Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, August 2, 2018

ပ႒ာန္း ကို အမ်ားႀကီးရြတ္ရင္


ကိုယ့္အနားက အတြင္းစိတ္ဓာတ္မမွန္ကန္တဲ့သူေတြ မိတ္ေဆြတုေတြနဲ႔ ေဝးေစတယ္။
🎏အတြင္းဓာတ္ခံေကာင္းတဲ့ မိတ္ေဆြစစ္ေတြနဲ႔ ေတြ႔ေစတတ္တယ္။
🎏လူေတြရဲ႕ စိတ္ေတြကို တေျဖးေျဖးသိလာတတ္တယ္။
🎏ကိုယ္နဲ႔ပတ္သတ္တဲ့ တျခားသူေတြရဲ႕ အတြင္းစိတ္ဓာတ္ေတြ အနာဂတ္မွာျဖစ္မွာေတြကို အိမ္မက္နဲ႔ျဖစ္ျဖစ္သိလာတတ္တယ္။
🎏ေနာင္ဘုရားဖူးလို႔ ပ႒ာန္းတရားေဟာၾကားတာကိုနာရရင္လည္း တိရစာၦန္ ဘဝေရာက္ေနရင္ေတာင္ ၾကည္ညိဳစိတ္ျဖစ္ၿပီး အဲဒီဘဝကေန သုဂတိဘံုကိုေရာက္ႏိုင္တယ္။
🎏သုဂတိဘံုေရာက္ေနခ်ိန္ ဘုရားေဟာတဲ့ ပ႒ာန္းတရားနာၾကားခြင့္ရရင္ ရဟႏၱာ အထိျဖစ္ႏိုင္တယ္။

ပ႒ာန္း တန္ခိုး အက်ဳိးအနႏၱ။
တရားေတာ္ေတြကို ႐ို႐ိုေသေသ ေလးေလးစားစား သဒၶါ တရားအျပည့္နဲ႔ အဓိပၸါယ္ကိုႏွလံုးသြင္းပူေဇာ္ရင္ လူ႔ခ်မ္းသာ နတ္ခ်မ္းသာကုိသာမက နိဗၺာန္ထိေအာင္ အက်ဳိးေပးႏိုင္တယ္။

ပ႒ာန္းေမတၱာပို႔

၁။ ေဟတုပစၥေယာ – သတၱဝါအားလံုး- မေကာင္းေသာ ေလာဘ၊ေဒါသ၊ေမာဟ အကုသိုလ္ဟိတ္တရားတို႔ကို ပယ္ရွားႏိုင္ၾက၍ ေကာင္းျမတ္ေသာ အေလာဘ၊ အေဒါသ (ေမတၱာ)၊အေမာဟ (ပညာ) ကုသိုလ္ဟိတ္ တရားတို႔သာ အျမစ္သဖြယ္ ကိန္းတည္ၾကျပီးေကာင္းျမတ္ေသာ စိတ္၊ ေစတသိက္၊ ရုပ္ တရားတို႔သာနိဗၺာန္ထိတိုင္ တုိးတက္ျဖစ္ထြန္းႏိုင္ၾကပါေစ။

၂။ အာရမၼဏပစၥေယာ- သတၱဝါအားလံုး- မေကာင္းေသာ ရူပါရံု ၊သဒၵါရံု၊ ဂႏၶာရံု၊ ရသာရံု၊ေဖာ႒ဗၺာရံု၊ဓမၼာရံုတို႔ႏွင့ မေတြ႕ၾကံဳၾကဘဲ ေကာင္းျမတ္ေသာ အာရံုမ်ားႏွင့္သာ ေတြ႔ၾကံဳၾက၍ ေကာင္းျမတ္ေသာ အက်ိဳးတရား တို႔ကိုသာ ရရွိခံစားႏိုင္ၾကပါေစ။

၃။ အဓိပတိပစၥေယာ – သတၱဝါအားလံုးတို႔၏ သႏၲာန္၌ မထက္ျမက္ေသာ ညံ့ေသာဆႏၵ၊ ဝီရိယ၊ စိတ္၊ပညာ တရားတို႔ အၾကီးအမွဴးဦးစီးဦးေဆာင္မျပဳၾကဘဲ ထက္ျမက္ေသာ ေကာင္းေသာ ဆႏၵ၊ဝီရိယ၊စိတ္၊ပညာ တရားတို႔သာ အၾကီးအမွဴးဦးစီးဦးေဆာင္ျပဳၾကလ်က္ အလြန္အၾကဴးအထူးၾကီးက်ယ္ ျမင့္ျမတ္ေသာ အက်ိဳးတရားတို႔သာရရွိခံစားႏိုင္ၾကပါေစ။

၄။ အနႏၲရပစၥေယာ – သတၱဝါအားလံုး-မေကာင္းေသာစိတ္၊ေစတသိက္(နာမ္) တရားတို႔ အၾကားအလပ္မရွိ ဆက္ကာ ဆက္ကာမျဖစ္ၾကဘဲ၊ ေကာင္းျမတ္ေသာစိတ္၊ ေစတသိက္(နာမ္) တရားတို႔သာ အၾကားအလပ္မရွိ စဥ္ဆက္မျပတ္ ဆက္ကာ ဆက္ကာ ျဖစ္ပြားႏိုင္ၾကပါေစ။

၅။ သမနႏၲရပစၥေယာ- သတၱဝါအားလံုး-မေကာင္းေသာစိတ္၊ေစတသိက္(နာမ္) တရားတို႔ (ေကာင္းစြာ) အၾကားအလပ္မရွိ ဆက္ကာဆက္ကာ မျဖစ္ၾကဘဲ၊ေကာင္းျမတ္ေသာစိတ္၊ေစတသိက္(နာမ္) တရားတို႔သာ (ေကာင္းစြာ) အၾကားအလပ္မရွိ စဥ္ဆက္မျပတ္ ဆက္ကာဆက္ကာျဖစ္ပြားႏိုင္ၾကပါေစ။

၆။ သဟဇာတပစၥေယာ – သတၱဝါအားလံုး -မေကာင္းေသာ ရုပ္၊နာမ္တရားမ်ားအတူတကြ မျဖစ္ၾကဘဲ ေကာင္းေသာ ရုပ္၊နာမ္တရားမ်ားသာ အတူတကြ ျဖစ္ႏိုင္ေက်းဇူးျပဳႏိုင္ ၾကပါေစ။

၇။ အညမညပစၥေယာ- သတၱဝါအားလံုး- မေကာင္းေသာ ရုပ္၊နာမ္တရားမ်ားႏွင့္အခ်င္းခ်င္းယွဥ္တြဲ၍ အျပန္အလွန္ ေက်းဇူးမျပဳၾကဘဲေကာင္းျမတ္ေသာ ရုပ္၊ နာမ္တရားမ်ားတို႔ႏွင့္သာ အခ်င္းခ်င္းယွဥ္တြဲ၍ အျပန္အလွန္ ေက်းဇူးျပဳမႈကို ခံစားႏိုင္ၾကပါေစ။

၈။ နိႆယပစၥေယာ – – သတၱဝါအားလံုး- မေကာင္းေသာ ရုပ္၊နာမ္တရားတို႔၌မွီ၍ မျဖစ္ၾကဘဲ၊ေကာင္းျမတ္ေသာ ရုပ္၊နာမ္တရားတို႔၌သာ အမွီျပဳ၍ ေကာင္းက်ိဳးအမ်ိ ဳးမ်ိဳးတို႔ကိုသာခံစားႏိုင္ၾကပါေစ။

၉။ ဥပနိႆယပစၥေယာ – သတၱဝါအားလံုး- မေကာင္းေသာ ပညတ္၊နာမ္၊ ရုပ္ တရားတို႔ႏွင့္ မေကာင္းေသာ မိဘ၊ မေကာင္းေသာ ဆရာ၊မိတ္ေဆြ၊ရာသီဥတု၊ ေနရာထိုင္ခင္း၊ အစားအေသာက္တို႔၌အားၾကီးေသာ မွီရာအျဖစ္ အမွီမျပဳၾကရဘဲ ေကာင္းေသာ ပညတ္၊နာမ္ ရုပ္ တရားမ်ားႏွင့္ေကာင္းျမတ္ေသာ မိဘ၊ဆရာ၊ မိတ္ေဆြ၊ ရာသီဥတု၊ေနရာထိုင္ခင္း၊အစားအေသာက္တို႔၌ သာအားၾကီးေသာမွီရာအျဖစ္ မွီၾကရ၍ ေကာင္းက်ိဳး အမ်ိဳးမ်ိဳးတို႔ကိုသာခံစားရရွိႏိုင္ၾကပါေစ။

၁၀။ ပုေရဇာတပစၥေယာ- သတၱဝါအားလံုး-မေကာင္းေသာ အာရံု၅ ပါးရုပ္တရား၊ဝတၳဳရုပ္တရားမ်ား ေရွးဦးၾကိဳတင္မျဖစ္ၾကဘဲ ေကာင္းျမတ္ေသာ အာရံု၅ ပါး ရုပ္တရားမ်ား၊ဝတၳဳ ရုပ္တရားမ်ားသာ ေရွးဦးၾကိဳတင္ ျဖစ္ႏွင့္ၾက၍ ေကာင္းျမတ္ေသာ ကုသိုလ္တရား၊ အက်ိဳးဝိပါတ္တရားတို႔သာ တိုးပြားျဖစ္ထြန္းႏိုင္ၾကပါေစ။

၁၁။ ပစၧာဇာတပစၥေယာ – သတၱဝါအားလံုးတို႔၏ ျဖစ္ႏွင့္ျပီးေသာေရွးေရွးရုပ္တရားအားေနာက္ေနာက္မွ ျဖစ္ေသာ နာမ္တရားမ်ားကေက်းဇူးျပဳရာတြင မေကာင္းေသာ အကုသိုလ္နာမ္တရားတို႔၏ ေက်းဇူးျပဳမႈကို မခံၾကရဘဲ ေကာင္းျမတ္ေသာ ကုသိုလ္၊အဗ်ာကတ နာမ္တရားတို႔၏ ေက်းဇူးျပဳမႈကိုသာခံယူႏိုင္ၾကပါေစ။

၁၂။ အာေသဝနပစၥေယာ – သတၱဝါအားလံုး-မေကာင္းေသာ အကုသိုလ္တရားမ်ားအဖန္တလဲလဲ ထံုျခင္းသေဘာျဖင့္ထပ္ကာ ထပ္ကာ မျဖစ္ပြားၾကဘဲ ေကာင္းျမတ္ေသာကုသိုလ္တရားၾကိယာအဗ်ာကတ တရားတို႔သာ မဂ္ဖိုလ္နိဗၺာန္တိုင္ထိ အဖန္တလဲလဲထံုျခင ္းျဖင့္ထပ္ကာထပ္ကာ ျဖစ္ပြားႏိုင္ၾကပါေစ။

၁၃။ ကမၼပစၥေယာ -သတၱဝါအားလံုး- မေကာင္းေသာ ေစတနာကံတရားတို႔ကိုမျပဳလုပ္ျဖစ္ၾကဘဲ၊ ေကာင္းျမတ္ေသာေစတနာကံတရားတို႔ကိုသာ ျပဳလုပ္ျဖစ္ၾက၍ ယခုဘဝေနာင္ဘဝ နိဗၺာန္တိုင္ထိ ေကာင္းက်ိဳးအဆက္ဆက္တို႔ကိုသာခံစားရရွိႏိုင္ၾကပါေစ။

၁၄။ ဝိပါကပစၥေယာ – သတၱဝါအားလံုး- ေကာင္းျမတ္ေသာ အက်ိဳးတရားတို႔ကိုသာအဆက္မျပတ္ ရရွိပိုင္ဆိုင္ၾက၍ ထိုမွတဆင့္ ေကာင္းျမတ္ေသာ အက်ိဳးတရားအမ်ိဳးမ်ိဳးတို႔ ကိုသာနိဗၺာန္တိုင္ထိ ထပ္ကာထပ္ကာ ရရွိခံစားႏိုင္ၾ ကပါေစ။

၁၅။ အာဟာရပစၥေယာ – သတၱဝါအားလံုး-ရရွိထားၾကေသာ နာမ္ရုပ္ခႏၶာၾကီးအားမေကာင္းေသာ ရုပ္အာဟာရ ၾသဇာဓာတ္မ်ား၊မေကာင္းေသာ နာမ္အာဟာရ ဓာတ္မ်ားျဖင့္အေထာက္အပံ့မျပဳၾကဘဲ ေကာင္းျမတ္ေသာရုပ္ နာမ္အာဟာရဓာတ္ တို႔ျဖင့္သာ အေထာက္အပံ့ျပဳျဖစ္ၾက၍ နိဗၺာန္ကိုလြယ္ကူစြာ မ်က္ေမွာက္ျပဳႏိုင္ၾကပါေစ။

၁၆။ ဣျႏၵိယ ပစၥေယာ – သတၱဝါအားလံုး- မေကာင္းေသာ ရုပ္နာမ္တရားတို႔၏ လႊမ္းမိုးအုပ္ခ်ဳပ္ ခ်ယ္လွယ္မႈကို မခံၾကရဘဲ ေကာင္းမြန္ေသာ ရုပ္နာမ္တရားတို႔၏ လႊမ္းမိုးအုပ္ခ်ဳပ္ ခ်ယ္လွယ္မႈတို႔ကိုသာနိဗၺာန္တိုင္ထိ ရရွိခံစားႏိုင္ၾကပါေစ။

၁၇။ စ်ာနပစၥေယာ- သတၱဝါအားလံုး- မေကာင္းေသာ အကုသိုလ္တရားတို႔ု၌စူးစူးစိုက္စိုက္အာရံုမျပဳျဖစ္ၾကဘဲ ေကာင္းျမတ္ေသာကုသိုလ္တရားတုိ႔၌သာ စူးစူးစိုက္စိုက အာရံုျပဳႏိုင္ၾက၍ နိဗၺာန္ တိုင္ထိ ေကာင္းက်ိဳးတရားတို႔ကို ရရွိႏိုင္ၾကပါေစ။

၁၈။ မဂၢပစၥေယာ- သတၱဝါအားလံုး- ဒုဂၢတိဘံုသို႔ ေရာက္ေစတတ္သည့္ မေကာင္းေသာ အကုသိုလ္ မဂၢင္ခရီး လမ္းေၾကာင္းကို မေလွ်ာက္ျဖစ္ၾကဘဲသုဂတိဘံု နိဗၺာန္ဘံုတို႔ကိုသာေရာက္ေစႏိုင္ေသာ ေကာင္းျမတ္ေသာ ကုသိုလ္မဂၢင္လမ္းေၾကာင္းကိုသာ ေလွ်ာက္လွမ္းႏို င္ၾကပါေစ။

၁၉။ သမၸယုတၱပစၥေယာ – သတၱဝါအားလံုး- မေကာင္းေသာ စိတ္ ေစတသိက္နာမ္တရားအခ်င္းခ်င္းအညီအညြတ္ ယွဥ္တြဲေပါင္းစပ္ျခင္းမျပဳၾကဘဲေကာင္းေသာစိတ္ ေစတသိက္ နာမ္တရားအခ်င္းခ်င္းတို႔သာအညီအညြတ္ ယွဥ္တြဲေပါင္းစပ္၍ နိဗၺာန္တိုင္ထိ သြားႏိုင္ၾကပါေစ။

၂၀။ ဝိပၸယုတၱပစၥေယာ- သတၱဝါအားလံုး- အခ်င္းခ်င္း အညီအညြတ္မယွဥ္တြဲေသာအားျဖင့္ ရုပ္နာမ္တရားတို ေက်းဇူးျပဳရာ၌မေကာင္းေသာ ရုပ္နာမ္တရားတို မယွဥ္တြဲေသာအားျဖင့္ ေက်းဇူးမျပဳၾကဘဲ ေကာင္းျမတ္ေသာနာမ္တရားတို႔က ေကာင္းမြန္ေသာ ရုပ္တရားတို႔ကို၊ေကာင္းမြန္ေသာ ရုပ္တရားတို႔က ေကာင္းျမတ္ေသာနာမ္တရားတို႔ကိုမယွဥ္တြဲေသာအားျဖင့္ ေက်းဇူးျပဳႏိုင္ၾက၍ နိဗၺာန္တိုင္ထိ ေကာင္းက်ိဳးအမ်ိ ဳးမ်ိဳးတို႔ကိုသာရရွိခံစားႏိုင္ၾကပါေစ။

၂၁။ အတၳိပစၥေယာ – သတၱဝါအားလံုး- မေကာင္းေသာ ရုပ္နာမ္တရားတို႔ထင္ရွားစြာ မျဖစ္ေပၚၾကဘဲ ေကာင္းေသာ ရုပ္နာမ္ တရားတို႔သာ ထင္ရွားစြာျဖစ္ေပၚၾက၍ ေကာင္းက်ိဳးအမ်ိဳးမ်ိဳးတို႔သာ နိဗၺာန္တိုင္ထိ တိုးတက္ျဖစ္ထြန္းႏိုင္ၾကပါေစ။

၂၂။ နတၳိပစၥေယာ -သတၱဝါအားလံုး- မေကာင္းေသာ နာမ္တရားတို႔ ခ်ဳပ္ျငိမ္းသြားျခင္းမရွိေတာ့ျခင္းျဖင့္ ေကာင္းေသာ နာမ္တရားတို႔သာ နိဗၺာန္တိုင္ထိ အစားထိုးကာ ဆက္လက္ျဖစ္ပြားႏိုင္ၾကပါေစ။

၂၃။ ဝိဂတပစၥေယာ- သတၱဝါအားလံုး- မေကာင္းေသာ နာမ္တရားတို႔ ကင္းစင္သြားျခင္း၊မရွိေတာ့ျခင္းျဖင့္ ေကာင္းေသာ နာမ္တရားတို႔သာ နိဗၺာန္တိုင္ထိ အစားထိုးကာ ဆက္လက္ျဖစ္ပြားႏိုင္ၾကပါေစ။

၂၄။ အဝိဂတပစၥည္း- သတၱဝါအားလံုး- မေကာင္းေသာ ရုပ္နာမ္တရားတို႔မကင္းေသာအားျဖင့္မျဖစ္ေပၚၾကဘဲ ေကာင္းေသာ ရုပ္နာမ္တရားတို႔သာမကင္းကြာေသာအားျ ဖင့္ ျဖစ္ေပၚၾက၍ ေကာင္းက်ိဳးအမ်ိဳးမ်ိဳးတို႔သာ နိဗၺာန္တိုင္ထိ တိုးတက္ျဖစ္ထြန္းႏိုင္ၾကပါေစ။
(အဘိဓမၼာႏွင့္ဗုဒၶဘာသာ ယဥ္ေက်းမႈသင္တန္း-သာသနာေရးဦးစီး႒ာနမွ)
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ့်အနားက အတွင်းစိတ်ဓာတ်မမှန်ကန်တဲ့သူတွေ မိတ်ဆွေတုတွေနဲ့ ဝေးစေတယ်။
🎏အတွင်းဓာတ်ခံကောင်းတဲ့ မိတ်ဆွေစစ်တွေနဲ့ တွေ့စေတတ်တယ်။
🎏လူတွေရဲ့ စိတ်တွေကို တဖြေးဖြေးသိလာတတ်တယ်။
🎏ကိုယ်နဲ့ပတ်သတ်တဲ့ တခြားသူတွေရဲ့ အတွင်းစိတ်ဓာတ်တွေ အနာဂတ်မှာဖြစ်မှာတွေကို အိမ်မက်နဲ့ဖြစ်ဖြစ်သိလာတတ်တယ်။
🎏နောင်ဘုရားဖူးလို့ ပဋ္ဌာန်းတရားဟောကြားတာကိုနာရရင်လည်း တိရစ္ဆာန် ဘဝရောက်နေရင်တောင် ကြည်ညိုစိတ်ဖြစ်ပြီး အဲဒီဘဝကနေ သုဂတိဘုံကိုရောက်နိုင်တယ်။
🎏သုဂတိဘုံရောက်နေချိန် ဘုရားဟောတဲ့ ပဋ္ဌာန်းတရားနာကြားခွင့်ရရင် ရဟန္တာ အထိဖြစ်နိုင်တယ်။

ပဋ္ဌာန်း တန်ခိုး အကျိုးအနန္တ။
တရားတော်တွေကို ရိုရိုသေသေ လေးလေးစားစား သဒ္ဓါ တရားအပြည့်နဲ့ အဓိပ္ပါယ်ကိုနှလုံးသွင်းပူဇော်ရင် လူ့ချမ်းသာ နတ်ချမ်းသာကိုသာမက နိဗ္ဗာန်ထိအောင် အကျိုးပေးနိုင်တယ်။

ပဋ္ဌာန်းမေတ္တာပို့

၁။ ဟေတုပစ္စယော – သတ္တဝါအားလုံး- မကောင်းသော လောဘ၊ဒေါသ၊မောဟ အကုသိုလ်ဟိတ်တရားတို့ကို ပယ်ရှားနိုင်ကြ၍ ကောင်းမြတ်သော အလောဘ၊ အဒေါသ (မေတ္တာ)၊အမောဟ (ပညာ) ကုသိုလ်ဟိတ် တရားတို့သာ အမြစ်သဖွယ် ကိန်းတည်ကြပြီးကောင်းမြတ်သော စိတ်၊ စေတသိက်၊ ရုပ် တရားတို့သာနိဗ္ဗာန်ထိတိုင် တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

၂။ အာရမ္မဏပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရူပါရုံ ၊သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ၊ဓမ္မာရုံတို့နှင့ မတွေ့ကြုံကြဘဲ ကောင်းမြတ်သော အာရုံများနှင့်သာ တွေ့ကြုံကြ၍ ကောင်းမြတ်သော အကျိုးတရား တို့ကိုသာ ရရှိခံစားနိုင်ကြပါစေ။

၃။ အဓိပတိပစ္စယော – သတ္တဝါအားလုံးတို့၏ သန္တာန်၌ မထက်မြက်သော ညံ့သောဆန္ဒ၊ ဝီရိယ၊ စိတ်၊ပညာ တရားတို့ အကြီးအမှူးဦးစီးဦးဆောင်မပြုကြဘဲ ထက်မြက်သော ကောင်းသော ဆန္ဒ၊ဝီရိယ၊စိတ်၊ပညာ တရားတို့သာ အကြီးအမှူးဦးစီးဦးဆောင်ပြုကြလျက် အလွန်အကြူးအထူးကြီးကျယ် မြင့်မြတ်သော အကျိုးတရားတို့သာရရှိခံစားနိုင်ကြပါစေ။

၄။ အနန္တရပစ္စယော – သတ္တဝါအားလုံး-မကောင်းသောစိတ်၊စေတသိက်(နာမ်) တရားတို့ အကြားအလပ်မရှိ ဆက်ကာ ဆက်ကာမဖြစ်ကြဘဲ၊ ကောင်းမြတ်သောစိတ်၊ စေတသိက်(နာမ်) တရားတို့သာ အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ပွားနိုင်ကြပါစေ။

၅။ သမနန္တရပစ္စယော- သတ္တဝါအားလုံး-မကောင်းသောစိတ်၊စေတသိက်(နာမ်) တရားတို့ (ကောင်းစွာ) အကြားအလပ်မရှိ ဆက်ကာဆက်ကာ မဖြစ်ကြဘဲ၊ကောင်းမြတ်သောစိတ်၊စေတသိက်(နာမ်) တရားတို့သာ (ကောင်းစွာ) အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာဆက်ကာဖြစ်ပွားနိုင်ကြပါစေ။

၆။ သဟဇာတပစ္စယော – သတ္တဝါအားလုံး -မကောင်းသော ရုပ်၊နာမ်တရားများအတူတကွ မဖြစ်ကြဘဲ ကောင်းသော ရုပ်၊နာမ်တရားများသာ အတူတကွ ဖြစ်နိုင်ကျေးဇူးပြုနိုင် ကြပါစေ။

၇။ အညမညပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရုပ်၊နာမ်တရားများနှင့်အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးမပြုကြဘဲကောင်းမြတ်သော ရုပ်၊ နာမ်တရားများတို့နှင့်သာ အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးပြုမှုကို ခံစားနိုင်ကြပါစေ။

၈။ နိဿယပစ္စယော – – သတ္တဝါအားလုံး- မကောင်းသော ရုပ်၊နာမ်တရားတို့၌မှီ၍ မဖြစ်ကြဘဲ၊ကောင်းမြတ်သော ရုပ်၊နာမ်တရားတို့၌သာ အမှီပြု၍ ကောင်းကျိုးအမျိ ုးမျိုးတို့ကိုသာခံစားနိုင်ကြပါစေ။

၉။ ဥပနိဿယပစ္စယော – သတ္တဝါအားလုံး- မကောင်းသော ပညတ်၊နာမ်၊ ရုပ် တရားတို့နှင့် မကောင်းသော မိဘ၊ မကောင်းသော ဆရာ၊မိတ်ဆွေ၊ရာသီဥတု၊ နေရာထိုင်ခင်း၊ အစားအသောက်တို့၌အားကြီးသော မှီရာအဖြစ် အမှီမပြုကြရဘဲ ကောင်းသော ပညတ်၊နာမ် ရုပ် တရားများနှင့်ကောင်းမြတ်သော မိဘ၊ဆရာ၊ မိတ်ဆွေ၊ ရာသီဥတု၊နေရာထိုင်ခင်း၊အစားအသောက်တို့၌ သာအားကြီးသောမှီရာအဖြစ် မှီကြရ၍ ကောင်းကျိုး အမျိုးမျိုးတို့ကိုသာခံစားရရှိနိုင်ကြပါစေ။

၁၀။ ပုရေဇာတပစ္စယော- သတ္တဝါအားလုံး-မကောင်းသော အာရုံ၅ ပါးရုပ်တရား၊ဝတ္ထုရုပ်တရားများ ရှေးဦးကြိုတင်မဖြစ်ကြဘဲ ကောင်းမြတ်သော အာရုံ၅ ပါး ရုပ်တရားများ၊ဝတ္ထု ရုပ်တရားများသာ ရှေးဦးကြိုတင် ဖြစ်နှင့်ကြ၍ ကောင်းမြတ်သော ကုသိုလ်တရား၊ အကျိုးဝိပါတ်တရားတို့သာ တိုးပွားဖြစ်ထွန်းနိုင်ကြပါစေ။

၁၁။ ပစ္ဆာဇာတပစ္စယော – သတ္တဝါအားလုံးတို့၏ ဖြစ်နှင့်ပြီးသောရှေးရှေးရုပ်တရားအားနောက်နောက်မှ ဖြစ်သော နာမ်တရားများကကျေးဇူးပြုရာတွင မကောင်းသော အကုသိုလ်နာမ်တရားတို့၏ ကျေးဇူးပြုမှုကို မခံကြရဘဲ ကောင်းမြတ်သော ကုသိုလ်၊အဗျာကတ နာမ်တရားတို့၏ ကျေးဇူးပြုမှုကိုသာခံယူနိုင်ကြပါစေ။

၁၂။ အာသေဝနပစ္စယော – သတ္တဝါအားလုံး-မကောင်းသော အကုသိုလ်တရားများအဖန်တလဲလဲ ထုံခြင်းသဘောဖြင့်ထပ်ကာ ထပ်ကာ မဖြစ်ပွားကြဘဲ ကောင်းမြတ်သောကုသိုလ်တရားကြိယာအဗျာကတ တရားတို့သာ မဂ်ဖိုလ်နိဗ္ဗာန်တိုင်ထိ အဖန်တလဲလဲထုံခြင ်းဖြင့်ထပ်ကာထပ်ကာ ဖြစ်ပွားနိုင်ကြပါစေ။

၁၃။ ကမ္မပစ္စယော -သတ္တဝါအားလုံး- မကောင်းသော စေတနာကံတရားတို့ကိုမပြုလုပ်ဖြစ်ကြဘဲ၊ ကောင်းမြတ်သောစေတနာကံတရားတို့ကိုသာ ပြုလုပ်ဖြစ်ကြ၍ ယခုဘဝနောင်ဘဝ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအဆက်ဆက်တို့ကိုသာခံစားရရှိနိုင်ကြပါစေ။

၁၄။ ဝိပါကပစ္စယော – သတ္တဝါအားလုံး- ကောင်းမြတ်သော အကျိုးတရားတို့ကိုသာအဆက်မပြတ် ရရှိပိုင်ဆိုင်ကြ၍ ထိုမှတဆင့် ကောင်းမြတ်သော အကျိုးတရားအမျိုးမျိုးတို့ ကိုသာနိဗ္ဗာန်တိုင်ထိ ထပ်ကာထပ်ကာ ရရှိခံစားနိုင်ြ ကပါစေ။

၁၅။ အာဟာရပစ္စယော – သတ္တဝါအားလုံး-ရရှိထားကြသော နာမ်ရုပ်ခန္ဓာကြီးအားမကောင်းသော ရုပ်အာဟာရ သြဇာဓာတ်များ၊မကောင်းသော နာမ်အာဟာရ ဓာတ်များဖြင့်အထောက်အပံ့မပြုကြဘဲ ကောင်းမြတ်သောရုပ် နာမ်အာဟာရဓာတ် တို့ဖြင့်သာ အထောက်အပံ့ပြုဖြစ်ကြ၍ နိဗ္ဗာန်ကိုလွယ်ကူစွာ မျက်မှောက်ပြုနိုင်ကြပါစေ။

၁၆။ ဣန္ဒြိယ ပစ္စယော – သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုကို မခံကြရဘဲ ကောင်းမွန်သော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုတို့ကိုသာနိဗ္ဗာန်တိုင်ထိ ရရှိခံစားနိုင်ကြပါစေ။

၁၇။ ဈာနပစ္စယော- သတ္တဝါအားလုံး- မကောင်းသော အကုသိုလ်တရားတို့၌စူးစူးစိုက်စိုက်အာရုံမပြုဖြစ်ကြဘဲ ကောင်းမြတ်သောကုသိုလ်တရားတို့၌သာ စူးစူးစိုက်စိုက အာရုံပြုနိုင်ကြ၍ နိဗ္ဗာန် တိုင်ထိ ကောင်းကျိုးတရားတို့ကို ရရှိနိုင်ကြပါစေ။

၁၈။ မဂ္ဂပစ္စယော- သတ္တဝါအားလုံး- ဒုဂ္ဂတိဘုံသို့ ရောက်စေတတ်သည့် မကောင်းသော အကုသိုလ် မဂ္ဂင်ခရီး လမ်းကြောင်းကို မလျှောက်ဖြစ်ကြဘဲသုဂတိဘုံ နိဗ္ဗာန်ဘုံတို့ကိုသာရောက်စေနိုင်သော ကောင်းမြတ်သော ကုသိုလ်မဂ္ဂင်လမ်းကြောင်းကိုသာ လျှောက်လှမ်းနို င်ကြပါစေ။

၁၉။ သမ္ပယုတ္တပစ္စယော – သတ္တဝါအားလုံး- မကောင်းသော စိတ် စေတသိက်နာမ်တရားအချင်းချင်းအညီအညွတ် ယှဉ်တွဲပေါင်းစပ်ခြင်းမပြုကြဘဲကောင်းသောစိတ် စေတသိက် နာမ်တရားအချင်းချင်းတို့သာအညီအညွတ် ယှဉ်တွဲပေါင်းစပ်၍ နိဗ္ဗာန်တိုင်ထိ သွားနိုင်ကြပါစေ။

၂၀။ ဝိပ္ပယုတ္တပစ္စယော- သတ္တဝါအားလုံး- အချင်းချင်း အညီအညွတ်မယှဉ်တွဲသောအားဖြင့် ရုပ်နာမ်တရားတို ကျေးဇူးပြုရာ၌မကောင်းသော ရုပ်နာမ်တရားတို မယှဉ်တွဲသောအားဖြင့် ကျေးဇူးမပြုကြဘဲ ကောင်းမြတ်သောနာမ်တရားတို့က ကောင်းမွန်သော ရုပ်တရားတို့ကို၊ကောင်းမွန်သော ရုပ်တရားတို့က ကောင်းမြတ်သောနာမ်တရားတို့ကိုမယှဉ်တွဲသောအားဖြင့် ကျေးဇူးပြုနိုင်ကြ၍ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအမျိ ုးမျိုးတို့ကိုသာရရှိခံစားနိုင်ကြပါစေ။

၂၁။ အတ္ထိပစ္စယော – သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့ထင်ရှားစွာ မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ် တရားတို့သာ ထင်ရှားစွာဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

၂၂။ နတ္ထိပစ္စယော -သတ္တဝါအားလုံး- မကောင်းသော နာမ်တရားတို့ ချုပ်ငြိမ်းသွားခြင်းမရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။

၂၃။ ဝိဂတပစ္စယော- သတ္တဝါအားလုံး- မကောင်းသော နာမ်တရားတို့ ကင်းစင်သွားခြင်း၊မရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။

၂၄။ အဝိဂတပစ္စည်း- သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့မကင်းသောအားဖြင့်မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ်တရားတို့သာမကင်းကွာသောအားြ ဖင့် ဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

 (အဘိဓမ္မာနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း-သာသနာရေးဦးစီးဋ္ဌာနမှ)

No comments:

Post a Comment