အချိန်က (4:30) ခန့်ကောင်းကင်တစ်ခုလုံး ပိန်းပိတ်အောင်မှောင်မဲနေသည်။
ပြင်းထန်လှသော မိုးရေများနှင့်အတူ လေပြင်းကပါ တစ်ဝုန်းဝုန်းတိုက်ခတ်နေသည်။
ကားရှေ့မှန်ရဲ့ ၀ိုက်ဘာ ကို အဆုံးထိဖွင့်ထားတာတောင်မြင်ကွင်းက သဲသဲကွဲကွဲမရှိလှချေ။
ကားကို အန္တရာယ်မဖြစ်အောင် ဂရုတစ်စိုက်မောင်းနှင်နေရင်း မြောက်ဥက္ကလာ ဘုန်းကြီးလမ်း မီးပွိုင့်ကိုရောက်လာခဲ့သည်။
မီးပွိုင့်ကပျက်နေချိန် လေတွေမိုးတွေကလည်းကြမ်းနေတော့ တစ်ခုကိုတွေးမိလိုက်သည်။ ဒီလိုအချိန်မျိုးဆိုရင်တော့ မော်တော်ပီကယ်ဆိုတဲ့ကောင်တွေ အိပ်နေလောက်ပြီပေါ့၊ အလကားကောင်တွေ ပြည်သူ့လုပ်စာအခန့်သားထိုင်စားနေကြတာ၊ဒီလိုမိုးထဲရေထဲမှာ မီးပွိုင့်ပျက်နေချိန် ဘယ်သူမှ ရှိမှာမဟုတ်ပါဘူး။
ကျွန်တော့်ရဲ့ အတွေးစတို့ကို အချိန်ခဏအတွင်းမှာပင် ရိုက်ချိုးလိုက်သူကတော့ လေပြင်းမုန်တိုင်းကြားထဲမှာ ခရာ တတွီတွီနှင့်မိုးကာမပါဘဲ လမ်းကြောင်းရှင်းနေသော ယာဉ်ထိန်းတစ်ဦးပင်ဖြစ်သည်။
ကျွန်တော်ရှက်လွန်း၍ အသားတို့ပင် တစ်ဆတ်ဆတ်တုန်လာမိသည်။တွေ့ဖူးကြုံဖူးသည့် ၀န်ထမ်းဆိုးတစ်ချို့ကိုကြည့်ပြီး အားလုံးကို သိမ်းကြုံးစွပ်စွဲမိသည့် ကိုယ့်ကိုယ်ကိုယ် နောင်တ အကြီးအကျယ်ရခဲ့မိသည်။
သူ့အနားကိုရောက်တော့ ကျွန်တော်ဘာဖြစ်လို့မှန်းမသိဘဲ မှန်တံခါးကို ဖွင့်မိသည်။ သူ့ကို ကျွန်တော်မသိပါ။ ထို့အတူ ကျွန်တော့်ကိုလည်း သူမသိပါ။ နှစ်ဦးသား မျက်နှာချင်းဆိုင်ဆုံခဲ့မိချိန်မှာတော့သူက ကျွန်တော့်ကို စကားတစ်ခွန်းပြောသည်။
ဆရာ မှန်ပိတ်ထား မိုးတွေသည်းနေတယ်တဲ့ :( 😓
Credit: May Yati Lay
No comments:
Post a Comment