Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 13, 2018

သတင္းၾကီးတဲ႔ဆားလင္းၾကီးရဲ႕သနပ္ခါးပါးကြက္က်ားေလးနဲ႔ ခြဲစိတ္ဆရာဝန္

တရင္ တရင္ တရင္…………

အခ်ိန္မွန္ေပးထားသည္႔ႏႈိးစက္အသံေၾကာင္႔ နံက္၄နာရီ အိပ္ယာမွထ ကိုယ္လက္သန္႔စင္ သနပ္ခါးပါးကြက္က်ားေလးလူး ဘုရားဝတ္ျပဳ ဳၿပီး ေရႊလင္းလက္ဘက္ရည္ဆိုင္သို႔ လမ္းေလ်ွာက္သြားေနသူမွာ အသက္၄၄နွစ္အရြယ္ရွိ ေကာလင္းဇာတိသား ေလရွီးျမိဳ႕ျပည္သူ႔ေဆးရုံမွ ဆားလင္းၾကီးျပည္သူ႔ေဆးရုံသို႔ ေျပာင္းေရႊ႕လာေသာ
ဆရာဝန္ၾကီးဦးမင္းထြဋ္ပင္ျဖစ္သည္။

ဆိုင္မွ ပဲနံျပား၂ပြဲႏွင္႔လက္ဘက္ရည္သံုးေဆာင္ျပီးအျပန္…အတြင္းလူနာမ်ားအားround လွည္႔ရင္း သီခ်င္းေလးတစာစာနွင္႔လွည္႔လည္ၾကည္႔ရႈစမ္းသပ္ေနသည္။
ခ်ိဳျပံဳးေသာမ်က္နွာ ေႏြးေထြးေသာဆက္ဆံမႈတို႔က လူနာမ်ား၏ေရာဂါတဝက္ကိုသက္သာေစေတာ႔သည္။

round လွည္႔အျပီး ျပင္ပလူနာဌာနတြင္ ထပ္ထားသည္႔လူနာစာအုပ္မ်ားကို တစ္ဦးခ်င္းေခၚယူ ၾကည္႔ရႈစမ္းသပ္ေပးသည္။လူနာမ်ားမွာ ေဒသခံတဝိုက္နွင္႔ မႏၲေလး စစ္ကိုင္း ေခ်ာင္းဦး မံုရြာ ေရဦး တန္႔ဆည္ ပုလဲ ယင္းမာပင္ ျမိဳင္နယ္မ်ားမွ ဆားလင္းၾကီးျပည္သူ႔ေဆးရုံသို႔ နံက္မိုးမလင္းခင္ကတည္းက ေရာက္ရွိေနၾကသည္။

ခဲြစိတ္ကုသမႈမ်ားကုိနံက္၉နာရီခြဲအခ်ိန္ေလာက္တြင္စတင္ပါေတာ႔သည္။တစ္ရက္လ်ွင္ အၾကီးစားခြဲစိတ္မႈ၁၀ၾကိမ္နွင္႔အေသးစာခြဲစိတ္မႈ ၂၀ခန္႔ျပဳ လုပ္သည္ဟုသိရ၏။လူနာအမ််ားစုမွာ အဖု အၾကိတ္ အူက် ေဘာၾကီး လိပ္ေခါင္း ဂရင္ဂ်ီနာ ေမြးလူနာဗိုက္ခြဲ အမ်ိဳးသမီး သားအိမ္ကိစၥနွင့္လည္ပင္းၾကီးလူနာမ်ား အမ်ားဆံုးလာေရာကၾ္ကသည္ဟု ဦးမင္းထြဋ္ကေျပာသည္။

ဆရာဝန္ၾကီးက ထမင္းစားခ်ိန္မထားဘူး။ခြဲစိတ္ခန္းနွင္႔နီးသည္႔အခန္းတစ္ခုတြင္ ထမင္းဇလံုထဲဟင္းပံုထားျပီး ဗိုက္ဆာရင္ ေလးငါးဇြန္းေလာက္စားလိုက္ ျပန္ခြဲစိတ္လိုက္နဲ႔ ေက်နပ္ေနပံုရွိဟု လူနာေစာင္႔မ်ားကဆိုသည္။

ခြဲစိတ္ကုသမႈတြက္ လိပ္ေခါင္း ဂရင္ဂ်ီနာ၆၅၀၀၀က်ပ္ ဗိုက္ခဲြေမြးလူနာ ၇၅၀၀၀က်ပ္ေဘာခြဲ ၈၅၀၀၀က်ပ္ခန္႔သာ ကုန္က်သည္ဟု လူနာရွင္မ်ားကဆိုသည္။ကုန္က်စရိတ္
သက္သာျခင္း လူတန္းစား ခြဲျခားမဆက္ျခင္း ေဖာ္ေရြျခင္း ျမန္ဆန္ျခင္းနွင္႔ ခြဲစိ္တ္ကၽြမ္းက်င္ျခင္း အခ်က္တို႔သည္ လူနာမ်ားပိုမိုမ်ားျပားေစျခင္း၏ အေၾကာင္းရင္းတရပ္ျဖစ္သည္။

တိုးခ်ဲ႕လူနာေဆာင္မေဆာက္လုပ္ခ်ိန္အခါက လူနာထားရန္ ေနရာလံုေလာက္မႈမရွိေသာေၾကာင္႔ ေဆးရုံအတြင္းေလ်ွာက္လမ္းမ်ားနွင္႔စည္းေဝးခန္းမမ်ားတြင္ထားခဲ႔ရသည္္။ယခုအခ်ိန္မွာ ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴ းဦးေအာင္ျမင္႔ထြန္းနွင္႔တိုငး္ေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာေမာင္တို႔၏ၾကီးၾကပ္မႈတို႔ႏွင္႔ အတူ အမ််ားျပည္သူတို႔ထည္႔ဝင္ေငြျဖင္႔ တိုးခ်ဲ႕လူနာေဆာင္ကိုအေရးေပၚေဆာက္လုပ္ျပီးစီးသြားပါျပီ။

ဦးမင္းထြဋ္သည္ ျပင္ပေဆးခန္းဖြင္႔လွစ္ထားျခင္းမရွိ။စေန တနဂၤေႏြ အဖိတ္ ဥပုသ္ ဆိုသည္သူ႔ အတြက္မရွိခဲ႔ေပ။ခဲြစတ္ကုသသည္႔အလုပ္သည္ အခ်ိန္အၾကာၾကီးရပ္ျပီး ခြဲစိတ္ကုသရေသာ္လည္း ျပီးသြားသည္႔အခါ လူနာမ်ား ေရာဂါေဝဒနာသက္သာေပ်ာက္ကင္းသြားသည္ကို နွစ္သက္ျပီး ပင္ပန္းရၾကိဳးနပ္၏ဟုေျပာသည္။ေခါင္းေဆာင္က ၁၀၀%လုပ္မွေနာက္လိုက္က၃၀%ပါလာမယ္လို႔ဦးမင္းထြဋ္ကဆို၏။

မိသားစုအေျခေနအရ အထူးကုသမားေတာ္ၾကီးေတြျဖစ္ဖို႔ စိတ္ကူးယဥ္ခြင္႔မရခဲ႔ေအထူးကုေတြလို နိုင္ငံျခားျပန္ၾကီးေတြလိုတစ္ဖက္ကမ္းခပ္ မတတ္ေသာ္လည္း…လမင္းၾကီးေလာက္မလင္းနုိင္ရင္ေန ၾကယ္ေလးတစ္ပြင္႔ျဖစ္ရင္လည္း လင္းလက္ခြင္႔ရသေလာက္ အေတာက္ပဆံုးလင္းလက္ေပးမယ္ဆိုတဲ႔ခံယူခ်က္နဲ႔ေပါ႔…

ခြဲစိတ္ကုသမႈ တစ္ရက္ပ်မ္းမ်ွ ၃၀ေယာက္ တစ္လ ၉၀၀ ဝန္းက်င္ခန္႔ ခြဲစိတ္ေနေသာဆရာဝန္ၾကီးဦးမင္းထြဋ္၏သတင္းမွာ ပန္းသတင္းေလညွင္းေဆာင္ လူသတင္းလူခ်င္းေဆာင္လို႔ သတင္းၾကီးတဲ႔ဆားလင္းၾကီးရဲ႕ခြဲစိတ္က်ြမ္းက်င္ဆရာဝန္ၾကီးအျဖစ္ ေမႊးပ်ံ႕ေနေတာ႔၏။သစ္တစ္ပင္ေကာင္း ငွက္တစ္ေသာင္းနားေစေသာ္………
 ေမာင္ေၾကြ

# Unicode Version ျဖင့္ ဖတ္ပါ #
တရင် တရင် တရင်…………

အချိန်မှန်ပေးထားသည့်နှိုးစက်အသံကြောင့် နံက်၄နာရီ အိပ်ယာမှထ ကိုယ်လက်သန့်စင် သနပ်ခါးပါးကွက်ကျားလေးလူး ဘုရားဝတ်ပြု ုပြီး ရွှေလင်းလက်ဘက်ရည်ဆိုင်သို့ လမ်းလျှောက်သွားနေသူမှာ အသက်၄၄နှစ်အရွယ်ရှိ ကောလင်းဇာတိသား လေရှီးမြို့ပြည်သူ့ဆေးရုံမှ ဆားလင်းကြီးပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့လာသော
ဆရာဝန်ကြီးဦးမင်းထွဋ်ပင်ဖြစ်သည်။

ဆိုင်မှ ပဲနံပြား၂ပွဲနှင့်လက်ဘက်ရည်သုံးဆောင်ပြီးအပြန်…အတွင်းလူနာများအားround လှည့်ရင်း သီချင်းလေးတစာစာနှင့်လှည့်လည်ကြည့်ရှုစမ်းသပ်နေသည်။
ချိုပြုံးသောမျက်နှာ နွေးထွေးသောဆက်ဆံမှုတို့က လူနာများ၏ရောဂါတဝက်ကိုသက်သာစေတော့သည်။

round လှည့်အပြီး ပြင်ပလူနာဌာနတွင် ထပ်ထားသည့်လူနာစာအုပ်များကို တစ်ဦးချင်းခေါ်ယူ ကြည့်ရှုစမ်းသပ်ပေးသည်။လူနာများမှာ ဒေသခံတဝိုက်နှင့် မန္တလေး စစ်ကိုင်း ချောင်းဦး မုံရွာ ရေဦး တန့်ဆည် ပုလဲ ယင်းမာပင် မြိုင်နယ်များမှ ဆားလင်းကြီးပြည်သူ့ဆေးရုံသို့ နံက်မိုးမလင်းခင်ကတည်းက ရောက်ရှိနေကြသည်။

ခွဲစိတ်ကုသမှုများကိုနံက်၉နာရီခွဲအချိန်လောက်တွင်စတင်ပါတော့သည်။တစ်ရက်လျှင် အကြီးစားခွဲစိတ်မှု၁၀ကြိမ်နှင့်အသေးစာခွဲစိတ်မှု ၂၀ခန့်ပြု လုပ်သည်ဟုသိရ၏။လူနာအမျျားစုမှာ အဖု အကြိတ် အူကျ ဘောကြီး လိပ်ခေါင်း ဂရင်ဂျီနာ မွေးလူနာဗိုက်ခွဲ အမျိုးသမီး သားအိမ်ကိစ္စနှင့်လည်ပင်းကြီးလူနာများ အများဆုံးလာရောြက်ကသည်ဟု ဦးမင်းထွဋ်ကပြောသည်။

ဆရာဝန်ကြီးက ထမင်းစားချိန်မထားဘူး။ခွဲစိတ်ခန်းနှင့်နီးသည့်အခန်းတစ်ခုတွင် ထမင်းဇလုံထဲဟင်းပုံထားပြီး ဗိုက်ဆာရင် လေးငါးဇွန်းလောက်စားလိုက် ပြန်ခွဲစိတ်လိုက်နဲ့ ကျေနပ်နေပုံရှိဟု လူနာစောင့်များကဆိုသည်။

ခွဲစိတ်ကုသမှုတွက် လိပ်ခေါင်း ဂရင်ဂျီနာ၆၅၀၀၀ကျပ် ဗိုက်ခွဲမွေးလူနာ ၇၅၀၀၀ကျပ်ဘောခွဲ ၈၅၀၀၀ကျပ်ခန့်သာ ကုန်ကျသည်ဟု လူနာရှင်များကဆိုသည်။ကုန်ကျစရိတ်
သက်သာခြင်း လူတန်းစား ခွဲခြားမဆက်ခြင်း ဖော်ရွေခြင်း မြန်ဆန်ခြင်းနှင့် ခွဲစိတ်ကျွမ်းကျင်ခြင်း အချက်တို့သည် လူနာများပိုမိုများပြားစေခြင်း၏ အကြောင်းရင်းတရပ်ဖြစ်သည်။

တိုးချဲ့လူနာဆောင်မဆောက်လုပ်ချိန်အခါက လူနာထားရန် နေရာလုံလောက်မှုမရှိသောကြောင့် ဆေးရုံအတွင်းလျှောက်လမ်းများနှင့်စည်းဝေးခန်းမများတွင်ထားခဲ့ရသည်။ယခုအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူ းဦးအောင်မြင့်ထွန်းနှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်တို့၏ကြီးကြပ်မှုတို့နှင့် အတူ အမျျားပြည်သူတို့ထည့်ဝင်ငွေဖြင့် တိုးချဲ့လူနာဆောင်ကိုအရေးပေါ်ဆောက်လုပ်ပြီးစီးသွားပါပြီ။

ဦးမင်းထွဋ်သည် ပြင်ပဆေးခန်းဖွင့်လှစ်ထားခြင်းမရှိ။စနေ တနင်္ဂနွေ အဖိတ် ဥပုသ် ဆိုသည်သူ့ အတွက်မရှိခဲ့ပေ။ခွဲစတ်ကုသသည့်အလုပ်သည် အချိန်အကြာကြီးရပ်ပြီး ခွဲစိတ်ကုသရသော်လည်း ပြီးသွားသည့်အခါ လူနာများ ရောဂါဝေဒနာသက်သာပျောက်ကင်းသွားသည်ကို နှစ်သက်ပြီး ပင်ပန်းရကြိုးနပ်၏ဟုပြောသည်။ခေါင်းဆောင်က ၁၀၀%လုပ်မှနောက်လိုက်က၃၀%ပါလာမယ်လို့ဦးမင်းထွဋ်ကဆို၏။

မိသားစုအခြေနေအရ အထူးကုသမားတော်ကြီးတွေဖြစ်ဖို့ စိတ်ကူးယဉ်ခွင့်မရခဲ့အေထူးကုတွေလို နိုင်ငံခြားပြန်ကြီးတွေလိုတစ်ဖက်ကမ်းခပ် မတတ်သော်လည်း…လမင်းကြီးလောက်မလင်းနိုင်ရင်နေ ကြယ်လေးတစ်ပွင့်ဖြစ်ရင်လည်း လင်းလက်ခွင့်ရသလောက် အတောက်ပဆုံးလင်းလက်ပေးမယ်ဆိုတဲ့ခံယူချက်နဲ့ပေါ့…

ခွဲစိတ်ကုသမှု တစ်ရက်ပျမ်းမျှ ၃၀ယောက် တစ်လ ၉၀၀ ဝန်းကျင်ခန့် ခွဲစိတ်နေသောဆရာဝန်ကြီးဦးမင်းထွဋ်၏သတင်းမှာ ပန်းသတင်းလေညှင်းဆောင် လူသတင်းလူချင်းဆောင်လို့ သတင်းကြီးတဲ့ဆားလင်းကြီးရဲ့ခွဲစိတ်ကျွမ်းကျင်ဆရာဝန်ကြီးအဖြစ် မွှေးပျံ့နေတော့၏။သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားစေသော်………

 မောင်ကြွေ

No comments:

Post a Comment