ကႏၲရၾကာပန္းလို႔ တင္စားေခၚေဝၚေလ့ရွိတဲ့ ရွားေစာင္းလက္ပတ္ရဲ႕ အလွအပနဲ႔ ပတ္သက္တဲ့ ေကာင္းက်ဳိးအာနိသင္ေတြကို သင္သိရွိၿပီးသားျဖစ္မယ္လို႔ ယူဆပါတယ္။ ရွားေစာင္းလက္ပတ္လို႔ ဆိုလိုက္ရင္ အသားအေရလွပႏုပ်ဳိမႈအတြက္ အလြန္အသံုးဝင္တဲ့ အပင္တစ္မ်ဳိးအျဖစ္ တြဲျမင္တတ္ၾကပါတယ္။ မွန္ပါတယ္။ ရွားေစာင္းလက္ပတ္နဲ႔ ျပဳလုပ္ထားတဲ့ အသားအေရထိန္းသိမ္းေရးပစၥည္းအမ်ဳိးမ်ဳိး၊ ဆံပင္နဲ႔ပတ္သက္တဲ့ ပစၥည္းအမ်ဳိးမ်ဳိးကို ေစ်းကြက္ထဲမွာ အမွတ္တံဆိပ္မ်ဳိးစံုနဲ႔ သင္ေတြ႕ရွိ ႏိုင္ပါတယ္။ မိုးနည္းတဲ့ေဒသေတြမွာ စိုက္ပ်ဳိးျဖစ္ထြန္းတဲ့ ရွားေစာင္းလက္ပတ္ပင္မွာ လူသိမ်ားတဲ့ အလွအပေရးရာအာနိသင္ေတြ သာမကဘဲ လူအမ်ားစု သတိမျပဳမိတဲ့ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အာနိသင္မ်ားစြာလည္း ရွိေနပါေသးတယ္။ သင္မသိေသးတဲ့ ရွားေစာင္းလက္ပတ္ရဲ႕ က်န္းမာေရးအက်ဳိးျပဳ အာနိသင္ေတြက ဘာေတြမ်ားပါလဲ။
အစာေခ်စနစ္ကို ပိုမိုေကာင္းမြန္ေစႏိုင္ျခင္း
ရွားေစာင္းလက္ပတ္မွာ ပါရွိတဲ့ Adaptogen အမည္ရ သဘာဝပစၥည္းတစ္မ်ဳိးဟာ အစာေခ်စနစ္ ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ေအာင္ ကူညီေပးႏိုင္တဲ့ အာနိသင္ရွိပါတယ္။ အဆိုပါ အာနိသင္က စားသံုးလိုက္တဲ့ အစားအေသာက္မ်ားဆီက အာ
ဟာရဓာတ္ေတြကို စုပ္ယူရာမွာ အေထာက္အကူျပဳၿပီး ေဘးျဖစ္ေစမဲ့ အဆိပ္အေတာက္ေတြကိုေတာ့ အညစ္အေၾကးအျဖစ္ ခႏၶာကိုယ္က စြန္႔ထုတ္ပစ္ႏိုင္ေအာင္ကူညီေပးပါတယ္။ အစာေခ်စနစ္ ေကာင္းမြန္က်န္းမာေနမွသာ သင့္ရဲ႕ အလံုးစံုေသာ က်န္းမာေရးကလည္း တိုးတက္ေကာင္းမြန္လာမွာ ျဖစ္ပါတယ္။ ရွားေစာင္းလက္ပတ္မွာ ေတြ႕ရတဲ့ Polysaccharides လို႔ေခၚတဲ့ ဓာတ္ေပါင္းတစ္မ်ဳိးက အစာေခ်စနစ္ ပံုမွန္အလုပ္မလုပ္တဲ့ျပႆနာကို သက္သာေစႏိုင္ၿပီး အစာေခ်လမ္းေၾကာင္းတစ္ေလွ်ာက္က အနာေတြကို သက္သာေစႏိုင္တဲ့ ေဆးဖက္ဝင္အာနိသင္လည္းရွိပါတယ္။ အစာအိမ္မွာ အနာေပါက္ျခင္းက အစာအိမ္နဲ႔အစာေခ်စနစ္မွာ ျဖစ္ေပၚတဲ့ ေရာဂါမ်ားထဲမွာ အေတြ႕ရ အမ်ားဆံုး ျပႆနာတစ္ခုျဖစ္ၿပီး ရွားေစာင္းလက္ပတ္က ထုတ္ယူထားတဲ့အဆီအႏွစ္က အဆိုပါအနာေတြကုိ သက္သာေစႏိုင္တာကို ပညာရွင္ေတြ စမ္းသပ္ေတြ႕ရွိခဲ့ပါတယ္။
ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးႏိုင္ျခင္း
ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္မွာ အဆိပ္အေတာက္ေတြကို ဖယ္ရွားသန္႔စင္ေပးႏိုင္တဲ့ အာနိသင္ရွိၿပီး အစာေခ်လမ္းေၾကာင္းတစ္ေလွ်ာက္ကို သန္႔ရွင္းေစကာ ေသြးလွည့္ပတ္မႈကို ပိုမုိေကာင္းမြန္ေစႏိုင္ပါတယ္။ သန္႔စင္တဲ့ အစာေခ်လမ္းေၾကာင္းက စားသံုးလိုက္တဲ့ အစားအေသာက္မ်ားဆီမွ ဗီတာမင္၊ သတၱဳဓာတ္နဲ႔ အာဟာရဓာတ္ေတြ စုပ္ယူမႈကို ပိုမိုေကာင္းမြန္လာေစႏိုင္ကာ အာဟာရဓာတ္ေတြ ပုိမိုရရွိလာတာနဲ႔အမွ် ေသြးလွည့္ပတ္မႈေကာင္းမြန္လာၿပီး ခႏၶာကိုယ္ရွိ ဆဲလ္ေတြထံ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ျမန္ျမန္ဆန္ဆန္ ျပည့္ျပည့္ဝဝ ေရာက္ရွိေစမွာျဖစ္ပါတယ္။ လိုအပ္တဲ့ အာဟာရဓာတ္ေတြ၊ ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြ အလံုအေလာက္ရရွိထားတဲ့ ဆဲလ္ေတြက ခႏၶာကိုယ္ရဲ႕ ခုခံစြမ္းအားကို တိုးတက္ေကာင္းမြန္ေစႏိုင္သလို ေရာဂါပိုးမႊားေတြ ကူးစက္ျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ရွားေစာင္းလက္ပတ္က သင့္ရဲ႕ကိုယ္ခံအား စနစ္ကို ျမႇင့္တင္ေပးႏိုင္တယ္လို႔လည္း ဆိုႏိုင္ပါတယ္။
ကင္ဆာေရာဂါကို ကာကြယ္ေပးႏိုင္ျခင္း
ရွားေစာင္းလက္ပတ္က ခႏၶာကိုယ္ရဲ႕ ခုခံစြမ္းအားကို ျမႇင့္တင္ေပးႏိုင္တယ္ဆိုတဲ့အေၾကာင္းကို ေဖာ္ျပခဲ့ၿပီး ျဖစ္ပါတယ္။ International Immun-opharmacology (1995) မွာ ေဖာ္ျပပါရွိလာတဲ့ သုေတသန စာတမ္းတစ္ခုအရ ရွားေစာင္းလက္ပတ္မွာ အက်ိတ္ကိုတားဆီးေပးႏိုင္တဲ့ Antitumor အာနိသင္ ရွိေကာင္းရွိေနႏိုင္တယ္လို႔ ဆိုထားပါတယ္။ ကင္ဆာကို ကာကြယ္ေပးႏိုင္တဲ့ နည္းလမ္းေတြကို သုေတသနျပဳလုပ္ၾကရာမွာ ရွားေစာင္းလက္ပတ္ကို အေျခခံထားတဲ့ နည္းလမ္းေတြ
က ေအာင္ျမင္မႈရွိတဲ့ နည္းလမ္းေတြထဲမွာ ပါဝင္တယ္လို႔ ပညာရွင္ေတြေျပာဆိုထားတာကိုလည္း ေတြ႕ရပါတယ္။ ဒါေပမဲ့ ရွားေစာင္းလက္ပတ္တစ္မ်ဳိးတည္းအသံုးျပဳတာက သိပ္ၿပီးအစြမ္းမထက္ဘဲ အျခားကင္ဆာကို ကာကြယ္ႏုိင္တဲ့ အာနိသင္ရွိတဲ့ ေဆးဖက္ဝင္အပင္မ်ားနဲ႔ျဖစ္ေစ ဗီတာမင္ C ကုထံုး နဲ႔ျဖစ္ေစ တြဲဖက္ၿပီး အသံုးျပဳတာက ပိုၿပီးထိေရာက္မႈရွိတယ္လို႔ ကၽြမ္းက်င္သူေတြက ေထာက္ျပထားပါတယ္။
ကင္ဆာေရာဂါ အမ်ဳိးအစားေတာ္ေတာ္မ်ားမ်ားကို ကုသရာမွာ Radiotherapy လို႔ေခၚတဲ့ ဓာတ္ေရာင္ျခည္ျဖင့္ ကုသမႈပါဝင္ေလ့ရွိပါတယ္။ ကင္ဆာေဝဒနာရွင္ေတြဟာ ဓာတ္ေရာင္ျခည္ျဖင့္ ကုသျခင္းရဲ႕ ေဘးထြက္ဆိုးက်ဳိးေတြထဲက တစ္ခုအေနနဲ႔ အေရျပားေလာင္ျခင္းကဲ့သို႔ေသာ ျပႆနာေတြၾကံဳရေလ့ရွိပါတယ္။ ရွားေစာင္လက္ပတ္ကိုလိမ္းေပးျခင္းျဖင့္ ေဝဒနာကုိခ်က္ခ်င္းနီးပါးသက္သာေစႏိုင္ၿပီး ေလာင္ထားတဲ့ အေရျပားေတြ အခ်ိန္တိုအတြင္း နဂိုအတိုင္းျပန္ျဖစ္လာေစဖို႔ ကူညီေပးႏိုင္တဲ့ အာနိသင္လည္းရွိတယ္လို႔ သိရပါတယ္။ ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ေသာက္ေပးျခင္းကလည္း ေလာင္ထားတဲ့အေရျပားေတြ ျမန္ျမန္ျပန္လည္သက္သာလာေစဖို႔ အေထာက္အကူ ျပဳႏိုင္ပါေသးတယ္။
ေရာင္ရမ္းမႈကို သက္သာေစႏိုင္ျခင္း
ရွားေစာင္းလက္ပတ္ရဲ႕ ေရာင္ရမ္းမႈကို တားဆီးေပးႏိုင္တဲ့ အာနိသင္က အဆစ္ေရာင္ေရာဂါေၾကာင့္ ခံစားရေလ့ရွိတဲ့ နာက်င္မႈနဲ႔ ေရာင္ရမ္းမႈေတြကို သက္သာေလ်ာ့ပါးေစႏိုင္ပါတယ္။ ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္က ခႏၶာကိုယ္က နာက်င္ေရာင္ရမ္းမႈေတြကို သိသိသာသာ သက္သာေစႏိုင္တဲ့ အစြမ္းရွိၿပီး အဓိကအားျဖင့္ အဆစ္ေရာင္ေရာဂါေၾကာင့္ျဖစ္တဲ့ ေရာင္ရမ္းမႈေတြကို ေလ်ာ့ေစၿပီး နာက်င္မႈေဝဒနာကို သက္သာေစႏိုင္တယ္လို႔ ပညာရွင္ေတြဆိုထားပါတယ္။ အဆစ္ေရာင္ေရာဂါနဲ႔ ဆက္စပ္ၿပီးျဖစ္ေပၚလာတဲ့ ေရာင္ရမ္းနာက်င္မႈကိုသက္သာေစဖို႔ ေရာင္ေနတဲ့ဧရိယာေပၚ ရွားေစာင္းလက္ပတ္အႏွစ္ကို တိုက္႐ိုက္လိမ္းက်ံေပးတာမ်ဳိးျဖစ္ေစ ရွားေစာင္းလက္ပတ္ ေဖ်ာ္ရည္ေသာက္ေပးျခင္းျဖစ္ေစ ႏွစ္မ်ဳိးစလံုးကေန တူညီတဲ့အာနိသင္ရရွိႏိုင္တယ္လို႔ သိရပါတယ္။ အဆိုပါ အာနိသင္က အနီေရာင္အသား၊ သၾကား၊ ႏို႔၊ ဆီေၾကာ္၊ ဂ်ံဳျဖဴနဲ႔ ျပဳလုပ္ထားတဲ့အစားအစာမ်ား စားသံုးမႈနည္းတဲ့သူေတြမွာ ပိုၿပီး အစြမ္းထက္ကာ သိသာတဲ့ ရလဒ္ရရွိႏိုင္တယ္လို႔ ပညာရွင္ေတြ ဆိုထားပါေသးတယ္။
ဓာတ္တိုးျခင္းကို တားဆီးေပးႏိုင္ျခင္း
ရွားေစာင္းလက္ပတ္မွာ ဗီတာမင္ B1 ၊ B2 ၊ B6 ၊ B12 ၊ ဗီတာမင္ A ၊ ဗီတာမင္ E ၊ ဗီတာမင္ C ၊ Niacin နဲ႔ Folic Acid စတဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြပါဝင္ပါတယ္။ အဆိုပါအာဟာရဓာတ္ေတြဟာ အသက္ရွင္ဖို႔ ခႏၶာကိုယ္က လုပ္ေဆာင္ရမယ့္ အေရးပါတဲ့လုပ္ငန္းေတြအတြက္ မရွိမျဖစ္လုိအပ္တဲ့ ဗီတာမင္နဲ႔ အာဟာရဓာတ္မ်ားလည္း ျဖစ္ပါတယ္။ ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ကို ပံုမွန္ေသာက္သံုးေပးမယ္ဆိုရင္ သင့္ရဲ႕ခုခံအားကို ေကာင္းမြန္လာေစႏိုင္သလို ခႏၶာကိုယ္ထဲက ေဘး
ျဖစ္ေစမယ့္ အဆိပ္အေတာက္ပစၥည္းေတြ ဓာတ္တိုးၿပီး ေနာက္ဆက္တြဲဆိုးက်ဳိးအျဖစ္ က်န္းမာေရးကို ထိခိုက္ေစမယ့္ ျပႆနာကိုလည္း ေလွ်ာ့ခ်ၿပီးသားျဖစ္ေစပါတယ္။
ကိုလက္စထေရာပမာဏကို က်ဆင္းေစႏိုင္ျခင္း
ရွားေစာင္းလက္ပတ္ ေဖ်ာ္ရည္ကိုေသာက္ သံုးျခင္းမွ ျဖစ္ေစ၊ ရွားေစာင္းလက္ပတ္ကိုစားသံုးျခင္းမွ ျဖစ္ေစ၊ ေသြးလွည့္ပတ္မႈကိုေကာင္းမြန္ေစၿပီး သင့္ခႏၶာကုိယ္ထဲက ေသြးရဲ႕ အရည္အေသြးကို ေကာင္းမြန္လာေစႏိုင္တဲ့ အက်ဳိးအာနိသင္ကို ရရွိႏိုင္ပါတယ္။ ေသြးလွည့္ပတ္မႈေကာင္းမြန္လာတဲ့အခါ ေသြးတြင္း ကိုလက္စထေရာ နဲ႔ ဂလူးကို႔စ္ပါဝင္မႈေတြကို ျပန္လည္ထိန္းညိႇလာႏိုင္ၿပီး ကိုလက္စထေရာပမာဏကို က်ဆင္းေစမွာ ျဖစ္ ပါတယ္။
ႏွလံုးက်န္းမာေရးကိုေကာင္းမြန္ေစႏိုင္ျခင္း
ရွားေစာင္းလက္ပတ္အႏွစ္မွာ ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစႏိုင္တဲ့ အာနိသင္ရွိသလိုတစ္ခ်ိန္တည္းမွာ ေသြးကိုသန္႔စင္ေပးႏိုင္တဲ့ အာနိသင္လည္း ရွိေနတယ္လို႔ ကၽြမ္းက်င္ပညာရွင္ေတြ လက္ခံထားပါတယ္။ သန္႔စင္တဲ့ေသြးမွာ ေအာက္ဆီဂ်င္ပါဝင္မႈ ပိုမိုျမင့္မားၿပီး ေအာက္ဆီဂ်င္ပမာဏ အမ်ားအျပားလိုအပ္တဲ့ ဦးေႏွာက္နဲ႔ ႏွလံုးကဲ့သို႔ေသာ အဂၤါအစိတ္အပိုင္းမ်ားဆီကို လိုအပ္တဲ့ ေအာက္ဆီဂ်င္ပမာဏေရာက္ရွိေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ရွားေစာင္းလက္ပတ္အႏွစ္ရဲ႕ ေသြးကိုလတ္ဆတ္သန္႔စင္ေစႏိုင္တဲ့ အာနိသင္က ႏွလံုးနဲ႔ ႏွလံုးေသြးေၾကာေတြရဲ႕ က်န္းမာေရးကို တိုးတက္ေကာင္းမြန္ေစႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။
Credit: Original
#Unicode Version#
ကန္တရကြာပန်းလို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ ရှားစောင်းလက်ပတ်ရဲ့ အလှအပနဲ့ ပတ်သက်တဲ့ ကောင်းကျိုးအာနိသင်တွေကို သင်သိရှိပြီးသားဖြစ်မယ်လို့ ယူဆပါတယ်။ ရှားစောင်းလက်ပတ်လို့ ဆိုလိုက်ရင် အသားအရေလှပနုပျိုမှုအတွက် အလွန်အသုံးဝင်တဲ့ အပင်တစ်မျိုးအဖြစ် တွဲမြင်တတ်ကြပါတယ်။ မှန်ပါတယ်။ ရှားစောင်းလက်ပတ်နဲ့ ပြုလုပ်ထားတဲ့ အသားအရေထိန်းသိမ်းရေးပစ္စည်းအမျိုးမျိုး၊ ဆံပင်နဲ့ပတ်သက်တဲ့ ပစ္စည်းအမျိုးမျိုးကို ဈေးကွက်ထဲမှာ အမှတ်တံဆိပ်မျိုးစုံနဲ့ သင်တွေ့ရှိ နိုင်ပါတယ်။ မိုးနည်းတဲ့ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ ရှားစောင်းလက်ပတ်ပင်မှာ လူသိများတဲ့ အလှအပရေးရာအာနိသင်တွေ သာမကဘဲ လူအများစု သတိမပြုမိတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အာနိသင်များစွာလည်း ရှိနေပါသေးတယ်။ သင်မသိသေးတဲ့ ရှားစောင်းလက်ပတ်ရဲ့ ကျန်းမာရေးအကျိုးပြု အာနိသင်တွေက ဘာတွေများပါလဲ။
အစာချေစနစ်ကို ပိုမိုကောင်းမွန်စေနိုင်ခြင်း
ရှားစောင်းလက်ပတ်မှာ ပါရှိတဲ့ Adaptogen အမည်ရ သဘာဝပစ္စည်းတစ်မျိုးဟာ အစာချေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အဆိုပါ အာနိသင်က စားသုံးလိုက်တဲ့ အစားအသောက်များဆီက အာ
ဟာရဓာတ်တွေကို စုပ်ယူရာမှာ အထောက်အကူပြုပြီး ဘေးဖြစ်စေမဲ့ အဆိပ်အတောက်တွေကိုတော့ အညစ်အကြေးအဖြစ် ခန္ဓာကိုယ်က စွန့်ထုတ်ပစ်နိုင်အောင်ကူညီပေးပါတယ်။ အစာချေစနစ် ကောင်းမွန်ကျန်းမာနေမှသာ သင့်ရဲ့ အလုံးစုံသော ကျန်းမာရေးကလည်း တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်မှာ တွေ့ရတဲ့ Polysaccharides လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးက အစာချေစနစ် ပုံမှန်အလုပ်မလုပ်တဲ့ပြဿနာကို သက်သာစေနိုင်ပြီး အစာချေလမ်းကြောင်းတစ်လျှောက်က အနာတွေကို သက်သာစေနိုင်တဲ့ ဆေးဖက်ဝင်အာနိသင်လည်းရှိပါတယ်။ အစာအိမ်မှာ အနာပေါက်ခြင်းက အစာအိမ်နဲ့အစာချေစနစ်မှာ ဖြစ်ပေါ်တဲ့ ရောဂါများထဲမှာ အတွေ့ရ အများဆုံး ပြဿနာတစ်ခုဖြစ်ပြီး ရှားစောင်းလက်ပတ်က ထုတ်ယူထားတဲ့အဆီအနှစ်က အဆိုပါအနာတွေကို သက်သာစေနိုင်တာကို ပညာရှင်တွေ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း
ရှားစောင်းလက်ပတ်ဖျော်ရည်မှာ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိပြီး အစာချေလမ်းကြောင်းတစ်လျှောက်ကို သန့်ရှင်းစေကာ သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ သန့်စင်တဲ့ အစာချေလမ်းကြောင်းက စားသုံးလိုက်တဲ့ အစားအသောက်များဆီမှ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို ပိုမိုကောင်းမွန်လာစေနိုင်ကာ အာဟာရဓာတ်တွေ ပိုမိုရရှိလာတာနဲ့အမျှ သွေးလှည့်ပတ်မှုကောင်းမွန်လာပြီး ခန္ဓာကိုယ်ရှိ ဆဲလ်တွေထံ လိုအပ်တဲ့ အာဟာရဓာတ်တွေကို မြန်မြန်ဆန်ဆန် ပြည့်ပြည့်ဝဝ ရောက်ရှိစေမှာဖြစ်ပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ အလုံအလောက်ရရှိထားတဲ့ ဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို တိုးတက်ကောင်းမွန်စေနိုင်သလို ရောဂါပိုးမွှားတွေ ကူးစက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပတ်က သင့်ရဲ့ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးနိုင်တယ်လို့လည်း ဆိုနိုင်ပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း
ရှားစောင်းလက်ပတ်က ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့အကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ International Immun-opharmacology (1995) မှာ ဖော်ပြပါရှိလာတဲ့ သုတေသန စာတမ်းတစ်ခုအရ ရှားစောင်းလက်ပတ်မှာ အကျိတ်ကိုတားဆီးပေးနိုင်တဲ့ Antitumor အာနိသင် ရှိကောင်းရှိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေကို သုတေသနပြုလုပ်ကြရာမှာ ရှားစောင်းလက်ပတ်ကို အခြေခံထားတဲ့ နည်းလမ်းတွေ
က အောင်မြင်မှုရှိတဲ့ နည်းလမ်းတွေထဲမှာ ပါဝင်တယ်လို့ ပညာရှင်တွေပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ရှားစောင်းလက်ပတ်တစ်မျိုးတည်းအသုံးပြုတာက သိပ်ပြီးအစွမ်းမထက်ဘဲ အခြားကင်ဆာကို ကာကွယ်နိုင်တဲ့ အာနိသင်ရှိတဲ့ ဆေးဖက်ဝင်အပင်များနဲ့ဖြစ်စေ ဗီတာမင် C ကုထုံး နဲ့ဖြစ်စေ တွဲဖက်ပြီး အသုံးပြုတာက ပိုပြီးထိရောက်မှုရှိတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
ကင်ဆာရောဂါ အမျိုးအစားတော်တော်များများကို ကုသရာမှာ Radiotherapy လို့ခေါ်တဲ့ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပါဝင်လေ့ရှိပါတယ်။ ကင်ဆာဝေဒနာရှင်တွေဟာ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုအနေနဲ့ အရေပြားလောင်ခြင်းကဲ့သို့သော ပြဿနာတွေကြုံရလေ့ရှိပါတယ်။ ရှားစောင်လက်ပတ်ကိုလိမ်းပေးခြင်းဖြင့် ဝေဒနာကိုချက်ချင်းနီးပါးသက်သာစေနိုင်ပြီး လောင်ထားတဲ့ အရေပြားတွေ အချိန်တိုအတွင်း နဂိုအတိုင်းပြန်ဖြစ်လာစေဖို့ ကူညီပေးနိုင်တဲ့ အာနိသင်လည်းရှိတယ်လို့ သိရပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည်သောက်ပေးခြင်းကလည်း လောင်ထားတဲ့အရေပြားတွေ မြန်မြန်ပြန်လည်သက်သာလာစေဖို့ အထောက်အကူ ပြုနိုင်ပါသေးတယ်။
ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်း
ရှားစောင်းလက်ပတ်ရဲ့ ရောင်ရမ်းမှုကို တားဆီးပေးနိုင်တဲ့ အာနိသင်က အဆစ်ရောင်ရောဂါကြောင့် ခံစားရလေ့ရှိတဲ့ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည်က ခန္ဓာကိုယ်က နာကျင်ရောင်ရမ်းမှုတွေကို သိသိသာသာ သက်သာစေနိုင်တဲ့ အစွမ်းရှိပြီး အဓိကအားဖြင့် အဆစ်ရောင်ရောဂါကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့စေပြီး နာကျင်မှုဝေဒနာကို သက်သာစေနိုင်တယ်လို့ ပညာရှင်တွေဆိုထားပါတယ်။ အဆစ်ရောင်ရောဂါနဲ့ ဆက်စပ်ပြီးဖြစ်ပေါ်လာတဲ့ ရောင်ရမ်းနာကျင်မှုကိုသက်သာစေဖို့ ရောင်နေတဲ့ဧရိယာပေါ် ရှားစောင်းလက်ပတ်အနှစ်ကို တိုက်ရိုက်လိမ်းကျံပေးတာမျိုးဖြစ်စေ ရှားစောင်းလက်ပတ် ဖျော်ရည်သောက်ပေးခြင်းဖြစ်စေ နှစ်မျိုးစလုံးကနေ တူညီတဲ့အာနိသင်ရရှိနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ အာနိသင်က အနီရောင်အသား၊ သကြား၊ နို့၊ ဆီကြော်၊ ဂျုံဖြူနဲ့ ပြုလုပ်ထားတဲ့အစားအစာများ စားသုံးမှုနည်းတဲ့သူတွေမှာ ပိုပြီး အစွမ်းထက်ကာ သိသာတဲ့ ရလဒ်ရရှိနိုင်တယ်လို့ ပညာရှင်တွေ ဆိုထားပါသေးတယ်။
ဓာတ်တိုးခြင်းကို တားဆီးပေးနိုင်ခြင်း
ရှားစောင်းလက်ပတ်မှာ ဗီတာမင် B1 ၊ B2 ၊ B6 ၊ B12 ၊ ဗီတာမင် A ၊ ဗီတာမင် E ၊ ဗီတာမင် C ၊ Niacin နဲ့ Folic Acid စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။ အဆိုပါအာဟာရဓာတ်တွေဟာ အသက်ရှင်ဖို့ ခန္ဓာကိုယ်က လုပ်ဆောင်ရမယ့် အရေးပါတဲ့လုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်များလည်း ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည်ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် သင့်ရဲ့ခုခံအားကို ကောင်းမွန်လာစေနိုင်သလို ခန္ဓာကိုယ်ထဲက ဘေး
ဖြစ်စေမယ့် အဆိပ်အတောက်ပစ္စည်းတွေ ဓာတ်တိုးပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကျန်းမာရေးကို ထိခိုက်စေမယ့် ပြဿနာကိုလည်း လျှော့ချပြီးသားဖြစ်စေပါတယ်။
ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ခြင်း
ရှားစောင်းလက်ပတ် ဖျော်ရည်ကိုသောက် သုံးခြင်းမှ ဖြစ်စေ၊ ရှားစောင်းလက်ပတ်ကိုစားသုံးခြင်းမှ ဖြစ်စေ၊ သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး သင့်ခန္ဓာကိုယ်ထဲက သွေးရဲ့ အရည်အသွေးကို ကောင်းမွန်လာစေနိုင်တဲ့ အကျိုးအာနိသင်ကို ရရှိနိုင်ပါတယ်။ သွေးလှည့်ပတ်မှုကောင်းမွန်လာတဲ့အခါ သွေးတွင်း ကိုလက်စထရော နဲ့ ဂလူးကို့စ်ပါဝင်မှုတွေကို ပြန်လည်ထိန်းညှိလာနိုင်ပြီး ကိုလက်စထရောပမာဏကို ကျဆင်းစေမှာ ဖြစ် ပါတယ်။
နှလုံးကျန်းမာရေးကိုကောင်းမွန်စေနိုင်ခြင်း
ရှားစောင်းလက်ပတ်အနှစ်မှာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေနိုင်တဲ့ အာနိသင်ရှိသလိုတစ်ချိန်တည်းမှာ သွေးကိုသန့်စင်ပေးနိုင်တဲ့ အာနိသင်လည်း ရှိနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေ လက်ခံထားပါတယ်။ သန့်စင်တဲ့သွေးမှာ အောက်ဆီဂျင်ပါဝင်မှု ပိုမိုမြင့်မားပြီး အောက်ဆီဂျင်ပမာဏ အများအပြားလိုအပ်တဲ့ ဦးနှောက်နဲ့ နှလုံးကဲ့သို့သော အင်္ဂါအစိတ်အပိုင်းများဆီကို လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏရောက်ရှိအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပတ်အနှစ်ရဲ့ သွေးကိုလတ်ဆတ်သန့်စင်စေနိုင်တဲ့ အာနိသင်က နှလုံးနဲ့ နှလုံးသွေးကြောတွေရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
Credit: Original
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, May 3, 2018
ရွားေစာင္းလက္ပတ္ရဲ႕ ပုန္းကြယ္ေနတဲ့ က်န္းမာေရး အာနိသင္ေတြ
ရွားေစာင္းလက္ပတ္ရဲ႕ ပုန္းကြယ္ေနတဲ့ က်န္းမာေရး အာနိသင္ေတြ
Reviewed by MP4 YoU
on
May 03, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment