နတ္ဘံု
နတ္
နတ္ဟူသည္ ျမန္မာစကား“နာထ”ဟူေသာ ပါဠိမွ ဆင္းသက္လာသည္ ဟု ေဝါဟာရလိနတၱဒီပနီက်မ္းက ဖြင့္ဆိုထားသည္။
နာထ၏ အနက္အဓိပၸါယ္မွာ ကိုးကြယ္ရာျဖစ္သည္။
ေလာကီ၊ ေလာကုတၱရာအက်ဳိးတို႔အတြက္ လူသားတို႔ကိုးကြယ္ရာျဖစ္ေသာေၾကာင့္ “နာထ”၊“နာတ္”၊“နတ္”ဟု ေခၚဆိုေနၾကသည္။ နတ္ကို ပါဠိဘာသာအားျဖင့္ “ေဒဝ”ဟု၍၎၊ “ေဒဝတာ”ဟု၍၎ ေခၚေဝၚသံုးစြဲခဲ့သည္။
ပ႒ာန္းမူလ ဋီကာက်မ္း ဝိသုဒၶိမဂ္ မဟာဋီကာက်မ္းတို႔၌-လူသားတို႔အား ရာထူးဌာနႏ ၱရ စေသာ စည္းစိမ္ဥစၥာကို ေပးတတ္သူ၊ လူသားတို႔ ပူေဇာ္သကၠာရကို ခံယူထိုက္သူ၊ အက်ဳိးတရားျပ၍ ၫႊန္ၾကားဆံုးမတတ္သူ၊ ပ်က္စီးျခင္း ေဘးဒုကၡအမ်ဳိးမ်ဳိးတို႔မွ လြတ္ကင္းသူတို႔က ငါတို႔ ကိုးကြယ္ရာ ျဖစ္ေပသည္ဟု ကိုးကြယ္ဆည္းကပ္ ခ်ီးမြမ္းအပ္သူတို႔ ျဖစ္သည္ဟု ဖြင့္ဆိုျပထားပါသည္။
နတ္ျပည္ေျခာက္ထပ္ စတုမဟာရာဇ္ နတ္မင္းႀကီးေလးပါး စိုးပိုင္ေသာ နတ္ျပည္(ဘူမ႒၊ ရုကၡ႒၊ အာကာသ႒ နတ္တို ့သည္ စတုမဟာရာဇ္ ဘံု၌ပါဝင္သည္။)
(တာ၀တိ ံသာ)နတ္တို ့သနင္း သိႀကားမင္းစံရာ နတ္ျပည္၊
( ယာမာ) ဆင္းရဲျခင္းမွ ကင္းေသာ နတ္ျပည္၊
(တုသိတာ) စိတ္၏ ႏွစ္သက္ျပည့္ျဖိဳးျခင္း ရွိေသာ နတ္ျပည္ (အေလာင္းေတာ္နတ္သားတို ့ ဘုရားအျဖစ္သို ့ေရာက္မည့္ ေနာက္ဆံုးဘဝ မတိုင္မီတြင္ တုသိသာ နတ္ျပည္တြင္ ျဖစ္ျမဲ ဓမၼတာျဖစ္သည္။)
(နိမၼာနရတိ )တန္ခိုး ဖန္ဆင္းျခင္း၌ ေမြ ့ေလ်ာ္ေသာ နတ္ျပည္၊
(ပရနိမၼိတ၀သ၀တီၱ )တပါးေသာ နတ္တို ့ ဖန္ဆင္းျပီးေသာ ကာမဂုဏ္၌ အလိုကိုျဖစ္ေစ နတ္ျပည္(မာရ္နတ္မင္းေနရာ နတ္ျပည္လည္းျဖစ္သည္)
(စတုမဟာရာဇ္ )သည္ ေအာက္ဆံုးျဖစ္၍ ပရနိမၼိတ၀သ၀တီၱ သည္ အထက္ျဖစ္သည္။
နတ္ စုေတ့ ေသဆံုးျခင္း အေၾကာင္း(၄)ပါး
(၁)အာယုကၡယ = သက္တမ္းကုန္၍ ေသျခင္း၊
(၂)ပုညကၡယ = ကုသိုလ္ေကာင္းမႈကုန္၍ ေသျခင္း၊(ကုသိုလ္ေကာင္းမႈ အနည္းငယ္မွ်ျဖင့္ နတ္ျပည္တြင္ လာျဖစ္ေသာ နတ္သားတို႔သည္ ကုသုိလ္ေကာင္းမႈကုန္ေသာအခါ အစြမ္းသတၱိ မရွိေတာ့ဘဲ သက္တမ္းမေစ့ခင္ စုေတ့ ရသည္။)
(၃)အာဟာရကၡယ = စားေနက် ေသာက္ေနက် အခ်ိန္ မစားမေသာက္မိ၍ ေသျခင္း၊(နတ္သားတစ္ဦးသည္ ကာမဂုဏ္ခံစားေန၍ စားခ်ိန္ကို သတိမရဘဲ တစ္နပ္စာမွ် မစားဘဲေနလိုက္လွ်င္ ေနာက္ဘယ္ႏွစ္ႀကိမ္စားစား အသက္မရွည္ႏိုင္ေပ။)
(၄)ေကာဓာဘိဘ၀န = ေဒါသထြက္၍ ေသျခင္း၊(နတ္သားမ်ားသည္ နတ္သမီးမ်ားႏွင့္ ေပ်ာ္ပါးေနေသာအခါ တျခားနတ္မ်ားက လာေရာက္ဖက္ၿပိဳင္တာမ်ဳိး ရွိတတ္သည္။ ထိုအခါ ဖက္ၿပိဳင္လာေသာ နတ္ကို ေဒါသထြက္တတ္သည္။
ေဒါသထြက္ေသာနတ္၏ ကိုယ္ခႏၶာသည္ မီးေလာင္သကဲ့သို႔ ပူၿပီး စုေတ့ရသည္။ ဖက္ၿပိဳင္ေသာ နတ္ကလည္း ေဒါသထြက္လွ်င္ စုေတ့ရသည္။ ထို႔ေၾကာင့္ မိမိကို ေဒါသထြက္မွန္းသိသည္ႏွင့္ ေဒါသမထြက္ခင္ တျခားေနရာသို႔ ေရွာင္သြားရသည္။ သို႔မွသာ အသက္ခ်မ္းသာရာရ၏။)
ပုဗၺနိမိတ္(၅)ပါး
နတ္သား၊ နတ္သမီး တစ္ပါးပါး သက္တမ္းကုန္၍ စုေတ့ေတာ့မည္ ဆိုလွ်င္ လူ႔တို႔၏ အေရအတြက္ (၇)ရက္ေျမာက္တြင္ ပုဗၺနိမိတ္(၅)ပါး ထင္လာသည္။
(၁)ပဋိသေႏၶအခါက ပန္ဆင္ခဲ့ေသာ ပန္းမ်ား ညႇိဳးႏြမ္းကုန္ျခင္း၊
(၂)နတ္အ၀တ္ပုဆိုးမ်ား ညႇိဳးႏြမ္းကုန္ျခင္း၊
(၃)ကိုယ္ခႏၶာ၏ လက္ကတီးၾကားမွ ေခၽြးမ်ား ယိုထြက္လာျခင္း၊
(၄)ကိုယ္ေရာင္ကိုယ္၀ါ ေမွးမိ္ွန္လာျခင္း၊
(၅)နတ္မ်ား၏ ေနရာတြင္ တည္တည္တံ့တံ့ မေနႏိုင္ မထိုင္ႏိုင္ျဖစ္လာျခင္း တို႔ျဖစ္သည္။
ပုဗၺနိမိတ္(၅)ပါး ထင္လာသည္ကို နတ္တိုင္းမသိၾကေပ။ ပညာရွိေသာ နတ္မ်ားကသာ သိၾကသည္။ ပုဗၺနိမိတ္(၅)ပါး ထင္လာၿပီးလွ်င္ နတ္သက္ေႂကြၾကသည္။
နတ္တို႕မရႏိုင္ေသာကမၼ႒ာန္းမ်ား (၁၂)ပါး
အသုဘ ၁ဝ-ပါး၊
ကာယဂတာသတိ၊ အာဟာေရ ပဋိကူလသညာ တို႔ ျဖစ္၏၊
နတ္ျပည္၌ အာ႐ံုငါးပါးကာမဂုဏ္တရားတို႔ လႊမ္းမိုးထားရကား ထိုကမၼ႒ာန္းမ်ား မ်ားကို မရႏိုင္ေပ။
နတျ္ဖစ္ျခင္း အေၾကာင္း ၃-ပါး
(နတ္ျပည္ေရာက္လိုသူမ်ား က်င့္ၾကံရန္ တရားသံုးပါး)
(၁)သစၥံ ဘေဏ-အမွန္ကိုသာ ဆိုေျပာရာ၏၊
(၂)န ကုေဇၩယ်-အမ်က္မထြက္ စိတ္မဆိုးရ၊
(၃)အပၸမၸိ ဒဇၨာ-ေတာင္းခံလာက နည္းနည္းျဖစ္ျဖစ္ ေပးလႉရာ၏။
အတုလ ဝိဇၨာမယ သိဒၶိက်မ္းလာ နတ္မ်ိဳး ၂-ပါး
(၁)ကမၼသကနတ္-ဒါန,သီလ,စ်ာန္,ဘာဝနာ ကုသိုလ္တို႔ေၾကာင့္ျဖစ္ေသာ နတ္,ျဗဟၼာမ်ား၊
(၂)ဂႏၶာရီနတ္-ေဆး, အင္း, မႏၲာန္, ျပဒါး,သံ, ေက်ာက္မ်က္ ရတနာ စသည္တို႔ တန္ခိုးျဖင့္ ေျမလွ်ိဳးမိုးပ်ံ ေနၾကေသာ ဝိဇၨာဓိုရ္မ်ား။
နတ္ျပည္ေျခာက္ထပ္
စတုမဟာရာဇ္ ၊ တာ၀တိ ံသာ ၊ ယာမာ ၊ တုသိတာ ၊ နိမၼာနရတိ ၊ ပရနိမၼိတ၀သ၀တီၱ ၊စတုမဟာရာဇ္
ဓတရ႒၊ ၀ိ႐ူဠက၊ ၀ိ႐ူပကၡ၊ ကုေ၀ရ ဟူေသာနတ္မင္းႀကီးေလးပါးကို ပါဠိလို `စတုမဟာရာဇ´ ဟုေခၚ၏။
(စတု=ေလးေယာက္ေသာ+ မဟာရာဇ= နတ္မင္းႀကီး)
ထို နတ္မင္းႀကီးေလးပါးကို ဆည္းကပ္ခစားရသည့္ လက္ေအာက္ခံနတ္တို႔မွာ `စတုမဟာရာဇိက´ ဟုေခၚသည္။ နတ္မင္းႀကီးေလးပါး ႏွင့္ စတုမဟာရာဇိကနတ္တို႔၏ ေနရာဘံုကို ပါဠိလို စာတုမဟာရာဇိကာ ျမန္မာလို စာတုမဟာရာဇ္ဘံု (သို႔မဟုတ္) စာတုမဟာရာဇ္နတ္ျပည္ဟု ေခၚဆိုသည္။
ဤဘံု၌ – သၾကားမင္း ကိုယ္စား
ဓတရ႒ နတ္မင္း
ဝိ႐ူဠက နတ္မင္း
ဝိ႐ူပကၡ နတ္မင္း
ကုေဝရ နတ္မင္း ဟူ၍ နတ္မင္းႀကီးေလးပါး အုပ္စိုးသည္။
ဓတရ႒နတ္မင္းႀကီးသည္ ေငြေရာင္ေတာက္ပေသာျမင့္မိ္ုရ္ေတာင္၏ အလယ္ခုလတ္ အေရွ႕ဘက္နံပါး၌ တည္လ်က္ ဂႏၶဗၺနတ္(ေမႊးႀကိဳင္ေသာ နံ႔သာပင္၌ ပဋိသေႏၶေနၾကေသာ နတ္မ်ား) အေပါင္းတို႔ကို အုပ္ခ်ဳပ္၍မင္းလုပ္သည္။
၀ိ႐ူဠကနတ္မင္းႀကီးသည္ ျမေရာင္ေတာက္ပေသာ ျမင့္မိ္ုရ္ေတာင္၏ ေတာင္ဘက္နံပါး၌ တည္လ်က္ ကုမာၻန္(ႀကီးမားေသာ ၀မ္းဗိုက္ႏွင့္ ေ၀ွးေစ့၊ ျပဴးက်ယ္နီျမန္းေသာ မ်က္စိ ရွိၾကေသာ ဒါန၀ရကၡဳိသ္)အေပါင္းတို႔ကို အုပ္ခ်ဳပ္၍ မင္းလုပ္သည္။
၀ိ႐ူပကၡနတ္မင္းႀကီးသည္ ဖန္ေရာင္ေတာက္ပေသာ ျမင့္မိ္ုရ္ေတာင္၏ ေနာက္ဘက္နံပါး၌ တည္လ်က္ နတ္နဂါး အေပါင္းတို႔ကို အုပ္ခ်ဳပ္၍မင္းလုပ္သည္။
ကုေ၀ရနတ္မင္းႀကီးသည္ ေရႊေရာင္ေတာက္ပေသာ ျမင့္မိ္ုရ္ေတာင္၏ ေျမာက္ဘက္ နံပါး၌ တည္လ်က္ နတ္ဘီလူး အေပါင္းတို႔ကို အုပ္ခ်ဳပ္၍မင္းလုပ္သည္။
စတုမဟာရာဇ္ နတ္ျပည္သည္ လူ႔ဘံုရဲ႕အထက္ ယူဇနာ ေလးေသာင္းႏွစ္ေထာင္ ေ၀းကြာေသာ ယုဂႏိၶဳရ္ေတာင္ (ျမင့္မိုရ္ေတာင္ထက္၀က္အျမင့္ရွိ) ထိပ္မွစ၍ ျမင့္မိုရ္ေတာင္ ေအာက္ေျခထိ က်ယ္ျပန္႔သည္။
ဗိမၺိသာရဘုရင္သည္ စတုမဟာရာဇ္ဘံုတြင္ ေ၀ႆ၀ဏ္နတ္မင္းႀကီး၏ အျခံအရံ ဇန၀သဘ နတ္စစ္သူႀကီးျဖစ္သည္။
စတုမဟာရာဇ္နတ္မ်ား၏ သက္တမ္းမွာ သူတို႔၏အေရအတြက္အားျဖင့္ ႏွစ္(၅၀၀)ရွိ၏။
လူတို႔၏ႏွစ္အေရအတြက္ အရ အႏွစ္(၉)သန္းျဖစ္သည္။
လူတို႔၏ ႏွစ္ေပါင္း(၅၀)သည္ စတုမဟာရာဇ္နတ္သက္ (၁)ရက္ ျဖစ္သည္။
ကုေ၀ရနတ္မင္းႀကီး
ကုေ၀ရနတ္မင္းႀကီးကို `ေ၀ႆ၀ဏ္နတ္မင္းႀကီး´ဟူ၍လည္း ေခၚဆိုၾကသည္။ ဤစတုမဟာရာဇ္ နတ္မင္းႀကီးမ်ား တြင္ ကုေ၀ရ ေခၚ ေ၀ႆ ၀ဏ္နတ္မင္းႀကီးမွာ အလြန္တန္ခိုးႀကီး၏။ ေလာကတြင္ အႀကီးျမတ္ဆံုးလက္နက္ႀကီး ေလး မ်ိဳးကို အသီးသီးပိုင္ဆိုင္ၾကသည့္ တန္ခိုးရွင္ႀကီး ေလးဦးရွိသည္။
သိၾကားမင္းက ၀ဇီရ စိန္လက္နက္(၀ရဇိန္လက္နက္ ဟုလည္းေခၚၾကသည္)၊ ေ၀ႆ၀ဏ္နတ္မင္းက သံတင္းပုတ္လက္နက္၊ ယမမင္းက မ်က္ေစာင္းလက္နက္၊ အာဠာ၀ကဘီလူးႀကီးက ဘြဲ႕ျဖဴနတ္ပုဆိုးလက္နက္ တို႔ကို အသီးသီးပိုင္ဆိုင္ၾကေၾကာင္း သုတၱနိပါတ္၊ အာဠာ၀ကသုတ္၌ ပါရွိေလသည္။
ေ၀ႆ ၀ဏ္နတ္မင္းႀကီးသည္ ေသာတာပန္မျဖစ္မီ ပုထုဇဥ္ျဖစ္စဥ္က အမ်က္ထြက္သျဖင့္ သံတင္းပုတ္ လက္နက္ႀကီးကို ပစ္လႊတ္လိုက္လွ်င္ နတ္ဘီလူးေထာင္ေပါင္းမ်ားစြာတို႔၏ ဦးေခါင္းမ်ား ျပတ္က်ကုန္ၿပီး ေ၀ႆ ၀ဏ္နတ္မင္းႀကီး၏ ႏွစ္ေတာင္ထြာအရပ္၌ တဖန္ျပန္၍ ရပ္တည္ၾကသည္ဟု အာဠာ၀ကသုတ္ အဖြင့္၌ ဖြင့္ဆိုထားေပသည္။
ေ၀ႆ ၀ဏ္ေခၚ ကုေ၀ရနတ္မင္းႀကီး၏ ေရွ႕အတိတ္အေၾကာင္းကား ကႆပဘုရားရွင္ ပြင့္ေတာ္မူၿပီးေနာက္ ဗာရာဏသီျပည္တြင္ ကုေ၀ရမည္ေသာ ပုဏၰားသူႂကြယ္သည္ ႀကီးက်ယ္ေသာၾကံခင္းမ်ား စိုက္ပ်ဳိး၍ ၾကံရည္ႀကိတ္စက္ ခုႏွစ္လံုးကို၀ယ္ယူကာ ၾကံရည္ဆိုင္ ခုႏွစ္ဆိုင္ဖြင့္သတဲ့။
ၾကံခင္းမ်ားမွ ရရွိၾကေသာ ၾကံတို႔ကို ထိုၾကံရည္ႀကိတ္စက္မ်ားျဖင့္ ႀကိတ္ၿပီးၾကံရည္မ်ားကို ေရာင္းခ်ေလသည္။ ထိုၾကံရည္ဆိုင္ ခုႏွစ္ဆိုင္အနက္ ၾကံရည္တစ္ဆိုင္မွ ရရွိ္သည့္ အျမတ္အစြန္းမ်ားကို လာလာသမွ် လူအေပါင္းအား ေပးလွဴ၍ ကုသိုလ္ေကာင္းမႈျပဴ၏။
ထိုၾကံရည္ဆိုင္မွာ အျခားၾကံရည္ဆိုင္မ်ားထက္ ေရာင္းေကာင္းသျဖင့္ အျမတ္အစြန္း ပိုမိုရရွိသည္ဟု ဆိုေပသည္။ ထို႔ေၾကာင့္ ကုေ၀ရပုဏၰားသည္ သဒၶါယုံၾကည္စိတ္ ပိုမိုထက္သန္လာကာ အျခားၾကံရည္ဆိုင္မ်ားမွ ရရွိသည့္ အျမတ္အစြန္းတို႔ကိုပါ အလွဴဒါနျပဳေလသည္။ ဤသို႔လ်င္ ၾကံရည္ဆိုင္ ခုႏွစ္ဆိုင္လံုးမွ ရရွိေသာ အျမတ္အစြန္းတို႔ကို အႏွစ္ႏွစ္ေသာင္းကာလပတ္လံုး ေပးလွဴခဲ့သည္။ (ထိုအခ်ိန္မွာ လူတို႔၏သက္တမ္းသည္ အႏွစ္ႏွစ္ေသာင္းတမ္း ျဖစ္သည္။)
ထိုကုသိုလ္ေကာင္းမႈေၾကာင့္ ကြယ္လြန္ေသာအခါ စတုမဟာရာဇ္နတ္ျပည္၌ ကုေ၀ရမည္ေသာ နတ္မင္းျဖစ္ေလ၏။ ေနာင္ေသာအခါ ၀ိႆ ဏမည္ေသာ မင္းေနျပည္ေတာ္၌ မင္းအျဖစ္ကို ရရွိေသာေၾကာင့္ မင္းေနျပည္ေတာ္ကို အစြဲျပဳကာ ေ၀ႆ ၀ဏ္နတ္မင္း ဟူ၍လည္း ေခၚၾကသည္။
နတ္ဘီလူးတို႔၏ အႀကီးအမွဴးျဖစ္ေသာေၾကာင့္ နတ္ဘီလူးအေပါင္းျခံရံကာ ကခုန္သီဆိုပြဲတို႔ျဖင့္ ေမြ႔ေလ်ာ္ေပ်ာ္ပါးစြာ ေနထိုင္သည္။ ထိုနတ္မင္းႀကီး ေလးေယာက္တို႔မွာ ခြန္အားဗလႀကီးသည့္ သားေတာ္ ကိုးက်ိပ္တစ္ေယာက္စီ ရွိၾကသည္။
ထိုသားေတာ္တို႔၏ အမည္ကို မိမိတို႔၏ အရွင္ သိၾကားမင္း၏ အမည္အတိုင္း `ကၠႏၵ´ ဟုခ်ည္း အမည္တစ္ခုတည္းေပးထားၾကသည္ဟု သုတ္ပါ ေထယ်ပါဠိေတာ္၊ အာဋာနာဋိယသုတ္ႏွင့္ သေမၼာဟ၀ိေနာဒနီ အ႒ကထာတို႔၌ ေဟာၾကားဖြင့္ဆိုထားေပသည္။ ထိုနတ္မင္းႀကီးေလးပါးတို႔သည္ ေလာကႀကီးကို ေစာင့္ေရွာက္ေနၾကသည့္ နတ္မင္းႀကီးမ်ားျဖစ္ေသာေၾကာင့္ `စတုေလာကပါလ´ နတ္မင္းႀကီးမ်ားျႀကီးမ်ားျဖစ္ေၾကာင္း ေပတ၀တၱဳပါဠိေတာ္ႏွင့္ အ႒ကထာ တို႔မွာ ေဟာၾကားဖြင့္ဆိုထားပါသည္။
ဗိမၺိသာရဘုရင္သည္ စတုမဟာရာဇ္ဘံုတြင္ ေ၀ႆ ၀ဏ္နတ္မင္းႀကီး၏ အျခံအရံ ဇန၀သဘ နတ္စစ္သူူႀကီး ျဖစ္သည္။ စတုမဟာရာဇ္နတ္မ်ား၏ သက္တမ္းမွာ သူတို႔၏အေရအတြက္အားျဖင့္ ႏွစ္(၅၀၀)ရွိ၏။ လူတို႔၏ႏွစ္အေရအတြက္ အရ အႏွစ္(၉)သန္းျဖစ္သည္။ လူတို႔၏ ႏွစ္ေပါင္း(၅၀)သည္ စတုမဟာရာဇ္နတ္သက္ (၁)ရက္ ျဖစ္သည္။
တာဝတိ ံသာနတ္ျပည္
မာဃလုလင္ အမွဴးရွိေသာ အတူတကြ ကုသိုလ္ေကာင္းမႈျပဳေဖာ္ျပဳဖက္ ျဖစ္ေသာ (၃၃) ေယာက္ေသာ သူတို႔၏ေနရာျဖစ္ေသာ ဘံုကို တာဝတိ ံသာနတ္ဘံုဟု ေခၚသည္။
တာဝတိ ံသာနတ္ျပည္သည္ ျမင့္မိုရ္ေတာင္ထိပ္၌ တည္ေသာေၾကာင့္ စတုမဟာရာဇ္ႏွင့္ ယူဇနာ ၄၂,၀၀၀ ကြာေဝးသည္ဟု ဆိုၾကသည္။
တာဝတိ ံသာနတ္ျပည္၏ တည္ေနပံုမွာ ယူဇနာတစ္ေသာင္း က်ယ္ျပန္႔သည္။
ထိုနတ္ျပည္၌ တံခါးေပါင္း တစ္ေထာင္ရွိ၍ အေရွ႕တံခါးႏွင့္ အေနာက္တံခါး၊ ေတာင္ႏွင့္ ေျမာက္တံခါးတို႔သည္ ယူဇနာတစ္ေသာင္း ကြာေဝးသည္။
နတ္ျပည္၏အလယ္တြင္ ရတနာခုႏွစ္ပါးႏွင့္ စီခ်ယ္ထားေသာ ယူဇနာတစ္ေထာင္ ျမင့္ေသာ ေဝဇယႏၲာျပာႆ ဒ္ႀကီး တစ္ခုရွိသည္။
ထို ျပာႆ ဒ္ႀကီးကို ယူဇနာသံုးရာ ျမင့္ေသာ ထီးတံခြန္တို႔ျဖင့္ ဝိုင္းရံထားလ်က္ ရွိေလသည္။
ထို႔ျပင္ ယူဇနာငါးဆယ္က်ယ္ေသာ နႏၵာေရကန္ႏွင့္ နတ္သစ္ပင္၊ ပန္းပင္တို႔ျဖင့္ ေဝဆာေသာ ယူဇနာေျခာက္ဆယ္ရွိေသာ ဥယ်ာဥ္ႀကီး(၅)ခု တုိ႔သည္လည္း သာယာၾကည္ႏူးဖြယ္ ရွိသည္။
ဥယ်ာဥ္ေတာ္ ၅ ခု
(၁) နႏၵဝန္ ဥယ်ာဥ္၊ ၿမိဳ႕၏အေရွ႕ဘက္ ယူဇနာ (၁ဝဝဝ)က်ယ္၍ နတ္တို႔ႏွစ္သက္စြာေပ်ာ္ပါးရာ ဥယ်ာဥ္ေတာ္။
(၂) ဖာ႐ုသက ဥယ်ာဥ္၊ ၿမိဳ႕၏ေတာင္ဘက္ ယူဇနာ (၇ဝဝ)က်ယ္၍ ဖက္သက္အေဖ်ာ္ယမကာတို႔ေသာက္စားကာ အသူရာတုိ႔အား ႀကိမ္းဝါးျခိမ္းေျခာက္ရာ ဥယ်ာဥ္ေတာ္။
(၃) စိတၱလတာ ဥယ်ာဥ္၊ ၿမိဳ႕၏ အေနာက္မ်က္ႏွာ၊ ယူဇနာ (၅ဝဝ)က်ယ္၍ အာသာဝတီႏြယ္နီနတ္ပန္းဆြတ္လွန္းေပ်ာ္ပါးရန္၊ ဆန္းၾကယ္ေသာအဝတ္တန္ဆာ ယာဥ္ရထားတို႔ျဖင့္ဝင္ထြက္ရာဥယ်ာဥ္ေတာ္။
(၄) မိႆက ဥယ်ာဥ္၊ ၿမိဳ႕၏ေျမာက္ဘက္ ယူဇနာ (၅ဝဝ)က်ယ္၍ နတ္သားနတ္သမီးတို႔ယွဥ္တြဲေပ်ာ္ျမဴးရာ ဥယ်ာဥ္ေတာ္။
(၅) မဟာဝန္ ဥယ်ာဥ္၊ ၿမိဳ႕၏အေရွ႕ဘက္ ယူဇနာ (၇ဝဝ)က်ယ္၍ လွပဆန္းၾကယ္ႏွစ္သက္ဖြယ္ရာ သုနႏၵာ ေရကန္ေတာ္ႀကီးရွိသည္။
ထို႔အျပင္ တာဝတိ ံသာနတ္ျပည္တြင္ ပင္လယ္ကသစ္ပင္ဟူ၍ ရွိပါသည္။
ပင္လယ္ကသစ္ပင္မွာ အဝန္း ယူဇနာသံုးရာ၊ လံုးပတ္ တစ္ဆယ့္ငါးယူဇနာ၊ အျမင့္ ယူဇနာတစ္ရာရွိသည္။ထိုအပင္ရင္း၌ ယူဇနာအားျဖင့္ အလ်ားေျခာက္ဆယ္၊ အနံငါးဆယ္၊ ထု တစ္ဆယ့္ငါးယူဇနာရွိေသာ ပ႑ကမၺလာ ျမေက်ာက္ဖ်ာ တည္ရွိသည္။
ပ႑ကမၺလာ ျမေက်ာက္ဖ်ာ သည္ လယ္ေခါင္ရမ္းပြင့္ အေရာင္အေသြးကဲ့သို႔ နီေတြးေသာအေရာင္ အဆင္းရွိသည္။ ၎သည္ အလြန္ႏူးညံ့ေသာ ကမၺလာျဖစ္၍ သိၾကားမင္းထိုင္လွ်င္ ကိုယ္တစ္ဝက္ျမဳပ္၍ ထလွ်င္ျပန္၍ ျပည့္ျမဲျပည့္ေသာ ကမၺလာ ျဖစ္ပါသည္။
တာဝတိ ံသာ၌ ကုသိုလ္ေကာင္းမႈျပဳရန္ စူဠာမဏိေစတီေတာ္ ရွိပါသည္။ ထိုေစတီေတာ္သည္ယူဇနာတစ္ရာျမင့္ေသာ ျမသားေစတီေတာ္ျဖစ္သည္။ ျမတ္စြာဘုရား၏ ဆံေတာ္၊ မကုိဋ္ေတာ္သာမက လက္ယာအထက္စြယ္ေတာ္ပါ ကိန္းဝပ္တည္ရွိေပသည္။
သုဓမၼာ
သုဓမၼာ အမည္ရွိ နတ္သဘင္ ဓမၼာ႐ံုႀကီးလည္း ရွိသည္။ သုဓမၼာဇရပ္ႀကီး၌ နတ္တို႔၏ အစည္းအေဝးမ်ားကို ေအာက္ပါအေၾကာင္းေလးပါးေၾကာင့္ က်င္းပျပဳလုပ္ၾကသည္။
(၁) ဝႆူ ပနာယိက သဂၤဟတၴံ၊ ဝါဆိုသံဃာေတာ္တို႔ကို ခ်မ္းသာစြာတရား အားထုတ္ႏိုင္ေရးအတြက္ ေစာင့္ေရွာက္ ေပးဖို႔ရန္ ပထမဝါဆိုလျပည့္ေန႔ႏွင့္ ဒုတိယဝါဆိုလျပည့္ေန႔၌စည္းေဝးကာတိုင္ပင္ေစျခင္း၊
(၂) ပဝါရဏာသဂၤဟတၴံ၊ ပဝါရဏာပြဲတို႔၌ သံဃာေတာ္မ်ားခ်မ္းသာစြာျပဳႏိုင္ေရးအတြက္ တာဝန္ေပးရန္အစည္းအေဝးျပဳျခင္း၊
(၃) ဓမၼ သဝနတၴံ- တရားနာရန္အလို႔ငွာ အစည္းအေဝးႀကီးျပဳလုပ္ျခင္း၊
(၄) ပါရိ စၧတၱက ကိဠာႏု ဘဝနတၴံ၊ ပင္လယ္ကသစ္ပန္းပြင့္ခ်ိန္၌ ပန္းဆြတ္ေပ်ာ္ပြဲႀကီး ဆင္ယင္က်င္းပေရးအတြက္ သုဓမၼာဇရပ္ႀကီး၌ အစည္းအေဝး ျပဳလုပ္ၾကျခင္း။
တာဝတိ ံသာမွ အထက္ယာမာ စေသာနတ္ျပည္မ်ား၌ကား အာကာသ႒ (ဝါ) “အာကသဇိုဝ္း” နတ္မ်ားသာ ရွိၾကသည္။ဤဘံုတြင္ သိၾကားမင္းႏွင့္ ပဇာပတိ၊ ဝ႐ုဏ ဤသာန စေသာ (၃၃)ပါးေသာ နတ္မင္းႀကီးတို႔ စံေနၾကသည္။
တာဝတိ ံသာနတ္သက္သည္ အႏွစ္(၁၀၀၀)ျဖစ္သည္။
လူတို႔၏ ႏွစ္အေရအတြက္ သံုးကုေဋေျခာက္သန္းရွိသည္။
လူတို႔၏ ႏွစ္(၁၀၀)သည္ တာ၀တိ ံသာနတ္၌ (၁)ရက္ ျဖစ္သည္။
ယာမာနတ္ျပည္
ဆင္းရဲဒုကၡမွ ကင္းၾကေသာ နတ္ခ်မ္းသာမ်ား ေနရာဘံုျဖစ္သည္။ တာ၀တိ ံသာ၌ သိၾကားမင္းရွိသကဲ့သို႔ ယာမာဘံုတြင္လည္း `သုယာမနတ္မင္း´ အုပ္ခ်ဳပ္သည္။
ယင္းနတ္မင္းသည္ သိၾကားမင္းရာထူးကိုလည္းရသည္။
ယာမာနတ္သက္သည္ သူတို႔၏အေရအတြက္အားျဖင့္ ႏွစ္ေပါင္း(၂၀၀၀)ရွိသည္။
လူတို႔၏အေရအတြက္အားျဖင့္ (၁၄)ကုေဋ(၄)သန္းရွိသည္။
လူတို႔၏ ႏွစ္(၂၀၀)သည္ ယာမာနတ္ျပည္၌ (၁)ရက္ ျဖစ္သည္။
တုသိတာနတ္ျပည္
ႀကီးက်ယ္ျမင့္ျမတ္ေသာ စည္းစိမ္က်က္သေရတို႔ႏွင့္ ျပည့္စံုၾက၍ ႏွစ္သက္ရႊင္လန္းျခင္းသို႔ ေရာက္ေနၾကေသာ နတ္တို႔၏ စံရာဘံု ျဖစ္သည္။
ထိုဘံု၌ျဖစ္ၾကေသာနတ္တို႔သည္ အျမဲမျပတ္ ရႊင္ျမဴးႏွစ္သက္ေပ်ာ္ပါးေနၾကရေသာေၾကာင့္ တုသိတာနတ္ဘံုဟု ေခၚသည္။
သႏၲဳႆိတာနတ္မင္းသည္ အႀကီးအကဲနတ္မင္း ျဖစ္သည္။
ဘုရားအေလာင္းမ်ားသည္ ဤနတ္ဘံု၌ စံေလ့ရွိသည္။
ဗုဒၶဘုရားအေလာင္းသည္ ဘုရားမျဖစ္မီ တဘဝ၌ တုသိတာနတ္ျပည္၌ “ေသတေကတု”မည္ေသာနတ္မင္း ျဖစ္ေလသည္။ ဘုရားအေလာင္း၏မယ္ေတာ္ စသည့္ သူေတာ္ေကာင္းပုဂၢိဳလ္မ်ား စံရာ နတ္ျပည္လည္း ျဖစ္သည္။
အနာထပိဏ္သူေဌးသည္ ဤ တုသိတာနတ္ဘံုတြင္နတ္သားျဖစ္ရသည္။
တုသိတာနတ္သက္သည္ ႏွစ္ေပါင္း(၄၀၀၀)ရွိသည္။
လူတို႔၏အေရအတြက္အားျဖင့္ ႏွစ္ေပါင္း(၅၇)ကုေဋ ႏွင့္ ေျခာက္သန္းရွိသည္။
လူတို႔၏ ႏွစ္(၄၀၀)သည္ တုသိတာနတ္(၁)ရက္ ျဖစ္သည္။
နိမၼာနရတိနတ္ျပည္
နိမၼာနရတိနတ္ျပည္သည္ တုသိတာနတ္ဘံု၏အထက္ ယူဇနာ(၄၂၀၀၀)ကြာေသာ ေကာင္းကင္ျပင္တြင္ ယာမာနတ္ျပည္၊ တုသိတာနတ္ျပည္မ်ားနည္္းတူ ပန္းဆိုင္းဆြဲသကဲ့သို႔ တည္ရွိသည္။
ထိုျပည္ရွိနတ္တို႔သည္ ပင္ကိုယ္ရွိၿပီးသား စည္းစိမ္ထက္ အလြန္အကဲ ခံစားလိုၾကသည့္အခါ မိမိတို႔ကိုယ္တိုင္ စိတ္တိုင္းက်ဖန္ဆင္း၍ ေမြ႔ေလ်ာ္ေလ့ရွိေသာ နတ္မ်ားျဖစ္ၾကသည္။
ေအာက္နတ္ျပည္ေလးထပ္တိ႔ု၌ အျမဲတမ္းထားေသာ ကိုယ္ပိုင္ဇနီးေမာင္ႏွံ ရွိၾကသကဲ့သို႔ နိမၼာနရတိနတ္ျပည္၌လည္း အျမဲတမ္း ဇနီးေမာင္ႏွံမ်ား ရွိၾကသည္။ ထိုနတ္တို႔သည္ အပိုအလြန္ စည္းစိမ္ခံစားလိုမွသာ မိမိတို႔လိုရာ အဆင္း၊ အသံစသည္တို႔ကို ကိုယ္တိုင္ဖန္ဆင္းၾက၍ ထိုဖန္ဆင္းေသာ အာ႐ံု၌ပင္ ေမြ႔ေလ်ာ္ေပ်ာ္ပိုက္ ေနတတ္ ၾကသည္။
ထို႔ေၾကာင့္ ထိုနတ္တို႔ကို `နိမၼာနရတိ´နတ္မ်ားဟုေခၚၾကသည္။
(နိမၼာန=လိုရာစည္းစိမ္ကို မိမိဘာသာ ဖန္ဆင္း၍ + ရတိ=ေမြ႔ေလ်ာ္ၾကသည့္ နတ္မ်ား၏ဘံု)
ျမတ္စြာဘုရား သက္ေတာ္ထင္ရွားရွိစဥ္က အရွင္အႏု႐ုဒၶါမေထရ္ျမတ္၏ မိဘုရားေဟာင္း ျဖစ္ဖူးၾကေသာ မနာပကာယိကာ မည္ေသာ နိမၼာနတိနတ္သမီးတို႔သည္ အရွင္အႏု႐ုဒၶါမေထရ္ထံ လာၾက၍ အမ်ဳိးမ်ဳိး ဖန္ဆင္းျပၾကသတဲ့။
ထိုနတ္ျပည္ကို အုပ္ခ်ဳပ္ေသာနတ္မင္းကား “သုနိမၼိတနတ္မင္းႀကီး” ျဖစ္သည္။
၀ိသာခါေက်ာင္းအမသည္ နိမၼာနရတိနတ္ျပည္တြင္ သုနိမၼိတနတ္မင္းႀကီး၏ နတ္မိဖုရားျဖစ္ရသည္။
ထိုနတ္တို႔၏သက္တမ္းသည္ သူတို႔၏အေရအတြက္အားျဖင့္ ႏွစ္ေပါင္း (၈၀၀၀)ရွည္၍ လူသားတို႔၏ ႏွစ္အေရအတြက္အားျဖင့္ ကုေဋ(၂၃၀)ႏွင့္ ေလးသန္း ရွိ၏။
လူတို႔၏ ႏွစ္(၈၀၀)သည္ နိမၼာနရတိနတ္ျပည္၏ တစ္ရက္ျဖစ္သည္။
ပရနိမၼ္ိတ၀သ၀တၲိနတ္ျပည္
မိမိတို႔အလိုရွိရာကို ကိုယ္တိုင္မဖန္ဆင္းဘဲ အေစအပါးနတ္မ်ား၏ အလိုက္သိစြာ စိတ္တိုင္းက် ဖန္ဆင္းေပးေသာ ကာမဂုဏ္စည္းစိမ္ခ်မ္းသာကို စံစားၾကေသာ နတ္တို႔၏ စံရာဘံုျဖစ္သည္။
“၀သ၀တၲိနတ္မင္း”က အုပ္ခ်ဳပ္သည္။
ဤနတ္ဘံုမွာ ျမတ္စြာဘုရားကိုပင္ အျမဲတမ္း လိုက္လံေႏွာက္ယွက္ေလ့ရွိေသာ မာရ္နတ္ မင္းသည္လည္း သီးသန္႔စံလ်က္ရွိသည္။
ပရနိမၼ္ိတ၀သ၀တၲိ နတ္သက္သည္ ႏွစ္ေပါင္း(၁၆၀၀၀)ရွိသည္။
လူတို႔၏ ႏွစ္အေရအတြက္အားျဖင့္ ကုေဋ(၉၂၁)ႏွင့္ ေျခာက္သန္း ရွိ၏။
လူတို႔၏ ႏွစ္(၁၆၀၀)သည္ ပရနိမၼ္ိတ၀သ၀တၲိ နတ္ျပည္၏ တစ္ရက္ျဖစ္သည္။
လင္းအိမ္ေတာ္
#Unicode Version#
နတ်ဘုံ
နတ်
နတ်ဟူသည် မြန်မာစကား“နာထ”ဟူသော ပါဠိမှ ဆင်းသက်လာသည် ဟု ဝေါဟာရလိနတ္တဒီပနီကျမ်းက ဖွင့်ဆိုထားသည်။
နာထ၏ အနက်အဓိပ္ပါယ်မှာ ကိုးကွယ်ရာဖြစ်သည်။
လောကီ၊ လောကုတ္တရာအကျိုးတို့အတွက် လူသားတို့ကိုးကွယ်ရာဖြစ်သောကြောင့် “နာထ”၊“နာတ်”၊“နတ်”ဟု ခေါ်ဆိုနေကြသည်။ နတ်ကို ပါဠိဘာသာအားဖြင့် “ဒေဝ”ဟု၍၎င်း၊ “ဒေဝတာ”ဟု၍၎င်း ခေါ်ဝေါ်သုံးစွဲခဲ့သည်။
ပဋ္ဌာန်းမူလ ဋီကာကျမ်း ဝိသုဒ္ဓိမဂ် မဟာဋီကာကျမ်းတို့၌-လူသားတို့အား ရာထူးဌာနန ္တရ စသော စည်းစိမ်ဥစ္စာကို ပေးတတ်သူ၊ လူသားတို့ ပူဇော်သက္ကာရကို ခံယူထိုက်သူ၊ အကျိုးတရားပြ၍ ညွှန်ကြားဆုံးမတတ်သူ၊ ပျက်စီးခြင်း ဘေးဒုက္ခအမျိုးမျိုးတို့မှ လွတ်ကင်းသူတို့က ငါတို့ ကိုးကွယ်ရာ ဖြစ်ပေသည်ဟု ကိုးကွယ်ဆည်းကပ် ချီးမွမ်းအပ်သူတို့ ဖြစ်သည်ဟု ဖွင့်ဆိုပြထားပါသည်။
နတ်ပြည်ခြောက်ထပ် စတုမဟာရာဇ် နတ်မင်းကြီးလေးပါး စိုးပိုင်သော နတ်ပြည်(ဘူမဋ္ဌ၊ ရုက္ခဋ္ဌ၊ အာကာသဋ္ဌ နတ်တို ့သည် စတုမဟာရာဇ် ဘုံ၌ပါဝင်သည်။)
(တာဝတိ ံသာ)နတ်တို ့သနင်း သိကြားမင်းစံရာ နတ်ပြည်၊
( ယာမာ) ဆင်းရဲခြင်းမှ ကင်းသော နတ်ပြည်၊
(တုသိတာ) စိတ်၏ နှစ်သက်ပြည့်ဖြိုးခြင်း ရှိသော နတ်ပြည် (အလောင်းတော်နတ်သားတို ့ ဘုရားအဖြစ်သို ့ရောက်မည့် နောက်ဆုံးဘဝ မတိုင်မီတွင် တုသိသာ နတ်ပြည်တွင် ဖြစ်မြဲ ဓမ္မတာဖြစ်သည်။)
(နိမ္မာနရတိ )တန်ခိုး ဖန်ဆင်းခြင်း၌ မွေ ့လျော်သော နတ်ပြည်၊
(ပရနိမ္မိတဝသဝတ္တီ )တပါးသော နတ်တို ့ ဖန်ဆင်းပြီးသော ကာမဂုဏ်၌ အလိုကိုဖြစ်စေ နတ်ပြည်(မာရ်နတ်မင်းနေရာ နတ်ပြည်လည်းဖြစ်သည်)
(စတုမဟာရာဇ် )သည် အောက်ဆုံးဖြစ်၍ ပရနိမ္မိတဝသဝတ္တီ သည် အထက်ဖြစ်သည်။
နတ် စုတေ့ သေဆုံးခြင်း အကြောင်း(၄)ပါး
(၁)အာယုက္ခယ = သက်တမ်းကုန်၍ သေခြင်း၊
(၂)ပုညက္ခယ = ကုသိုလ်ကောင်းမှုကုန်၍ သေခြင်း၊(ကုသိုလ်ကောင်းမှု အနည်းငယ်မျှဖြင့် နတ်ပြည်တွင် လာဖြစ်သော နတ်သားတို့သည် ကုသိုလ်ကောင်းမှုကုန်သောအခါ အစွမ်းသတ္တိ မရှိတော့ဘဲ သက်တမ်းမစေ့ခင် စုတေ့ ရသည်။)
(၃)အာဟာရက္ခယ = စားနေကျ သောက်နေကျ အချိန် မစားမသောက်မိ၍ သေခြင်း၊(နတ်သားတစ်ဦးသည် ကာမဂုဏ်ခံစားနေ၍ စားချိန်ကို သတိမရဘဲ တစ်နပ်စာမျှ မစားဘဲနေလိုက်လျှင် နောက်ဘယ်နှစ်ကြိမ်စားစား အသက်မရှည်နိုင်ပေ။)
(၄)ကောဓာဘိဘဝန = ဒေါသထွက်၍ သေခြင်း၊(နတ်သားများသည် နတ်သမီးများနှင့် ပျော်ပါးနေသောအခါ တခြားနတ်များက လာရောက်ဖက်ပြိုင်တာမျိုး ရှိတတ်သည်။ ထိုအခါ ဖက်ပြိုင်လာသော နတ်ကို ဒေါသထွက်တတ်သည်။
ဒေါသထွက်သောနတ်၏ ကိုယ်ခန္ဓာသည် မီးလောင်သကဲ့သို့ ပူပြီး စုတေ့ရသည်။ ဖက်ပြိုင်သော နတ်ကလည်း ဒေါသထွက်လျှင် စုတေ့ရသည်။ ထို့ကြောင့် မိမိကို ဒေါသထွက်မှန်းသိသည်နှင့် ဒေါသမထွက်ခင် တခြားနေရာသို့ ရှောင်သွားရသည်။ သို့မှသာ အသက်ချမ်းသာရာရ၏။)
ပုဗ္ဗနိမိတ်(၅)ပါး
နတ်သား၊ နတ်သမီး တစ်ပါးပါး သက်တမ်းကုန်၍ စုတေ့တော့မည် ဆိုလျှင် လူ့တို့၏ အရေအတွက် (၇)ရက်မြောက်တွင် ပုဗ္ဗနိမိတ်(၅)ပါး ထင်လာသည်။
(၁)ပဋိသန္ဓေအခါက ပန်ဆင်ခဲ့သော ပန်းများ ညှိုးနွမ်းကုန်ခြင်း၊
(၂)နတ်အဝတ်ပုဆိုးများ ညှိုးနွမ်းကုန်ခြင်း၊
(၃)ကိုယ်ခန္ဓာ၏ လက်ကတီးကြားမှ ချွေးများ ယိုထွက်လာခြင်း၊
(၄)ကိုယ်ရောင်ကိုယ်ဝါ မှေးမိ်ှန်လာခြင်း၊
(၅)နတ်များ၏ နေရာတွင် တည်တည်တံ့တံ့ မနေနိုင် မထိုင်နိုင်ဖြစ်လာခြင်း တို့ဖြစ်သည်။
ပုဗ္ဗနိမိတ်(၅)ပါး ထင်လာသည်ကို နတ်တိုင်းမသိကြပေ။ ပညာရှိသော နတ်များကသာ သိကြသည်။ ပုဗ္ဗနိမိတ်(၅)ပါး ထင်လာပြီးလျှင် နတ်သက်ကြွေကြသည်။
နတ်တို့မရနိုင်သောကမ္မဋ္ဌာန်းများ (၁၂)ပါး
အသုဘ ၁ဝ-ပါး၊
ကာယဂတာသတိ၊ အာဟာရေ ပဋိကူလသညာ တို့ ဖြစ်၏၊
နတ်ပြည်၌ အာရုံငါးပါးကာမဂုဏ်တရားတို့ လွှမ်းမိုးထားရကား ထိုကမ္မဋ္ဌာန်းများ များကို မရနိုင်ပေ။
နတြ်ဖစ်ခြင်း အကြောင်း ၃-ပါး
(နတ်ပြည်ရောက်လိုသူများ ကျင့်ကြံရန် တရားသုံးပါး)
(၁)သစ္စံ ဘဏေ-အမှန်ကိုသာ ဆိုပြောရာ၏၊
(၂)န ကုဇ္ဈေယျ-အမျက်မထွက် စိတ်မဆိုးရ၊
(၃)အပ္ပမ္ပိ ဒဇ္ဇာ-တောင်းခံလာက နည်းနည်းဖြစ်ဖြစ် ပေးလှူရာ၏။
အတုလ ဝိဇ္ဇာမယ သိဒ္ဓိကျမ်းလာ နတ်မျိုး ၂-ပါး
(၁)ကမ္မသကနတ်-ဒါန,သီလ,စျာန်,ဘာဝနာ ကုသိုလ်တို့ကြောင့်ဖြစ်သော နတ်,ဗြဟ္မာများ၊
(၂)ဂန္ဓာရီနတ်-ဆေး, အင်း, မန္တာန်, ပြဒါး,သံ, ကျောက်မျက် ရတနာ စသည်တို့ တန်ခိုးဖြင့် မြေလျှိုးမိုးပျံ နေကြသော ဝိဇ္ဇာဓိုရ်များ။
နတ်ပြည်ခြောက်ထပ်
စတုမဟာရာဇ် ၊ တာဝတိ ံသာ ၊ ယာမာ ၊ တုသိတာ ၊ နိမ္မာနရတိ ၊ ပရနိမ္မိတဝသဝတ္တီ ၊စတုမဟာရာဇ်
ဓတရဋ္ဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရ ဟူသောနတ်မင်းကြီးလေးပါးကို ပါဠိလို `စတုမဟာရာဇ´ ဟုခေါ်၏။
(စတု=လေးယောက်သော+ မဟာရာဇ= နတ်မင်းကြီး)
ထို နတ်မင်းကြီးလေးပါးကို ဆည်းကပ်ခစားရသည့် လက်အောက်ခံနတ်တို့မှာ `စတုမဟာရာဇိက´ ဟုခေါ်သည်။ နတ်မင်းကြီးလေးပါး နှင့် စတုမဟာရာဇိကနတ်တို့၏ နေရာဘုံကို ပါဠိလို စာတုမဟာရာဇိကာ မြန်မာလို စာတုမဟာရာဇ်ဘုံ (သို့မဟုတ်) စာတုမဟာရာဇ်နတ်ပြည်ဟု ခေါ်ဆိုသည်။
ဤဘုံ၌ – သကြားမင်း ကိုယ်စား
ဓတရဋ္ဌ နတ်မင်း
ဝိရူဠက နတ်မင်း
ဝိရူပက္ခ နတ်မင်း
ကုဝေရ နတ်မင်း ဟူ၍ နတ်မင်းကြီးလေးပါး အုပ်စိုးသည်။
ဓတရဋ္ဌနတ်မင်းကြီးသည် ငွေရောင်တောက်ပသောမြင့်မိ်ုရ်တောင်၏ အလယ်ခုလတ် အရှေ့ဘက်နံပါး၌ တည်လျက် ဂန္ဓဗ္ဗနတ်(မွှေးကြိုင်သော နံ့သာပင်၌ ပဋိသန္ဓေနေကြသော နတ်များ) အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။
၀ိရူဠကနတ်မင်းကြီးသည် မြရောင်တောက်ပသော မြင့်မိ်ုရ်တောင်၏ တောင်ဘက်နံပါး၌ တည်လျက် ကုမ္ဘာန်(ကြီးမားသော ၀မ်းဗိုက်နှင့် ဝှေးစေ့၊ ပြူးကျယ်နီမြန်းသော မျက်စိ ရှိကြသော ဒါနဝရက္ခိုသ်)အပေါင်းတို့ကို အုပ်ချုပ်၍ မင်းလုပ်သည်။
၀ိရူပက္ခနတ်မင်းကြီးသည် ဖန်ရောင်တောက်ပသော မြင့်မိ်ုရ်တောင်၏ နောက်ဘက်နံပါး၌ တည်လျက် နတ်နဂါး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။
ကုဝေရနတ်မင်းကြီးသည် ရွှေရောင်တောက်ပသော မြင့်မိ်ုရ်တောင်၏ မြောက်ဘက် နံပါး၌ တည်လျက် နတ်ဘီလူး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။
စတုမဟာရာဇ် နတ်ပြည်သည် လူ့ဘုံရဲ့အထက် ယူဇနာ လေးသောင်းနှစ်ထောင် ဝေးကွာသော ယုဂန္ဓိုရ်တောင် (မြင့်မိုရ်တောင်ထက်ဝက်အမြင့်ရှိ) ထိပ်မှစ၍ မြင့်မိုရ်တောင် အောက်ခြေထိ ကျယ်ပြန့်သည်။
ဗိမ္ဗိသာရဘုရင်သည် စတုမဟာရာဇ်ဘုံတွင် ဝေဿဝဏ်နတ်မင်းကြီး၏ အခြံအရံ ဇနဝသဘ နတ်စစ်သူကြီးဖြစ်သည်။
စတုမဟာရာဇ်နတ်များ၏ သက်တမ်းမှာ သူတို့၏အရေအတွက်အားဖြင့် နှစ်(၅၀၀)ရှိ၏။
လူတို့၏နှစ်အရေအတွက် အရ အနှစ်(၉)သန်းဖြစ်သည်။
လူတို့၏ နှစ်ပေါင်း(၅၀)သည် စတုမဟာရာဇ်နတ်သက် (၁)ရက် ဖြစ်သည်။
ကုဝေရနတ်မင်းကြီး
ကုဝေရနတ်မင်းကြီးကို `ဝေဿဝဏ်နတ်မင်းကြီး´ဟူ၍လည်း ခေါ်ဆိုကြသည်။ ဤစတုမဟာရာဇ် နတ်မင်းကြီးများ တွင် ကုဝေရ ခေါ် ဝေဿ ၀ဏ်နတ်မင်းကြီးမှာ အလွန်တန်ခိုးကြီး၏။ လောကတွင် အကြီးမြတ်ဆုံးလက်နက်ကြီး လေး မျိုးကို အသီးသီးပိုင်ဆိုင်ကြသည့် တန်ခိုးရှင်ကြီး လေးဦးရှိသည်။
သိကြားမင်းက ၀ဇီရ စိန်လက်နက်(၀ရဇိန်လက်နက် ဟုလည်းခေါ်ကြသည်)၊ ဝေဿဝဏ်နတ်မင်းက သံတင်းပုတ်လက်နက်၊ ယမမင်းက မျက်စောင်းလက်နက်၊ အာဠာဝကဘီလူးကြီးက ဘွဲ့ဖြူနတ်ပုဆိုးလက်နက် တို့ကို အသီးသီးပိုင်ဆိုင်ကြကြောင်း သုတ္တနိပါတ်၊ အာဠာဝကသုတ်၌ ပါရှိလေသည်။
ဝေဿ ၀ဏ်နတ်မင်းကြီးသည် သောတာပန်မဖြစ်မီ ပုထုဇဉ်ဖြစ်စဉ်က အမျက်ထွက်သဖြင့် သံတင်းပုတ် လက်နက်ကြီးကို ပစ်လွှတ်လိုက်လျှင် နတ်ဘီလူးထောင်ပေါင်းများစွာတို့၏ ဦးခေါင်းများ ပြတ်ကျကုန်ပြီး ဝေဿ ၀ဏ်နတ်မင်းကြီး၏ နှစ်တောင်ထွာအရပ်၌ တဖန်ပြန်၍ ရပ်တည်ကြသည်ဟု အာဠာဝကသုတ် အဖွင့်၌ ဖွင့်ဆိုထားပေသည်။
ဝေဿ ၀ဏ်ခေါ် ကုဝေရနတ်မင်းကြီး၏ ရှေ့အတိတ်အကြောင်းကား ကဿပဘုရားရှင် ပွင့်တော်မူပြီးနောက် ဗာရာဏသီပြည်တွင် ကုဝေရမည်သော ပုဏ္ဏားသူကြွယ်သည် ကြီးကျယ်သောကြံခင်းများ စိုက်ပျိုး၍ ကြံရည်ကြိတ်စက် ခုနှစ်လုံးကိုဝယ်ယူကာ ကြံရည်ဆိုင် ခုနှစ်ဆိုင်ဖွင့်သတဲ့။
ကြံခင်းများမှ ရရှိကြသော ကြံတို့ကို ထိုကြံရည်ကြိတ်စက်များဖြင့် ကြိတ်ပြီးကြံရည်များကို ရောင်းချလေသည်။ ထိုကြံရည်ဆိုင် ခုနှစ်ဆိုင်အနက် ကြံရည်တစ်ဆိုင်မှ ရရှိ်သည့် အမြတ်အစွန်းများကို လာလာသမျှ လူအပေါင်းအား ပေးလှူ၍ ကုသိုလ်ကောင်းမှုပြူ၏။
ထိုကြံရည်ဆိုင်မှာ အခြားကြံရည်ဆိုင်များထက် ရောင်းကောင်းသဖြင့် အမြတ်အစွန်း ပိုမိုရရှိသည်ဟု ဆိုပေသည်။ ထို့ကြောင့် ကုဝေရပုဏ္ဏားသည် သဒ္ဓါယုံကြည်စိတ် ပိုမိုထက်သန်လာကာ အခြားကြံရည်ဆိုင်များမှ ရရှိသည့် အမြတ်အစွန်းတို့ကိုပါ အလှူဒါနပြုလေသည်။ ဤသို့လျင် ကြံရည်ဆိုင် ခုနှစ်ဆိုင်လုံးမှ ရရှိသော အမြတ်အစွန်းတို့ကို အနှစ်နှစ်သောင်းကာလပတ်လုံး ပေးလှူခဲ့သည်။ (ထိုအချိန်မှာ လူတို့၏သက်တမ်းသည် အနှစ်နှစ်သောင်းတမ်း ဖြစ်သည်။)
ထိုကုသိုလ်ကောင်းမှုကြောင့် ကွယ်လွန်သောအခါ စတုမဟာရာဇ်နတ်ပြည်၌ ကုဝေရမည်သော နတ်မင်းဖြစ်လေ၏။ နောင်သောအခါ ၀ိဿ ဏမည်သော မင်းနေပြည်တော်၌ မင်းအဖြစ်ကို ရရှိသောကြောင့် မင်းနေပြည်တော်ကို အစွဲပြုကာ ဝေဿ ၀ဏ်နတ်မင်း ဟူ၍လည်း ခေါ်ကြသည်။
နတ်ဘီလူးတို့၏ အကြီးအမှူးဖြစ်သောကြောင့် နတ်ဘီလူးအပေါင်းခြံရံကာ ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်ပျော်ပါးစွာ နေထိုင်သည်။ ထိုနတ်မင်းကြီး လေးယောက်တို့မှာ ခွန်အားဗလကြီးသည့် သားတော် ကိုးကျိပ်တစ်ယောက်စီ ရှိကြသည်။
ထိုသားတော်တို့၏ အမည်ကို မိမိတို့၏ အရှင် သိကြားမင်း၏ အမည်အတိုင်း `က္ကန္ဒ´ ဟုချည်း အမည်တစ်ခုတည်းပေးထားကြသည်ဟု သုတ်ပါ ထေယျပါဠိတော်၊ အာဋာနာဋိယသုတ်နှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့၌ ဟောကြားဖွင့်ဆိုထားပေသည်။ ထိုနတ်မင်းကြီးလေးပါးတို့သည် လောကကြီးကို စောင့်ရှောက်နေကြသည့် နတ်မင်းကြီးများဖြစ်သောကြောင့် `စတုလောကပါလ´ နတ်မင်းကြီးများြကြီးများဖြစ်ကြောင်း ပေတဝတ္တုပါဠိတော်နှင့် အဋ္ဌကထာ တို့မှာ ဟောကြားဖွင့်ဆိုထားပါသည်။
ဗိမ္ဗိသာရဘုရင်သည် စတုမဟာရာဇ်ဘုံတွင် ဝေဿ ၀ဏ်နတ်မင်းကြီး၏ အခြံအရံ ဇနဝသဘ နတ်စစ်သူူကြီး ဖြစ်သည်။ စတုမဟာရာဇ်နတ်များ၏ သက်တမ်းမှာ သူတို့၏အရေအတွက်အားဖြင့် နှစ်(၅၀၀)ရှိ၏။ လူတို့၏နှစ်အရေအတွက် အရ အနှစ်(၉)သန်းဖြစ်သည်။ လူတို့၏ နှစ်ပေါင်း(၅၀)သည် စတုမဟာရာဇ်နတ်သက် (၁)ရက် ဖြစ်သည်။
တာဝတိ ံသာနတ်ပြည်
မာဃလုလင် အမှူးရှိသော အတူတကွ ကုသိုလ်ကောင်းမှုပြုဖော်ပြုဖက် ဖြစ်သော (၃၃) ယောက်သော သူတို့၏နေရာဖြစ်သော ဘုံကို တာဝတိ ံသာနတ်ဘုံဟု ခေါ်သည်။
တာဝတိ ံသာနတ်ပြည်သည် မြင့်မိုရ်တောင်ထိပ်၌ တည်သောကြောင့် စတုမဟာရာဇ်နှင့် ယူဇနာ ၄၂,၀၀၀ ကွာဝေးသည်ဟု ဆိုကြသည်။
တာဝတိ ံသာနတ်ပြည်၏ တည်နေပုံမှာ ယူဇနာတစ်သောင်း ကျယ်ပြန့်သည်။
ထိုနတ်ပြည်၌ တံခါးပေါင်း တစ်ထောင်ရှိ၍ အရှေ့တံခါးနှင့် အနောက်တံခါး၊ တောင်နှင့် မြောက်တံခါးတို့သည် ယူဇနာတစ်သောင်း ကွာဝေးသည်။
နတ်ပြည်၏အလယ်တွင် ရတနာခုနှစ်ပါးနှင့် စီချယ်ထားသော ယူဇနာတစ်ထောင် မြင့်သော ဝေဇယန္တာပြာဿ ဒ်ကြီး တစ်ခုရှိသည်။
ထို ပြာဿ ဒ်ကြီးကို ယူဇနာသုံးရာ မြင့်သော ထီးတံခွန်တို့ဖြင့် ဝိုင်းရံထားလျက် ရှိလေသည်။
ထို့ပြင် ယူဇနာငါးဆယ်ကျယ်သော နန္ဒာရေကန်နှင့် နတ်သစ်ပင်၊ ပန်းပင်တို့ဖြင့် ဝေဆာသော ယူဇနာခြောက်ဆယ်ရှိသော ဥယျာဉ်ကြီး(၅)ခု တို့သည်လည်း သာယာကြည်နူးဖွယ် ရှိသည်။
ဥယျာဉ်တော် ၅ ခု
(၁) နန္ဒဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၁ဝဝဝ)ကျယ်၍ နတ်တို့နှစ်သက်စွာပျော်ပါးရာ ဥယျာဉ်တော်။
(၂) ဖာရုသက ဥယျာဉ်၊ မြို့၏တောင်ဘက် ယူဇနာ (၇ဝဝ)ကျယ်၍ ဖက်သက်အဖျော်ယမကာတို့သောက်စားကာ အသူရာတို့အား ကြိမ်းဝါးခြိမ်းခြောက်ရာ ဥယျာဉ်တော်။
(၃) စိတ္တလတာ ဥယျာဉ်၊ မြို့၏ အနောက်မျက်နှာ၊ ယူဇနာ (၅ဝဝ)ကျယ်၍ အာသာဝတီနွယ်နီနတ်ပန်းဆွတ်လှန်းပျော်ပါးရန်၊ ဆန်းကြယ်သောအဝတ်တန်ဆာ ယာဉ်ရထားတို့ဖြင့်ဝင်ထွက်ရာဥယျာဉ်တော်။
(၄) မိဿက ဥယျာဉ်၊ မြို့၏မြောက်ဘက် ယူဇနာ (၅ဝဝ)ကျယ်၍ နတ်သားနတ်သမီးတို့ယှဉ်တွဲပျော်မြူးရာ ဥယျာဉ်တော်။
(၅) မဟာဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၇ဝဝ)ကျယ်၍ လှပဆန်းကြယ်နှစ်သက်ဖွယ်ရာ သုနန္ဒာ ရေကန်တော်ကြီးရှိသည်။
ထို့အပြင် တာဝတိ ံသာနတ်ပြည်တွင် ပင်လယ်ကသစ်ပင်ဟူ၍ ရှိပါသည်။
ပင်လယ်ကသစ်ပင်မှာ အဝန်း ယူဇနာသုံးရာ၊ လုံးပတ် တစ်ဆယ့်ငါးယူဇနာ၊ အမြင့် ယူဇနာတစ်ရာရှိသည်။ထိုအပင်ရင်း၌ ယူဇနာအားဖြင့် အလျားခြောက်ဆယ်၊ အနံငါးဆယ်၊ ထု တစ်ဆယ့်ငါးယူဇနာရှိသော ပဏ္ဍကမ္ဗလာ မြကျောက်ဖျာ တည်ရှိသည်။
ပဏ္ဍကမ္ဗလာ မြကျောက်ဖျာ သည် လယ်ခေါင်ရမ်းပွင့် အရောင်အသွေးကဲ့သို့ နီတွေးသောအရောင် အဆင်းရှိသည်။ ၎င်းသည် အလွန်နူးညံ့သော ကမ္ဗလာဖြစ်၍ သိကြားမင်းထိုင်လျှင် ကိုယ်တစ်ဝက်မြုပ်၍ ထလျှင်ပြန်၍ ပြည့်မြဲပြည့်သော ကမ္ဗလာ ဖြစ်ပါသည်။
တာဝတိ ံသာ၌ ကုသိုလ်ကောင်းမှုပြုရန် စူဠာမဏိစေတီတော် ရှိပါသည်။ ထိုစေတီတော်သည်ယူဇနာတစ်ရာမြင့်သော မြသားစေတီတော်ဖြစ်သည်။ မြတ်စွာဘုရား၏ ဆံတော်၊ မကိုဋ်တော်သာမက လက်ယာအထက်စွယ်တော်ပါ ကိန်းဝပ်တည်ရှိပေသည်။
သုဓမ္မာ
သုဓမ္မာ အမည်ရှိ နတ်သဘင် ဓမ္မာရုံကြီးလည်း ရှိသည်။ သုဓမ္မာဇရပ်ကြီး၌ နတ်တို့၏ အစည်းအဝေးများကို အောက်ပါအကြောင်းလေးပါးကြောင့် ကျင်းပပြုလုပ်ကြသည်။
(၁) ဝဿူ ပနာယိက သင်္ဂဟတ္ထံ၊ ဝါဆိုသံဃာတော်တို့ကို ချမ်းသာစွာတရား အားထုတ်နိုင်ရေးအတွက် စောင့်ရှောက် ပေးဖို့ရန် ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယဝါဆိုလပြည့်နေ့၌စည်းဝေးကာတိုင်ပင်စေခြင်း၊
(၂) ပဝါရဏာသင်္ဂဟတ္ထံ၊ ပဝါရဏာပွဲတို့၌ သံဃာတော်များချမ်းသာစွာပြုနိုင်ရေးအတွက် တာဝန်ပေးရန်အစည်းအဝေးပြုခြင်း၊
(၃) ဓမ္မ သဝနတ္ထံ- တရားနာရန်အလို့ငှာ အစည်းအဝေးကြီးပြုလုပ်ခြင်း၊
(၄) ပါရိ စ္ဆတ္တက ကိဠာနု ဘဝနတ္ထံ၊ ပင်လယ်ကသစ်ပန်းပွင့်ချိန်၌ ပန်းဆွတ်ပျော်ပွဲကြီး ဆင်ယင်ကျင်းပရေးအတွက် သုဓမ္မာဇရပ်ကြီး၌ အစည်းအဝေး ပြုလုပ်ကြခြင်း။
တာဝတိ ံသာမှ အထက်ယာမာ စသောနတ်ပြည်များ၌ကား အာကာသဋ္ဌ (ဝါ) “အာကသဇိုဝ်း” နတ်များသာ ရှိကြသည်။ဤဘုံတွင် သိကြားမင်းနှင့် ပဇာပတိ၊ ဝရုဏ ဤသာန စသော (၃၃)ပါးသော နတ်မင်းကြီးတို့ စံနေကြသည်။
တာဝတိ ံသာနတ်သက်သည် အနှစ်(၁၀၀၀)ဖြစ်သည်။
လူတို့၏ နှစ်အရေအတွက် သုံးကုဋေခြောက်သန်းရှိသည်။
လူတို့၏ နှစ်(၁၀၀)သည် တာဝတိ ံသာနတ်၌ (၁)ရက် ဖြစ်သည်။
ယာမာနတ်ပြည်
ဆင်းရဲဒုက္ခမှ ကင်းကြသော နတ်ချမ်းသာများ နေရာဘုံဖြစ်သည်။ တာဝတိ ံသာ၌ သိကြားမင်းရှိသကဲ့သို့ ယာမာဘုံတွင်လည်း `သုယာမနတ်မင်း´ အုပ်ချုပ်သည်။
ယင်းနတ်မင်းသည် သိကြားမင်းရာထူးကိုလည်းရသည်။
ယာမာနတ်သက်သည် သူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း(၂၀၀၀)ရှိသည်။
လူတို့၏အရေအတွက်အားဖြင့် (၁၄)ကုဋေ(၄)သန်းရှိသည်။
လူတို့၏ နှစ်(၂၀၀)သည် ယာမာနတ်ပြည်၌ (၁)ရက် ဖြစ်သည်။
တုသိတာနတ်ပြည်
ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ကျက်သရေတို့နှင့် ပြည့်စုံကြ၍ နှစ်သက်ရွှင်လန်းခြင်းသို့ ရောက်နေကြသော နတ်တို့၏ စံရာဘုံ ဖြစ်သည်။
ထိုဘုံ၌ဖြစ်ကြသောနတ်တို့သည် အမြဲမပြတ် ရွှင်မြူးနှစ်သက်ပျော်ပါးနေကြရသောကြောင့် တုသိတာနတ်ဘုံဟု ခေါ်သည်။
သန္တုဿိတာနတ်မင်းသည် အကြီးအကဲနတ်မင်း ဖြစ်သည်။
ဘုရားအလောင်းများသည် ဤနတ်ဘုံ၌ စံလေ့ရှိသည်။
ဗုဒ္ဓဘုရားအလောင်းသည် ဘုရားမဖြစ်မီ တဘဝ၌ တုသိတာနတ်ပြည်၌ “သေတကေတု”မည်သောနတ်မင်း ဖြစ်လေသည်။ ဘုရားအလောင်း၏မယ်တော် စသည့် သူတော်ကောင်းပုဂ္ဂိုလ်များ စံရာ နတ်ပြည်လည်း ဖြစ်သည်။
အနာထပိဏ်သူဌေးသည် ဤ တုသိတာနတ်ဘုံတွင်နတ်သားဖြစ်ရသည်။
တုသိတာနတ်သက်သည် နှစ်ပေါင်း(၄၀၀၀)ရှိသည်။
လူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း(၅၇)ကုဋေ နှင့် ခြောက်သန်းရှိသည်။
လူတို့၏ နှစ်(၄၀၀)သည် တုသိတာနတ်(၁)ရက် ဖြစ်သည်။
နိမ္မာနရတိနတ်ပြည်
နိမ္မာနရတိနတ်ပြည်သည် တုသိတာနတ်ဘုံ၏အထက် ယူဇနာ(၄၂၀၀၀)ကွာသော ကောင်းကင်ပြင်တွင် ယာမာနတ်ပြည်၊ တုသိတာနတ်ပြည်များနည််းတူ ပန်းဆိုင်းဆွဲသကဲ့သို့ တည်ရှိသည်။
ထိုပြည်ရှိနတ်တို့သည် ပင်ကိုယ်ရှိပြီးသား စည်းစိမ်ထက် အလွန်အကဲ ခံစားလိုကြသည့်အခါ မိမိတို့ကိုယ်တိုင် စိတ်တိုင်းကျဖန်ဆင်း၍ မွေ့လျော်လေ့ရှိသော နတ်များဖြစ်ကြသည်။
အောက်နတ်ပြည်လေးထပ်တို့၌ အမြဲတမ်းထားသော ကိုယ်ပိုင်ဇနီးမောင်နှံ ရှိကြသကဲ့သို့ နိမ္မာနရတိနတ်ပြည်၌လည်း အမြဲတမ်း ဇနီးမောင်နှံများ ရှိကြသည်။ ထိုနတ်တို့သည် အပိုအလွန် စည်းစိမ်ခံစားလိုမှသာ မိမိတို့လိုရာ အဆင်း၊ အသံစသည်တို့ကို ကိုယ်တိုင်ဖန်ဆင်းကြ၍ ထိုဖန်ဆင်းသော အာရုံ၌ပင် မွေ့လျော်ပျော်ပိုက် နေတတ် ကြသည်။
ထို့ကြောင့် ထိုနတ်တို့ကို `နိမ္မာနရတိ´နတ်များဟုခေါ်ကြသည်။
(နိမ္မာန=လိုရာစည်းစိမ်ကို မိမိဘာသာ ဖန်ဆင်း၍ + ရတိ=မွေ့လျော်ကြသည့် နတ်များ၏ဘုံ)
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က အရှင်အနုရုဒ္ဓါမထေရ်မြတ်၏ မိဘုရားဟောင်း ဖြစ်ဖူးကြသော မနာပကာယိကာ မည်သော နိမ္မာနတိနတ်သမီးတို့သည် အရှင်အနုရုဒ္ဓါမထေရ်ထံ လာကြ၍ အမျိုးမျိုး ဖန်ဆင်းပြကြသတဲ့။
ထိုနတ်ပြည်ကို အုပ်ချုပ်သောနတ်မင်းကား “သုနိမ္မိတနတ်မင်းကြီး” ဖြစ်သည်။
၀ိသာခါကျောင်းအမသည် နိမ္မာနရတိနတ်ပြည်တွင် သုနိမ္မိတနတ်မင်းကြီး၏ နတ်မိဖုရားဖြစ်ရသည်။
ထိုနတ်တို့၏သက်တမ်းသည် သူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း (၈၀၀၀)ရှည်၍ လူသားတို့၏ နှစ်အရေအတွက်အားဖြင့် ကုဋေ(၂၃၀)နှင့် လေးသန်း ရှိ၏။
လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတိနတ်ပြည်၏ တစ်ရက်ဖြစ်သည်။
ပရနိမ္မ်ိတဝသဝတ္တိနတ်ပြည်
မိမိတို့အလိုရှိရာကို ကိုယ်တိုင်မဖန်ဆင်းဘဲ အစေအပါးနတ်များ၏ အလိုက်သိစွာ စိတ်တိုင်းကျ ဖန်ဆင်းပေးသော ကာမဂုဏ်စည်းစိမ်ချမ်းသာကို စံစားကြသော နတ်တို့၏ စံရာဘုံဖြစ်သည်။
“၀သဝတ္တိနတ်မင်း”က အုပ်ချုပ်သည်။
ဤနတ်ဘုံမှာ မြတ်စွာဘုရားကိုပင် အမြဲတမ်း လိုက်လံနှောက်ယှက်လေ့ရှိသော မာရ်နတ် မင်းသည်လည်း သီးသန့်စံလျက်ရှိသည်။
ပရနိမ္မ်ိတဝသဝတ္တိ နတ်သက်သည် နှစ်ပေါင်း(၁၆၀၀၀)ရှိသည်။
လူတို့၏ နှစ်အရေအတွက်အားဖြင့် ကုဋေ(၉၂၁)နှင့် ခြောက်သန်း ရှိ၏။
လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မ်ိတဝသဝတ္တိ နတ်ပြည်၏ တစ်ရက်ဖြစ်သည်။
လင်းအိမ်တော်
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, July 14, 2018
နတ္တို႔ေလာကအေၾကာင္း သိေကာင္းစရာ
Reviewed by MP4 YoU
on
July 14, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment