CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 8, 2018
အင်္ဂလိပ်စာ မတတ်ခြင်း ဒုက္ခ --------------------------- ( မောင်သာနိုး )
နိုင်ငံရေးလုပ်မယ့်သူတွေ အင်္ဂလိပ်စာ တကယ်တတ်ကျွမ်းမှ တန်ကာကျ မယ့်အကြောင်း ဆရာဦးသာနိုး ထောက်ပြ သတိပေးတဲ့ ဆောင်းပါးပါ ။ 2017 နိုဝင်္ဘာလထဲမှာထွက်ခဲ့တဲ့ ဆရာကြီးရဲ့ စာအုပ်ထဲကပါ ။ နိုင်ငံရေး ဝါသနာပါသူတွေ သည်ဆောင်းပါး သေချာဖတ်ကြည့်ကြစေချ င်ပါတယ် ။ ကျ နော်တော့ ကြားထဲက လက်ညောင်းခံ ကူးယူ ဖေါ်ပြပေးလိုက်ပါပြီ ။
____________________
အင်္ဂလိပ်စာ မတတ်ခြင်း ဒုက္ခ
---------------------------
( မောင်သာနိုး )
ရှေးခေတ်က နိုင်ငံရေး ပိုင်နိုင်သူ ရှားပါးကြောင်း ရေးခဲ့ပြီ ။ မပိုင်ရတဲ့အကြောင်းထဲမှာ အင်္ဂလိပ်စာ မပိုင်တာလည်းအဓိက တကြောင်းဖြစ်တယ် ။ အပေါ်ယံကြောကြည့်ရင်တော့ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်ကျောင်း တက်ခဲ့သူတွေပဲ၊ Eng စာ တတ်တာပေါ့လို့ ထင်ချ င်စရာပဲ ။ ဟုတ်ပါတယ် ၊တတ်သူတွေရှိသမှ Eng လို ကျ မ်းပြု သူတွေ ပေါ်ထွက်ခဲ့ပါတယ် ။ ဒေါက်တာဘမော် ၊ ဒေါက်တာဘဦး ၊ မိမိခိုင် စသဖြင့် ။ ဒါပေမယ့် အင်မတန် နည်းပါးခဲ့ပါတယ် ။ အထူးသဖြင့် နိုင်ငံရေးလုပ်သူတွေထဲမှာ အင်မတန် နည်းခဲ့ပုံပေါ်တယ် ။ ဒါ့ကြောင့် အမျိုးသားကျောင်းတွေပေါ်လာတော့ အနီးဆုံးအသံ `` နရှနယ် ´´ လို့ မသုံးပဲ နေရှင်နယ်လို့ ခေါ်ခဲ့ကြတာ ကနေ့ထိ တွင်ကျ န်နေရစ်တယ် ။ အင်္ဂလန်က ချာချီ တို့ကိုလည်း ရွှေဥဒေါင်း ထောက်ပြဖူးသလို ကွန်ဆားဗတစ် မခေါ်တတ် ၊ ကွန်ဆာဗေးတစ် လုပ်ခဲ့ကြတယ် ။ ဦးသိန်းဖေမြင့်ကဆို ကွန်မြူ နစ်ကို ကော်မြူ နစ်လို့ တစ်ကိုယ်တော် သုံးသွားတာ ။
ဒါက အသံထွက် လွဲချော်မှုတွေပါ ။ အရေးမကြီးလှဘူးလို့ ပြောမယ်ဆို ပြောနှိုင်ပါတယ် ။ အဓိပ္ပာယ် အယူအဆကျ အဲသလို ပေါ့ပေါ့ သဘောမထားနှိုင်ပေဘူး ။
အဒမ်စမစ်ရဲ့ The Wealth of Nations ကို တရုတ်လိုပြန်တော့ နိုင်ငံ့ဓနလို့ ဖြစ်နေတယ် ။ တကယ်လို့သာ ( နိုင်ငံတို့ရဲ့ဓန ) လို့ မှန်မှန်ကန်ကန်ပြန်ခဲ့ရင် မော်စီတုံးရဲ့အယူအဆ တမျိုးတဖုံ ဖြစ်ခဲ့နှိုင်တယ်လို့ ပညာရှင်တစ်ဦးက ထောက်ပြတယ် ။
