CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, October 17, 2018
မသံုးရက္ မစားရက္ ႏွမ္းေရာင္းရတဲ့ ေငြေလးကို သားသမီးဆီ ေငြလာလႊဲတယ္ ဒါကို အတုဆိုျပီး ဘဏ္ဝန္ထမ္းက သိမ္းေတာ့
တစ္ေသာင္းတန္အတု
ဒါသိမ္းမယ္ဆိုရင္ က်ေနာ့္ကို အစားျပန္ေပးပါ မရဘူး အကို သိမ္းပဲ သိမ္းခိုင္းတာ မသိမ္းပဲ ျပန္ေပးလိုက္ရင္လည္း ေနာက္တစ္ခါသံုးရင္ ေရာသံုးမွာေလ ဒါဆို တစ္႐ြက္ ၅၀၀၀ ေတာ့ ျပန္ေပးပါ မရဘူး အကို မထားခဲ့ရင္ ရဲစခန္းဆီဖုန္းဆက္လိုက္မယ္
က်ေနာ္တို႔က နွမ္းေရာင္းၿပီး ကေလးဆီ ေငြလာလႊဲတာ ကိုယ္လည္းမလုပ္ဘူး က်ေနာ္ ေငြလႊဲလာထုတ္ရင္း ဘဏ္က ဝန္ထမ္းေကာင္မေလးနဲ႔ အသက္ေလးဆယ္ဝန္းက်င္ေလာက္ရွိမယ့္လင္မယားလို႔ ထင္ရတဲ့သူေတြ ေျပာဆိုေနတာကို ၾကားေနရတာပါ ။
သူတို႔ခမ်ားလည္း မသံုးလ်က္ မစားလ်က္ နွမ္းေရာင္းရတဲ့ ေငြေလးကို နယ္က သားသၼီးဆီ လာလႊဲတယ္ ထင္ပါတယ္ ။ဒါကို အတုဆိုၿပီး ဘဏ္ဝန္ထမ္းက သိမ္းေတာ့ နွေမ်ာေနရွာတာ ။ အစားမရလို႔ ျပန္ယူသြားမယ္ဆိုေတာ့လည္း ရဲစခန္းဖုန္းဆက္မယ္ဆိုေတာ့ မ်က္နွာေတြ မေကာင္းရွာဘူး ။
က်ေနာ္လည္း ၾကည့္ေနရင္းက မေနနိုင္ေတာ့တာနဲ႔ ဘယ္ဟာက အတုလဲဆိုၿပီး ကိုင္ၾကည့္မိတယ္ ဒါက အစစ္အကို ဒါက အတု ေသခ်ာၾကည့္ၾကည့္ပါ ဦး ဘဏ္ဝန္ထမ္းေတြက ေျပာျပေနတာပါ က်ေနာ္ၾကည့္ေတာ့လည္း ဘာမွ သိပ္ထူးျခားတာ မရွိလွပါဘူး မေသခ်ာမွာစိုးလို ေငြမထုတ္ေသးပဲ အတုအစစ္ နွစ္႐ြက္လံုးကို ေသခ်ာကိုၾကည့္တာ။
ေနာက္ဆံုး မေနနိုင္ေတာ့ ညီမတို႔က အတုအစစ္ဘယ္လို စစ္တာလဲ ဒီလိုေကာ ကိုယ့္ဆံုးျဖတ္ခ်က္နဲ႔ကိုယ္ သိမ္းခြင့္ ရွိလား ေမးလိုက္တယ္ ဥပေဒရွိပါတယ္ ဦး….
ေရာ …ခက္ၿပီ ေအး …အဲဒါဆို မေန႔တေန႔ကမွ အလုပ္ဝင္လာတဲ့ ဘဏ္ဝန္းထမ္းက ဒါမ်ဳိးေတြလုပ္ေနရင္ေကာ ဘယ္လို ယံုၾကည္ရမလဲ ။ ဘဏ္ဝန္ထမ္းေတြက ပိုက္ဆံအတုအစစ္ ခဲြတဲ့ပညာေကာ အကုန္သင္ခဲ့ ရတာလား ။ မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ဆိုရင္ ပိုင္ဆိုင္သူဘက္က နစ္နာလြန္းမေနဘူးလား ။
ရဲစခန္းတိုင္မယ္ဆိုလည္း တိုင္ေပါ့ ဘာေၾကာက္စရာရွိလဲ အတုလုပ္တဲ့သူေတြ ရွိရင္ ပိုက္ဆံကိုင္ေနသူေတြလက္မွာ အတုလည္းပါလာနိုင္တာပဲေလ… ဒါကို ဘယ္ကရသလဲတဲ့လား ရွင္းရွင္းေလးပဲ အေရာင္းအဝယ္လုပ္ရင္းက ရတယ္ ။
ဒီလိုအတုကို လက္ဝယ္ထားရွိရင္ အဖမ္းအစီးခံရမယ္တဲ့လား ညီမရဲသာ ေခၚလိုက္ပါ ရဲကေကာ အတုအစစ္ခြဲတဲ့ပညာတတ္လား ညီမတို႔ေတြပါးစပ္ကအတုဆိုတာနဲ႔ပဲ သူတို႔ပိုက္ဆံက တုေရာလား ညီမ ….
