ဒီနေ့က ကျောင်းတွေစအပ်ရတဲ့နေ့ဆိုတော့ ချစ်စရာတပည့်လေးတွေနဲ့ပြန်တွေ့ရတဲ့နေ့လေးပေါ့ ထို့အတူ နှစ်များစွာလွပ်မြောက်နေတဲ့ ဒီမုဒိန်းမှု့ တရားခံပြေးကိုတိုင်းရဲတပ်ဖွဲ့ကအပူတပြင်းလိုက်ဖမ်းနေတယ်လို့သိရပါတယ် သူ့ရဲ့အုပ်ချုပ်ရေးမှုးတာဝန်ကိုလဲရုပ်သိမ်းလိုက်ပါပြီ တိုင်းရဲတပ်ဖွဲ့ကအပူတပြင်းဖမ်းချင်နေပေမဲ့ နယ်မြေခံရဲတပ်ဖွဲ့က ကြိုတင်တိမ်းရှောင်ခိုင်းလိုက်တယ်လို့ဝေဖန်သံတွေညံနေပါတယ် တရားခံပြေးမှန်းသိသိကြီးနဲ့နှစ်ရှည်လများလွှတ်ထားတဲ့အပေါ်မှာလဲရဲတပ်ဖွဲ့အပေါ်သံသယ၀င်နေကြပါတယ် တောင်ဒဂုံရပ်ကွက်သူရပ်ကွက်သားတွေ ၀မ်းသာစရာသတင်းလို့မြင်ပါတယ် ရပ်ကွက်အပေါ်စေတနာထားတဲ့ အုပ်ချုပ်ရေးမှုးကောင်းတစ်ယောက်အမြန်ရွေးချယ်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ဆန္ဒပြုပါတယ်ရှင့်းးးးး
မြကေခိုင်
................
သက်ငယ်မုဒိန်းမှု့ တရားခံပြေးနှင့်ပါတ်သက်၍မမှန်မကန်ဆောင်ရွက်မှု့ များတွင် တောင်ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးပါ ပါဝင်လာပါတယ်ရှင့်
တရားခံပြေးဖြစ်သူ ရန်နိုင်စိုး ခ. ကရင် ခ အက်ဖာစီဟာ တောင်ဒဂုံ ၁၄၀ ရပ်ကွက်မှာအုပ်ချုပ်ရေးမှုးပါ
ယခုအခါ ၎င်း တရားခံပြေးမှာထွက်ပြေးတိမ်းရှောင်နေပါသဖြင့် ရပ်ကွက်နေပြည်သူများမှ မြို့နယ်ထွေအုပ်ထံ ၎င်း ကိစ္စအားမည်သို့စီမံထားပါသလဲ ခရိုင်အုပ်ချုပ်ရေးမှုးထံအချိန်နှင့်တပြေးညီတင်ပြထားခြင်းရှိပါသလားဟုမေးမြန်းရာ တရားခံပြေးအားခွင့်တစ်လပေးထားကြောင်း အထက်ကိုတင်ပြထားခြင်းမရှိကြောင်းသိရပါသည် ထို့အပြင် ၎င်း တရားခံပြေးသည် တောင်ဒဂုံမြို့နယ်စခန်းမှုး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးတို့နှင့် နေ့စဉ်ဖုန်းအဆက်သွယ်ရှိနေသည်ဟု ကြားသိရပါသည် ပြစ်မှု့အကြီးကြီးကိုကျုးလွန်၍ ရှောင်တိမ်းနေသောတရားခံပြေးအား သက်ဆိုင်ရာအပေါ်အဖွဲ့အစည်းအသီးသီးနှင့်အချီ်နှင့်တပြေးညီချိတ်ဆက်ဆောင်ရွက်ရမည့်အစား အဓိကတာဝန်ရှိသော စခန်းမှု ထွေအုပ်တို့မှာ ကာဘာပေးထားခြင်းဖမ်းဆီးရနိုင်ခြင်းမရှိအောင် တရားခံပြေးအားကာဘာပေူထားခြင်းအပေါ် ပြည်သူများမှသံသယ ၀င်၍
ကြောက်ရွံ့စိတ်ဖြင့်နေထိုင်နေကြရပါသဖြင့် သက်ဆိုင်သူများ အမြန်ဆုံးကူညီဖြေရှင်းပေးနိုင်ပါရန်တင်ပြအကူညီတောင်းခံအပ်ပါသည်ရှင့် တာဝန်ရှိသူများဖြစ်လျှက်တာဝန်အတိုင်းဆောင်ရွက်ခြင်းမရှိသော စခန်းမှုး မြို့နယ်ထွေအုပ်တို့၏ ဖုန်းများအားစစ်ဆေး၍
တရားခံပြေးနှင့်ဆက်သွယ်မှု့ ရှိကြောင်းပေါ်လွင်ပါကပြင်းထန်စွာအရေးယူပေးဖို့တောင်းဆိုပါသည်ရှင့်းးးးး
လေးစားလျှက်
မြကေခိုင်
No comments:
Post a Comment