကြောင်းပြုပြီးလက်တွေ့ပြောရရင် ပြီးခဲ့တဲ့လ(၈လပိုင်း၂၀၁၈) တပည့်ဦးဇင်းလေးမယ်တော် ဆီးချို ၅၀၀လောက်တက်ပြီးမနိုင်လို့ ဒူးအောက်ကနေဖြတ်လိုက်ရတယ် အနာကမကျက်ဘူး ဆက်ပြီးဖြတ်ရမလိုဖြစ်နေတာ ဆွမ်းစားကြွရင်းတကာတယောက်ကဆေးနည်းပေးလို့ ပေးတဲ့ဆေးနည်းအတိုင်း
မီးကွင်းဂမုန်းအသေးကို အရွက်ရင့်၇ရွက်(အပင်ဆိုရင်တပင်) သံပုရာသီးက လေးစိတ်တစိတ် ဆားအနည်းငယ်နဲ့ သုံးခွက်တခွက်ကျန်အောင်ကြိုပြီး မနက်ပိုင်းတခွက် ညပိုင်းတခွက် အင်္ဂလိပ်ဆေးနဲ့ ၁နာရီခြားပြီးတိုက်တာ ၅ရက်လောက်နေတော့ အနာကျက်ပြီးဆင်းခွင့်ရတယ် ယ္ခုအနာပျောက်လို့ဆေးရုံကဆင်းပြီးရွာပြန်ရောက်သွားပြီ ။
#လူနာရှင်ရဲ့ခွင့်ပြုချက်အရ #
(ယ္ခင်၁၆လမ်းဆိုတာက လူနာရှင်မကြိုက်မှာစိုးလို့ လိပ်စာရှောင်ရေးတာပါ)
လိပ်စာအတိအကျရေးရရင်
မြောက်ပြင် သန္တာရုံကျောင်းမြောက်ဘက်က ဆီးချိုရှင်လူနာ မယ်တော်ကြီးတယောက်ကတော့ ခြေမကိုဖြတ်လုဖြတ်ခင် ဆရာဝန်ကလဲဆီးချိုမနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့အချိန် ယ္ခုသောက်နည်းနဲ့ ဆေးပင်ကိုပြတော့ ဆရာဝန်ခွင့်ပြုလို့သောက်လိုက်တာ အဖြတ်ငြိမ်းပြီး အနာပျောက်လို့ ဆေးရုံကဆင်းခွင့်ရတယ်တဲ့
အစ ၁ပါတ်သောက်တာ၆(၁၀၈)အထိကျ တလအထိဆက်သောက်တာ ၅(၉၀)အထိကျပြီး အခု၂လလောက်ဆက်သောက်တာ ၄•၅{၈၁}အထိ ဆီချိုထိန်းနိုင်သွားလို့မှို့ ဆရာဝန်ကဆီးချိုထိန်းနိုင်သွားပြီ ဒီဆေးဆက်မသောက်ဘဲ ပေါ့ပေါ့ပါးပါးအင်္ဂလိပ်ဆေးဘဲသောက်ောတ့ဆိုလို့ ဆက်မသောက်တော့ဘူးလို့ပြောပါတယ်ဗျ
စားခြင်တာလဲ အသင့်အတင့်စားလို့ရပြီတဲ့ {လူနာမယ်တော်ကြီးသ္မီးကပြောတယ်} မနေ့က ကြက်ဆီထ္မင်း၂ပွဲတထိုင်တဲစားလို့ ဆီးချိုနဲနဲ{၆ ကျော်၁၁၀}ပြန်တက်တဲ့အတွက် ဆေးပြန်တိုက်ရသတဲ့ ၊ဆီးချိုရှိနေမတော့ ဆင်ခြင်ပြီးစားသင့်တာပေါ့ဗျာ ။
#မှတ်သားရန်#
မြောက်ပြင်ကမယ်တော်ကြီးကတော့ မာလကာရွက်ဆေးနည်းကိုတိုက်ရင်မတည့်တဲ့အတွက် ရင်တုံမူးဝေပြီး အော့အန်လို့ မသောက်ရဲဘူးတဲ့ဗျ ။
#တပည့်ကျောင်းသားတယောက်ရဲ့အမျိုးသ္မီး သားဖွားဆရာမလဲ အခုပြောတဲ့နည်းအတိုင်းကြိုသောက်တာ ဆီးချိုထိန်းနိုင်တယ်လို့ပြောတယ်ဗျ
#ဘုန်းဘုန်းတွေ့တဲ့ဆေးနည်းနဲ့ ဖေ့ဘုတ်ထဲက တွေ့တဲ့ဆေးနည်းတူနေလို့ ဆေးအစွမ်းကို ယုံကြည်ပြီး ဆီးချိုဝေဒနာရှင်များအတွက်ဖြန့်ဝေလိုက်တာပါ ။
ကံကောင်းပြီး အနာနဲ့ဆေးတည့်အောင်ပေးနိုင်ကြပါစေ။
#မှတ်ချက်=မီးကွင်းဂမုန်းအကြီးမဟုတ်ပါ မီးကွင်းဂမုန်းအသေးပါ ပန်းကလပ်တွေ ပလက်ဖောင်းတွေမှာ အလှစိုက်တဲ့အသေးပင်ပါ ။ မိးကွင်းဂမုန်းအကြီးက အလျား ၉လက္မ ၁ပေ ၊ ဗျက်တလက္မခွဲ ၂လက္မ ။ သန်ရင်အလျားတပေခွဲ ဗျက်၃လက္မလောက် ရှိပါတယ် ဤဆေးပင်က အလျား၃လက္မကနေ ၉လက္မအထိဘဲရှိပြီးဗျက်က၅မူး ၃မတ် တလက္မလောက်ဘဲရှိပါတယ် ။
#မီးကွင်းဂမုန်းအကြီးသောက်လို့
ဆီးချိုမပျောက်ဘူးလို့ လက်တွေ့သောက်ပြီး မပျောက်တဲ့လူနာကပြောပြတယ် ၊ မီးကွင်းဂမုန်းအကြီးကို သံပုရာ တစိတ် ဆားအနည်းငယ်ထည့် ၃ခွက်၁ခွက်ကြိုသောက်တာ တလလောက်သောက်ပေမဲ့ သူ့တော့မပျောက်ဘူးလို့ ဆီးချိုမသက်သာလို့ မန်းလေးရောက်လာတဲ့ ဆီးချိုလူနာကပြောပြပါတယ် ။
မန်းလေးမစိုးရိမ်တိုက်သစ် ဆေးကျောင်းရှေ့ကကလာပ်ထဲရယ် မုံရွာဝင်ဝင်ခြင်း အဝိုင်းကျော် မြို့တွင်းလမ်းလည်ကျွန်း အစပိုင်းမှာတွေ့ပါတယ် ကျုံးတောင်ဘက်တို့ အရှေ့ဘက်တို့က လမ်းလည်ကျွန်းတွေမှာလဲတွေ့မိတယ်ဗျ
တနည်း= ရွာကဒူးအောက်က ဖြတ်လိုက်ရတဲ့တကာမကတော့ ဆေးမကြိုအားရင် အရေးပေါ်မာလကာရွက်၅ရွက်ကို ဝါးစားပြီးရေသောက်တာ ဆီးချိုအကျများလို့ အချိုတောင်ဆောင်ထားရသတဲ့ ကိုယ်နဲ့သင့်ရာဉာဏ်ရှိသလိုသုံးပေါ့(မာလကာရွက်ဆေးနည်း သီးခြားရှယ်ထားပါသည် *ဒါပေမယ့် မာလကာရွက်ကမတည့်သူဆိုရင် ရင်တုံ မူးဝေ အော့အန်သတဲ့ ခန္ဓာကိုယ်ချင်းလဲမတူသလို ကံချင်းလဲမတူကြဘူးလေ)
လိုအပ်တဲ့ဝေဒနာရှင်များ လိုအပ်သလို သုံးစွဲနိုင်ဘို့ ကုသိုလ်ရအောင် ဖြန့်ဝေပေးကြပါဗျ ။
(ဆေးပင်ကို ပေတံနှင့်တိုင်းတာ၍ပြထားပါသည်၅လက္မရှိတဲ့အသေးပင်ကိုသောက်ပါ ၁ပေကျော်ရှိတဲ့အကြီးပင်ကိုမသောက်ရပါ)
#ဆီးချိုရောဂါအန္တရာယ်မှကင်းဝေးကြပါစေ#
ခရက်ဒစ် ပုလဲရတနာဘုန်းဘုန်းဗန်မော်တိုက်
ဆီးချိုဝေဒနာရှင်များအတွက်ဆေးစွမ်းထက်တဲ့ဆေးညွှန်းလေးတခု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 24, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment