2-6-2018
သူတို့ပိုက်ဆံရှိတယ်
ကျမတို့ကဆင်းရဲပါတယ်
အိမ်ထောင်ကျတာ လေးလပဲရှိသေးတာ ကိုယ်ဝန်ရကတည်းက သူ နောက်မိန်းမတစ်ယောက်ယူဖို့ကြိုးစားနေတော့ ကျမကိုကွာရှင်းခိုင်း တယ် ငွေဘယ်လောက်ပေးရပေးရ ပေးမယ် သုံးလရှိပြီဖြစ်တဲ့ကိုယ်ဝန် ကိုပျက်ကျအောင်အမျိုးမျိုးလုပ်တယ် တောလမ်းတွေမှာဆိုင်ကယ်ကို တစ်လကြမ်းမောင်းလိုမောင်း
အရက်နဲ့ကျား၅ ကောင်ဆေးတွေ အတင်းတိုက်တယ် အမျိုးမျိုးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်လုပ်တာ ပါ
ဖြစ်တဲ့နေ့က ကျမဗိုက်ကို ခြေထောက်နဲ့နှစ်ခါကန်တယ် တောထဲ အိမ်မှာဆိုတော့ ဆွဲမဲ့သူမရှိဘူး
ဓါးနဲ့ခုတ်ဖို့ရွယ်တယ် ကျမကြောက် ကြောက်နဲ့ပြန်လုံးတာ ဓါးကိုလုရင်း လည်ပင်းကိုအရင်ထိတယ်
နောက် ဓါးကလက်ထဲရောက်လာတော့ စိတ်နာနာနဲ့နောက်တစ်ချက်ခုတ်ပြီး ရွာ ထဲကအမေတို့အိမ်ကိုပြန်းပြေးလာခဲ့တာ လို့ ဆွာတိုက်နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဗိုက်ထဲကကိုက်ခဲသည့်ဝေဒနာကို ကြိတ်မှိတ်ခံစား ရင်း ပြောပြ
ရှာသူ မဇင်မာဝင်း ၂၃ နှစ် ဇဝင်းကျေးရွာ ဆွာမြို့နေသူဖြစ် သည်။
ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီအချိန် ရေတာရှည်မြို့နယ် ဆွာ မြို့အနောက် မိုင် ၂၀ ခန့်အကွာ ဆန်တော်ပို့အုပ်စု ဇဝင်းကျေးရွာ လှည်းပွဲလေးကွင်း တွင် လင်မယားခြင်းစကားများကာ ဇနီးဖြစ်သူမှ ခင် ပွန်းဖြစ်သူကို ဓါးဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။
ကိုလွင်-ဆွာ
Htet Aung
No comments:
Post a Comment