ရန်ကုန်ဘူတာကြီး ကိစ္စ
မြစ်ကြီးနားမှ ခရီးသည် အမျိုးသမီး ၂ဦး သတင်းနှင့်ပတ်သက်၍
သတင်းထုတ်ပြန်
မြန်မာ့မီးရထားဖြင့် ခရီးသွားမည့် ခရီးသွားပြည်သူ များ
စိတ်ချမ်းသာ စေရန် အကြီးအကဲများ ဆောင်ရွက် လျှက်ရှိကြောင်း
အောက်ပါ စာပိုဒ် သည်
မြန်မာ့မီးရထား ဌါန မှ MD ကိုယ်တိုင်ရေးသားထားသော post တစ်ခုပါ
Facebook စာမျက်နှာတစ်ခုမှာ'မြစ်ကြီးနားမှ
ခရီးသည်အမျိုးသမီး ၂ ဦး' "ရန်ကုန်မြို့
လယ်ခေါင်ကြီးမှာဓါးပြတိုက်ခံရတယ်'ဆိုတဲ့သတင်းလေး
တွေ့လိုက်မိပါတယ်...
'ဘူတာဝန်ထမ်းမဟုတ်သောအပြာဝတ် လူ ၆ ဦး'မှပစ္စည်း
သယ်ပေးပြီးငွေအဆမတန်တောင်းခြိမ်းခြောက်သည့်ပုံစံမျိုး
ပြုလုပ်ခဲ့ကြောင်းရေးသားထားတာပါ..
ဒါနဲ့ပတ်သက်လို့" ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်နေတာ
ကြောင့်" သိသိချင်း ချက်ချင်းပဲ အရေးယူဆောင်ရွက်ခဲ့
ပါတယ်....
ဒီလူတွေဟာအရပ်အခေါ် "ဂမ်ဘား"လို့ခေါ်တဲ့ ကြုံရာလုပ်
ကိုင်စားသောက်သူတွေပါ.. ၂ ကိုဖမ်းမိထားပြီး ၄ ဦးကိုလည်း
ဖေါ်ထုတ်ရရှိပြီးဖြစ်တာကြောင့် ထိရောက်စွာအရေးယူသွားမှာပါ...
"မမ" ဟာပြည်သူကိုဝန်ဆောင်မှုပေးနေရတဲ့ ဌာနတခုပါ...
မကောင်းမှုမှန်သမျှအတွက် လက်ပိုက်ကြည့်နေမည်မဟုတ်
ပါ...
သတင်းတင်ပေးတဲ့ သူတွေကိုလည်းအပြစ်မမြင်ပါ..ဌာနဂုဏ်
သိက္ခာ ကျသည်လို့လည်းမခံယူပါ....
ဌာနနှင့်ပူးပေါင်းဆောင်ရွက်တယ်လို့ခံယူပါတယ်...ယခင် ဌာန နဲ့ပတ်သက်ပြီး တင်ခဲ့တဲ့ ဖြစ်စဉ်များအားလုံးအတွက် လည်းအရေးယူဆောင်ရွက်ပြီးဖြစ်ပါတယ်...
" မကောင်းမှုဟူသည်ဆိပ်ကွယ်ရာမှာမရှိပါကြောင်း" ......
Credit Ma Ma Htar

No comments:
Post a Comment