ကျ နော်တို့က ဗြိတိသျှ ရဲ့ကိုလိုနီ ဖြစ်နေရတယ်ဆိုတာ သူ့လက်ထဲကရေ ဖြစ်နေတာ ၊ သူ့ကို မှီခိုနေရတာကို ပြောတာ ။ ဒါ့ကြောင့် လက်အောက်ခံနိုက်ငံကို အင်္ဂလိပ်လို dependency လို့ခေါ်သေးတယ် ။ ကျွန်တော်တို့က အဲဒီဘဝကလွတ်ပြီး အမှီအခိုကင်းကင်း ( independently ) နေချ င်တာ ။ အဲဒါ independence ကို လွတ်လပ်ရေးလို့ သုံးလိုက်တော့ အနှစ်သာရကတော့ ဆင်ပါရဲ့ ။ Freedom နဲ့ ရောကုန်တယ် ။
လက်ဝဲနိုင်ငံရေးမှာ ကွန်မြူ နစ်တွေက သူတို့ဟာ Proletariat အာဏာသိမ်းရေးအတွက် တိုက်နေတာလို့ ဆိုတယ် ။ အင်္ဂလိပ်လိုမှာ workers , working class လို့ သုံးတဲ့အခါ သုံးတယ် ။ သူတို့ကြွေးကြော်သံကို ရံဖန် Proletariat of the world , unite ! ရံဖန် Workers of the world , unite ! တလှည့်စီ သုံးကြတယ် ။ ဗမာ ကွန်မြူ နစ်ကြီးတွေက ( အဓိက သခင်စိုး ) မတူအောင်ဟဲ့ဆိုပြီး worker ကို အလုပ်သမား ၊ prolateriat ကို ( ပစ္စည်းမဲ့ ) ပြန်ခဲ့ကြတယ် ။ ဒီတော့ အမှိုက်ပုံဖွတဲ့ကောင်ကလည်း ပစ္စည်းမဲ့ ၊ သူတောင်းစားကလည်း ပစ္စည်းမဲ့ ဖြစ်ကုန်ကြရော ။ တခါ ပစ္စည်းမဲ့ဆိုတာ ဆင်းရဲသားပေါ့ဆိုကာ ဆင်းရဲသားဝါဒ အော်ကြပြန်တယ် ။ မင်းတို့က ဆင်းရဲသားဝါဒဆိုတော့ ငါတို့က သူဋ္ဌေးဝါဒဆိုကာ နန်းတော်ရှေ့ဆရာတင်က ×× မော်တော်ကားလည်း စီးမယ် × ဆင်းရဲတာ နားမလည် × မင်းပွဲမှာ သွားမယ် ×× စသဖြင့် သီချ င်း ရေးပြန်တယ် ။ ဥသြဘသောင် ၊ စိန်ပါတီတို့က `` အပျို့ ဝါဒ ၊ လူပျို့ ဝါဒ ´´ ဆိုကာ တေးဟစ်ကြတယ် ။ " အပြောမှာသွက်ကာ ၊ အသက်မှာငယ် × တို့အမေလည်း တည့်အောင် ပေါင်းရမယ် " တဲ့ ။ ဒီတော့ ဝါဒရဲ့အဓိပ္ပာယ်ကလည်း ideology ( နိုင်ငံရေး အယူအဆ ) ဆိုတာကနေ * အကြို က်ရယ်လို့ ပြောင်းသွားတယ် ။ ကလေးကစားစရာရောင်းတဲ့လူက သူ့ရောင်းကုန်ကို ကလေးဝါဒတဲ့ ။ မိတ်ကပ် ပေါင်ဒါ ရောင်းတဲ့သူကလည်း ' အပျို့ ဝါဒပေါင်ဒါ ' တဲ့ ။
ဒါတွေနဲ့ကျွမ်းဝင်နေတဲ့ အင်္ဂလိပ်စာ မတတ်သူက လက်ဝဲစာကို ဆက်ဖတ်ရင်း ရုပ်ဝါဒလို့တွေ့ရင် " ရုပ်အကြို က် " ၊ နာမ်ဝါဒလို့တွေ့ရင် " နာမ်အကြို က်ထင်တော့မှာ မလွှဲမသွေဖြစ်တယ် ။
Revolution ကို ဘယ်လိုဘာသာပြန်ရပါ့မလဲလို့ သိန်းဖေမြင့်လိုက်ရှာတော့ ဝေဿ န္တရာဇာတ်ထဲမှာ သားတော် ၊ သမီးတော်တို့ကို ကျွန်အဖြစ်မှ တော်လှန်လိုမူ အသပြာ မည်၍ မည်မျှ ပေးလေလို့ မှာကြားပုံ တွေ့တာနဲ့ " တော်လှန်ရေး " ကို ယူလိုက်တယ်လို့ ဆိုတယ် ။ ဇာတ်တော် စာသွားအရ မင်းကြီးက သားတော် သမီးတော်တို့ကို ပြောနေတာက ကျွန်အဖြစ်ကလွတ်ဖို့ free , liberate ပြောနေတာ ။ အစိုးရပြု တ်ကျ အောင် ပြည်သူတွေ ထကြွ လှုပ်ရှားခိုင်းတာ မဟုတ်ဘူး ။ တိုက်ခိုက်တာ မပါဘူး ။ ဗမာတွေက အင်္ဂလိပ်ကို တိုက်နေတာဖြစ်တယ် ။ ဒီတော့ လွတ်လပ်ရေး ၊ လွတ်မြောက်ရေးအထိကတော့ တော်လှန်ရေးဆိုနှိုင်သော်လည်း တိုက်ပွဲကိုဆိုလိုရင်တော့ တော်လှန်ရေး မသုံးနှိုင်ဘူး ။ ( ခုတော့ တိုက်ပွဲအဓိပ္ပာယ်နဲ့တော်လှန်ရေးကို သုံးနေကြပါပြီ ။ )
အဓိပ္ပာယ်ကွဲပြားပုံကို Eng တတ်ကျွမ်းသူမှ သိမယ် ။ ဗကပတွေလုပ် ၊ ဦးနေဝင်း လုပ်သွားတာတွေဟာ မအောင်မြင်တဲ့တော်လှန်ရေးတွေ ဖြစ်တယ် ။ ဖက်ဆစ်ဂျ ပန် တော်လှန်ရေးကတော့ တော်လှန်ရေး ( revolution ) မဟုတ်ဘူး ။ ( resistance ) သာဖြစ်တယ် ။
ဗမာကွန်မြူ နစ်တွေ တလွဲပြန် ၊အခြားစာပေတွေကလည်း တလွဲပြန်ကြတဲ့ စကားလုံးကတော့ atheism ပါပဲ ။
Atheism ဆိုတာ a- ရှေ့ဆက်နဲ့ theism ပေါင်းစပ်ထားတာပါ ။ ရှေ့ဆက်က မ, သဘောကို ပြတယ် ။ apolitical ဆိုတာ နိုင်ငံရေးနဲ့မပတ်သက်ဘူးပေါ့ ။ theism ဆိုတာက the နဲ့ ism ပေါင်းစပ်ထားတာပါ ။ the က ဂရိခ် ( ခေါမ ) စကား theous က လာတာပါ ။ thoueus , deus , divus တို့ ၊ သက္ကတ , ပါဠိ deva တို့ အတူတူပဲ ။ နတ်ပေါ့ ။ ဗမာမှာ ဆရာယုဒသန်က ထာဝရဘုရားလို့ သုံးပေမယ့် ခရစ်ယာန် သမ္မာကျ မ်းစာ သက္ကတ ၊ ပါဠိဘာသာပြန်မှာတော့ ဒေဝပဲ သုံးကြပါတယ် ။ ဒီတော့ atheism ဆိုတော့ အဒေဝဝါဒ ၊ ဒေဝမရှိတဲ့ ဝါဒ ။ ထာဝရဘုရားမရှိတဲ့ဝါဒ ဖြစ်တယ် ။ ဗုဒ္ဓဝါဒကလည်း ထာဝရမရှိတဲ့ဝါဒ [ atheism ] ဖြစ်တယ် ။ ဒါကို ကွဲကွဲပြားပြား နားမလည်ကြတဲ့အတွက် atheism ကို ဘုရားမဲ့ဝါဒ ပြန်ကြလေတော့ ဗုဒ္ဓပါ မရှိဘူး ပြောသလို ဖြစ်ကုန်တယ် ။ ဒီလိုနဲ့ လက်ဝဲသမားပေါက်စလေးတွေ နားမလည် ၊ ပါးမလည်နဲ့ ဗုဒ္ဓဝါဒကိုပါ ပုတ်ခတ်ချ င်လာကြတယ် ။
လွတ်လပ်ရေးရခါစက ကျ နော်တို့တိုင်းပြည်မှာ ကရင်သူပုန် ၊ ကွန်မြူ နစ်သူပုန်တွေ အတော်လေး ထကြွခဲ့ကြပါတယ် ။ ဒါကို နိုင်ငံခြားကလည်း သိပါတယ် ။ ... မီဒီယာဝေါဟာရမှာ အမေရိကန်အစိုးရကို ဝါရှင်တန် ၊ တရုတ်အစိုးရကို ပီကင်းအစိုးရ သုံးသလို ဗမာအစိုးရကို ရန်ကုန်အစိုးရ သုံးလိုက်တာပါ ။ The government of Rangoon , the Rangoon government ! အဲဒါကိုပဲ သူပုန်တွေ ပတ်ချာဝိုင်းနေသမို့ နိုင်ငံခြားသတင်းတွေကတောင် ရန်ကုန်အစိုးရ ခေါ်လာကြတယ်လို့ ပြောကြ ဟောကြ ရေးကြတာကလား ။ တချို့  ခုထိတောင် အဲသလိုအပြောမျိုး ပြောချ င်ကြသေးတာ ။
ဒီတော့ ကနေ့ခေတ် နိုင်ငံရေးသမားလုပ်ချ င်သူတွေကို တိုက်တွန်းချ င်တယ် ။ ပြည်သူကို ချ စ်ပါတယ် ၊ အလုပ်အကျွေးပြု ချ င်ပါတယ် ဆိုကာမျှ နဲ့ ကနေ့ခေတ်က နိုင်ငံရေးလုပ်လို့ မရဘူး ။ နိုင်ငံခြားသားတွေ လွှတ်တော်ကို လာကြတယ် ။ လွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံခြား သွားနေကြရတယ် ။ အင်္ဂလိပ်စကား တတ်ပါ ၊ Eng စာ , Eng မီဒီယာ ကြည့်ပါ ၊ နားထောင်ပါ ။ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးအဖြစ် လွှတ်တော်ထဲရောက်လို့ စာတမ်းပြု စုရကာမှ organized crime လို့ မှန်မှန်ကန်ကန် မသုံးတတ်ပဲ ၊ed မပါပဲ organize crime ရေးမိတာမျိုး မဖြစ်ပါစေနဲ့ ။ ရှက်စရာ ကောင်းတယ် ။
စောင့်ကြည့်ဂျာနယ်
21.2.2012
အင်္ဂလိပ်စာ မတတ်ခြင်း ဒုက္ခ --------------------------- ( မောင်သာနိုး )
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 08, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment