CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, August 19, 2018
ရန်ကုန်မြို့လယ်ကောင်ကြီးမှာ ဓားပြတိုက်ခံရပါတယ်..
စင်္ကာပူကို အမှီလိုက်မည့်သူများ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူများနှင့် ရထားရဲများ တွေ့မြင်ကြပါစေ …
ရန်ကုန်မြို့လယ်ကောင်ကြီးမှာ ဓားပြတိုက်ခံရပါတယ်..
ကျမ ပေးလိုက်ရတဲ့ငွေကို လုံးဝမနှမြောပေမယ့်
နောက်လူတွေ မခံရအောင်လို့ပါ …
အစိုးရအနေနဲ့လည်း စင်္ကာပူကိုမီအောင်လိုက်မယ်ဆိုတာထက် အောင်ခြေလူတန်းစားရဲ့လုံခြုံရေးကိုဘဲ
အပြည့်အ၀ ကာကွယ်ပေးစေချင်ပါတယ် …
သူများလာပြောရင် ဒီကိစ္စကို ကျမယုံချင်မှယုံမှာပါ
သို့သော်...ကျမ လက်တွေ့ ကြုံလာတဲ့အတွက်
ပြည်သူလူထု ဘ၀တွေကို စိုးရိမ်မိပါတယ်
ကျမ အလုပ်ကိစ္စတစ်ခုကြောင့်
မြစ်ကြီးနားကနေ မန္တလေးထိ ကားနဲ့လာခဲ့ပါတယ်။
အားလုံး အဆင်ပြေချောချောမွေ့ မွေ့ပါဘဲ။
ကားမူးတဲ့ဒဏ်ကို လုံးဝမခံနိုင်တော့တာကြောင့်
မန္တလေးကနေ ရန်ကုန်ထိ ရထားနဲ့ လာခဲ့ပါတယ်။
ရန်ကုန်ဘူတာကြီးကိုရောက်တော့
အကျီင်္ီအပြာဝတ်ထားတဲ့ (ဘူတာဝန်ထမ်းမဟုတ်ပါ)
လူ ခြောက်ယောက်လောက်က ခရီးဆောင်အိတ်သယ်ပေးမယ်ဆိုပြီးယူသွားပါတယ်။
သယ်ယူခ ဘယ်လောက်လဲအရင်မေးတာကို
လုံးဝမဖြေပါဘူး။ ကျမလည်း လနဲ့ချီနေရမှာမို့
ပစ္စည်းက များပါတယ်။ အားလုံး အိတ်သုံးလုံးပါ။
ရထားပေါ်ကနေ ဘူတာဆင်ဝင်အောက်အထိသယ်ပြီး
ကျမဆီကနေ သယ်ယူခ ၁၇၀၀၀ တောင်းပါတယ်။
ကျမ မယုံနိုင်လို့ လေးခါတိတိထပ်မေးမိပါတယ်။
နဘေးက taxi သမားတွေကလည်း ပေးလိုက်ဖို့ပြောပါတယ်။
ကျမက ကားတံခါးကို ပြန်ဖွင့်ဆင်းလာပြီး
ဘာလို့အဲ့လောက်ပေးရမှာလဲ လို့မေးမိတော့
ခုနက အပြာဝတ်ကုလားဆင်အဖွဲ့ ခြောက်ယောက်က
ကျမနဲ့ ကျမသူငယ်ချင်းကို ၀ိုင်းထားလိုက်ပါတယ်။
နဘေးမှာ ဘာလုံခြုံရေး ဘာရဲမှ မရှိပါဘူး။
အားလုံးက လူမိုက်ရုပ်တွေပါ။
ကျမကို မင်းကဘယ်လောက်ပေးချင်တာလဲလို့မေးတာကြောင့် ကျမလက်ထဲမှာ ကိုင်ထားတဲ့ နှစ်ထောင်ကိုပြလိုက်တယ်။
သတ်တော့မယ့် ရုပ်တွေနဲ့ ကျမတို့ကို ကြည့်နေကြပါတယ်။ ပုံစံတွေက လက်ရဲဇက်ရဲပုံစံတွေပါ။
ဟိန္ဒူစပ်တွေလို့ သိရပါတယ်။
ဘေးနားက ကားသမားတွေက
ဝေးရာကို ရှောင်ကုန်ကြပါတယ်။
ဘယ်သူမှ ၀င်မပြောပါဘူး။
၁၇၀၀၀ ဆိုတဲ့ငွေပမာဏဟာ
ခြေလှမ်းနှစ်ဆယ်လောက် အိတ်သယ်ရုံနဲ့ ရနိုင်ပါသလား။
ကျမလုံးဝမကျေနပ်နိုင်တာကြောင့်
ရဲကို သွားတွေ့ဖို့လုပ်တော့ အဲ့ဒီအထဲကခေါင်းဆောင်ဆိုသူ ကုလားတစ်ယောက်က ကြိုက်တဲ့ရဲတိုင် ငါလိုက်ခဲ့မယ်လို့ ပြောပါတယ်။
သူတ်ို့ပုံစံတွေက မကျေနပ်ရင်ဓားနဲ့ထိုးမယ့်ပုံစံပါ။
ကျမသိချင်တာက ရထားဘူတာမှာ
ရထားဝန်ထမ်းမဟုတ်သူတွေ ကြုံသလို
ဝတ်စုံတူတွေဝတ်ပြီး လုပ်စားလို့ရပါသလား။
ရဲကိုတောင် မကြောက်တော့တဲ့အထိ
ရဲနဲ့ ဘယ်လောက်တောင် အပေးအယူမျှပါသလဲ။
ရထားဆိုက်ပေမယ့် ဘူတာမှာ ရထားရဲလုံးဝမရှိပါဘူး။
နောက်ဆုံး ၀ိုင်းပြီး အနားကပ်လာတာကြောင့်
ခြောက်ထောင်ပေးလိုက်ရပါတယ်။
ည ကိုးနာရီခွဲအချိန်မို့ မိန်းကလေးနှစ်ယောက်ထဲဖြစ်တာကြောင့် ပြသာနာမဖြစ်ချင်တော့လို့ပါ။
ကျမတို့နည်းတူ အန်တီကြီးတစ်ယောက်က
သူ့အိတ်လေးတစ်လုံးကို ၇၀၀၀ပေးလိုက်ရကြောင်း
မပေးမချင်း အားလုံးဝိုင်းထားကြကြောင်းပြောပါတယ်။
ဘေးနားက လူတစ်ယောက်က ကားထွက်ခါနီး
ခပ်တိုးတိုးလာပြောပါတယ်။
သူတ်ို့က အဖွဲ့ဖွဲ့ပြီး အဲ့လိုခြိမ်းခြောက်တောင်းနေကြောင်း
ထောင်ထဲ ၀င်လိုက်ထွက်လိုက်လုပ်နေကြကြောင်း
ရဲတွေလည်း မနိုင်ကြောင်း
ကားသမားတွေလည်း မပြောရဲကြောင်း ပြောပြသွားပါတယ်။
ဆိုတော့.....ကျမတို့ ပြည်သူတွေမှာ
လုံခြုံမှုမရှိတော့ဘူးလား။
ပြည်သူလူထုဘ၀ကို လုံခြုံမှုမပေးနိုင်ဘဲ
စင်္ကာပူကိုမီဖို့ တဖွဖွပြောနေရုံနဲ့ မပြီးပါဘူး။
တာဝန်ရှိသူတွေက သိသိကြီးနဲ့ စားကျက်ပေးထားတာလား။
ဒီလိုလုံခြုံမှုမျိုးနဲ့ ဦးကိုနီသေတာ မဆန်းပါဘူး။
အ လို့ လိမ်ခံရတာမဟုတ်ပါဘူး
သိသိကြီးနဲ့ အုပ်စုဖွဲ့ရမ်းကားလို့ပေးလိုက်ရတာပါ
ကျမ ကချင်ပြည်နယ်က လာတာပါ
နယ်မြေမငြိမ်းချမ်းတဲ့ ကျမတို့မြို့မှာတောင်
ဒီလိုတွေ မရှိပါ။
တိုင်းပြည်တိုးတက်ဖို့ထက်
ပြည်သူ့ဘ၀လုံခြုံဖို့ ဒီလိုလူတွေကိုအရင်ရှင်းပေးပါလို့ 
မေတ္တာရပ်ခံပါတယ်။
Credit - မြလွှမ်းမိုးဆွေ (Htoo Htet Htet Aung)
ရန်ကုန်မြို့လယ်ကောင်ကြီးမှာ ဓားပြတိုက်ခံရပါတယ်..
Reviewed by MP4 YoU
on
August 19, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment