မုံရွာမြို့ ရဲ့ သမိုင်းကြောင်း စဉ်းစားနေသလို ကိုယ်နေတဲ့ စစ်ကိုင်းတိုင်းအကြောင်းတွေ စဉ်းစားနေမိတယ်လေ
အေဒီ ကိုးရာစု အစချီရမလား
မုံပင်ကြီးကို အစချီရမလားပေါ့
ပနီစကု ဘုရင်က ဘာလို့များ မုန့်ဝယ်စားတာပါလိပ့်
စဉ်းစားမိပြီး ကမ်းနားဘက်ကို လမ်းလျှောက်ထွက်လာခဲ့မိတယ်လေ
လေညှင်းခံရင်း ဗိုက်က ဆာလာတော့ ခေါင်းရွက်သည် တစ်ဦးကို လှမ်းခေါ်ပြီး မေးလိုက်တယ်
~:~:~ဘာမုန့်တွေ ရောင်းတာလဲ
~[~ ဦးလေးရေ မုန့်လက်ကောက့် မုန့်ကြိုးလိမ် ရောင်းတာပါ
အဲ့ကွ အကြိုက်ဘဲ ဝယ်စားမယ်ပေါ့ ဈေးမေးကြည့် ဈေးသင့်တော့ ဝယ်ထားလိုက်တယ်လေ
ပလပ်စတစ့်အိပ် နှစ်လုံးနဲ့ မုန့်နှစ်မျိုးပေါ့နော်...
မြစ်ရေကြည့်ရင်း မုန့်တစ်ခုယူစားပြီး စဉ်းစားနေပြန်ရော
စစ်ကိုင်းတိုင်းရဲ့ မြို့တော် စစ်ကိုင်းမြို့လို့ ငယ်စဥ့်က ဖတ်စာအုပ်မှာ သင်ခဲ့ရတယ်လေ
ယနေ့ခေတ့်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်မှာ မုံရွာမြို့ရယ်လို့ ဖြစ်တည်လာတော့
စစ်ကိုင်းမြို့ခမျှ ဘယ်စိတ်ကောင်းပါမလဲပေါ့
လူတစ်ချို့ က ပြောကြပြန်တယ် ရွှေဘိုဖြစ်ချင် ဖြစ်အုံးမှာတဲ့
ဖတ်စာအုပ်ကြီးအတိုင်း မနေဘူးတဲ့လေ
အဲ့ ပြောရအုံးမယ်ဗျ ရွှေဘိုဆေးရုံမှာ ကျောက်ကပ်ဆေးစက် က ၅လုံးရှိတယ်တဲ့ဗျ..
ကျွှန်တော်တို့ တိုင်းမြို့တော် မုံရွာမြို့ဆေးရုံကြီးမှာ ကျောက်ကပ်ဆေးစက် က တစ်လုံးထဲ ရှိနေသတဲ့...
ပြောတာပြောရတာ မလွယ်ဘူးလေ
မန္တလေးတိုင်းရဲ့ မြို့တော် မန္တလေးမြို့ဆိုတာ မန္တလေးသားတွေ ဂုဏ်ယူကြတာ ယနေ့အထိပါဘဲလေ
ဒို့စစ်ကိုင်းတိုင်းဘဲ နံမည်အပြောင်းအလွဲရှိကြတာလား မသိဘူးပေါ့လေ
စဉ်းစားရင်း မုန့်ကြိုးလိမ် စားနေမိတော့သည်
××××××
စစ်ကိုင်းတိုင်းအတွင်း လေ့လာကြည့်အုံးနော် လေ့လာစရာတွေ ထူးဆန်းတာတွေ ထူးခြားတာတွေ အများကြီးနော်
အကြီးကြီးတွေ ရှိနေတဲ့ ဒို့စစ်ကိုင်းတိုင်းကြီးနော်
တိုင်းထဲမှာ အကြီးဆုံး က စစ်ကိုင်းတိုင်းဘဲ
ဆန်အိုးကြီး ၄ လုံးထဲမှာ ဒို့စစ်ကိုင်းတိုင်းအတွင်းမှာဘဲ ရှိတယ်လေ ရွှေဘို ပေါ့ဗျာ
စစ်ကိုင်းတံတားကြီးမှာ ဂုတ်ထိပ်တံတားနဲ့အတူ နံမည်ကြီးလှသည်
အကြီးမာဆုံး ကောင်းမူတော်စေတီကြီးမှာ ဒို့စစ်ကိုင်းတိုင်းမှာဘဲ ရှိတာဘဲလေ
ပုဂံမှာ စေတီတွေ ဘယ်လောက်များများ ဒို့ဆီက ကောင်းမူတော်လောက့် ကြီးမားတဲ့ စေတီရှိရဲ့လား ဟု ရှေးအခါက စကားအနိုင်လုပြီး ပြောကြရင်း ဂုဏ်ယူခဲ့ကြရသည်...
မင်းကွန်း ပုထိုးတော်ကြီးမှာ လူအများသိရှိကြပြီးဖြစ်သလို မင်းကွန်း ခေါင်လောင်းကြီးမှာ ဒို့စစ်ကိုင်းတိုင်းအတွင်းမှာ ရှိတယ်လေ
မြန်မာပြည်မှာ အကြီးမာဆုံး ရပ်တော်မူဘုရား ထိုင်တော်မူဘုရားနဲ့ အကြီးမားဆုံးတွေနဲ့ ပြည့်နှက့်နေပြန်တော့ ဂုဏ်ယူမိတယ်လေ
အကြီးမားဆုံး သစ်တောကြီး ဟိုစဥ့် က ရှိခဲ့သေးတယ်လေ မဟာမြိုင်တောကြီးပေါ့ဗျာ
ထမံသီတောကြီး နဲ့ နေပြောက့်မထိုး မဲဇာမြိုင်ကြီးမှာ ပုံပြင်ကြီးလို ကျန်ခဲ့ပြီးလေ
တွင်းကြီးများလဲ ရှိသေးတယ်ဗျ
ရေစိမ်းစိမ်းနဲ့ ရေညှိများ တွင်းပိုးများစွာ ထွက်ရှိကြတာ ဒို့စစ်ကိုင်းတိုင်း အတွင်းမှာဘဲ ဂုဏ်ယူမိတယ်လေ
လက်ရှိ ယနေ့ခေတ့်မှာ နောက်တိုး တွင်းကြီးတွေလဲ ရှိသေးတယ်ဗျ
ကြေးများစွာ ထွက်သွားပြီး တွင်းအသစ်ကြီး ရှိနေပြန်တယ်လေ ဂုဏ်ယူမိတယ်လေ
နှစ့်၅၀ စောင့်ပါအုံး နောက်တိုးမဲ့ တွင်းကြီးတွေ ထွက်ပေါ်လာအုံးမယ် ထင်မိပါသည်
တွင်းကြီးတွေ သစ်တောကြီးတွေ အကြောင်း
စဉ်းစားရင်း မုန့်ကြိုးလိမ် စားနေမိပြန်သည်
××××××××
မြန်မာ အစ တကောင်း က တဲ့ဗျ
လေ့လာစရာတွေ အများကြီးနော်
ကျောက်ခေတ့် ကြေးခေတ့်တွေနဲ့ ခေတ့်အဆက်ဆက် ကျော်ဖြတ်လာခဲ့ကြတယ်လေ
အလောင်းမင်းတရားကြီး စစ်သူကြီးမဟာဗန္ဓုလ ဆရာစံ လူသိများသလို
ဗြိတိသျှခေတ့်မှာ လယ်တီဆရာတော်ဘုရားကြီး အကြောင်းက ပြောမကုန်အောင် အထင်အရှားပါဘဲဗျာ
ဆုတံဆိပ် သွားယူဖို့ ငြင်းဆန်ခဲ့သည်
လာလှူမှ လက်ခံနိုင်မည်ဟု ဝိနည်းညီလှပါပေသည်
ဆရာတော်ကြီး ဆုတံဆိပ် တန်းဘိုးကို မျော်လင့်ကြသူတွေ ရှိခဲ့ဘူးတယ်လေ
ဗြိတိသျှခေတ့်မှာ မြို့တည်ခဲ့သော မုံရွာမြို့မှာ နေထိုင်နေသော ကျွှန်တော်သည် လက်ကျန်မုန့်ကြိုးလိမ်များ စားရင်း စဉ်းစားမိသွားသည်
မုန့်သည်မကြီး မုန့်ကြိုးလိမ်များ ရောင်းချခဲ့လေသလား
ခန်းမထဲမှာ သမ္မတကြီး ရောက်နေပြီးတဲ့....
အနောက်ဘက်ကမ်းဆီ မျော်မှန်ကြည့်ပြီး မိုးမရွာလို့ တောင်သူတွေ အခက်တွေ့နေပြီးလား
ဟိုစဥ့်က အနောက်ဘက်ကမ်းဆိုတာ ထန်းပင်တွေ ကိုက္ကိုပင်တွေနဲ့ စိမ်းမြမြတွေရှိခဲ့ဘူးတယ်လေ
သစ်ပင်တွေ မရှိတော့ဘူး သစ်ခေါက်မခွာရ စာတန်းတွေမရှိတော့ဘူး တကယ်မရှိတော့ဘူးလေ..
×××××
စဉ်းစားရင်း စဉ်းစားရင်းနဲ့ ပေပွနေသော မုန့်ကြိုးလိမ် မှာ သကြားတွေကပ်စီး ကပ်စီးနဲ့ ဖြစ်နေလို့ ချင်းတွင်းမြစ်ရေနဲ့ ဆေးမယ်ပေါ့လေ
လက်ကျန်မုန့်ကြိုးလိမ် ကို ကိုင်ပြီးဆင်းလာခဲ့သည်
စိတ်က ခန်းမထဲကို ရောက်နေပြီးလေ သမ္မတကြီး ဘာတွေပြောကြားမလဲ ဘာတွေဖြစ်ကြအုံးမလဲပေါ့
ရေစပ့်မှာ ထိုင်ပြီး လက်ဆေးစဉ်မှာ လူချီးများ အထက်ရေကြောက မျှောပါလာကြသည်
လူချီးတွေ က လက်ထဲ က မုန့်ကြိုးလိမ်လို ဖြူဖွေမနေကြဘူး
အဲ့ကွ ထွီး...ရွံလိုက်တာကွာ
လက်ထဲက မုန့်ကြိုးလိမ်ကို ချင်းတွင်းမြစ်ထဲ လွှင့်ပစ်လိုက်ရသည်
အော့အော့တွေ လူချီးတွေ မုန့်ကြိုးလိမ်လို အတုံးတုံးနဲ့
×××××
ကမ်းအပေါ် ပြန်တက်ပြီး စဉ်းစားနေမိပြန်သည် ဘာကိုစဉ်းစားမလဲပေါ့နော်
မုန့်စားရင်း စဉ်းစားမယ်ပေါ့ လက်ထဲမှာ မုန့်လက်ကောက်ဘဲ ကျန်တော့တာလေ
မုန့်လက်ကောက့် ကို ကိုင်ပြီး စဉ်းစားကြည့်တယ်
စဉ်းစားလို့ မရဘူးဖြစ်နေတယ်
မဟုတ်သေးပါဘူး ကြိုးလိမ်တုံး က စဉ်းစားရပြီး လက်ကောက့်ကြမှ စဉ်းစားမရတာတုံးပေါ့
အော်..သိပြီး..သိပြီး
လက်ကောက့်တွေကြောင့်ကို
လက်ကောက့် မုန့်လက်ကောက့် ..တော်ပြီး လက်ကောက့်မစားချင်ဘူး
စီးကမ်းမဲ့စွာဖြင့် မုန့်လက်ကောက့်များကို မြစ်အတွင်းသို့ အားကုန်လွဲပစ်လိုက်တော့သည်။
×××××
ခြေတိုငညို
#credit
No comments:
Post a Comment