အတုအစစ္သူတို႔လည္း ဘယ္သိနိုင္မလဲ ညီမတို႔ေတာင္ မနည္းၿဖဲၾကည့္ေနရတာမလား ….ဒါဆို ညီမတို႔ ျမန္မာ့စီးပြားေရးဘဏ္ကေကာ ပုဂၢလိက ဘဏ္ေတြကေကာ ေငြေၾကး အတုအစစ္နဲ႔ပတ္သက္ၿပီး လူထုကို အသိပညာေပး ဘာေတြျဖန္႔ေဝဘူးလဲ လို႔ ေမးမယ္ ညီမ ။
အတုအစစ္ ျပႆနာက နိုင္ငံေတာ္အစိုးရက စီစစ္ရမွာပါ ထုတ္လုပ္သူေတြကိုသာ အေရးယူရမွာပါ ရိုးရိုးသားသား ေရာင္းဝယ္ေဖာက္ကားေနသူေတြရဲ႕ လက္ထဲမွာ အတုေကာအစစ္ေကာ ရွိေနနိုင္တယ္…
အတုဆိုတာနဲ႔ လူကို ဖမ္းလို႔ မရပါဘူး အတုဆိုတာကို သက္ဆိုင္ရာေတြနဲ႔ သက္ေသခိုင္လံုေအာင္ ျပၿပီးမွ ကာယကံရွင္ဆီက ပိုက္ဆံကို သိမ္းရတာပါ ။က်ေနာ္တစ္ေယာက္တည္း ေတာက္ေလွ်ာက္ေျပာေနေတာ့ ဘဏ္ဝန္ထမ္းေတြက တျဖည္းျဖည္းစုလာလို႔ က်ေနာ္ သူတို႔ကိုၾကည့္ရင္းက ဆက္ေျပာေနမိတာပါ ။
ဒါေပမယ့္ ပိုက္ဆံ ၁၀၀၀၀တန္ ေလးငါး႐ြက္ေတာ့ ကာယကံရွင္ေတြဆီကေန ဘဏ္ဝန္ထမ္းက သိမ္းသြားပါၿပီ ကာယကံရွင္ နွစ္ေယာက္ကလည္းျပန္ဖို႔ လုပ္ေနၿပီဆိုေတာ့ က်ေနာ္လည္း ေငြလႊဲထုတ္ၿပီး ျပန္လာခဲ့တယ္။
မဆိုင္ဘူးဗ် လက္ဝယ္ရွိတာနဲ႔ ဘယ္ဖမ္းလို႔ရမလဲ အတုမွန္းမသိလို႔ လက္ခံခဲ့တာေလဗ်ာ အတု ဘယ္သူ ယူခ်င္မွာလဲ အတုဆိုတာ သက္ေသခိုင္လုံေအာင္ရွင္းျပ ေသခ်ာၿပီဆို သိမ္းေပါ့ ။
ပိုက္ဆံအတုလည္း မသိလို႔လက္ခံရေသးတယ္ အဖမ္းပါ ခံရမယ္ဆိုရင္ ဒါ မတရားတာပဲ အတုထုတ္တဲ့ေနရာေတြ ရွာပါ အေရးယူပါ လူထုကို ပညာေပးပါ ဒီလို ဘဏ္ဝန္ထမ္းေတြအေနနဲ႔ အတုလို႔ ေျပာၿပီး သိမ္းပိုင္ခြင့္ရွိတယ္ဆိုရင္လည္း ကြၽမ္းက်င္သူေတြကို ေနရာေပးပါ။
ဥပေဒဆိုတိုင္း တရားတယ္ထင္ေနရင္ က်ေနာ္တို႔ေတြ ညံ့လို႔ပဲေလ အရင္းအျမစ္ကို အေရးမယူပဲေနသ၍ အတုအစစ္ေတြ ရွိေနဦးမယ္ဆိုတာကိုေတြးရင္း က်ေနာ္ ျပန္ခဲ့လိုက္တယ္ ။
ေလးစားစြာျဖင့္ ကိုခ်မ္းေအး
Zaw Aung
#Unicode Version#
တစ်သောင်းတန်အတု
ဒါသိမ်းမယ်ဆိုရင် ကျနော့်ကို အစားပြန်ပေးပါ မရဘူး အကို သိမ်းပဲ သိမ်းခိုင်းတာ မသိမ်းပဲ ပြန်ပေးလိုက်ရင်လည်း နောက်တစ်ခါသုံးရင် ရောသုံးမှာလေ ဒါဆို တစ်ရွက် ၅၀၀၀ တော့ ပြန်ပေးပါ မရဘူး အကို မထားခဲ့ရင် ရဲစခန်းဆီဖုန်းဆက်လိုက်မယ်
ကျနော်တို့က နှမ်းရောင်းပြီး ကလေးဆီ ငွေလာလွှဲတာ ကိုယ်လည်းမလုပ်ဘူး ကျနော် ငွေလွှဲလာထုတ်ရင်း ဘဏ်က ဝန်ထမ်းကောင်မလေးနဲ့ အသက်လေးဆယ်ဝန်းကျင်လောက်ရှိမယ့်လင်မယားလို့ ထင်ရတဲ့သူတွေ ပြောဆိုနေတာကို ကြားနေရတာပါ ။
သူတို့ခများလည်း မသုံးလျက် မစားလျက် နှမ်းရောင်းရတဲ့ ငွေလေးကို နယ်က သားသ္မီးဆီ လာလွှဲတယ် ထင်ပါတယ် ။ဒါကို အတုဆိုပြီး ဘဏ်ဝန်ထမ်းက သိမ်းတော့ နှမျောနေရှာတာ ။ အစားမရလို့ ပြန်ယူသွားမယ်ဆိုတော့လည်း ရဲစခန်းဖုန်းဆက်မယ်ဆိုတော့ မျက်နှာတွေ မကောင်းရှာဘူး ။
ကျနော်လည်း ကြည့်နေရင်းက မနေနိုင်တော့တာနဲ့ ဘယ်ဟာက အတုလဲဆိုပြီး ကိုင်ကြည့်မိတယ် ဒါက အစစ်အကို ဒါက အတု သေချာကြည့်ကြည့်ပါ ဦး ဘဏ်ဝန်ထမ်းတွေက ပြောပြနေတာပါ ကျနော်ကြည့်တော့လည်း ဘာမှ သိပ်ထူးခြားတာ မရှိလှပါဘူး မသေချာမှာစိုးလို ငွေမထုတ်သေးပဲ အတုအစစ် နှစ်ရွက်လုံးကို သေချာကိုကြည့်တာ။
နောက်ဆုံး မနေနိုင်တော့ ညီမတို့က အတုအစစ်ဘယ်လို စစ်တာလဲ ဒီလိုကော ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သိမ်းခွင့် ရှိလား မေးလိုက်တယ် ဥပဒေရှိပါတယ် ဦး….
ရော …ခက်ပြီ အေး …အဲဒါဆို မနေ့တနေ့ကမှ အလုပ်ဝင်လာတဲ့ ဘဏ်ဝန်းထမ်းက ဒါမျိုးတွေလုပ်နေရင်ကော ဘယ်လို ယုံကြည်ရမလဲ ။ ဘဏ်ဝန်ထမ်းတွေက ပိုက်ဆံအတုအစစ် ခွဲတဲ့ပညာကော အကုန်သင်ခဲ့ ရတာလား ။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဆိုရင် ပိုင်ဆိုင်သူဘက်က နစ်နာလွန်းမနေဘူးလား ။
ရဲစခန်းတိုင်မယ်ဆိုလည်း တိုင်ပေါ့ ဘာကြောက်စရာရှိလဲ အတုလုပ်တဲ့သူတွေ ရှိရင် ပိုက်ဆံကိုင်နေသူတွေလက်မှာ အတုလည်းပါလာနိုင်တာပဲလေ… ဒါကို ဘယ်ကရသလဲတဲ့လား ရှင်းရှင်းလေးပဲ အရောင်းအဝယ်လုပ်ရင်းက ရတယ် ။
ဒီလိုအတုကို လက်ဝယ်ထားရှိရင် အဖမ်းအစီးခံရမယ်တဲ့လား ညီမရဲသာ ခေါ်လိုက်ပါ ရဲကကော အတုအစစ်ခွဲတဲ့ပညာတတ်လား ညီမတို့တွေပါးစပ်ကအတုဆိုတာနဲ့ပဲ သူတို့ပိုက်ဆံက တုရောလား ညီမ ….
အတုအစစ်သူတို့လည်း ဘယ်သိနိုင်မလဲ ညီမတို့တောင် မနည်းဖြဲကြည့်နေရတာမလား ….ဒါဆို ညီမတို့ မြန်မာ့စီးပွားရေးဘဏ်ကကော ပုဂ္ဂလိက ဘဏ်တွေကကော ငွေကြေး အတုအစစ်နဲ့ပတ်သက်ပြီး လူထုကို အသိပညာပေး ဘာတွေဖြန့်ဝေဘူးလဲ လို့ မေးမယ် ညီမ ။
အတုအစစ် ပြဿနာက နိုင်ငံတော်အစိုးရက စီစစ်ရမှာပါ ထုတ်လုပ်သူတွေကိုသာ အရေးယူရမှာပါ ရိုးရိုးသားသား ရောင်းဝယ်ဖောက်ကားနေသူတွေရဲ့ လက်ထဲမှာ အတုကောအစစ်ကော ရှိနေနိုင်တယ်…
အတုဆိုတာနဲ့ လူကို ဖမ်းလို့ မရပါဘူး အတုဆိုတာကို သက်ဆိုင်ရာတွေနဲ့ သက်သေခိုင်လုံအောင် ပြပြီးမှ ကာယကံရှင်ဆီက ပိုက်ဆံကို သိမ်းရတာပါ ။ကျနော်တစ်ယောက်တည်း တောက်လျှောက်ပြောနေတော့ ဘဏ်ဝန်ထမ်းတွေက တဖြည်းဖြည်းစုလာလို့ ကျနော် သူတို့ကိုကြည့်ရင်းက ဆက်ပြောနေမိတာပါ ။
ဒါပေမယ့် ပိုက်ဆံ ၁၀၀၀၀တန် လေးငါးရွက်တော့ ကာယကံရှင်တွေဆီကနေ ဘဏ်ဝန်ထမ်းက သိမ်းသွားပါပြီ ကာယကံရှင် နှစ်ယောက်ကလည်းပြန်ဖို့ လုပ်နေပြီဆိုတော့ ကျနော်လည်း ငွေလွှဲထုတ်ပြီး ပြန်လာခဲ့တယ်။
မဆိုင်ဘူးဗျ လက်ဝယ်ရှိတာနဲ့ ဘယ်ဖမ်းလို့ရမလဲ အတုမှန်းမသိလို့ လက်ခံခဲ့တာလေဗျာ အတု ဘယ်သူ ယူချင်မှာလဲ အတုဆိုတာ သက်သေခိုင်လုံအောင်ရှင်းပြ သေချာပြီဆို သိမ်းပေါ့ ။
ပိုက်ဆံအတုလည်း မသိလို့လက်ခံရသေးတယ် အဖမ်းပါ ခံရမယ်ဆိုရင် ဒါ မတရားတာပဲ အတုထုတ်တဲ့နေရာတွေ ရှာပါ အရေးယူပါ လူထုကို ပညာပေးပါ ဒီလို ဘဏ်ဝန်ထမ်းတွေအနေနဲ့ အတုလို့ ပြောပြီး သိမ်းပိုင်ခွင့်ရှိတယ်ဆိုရင်လည်း ကျွမ်းကျင်သူတွေကို နေရာပေးပါ။
ဥပဒေဆိုတိုင်း တရားတယ်ထင်နေရင် ကျနော်တို့တွေ ညံ့လို့ပဲလေ အရင်းအမြစ်ကို အရေးမယူပဲနေသ၍ အတုအစစ်တွေ ရှိနေဦးမယ်ဆိုတာကိုတွေးရင်း ကျနော် ပြန်ခဲ့လိုက်တယ် ။
လေးစားစွာဖြင့် ကိုချမ်းအေး
Zaw Aung
မသံုးရက္ မစားရက္ ႏွမ္းေရာင္းရတဲ့ ေငြေလးကို သားသမီးဆီ ေငြလာလႊဲတယ္ ဒါကို အတုဆိုျပီး ဘဏ္ဝန္ထမ္းက သိမ္းေတာ့
Reviewed by MP4 YoU
on
October 17, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment