Hard Truths မှ Honey River...
---------------------°°°°°---------------------
"ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံအား နိုင်နင်းစွာ အုပ်ချုပ်နိုင်မည်
မဟုတ်၊ အုပ်ချုပ်ပါက မြန်မာပြည်သည် ဘော့စနီးယား၊ ဟာဇီဂိုဗီးနားကဲ့သို့
တစစီပြိုကွဲသွားလိမ့်မည်..။ ထို့ကြောင့်သူမအနေဖြင့် နိုင်ငံရေးသင်္ကေတ တစ်
ခု အနေဖြင့်သာ နေသင့်သည်..။ မြန်မာပြည်အား နိုင်နင်းစွာ အုပ်ချုပ်နိုင်မည့်
သူမှာ စစ်တပ်တစ်ခုတည်းသာဖြစ်သည်.."
လီကွမ်ယု ( စကာင်္ပူဝန်ကြီးချုပ်ဟောင်း )
(၁၃.၆.၁၉၉၆)
နားဝင်မချိုသော အမှန်တရားများ(Hard Truths)ပြောခဲ့သူ လီကွန်ယု(ကွယ်
လွန်) အနေနဲ့ ဒီအချိန်မှာရှိနေသေးရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကို ဘာပြောလေမလဲ ? .. အဖေပြောထားတာကို သား
ဖြစ်သူ လီရှန်လွန်းက ဖျက်လိုက်နဲ့ဆိုတော့ ကြည့်လို့ကောင်းမယ်ပွဲပဲဆိုတာ..။
အမှန်တကယ် တရုတ်တို့ လက်ရုံးဆန့်လာချိန်၊ တောင်တရုတ်ပင်လယ်ကျွန်း
များပိုင်ဆိုင်မှုပြဿနာ၊ စွမ်းအင်နဲ့ OBOR Initiative ခြေလှမ်းစဖို့ အိန္ဒိယသမုဒ္ဒ
ရာ လွှမ်းမိုးဖို့ လုပ်လာတာကို စကာင်္ပူဝန်ကြီးချုပ် လီရှန်လွန်းအနေနဲ့ အဖေ့စကား
ကို ခြေနဲ့ဖျက်ခဲ့တာကို တမလွန်ကနေ မျက်ထောင့်နီကြီးနဲ့ ကြည့်နေမလားပဲ..။
၂၀၁၈ခုနှစ် ဩဂုတ်၂၁ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း
စုကြည် Singapore` Lecture မိန့်ခွန်းပြောမယ်..။ မြန်မာစံတော်ချိန် နေ့လည်
၁နာရီ ၄၅မိနစ် ကနေ ၂နာရီ၄၅မိနစ်(စကာင်္ပူစံတော်ချိန် ၃နာရီ၁၅မိနစ် ကနေ
၎နာရီ၁၅မိနစ်) တစ်နာရီကြာ ဟောပြောမှာ ဖြစ်တယ်..။
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ စိန်ခေါ်မှုများနှင့် ရှေ့လမ်းခရီး (Myan-
mar Democratic Transition: Challenges and Way Forwards) ဆိုတဲ့
ခေါင်းစဉ်နဲ့ ဟောပြောမှာ ဖြစ်ပြီး၊ ကမကထပြုစီစဉ်တဲ့ Yusof Ishak Institute
ခေါ်တဲ့ အရှေ့တောင်အာရှလေ့လာရေးအင်စတီကျူ(ISEAS) ရဲ့ ဖိတ်ကြားလွှာ
မှာ ဖော်ပြထားတယ်..။ ISEAS အင်စတီကျူဟာ စကာင်္ပူလွှတ်တော်ကနေ ဥပဒေ
ပြဌာန်းပြီး ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သည်..။ ISEAS
အင်စတီကျူ ၄၂ကြိမ်မြောက်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း( Moon
Jae-in)ဟောပြောပြီး၊ ယခု ၄၃ကြိမ်မြောက်မှာ ဒေါ်အောင်ဆန်းစုကြည် ဟော
ပြောမှာ ဖြစ်တယ်..။
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ(Trade War) ကြောင့် စကာင်္ပူလို
ထိပ်တန်းစီးပွားရေးနိုင်ငံအနေနဲ့ ခုသာခံသာရှိပေမယ့်၊ စကာင်္ပူလို ဆိပ်ကမ်း
နိုင်ငံအတွက် တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာဗဟိုဆုံချက် သီရိလကာင်္ ဟန်တန်ဘို
တန်ဆိပ်ကမ်း၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဆိပ်ကမ်းနဲ့ မြန်မာကျောက်ဖြူ
ရေနက်ဆိပ်ကမ်း ဖိုခနောက်ဆိုင်ကို ထိန်းချုပ်ပြီးသား လက်ဦးမှုရယူပြီးသား
ဖြစ်နေတာကို စကာင်္ပူအနေနဲ့ တစ်ခုတည်းသော အသက်ရှုပေါက်က မြန်မာ
ဖြစ်နေတယ်ဆိုတာ လီရှန်လွန်း ကောင်းကောင်းသဘောပေါက်တယ်..။
အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ရေနံတင်သဘောင်္တွေ၊ ကုန်တင်သဘောင်္တွေ တောင်တရုတ်ပင်လယ်ကို မဖြတ်တော့ပဲ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ
ကပ်ပြီး စွမ်းအင်နဲ့ ကုန်စည်ရောင်းဝယ်ဖောက်ကားရင်၊ သွေးကြောကွန်ယက် တွေလို ဖြန့်ကျက်ယှက်နွယ်ထားတဲ့ OBOR Initiativeသာ ချိတ်ဆက်မိရင် တရုတ်ရဲ့ Controlအောက် အာရှနိုင်ငံတွေ အကုန်ရောက်သွားမှာ ဖြစ်တယ်...။ တရုတ်တို့ရဲ့ စီးပွားရေးမှာ Empireဆန်တဲ့ Middle kingdom အယူအဆအရဆိုရင် တောင်တရုတ်ပင်လယ် အာဆီယံ၅နိုင်ငံလုံး တရုတ်ရဲ့ ထိန်းချုပ်ခံရမှာ မလွဲမသွေပါ...။
ဒီအခြေအနေမှာ တရုတ်ရဲ့ခြေလှမ်းကို ဟန့်တားနိုင်တာ အမေစုလို့ ခေါ်တဲ့
မြန်မာရဲ့ ဒီမိုကရေစီမီးရှူးတန်ဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ.. အိန္ဒိယ
သမုဒ္ဒရာထွက်ပေါက်ကို စီးနင်းလာဖို့ ကြိုးစားနေတဲ့ တရုတ်ရဲ့ ခြေလှမ်းဟာ
ခပ်စိပ်စိပ်ဖြစ်လာတယ်..။ ဒီထက်ပိုဆိုးတာက တရုတ် တိုးတတ်ဖို့အတွက်ဆိုရင်
မြစ်ကျဉ်းသုံးသွယ်ရေကာတာကို တည်ဆောက်ခဲ့ပြီး၊ နှစ်ပေါင်း၃၀၀၀ကျော်
ယန်စီမြစ်ဝှမ်းယဉ်ကျေးမှု ပျောက်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ချမ်းသာဖို့ဆိုရင်
ဘယ်သူ့ကိုမဆို ချနင်းတတ်တဲ့ အကျင့်ကို သိထားဖို့ လိုပါတယ်..။ တရုတ်က
တည်ဆောက်တဲ့ မြစ်ကျဉ်းသုံးသွယ်ရေကာတာ (Three Gorges Dam)စီမံကိန်း
ကြောင့် မြို့ကြီး၁၃မြို့၊ မြို့ငယ်၁၄၀၊ ကျေးရွာပေါင်း၁၃၅၂ရွာ၊ ရှေ့ဟောင်းအမွေ
အနှစ်ပေါင်း ၁၃၀၀ကျော် ပျက်စီးပြီး လယ်မြေဧက တစ်သိန်းကျော် ရေလွှမ်းမိုး
ခဲ့သည်..။
မြစ်ကျဉ်းသုံးသွယ်ရေကာတာကြောင့် မိုင်ပေါင်း၃၇၀ကျော် ရှည်လျားပြီး၊
ပေပေါင်း၄၀၀၀နီးပါးကျယ်ဝန်းတဲ့ ရေပြင်ကျယ်ဖြစ်ခဲ့သည်..။ တရုတ်ပြည်
အနေနဲ့ ကမ္ဘာ့အကြီးဆုံးရေကာတာဆောက်ခဲ့ပြီး၊ လျှပ်စစ်ပမာဏ MW၂၂,၅၀၀ရရှိပြီး၊ ကုန်ကျစရိတ်၂၇ဘီလီယံထိရှိခဲ့တယ်..။
တရုတ်တွေရဲ့ စီးပွားရေးမှာ သူ့လူမျိုးတောင်မထောက်ပဲ ရက်ရက်စက်စက်
လုပ်တတ်တဲ့ သဘာဝကြောင့် ပုလဲမြစ်၊ ဆီယန်မြစ်၊ ယန်စီမြစ်သုံးခုကို
နေရာမှာ အလွန်ကြီးမားတဲ့ရေကာတာ ပေါ်ပေါက်လာပြီး၊ ယန်စီမြစ်ဝှမ်းယဉ်
ကျေးမှု ပျောက်ကွယ်သွားတာကို ကြည့်ခြင်းအားဖြင့် ကျန်တဲ့ပတ်ဝန်းကျင်
နိုင်ငံငယ်တွေ သတိထားဖို့ လိုပါတယ်...။
တရုတ်တို့ လက်ရုံးဆန့်တန့်မှုဟာ ဒါနဲ့ မပြီးသေးပဲ၊ ထိုင်းနိုင်ငံတောင်ပိုင်း
ကရာတူးမြောင်းဖောက်ဖို့ တူးမြောင်းရှေ့ပြေးစီမံကိန်းအဖြစ် တရုတ်-ထိုင်း
Kra Infrastructure Investment and Development Companyနဲ့
တရုတ်နိုင်ငံ ကွမ်ကျိုးက Asia Union Groupတို့ ၂၀၁၅ မေလကတည်းက
နားလည်မှုစာချွန်လွှာ ရေးထိုးထားတယ်..။ ကရာတူးမြောင်းစီမံကိန်းကို
၁၀နှစ်နဲ့အပြီးသတ်မယ်၊ အမေရိကန်ဒေါ်လာ၂၈ဘီလျံကုန်ကျမယ်လို့ စကာင်္ပူ
သတင်းစာ The Independent က ဖော်ပြပါတယ်..။ ဒီသတင်းအပေါ် ထိုင်း
တရုတ် နှစ်နိုင်ငံခေါင်းဆောင်တွေ ငြင်းပေမယ့်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း ချာ
ဗာလစ်ယောင်ချိုင်ယုကတော့ ထိုင်းဘက်က လက်မှတ်ထိုးထားတယ်လို့
စကာင်္ပူသတင်းစာက အတည်ပြုထားတယ်..။
ကရာတူးမြောင်းသာ ပြီးသွားမယ်ဆိုရင်တော့ ရေလမ်းကြောင်းမှီခိုနေတဲ့ စကာင်္
ပူဆိပ်ကမ်းအဖို့ သဘောင်္ဆိုက်ကပ်ခ ကောက်ခံနိုင်မှာ မဟုတ်ဘူး..။တရုတ်က
ငွေရင်းမတည်မယ့် ကရာတူးမြောင်းသာ ဖောက်ဖြစ်မယ်ဆိုရင် တောင်တရုတ်
ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာ ဖြတ်လမ်းလည်း ဖြစ်သွားပြီး စကာင်္ပူကို အမှန်တ
ကယ် ခြိမ်းခြောက်လာမယ်ဆိုတာ မယုံမရှိပါနဲ့..။ မြန်မာအဖို့ ကရာတူးမြောင်း
ဖောက်လုပ်တဲ့ကိစ္စဟာ အိမ်နီးချင်းထိုင်းကိစ္စမို့. ကိုယ့်နိုင်ငံရေးမဟုတ်ပေမယ့်
အမျိုးသားလုံခြုံရေးအတွက် ကြားညှပ်သွားနိုင်တဲ့ အခြေအနေမျိုးဆိုတာ
သဘောပေါက်ထားရမယ်..။ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် တရုတ်ရဲ့ဗဟိုချက်က
မြန်မာဖြစ်လို့ ဒီအရေးကို လီရှန်လွန်းက သဘောပေါက်ပြီး မြန်မာ့အရေးကို
ဦးစားပေးလာတာလို့ သုံးသပ်မိတယ်..။
မုတ္တမပင်လယ်ကွေ့ထဲက ရတနာ၊ ရဲတံခွန်အပြင်၊ ၂၀၁၃ခုနှစ်မှာ စတင်တင်ပို့
နေတဲ့ ဇောတိက လုပ်ကွက်(M-9) ကထွက်တဲ့ သဘာဝဓာတ်ငွေ့ ကုဗပေသန်း
၃၀၀(သန်း၂၄၀)ကို ထိုင်းPTTEPကို ရောင်းထားတဲ့ကိစ္စမှာ ငွေကို MOGEမှ
တဆင့် စကာင်္ပူဘဏ်တွေဖြစ်တဲ့ OCBCနဲ့ DBSမှာ ထည့်ထားတယ်..။ ထိုင်း
စွမ်းအင်ကဏ္ဍအတွက် ၄၀%ကို မြန်မာဆီက ရတဲ့ကိစ္စမှာ စကာင်္ပူအနေနဲ့
သဘာဝဓာတ်ငွေ့ပေးချေထားတဲ့ ငွေမဲ(Black money) ကို DASSKကို ဖော်
ပေးလိုက်မယ်ဆိုရင်ရော...။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်
တွေကို စကာင်္ပူဘဏ်တွေက အာမခံချက်ပေးခဲ့တာ ကြာပြီး...။ ဒါ့ပြင်
ဗိုလ်ချုပ်တွေနဲ့ အကျိုးတူ ခရိုနီကြီးတွေ၊ မူးယစ်ရာဇာကြီးတွေရဲ့ ငွေမဲတွေ
ကို Money Laundryလုပ်ပေးခဲ့တာကို DASSKကိုသာ ပြခဲ့မယ်ဆိုရင် စစ်
အာဏာရှင်တို့ သွားရာလမ်းက ဘာဖြစ်မလဲ...?။
လောစစ်ဟန်ရဲ့သား ထွန်းမြင့်နိုင်(စတီဗင်လော)ရဲ့ Asia world ကုမ္ပဏီ
အနေနဲ့ စကာင်္ပူနိုင်ငံနဲ့ အကျိုးတူစီးပွားရေး လုပ်ခဲ့ပေမယ့်၊ ဒီအရေးမှာ Asia
World ကို ငဲ့ကြည့်နိုင်မှာ မဟုတ်ဘူး... နိုင်ငံနဲ့ချည်ပြီး ပတ်သတ်လာမှာကိစ္စ
မှာ လီရှန်လွန်းအနေနဲ့ တရုတ်ကို တားနိုင်ဖို့ဆိုတာ DASSKကို အားကိုးရမှာ
အမှန်ပဲ...။ သူ့အဖေ လီကွမ်းယုတုန်းကလဲ ဒီလိုပဲ.. တံငါရွာကနေ စက်မှုထိပ်သီး
ဖြစ်ဖို့ စီးပွားရေးအခြေခံအဆောက်အအုံ(Economic Infrastructure) ဆောက်
ဖို့ ငွေလိုတာကို ထုတ်ချေးဖို့ သူ့လူမျိုးတရုတ်နိုင်ငံက ချေးခဲ့ပေမယ့် အဖက်မ
လုပ်ခဲ့ဘူး... နောက်ဆုံး ထုတ်ချေးခဲ့တာက US...။ ဒါကို အဖေနောက်မှာ လိုက်
နေတဲ့ လီရှန်လွန်း ကောင်းကောင်းသိခဲ့တာပေါ့...။
အမျိုးအရင်းတွေက သစ္စာဖောက်တတ်တယ်ဆိုတာ..။
DASSKကို စကာင်္ပူမှာ မိန့်ခွန်းပြောဖို့ ဖိတ်ကြားခဲ့တာ ဘာကြောင့်လဲ..။
"မြန်မာစစ်ဗိုလ်ချုပ်တွေ ကုန်စုံဆိုင်တစ်ဆိုင်ကို အလုပ်ဖြစ်အောင် စီမံခန့်ခွဲ
မတတ်ဘူး"ဆိုတာ လီကွမ်ယု ကိုယ်တိုင်ထုတ်ပြောဖူးပါတယ်..။ သူ့နိုင်ငံ
ရဲ့ အနေအထားအရ DASSKသာ ၁၉၉၀ကတည်းက ရွေးကောက်ပွဲ
ရလဒ်အတိုင်း အစိုးရဖြစ်ခဲ့ရင် စကာင်္ပူ ကွဲမယ်ဆိုတာ ကောင်းကောင်းသိ
တာပေါ့...။
*Natural resources လည်း ပြည့်စုံတယ်..။
*Human resources လည်း ကောင်းတယ်..။ Brain drain လည်း သိပ်မယိုစီး
သေးဘူး..။
*Geo-Politics အရလည်း အချက်အခြာကျတယ်..။ Leadership လည်း
ကောင်းမယ်ဆိုရင် တကယ့်အာရှကျား ဖြစ်လာမယ့် မြန်မာကို သူ့အနေနဲ့
မြင်ချင်မှာ မဟုတ်ဘူး...။ခုတော့ သူ့သား လီရှန်လွန်းက DASSK ကို
အကြိမ်ကြိမ် ဦးညွှတ်နေရတာကို ကြည့်ရင် မချိတင်ကဲများ ဖြစ်နေမလား..
Written by:A.M.H#(Irony)
Photo credit #
No comments:
Post a Comment