CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, May 25, 2018
ပြည်သူ့ ကဗျာဆရာ ဆရာ တင်မိုး
ပြည်သူ့ ကဗျာဆရာ ဆရာ တင်မိုး ကွယ်လွန်
"မနေ့က ပေါ့နော်၊ LA အချိန်၊ လေးနာရီ ခွဲလောက် ရှိမယ် ထင်ပါတယ်၊ အဲဒီ အချိန်မှာ ဖေဖေက ဟို လ္ဘက်ရည် ဆိုင်မှာလေ၊ မိတ်ဆွေ တယောက်နဲ့ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း၊ ဘာမှလဲ မြဖစ်ဘူး ဒီအတိုင်း လဲကျ သွားတာပါ။ အဲဒါနဲ့ (၉၁၁) ခေါ်ပြီးတော့ သူတို့ လုပ်ကြတယ်၊ အဖေ့ကို နှလုံး ခုန်အောင်လို့ ဂလူးကို့စ် သွင်းတာတို့၊ အဲဒါ မျိုးတွေ လုပ်တယ်ရှင့်၊ ဒါပေမဲ့ မရပါဘူး၊ အဲဒီ ကတည်းက အဖေက နှလုံး မခုန် တော့ဘူးလို့ ဆရာဝန် တွေက ပြောပါတယ်။ ပြီးတော့ သူတို့ ဆေးရုံကို ခေါ်သွားတယ်၊ ဆေးရုံမှာလဲ သူတို့ နာရီဝက်လောက် သူတို့ ကြိုးစား ကြပါတယ်။ ဒါပေမယ့် အဖေက အဲလို လဲကတည်းက မရတော့ဘူးလို့ ပြောပါတယ်။"
ဆရာ တင်မိုးရဲ့ သမီး မိုးချိုသင်း ပြောပြ သွားတာပါ။ ဆရာရဲ့ ဈာပန အခမ်းအနားနဲ့ ပတ်သက် လို့လည်း သမီး ဖြစ်သူ သမီး မမိုးမိုးနှင်း က အခုလို ပြောပါတယ်။
"အဖေကို အခု လောလောစဉ် စီစဉ် ထားတာ ကတော့ စနေနေ့ ဂူသွင်း သြင်္ဂိုဟ် မယ်လို့ စိတ်ကူး ထားပါတယ်။ တကယ်တော့ အခုလေး တင်ပဲ ကျမ ညီမနဲ့ ဖုန်းပြောတော့ သူက အဖေ ဗမာပြည်ကို သိပ်ချစ်တော့ အဖေ အရိုးအိုးကို ဗမာပြည်ကို ပို့ရင် ကောင်းမလား။ ဒါပေမဲ့လည်း ဟိုမှာလည်း ရုတ်ရုတ် သဲသဲတွေ ဖြစ်မယ်၊ နောက်ပြီးတော့ ဒေသခံတွေ အာဏာပိုင်တွေ နဲ့လည်း စကားတွေ ပြောနေ ရမယ်ပေါ့လေ။ အဲလို လက်ခံမှာလည်း မထင်ဘူး ပေါ့လေ။ အဲဒါတွေ ရှုပ်ထွေး ပါတယ်၊ အဖေ ငြိမ်းငြိမ်း ချမ်းချမ်း၊ ကယ်လီဖိုးနီးယား မှာလည်း အဖေ နောက်ဆုံး လတွေမှာ ပျော်ခဲ့ ပါတယ်လေ။ ကယ်လီဖိုးနီးယားမှာ အေးအေး ဆေးဆေးထား၊ ဗမာပြည် အဆင်ပြေတဲ့ နေ့ကျမှ အရိုးအိုး ပြန်သယ် မယ်ပေါ့။ ကျမတို့ အဲလိုပဲ စိတ်ကူး ပါတယ်။"
ဆရာ တင်မိုးဟာ ကွယ်လွန်ချိန်မှာ အသက် (၇၄) နှစ် ရှိပြီး၊ သမီး (၄) ယောက် ကျန်ရစ် ခဲ့တယ်လို့ သိရ ပါတယ်။
ဆရာ တင်မိုးရဲ့ ကိုယ်ရေးအကျဉ်း
ဆရာ တင်မိုးကို မြင်းခြံ ခရိုင် တောင်သာ မြို့နယ်၊ ကန်မြဲရွာမှာ အဘ ဦးဘအို၊ အမိ ဒေါ်စံထယ် တို့မှ ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မွေးဖွား ခဲ့တာ ဖြစ်ပြီး၊ အမည်ရင်း ကတော့ ဘဂျမ်း ဖြစ်ပါတယ်။ ဇဂျမ်း တိုင်းရင်းသား မြန်မာ အလယ်တန်းကျောင်း၊ မန္တလေး ကျောင်းတိုက် ဆရာတော် ဦးအာစရကျောင်း၊ ပခုက္ကူ ဦးခင်မောင်ကြီး ကျူရှင်ကျောင်း တို့တွင် ပညာ သင်ကြား ခဲ့ပြီး၊ ၁၉၅၇ မှာ ရေစြကိုမြို့ အထက်တန်း ကျောင်းကနေ မြန်မာစာ ဂုဏ်ထူးနဲ့ ဆယ်တန်း အောင်မြင် ခဲ့သူ ဖြစ်ပါတယ်။ မန္တလေး တက္ကသိုလ်မှာ ဆက်လက် ပညာ ဆည်းပူး ခဲ့ပြီး ၁၉၆၅ ခုနှစ်မှာ မန္တလေး တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။
ဆရာ တင်မိုးဟာ ကန်မြဲရွာ လူငယ် စာကြည့်တိုက်ကို တည်ထောင် ခဲ့သလို၊ ရေစြကို ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး၊ ဉာဏဗလမှူး၊ ရေစြကို ကလောင်ရှင် အသင်း တည်ထောင်သူ၊ အတွင်းရေးမှူး၊ ၁၉၅၇-၅၉ မန္တလေး တက္ကသိုလ် ကလောင်ရှင် အသင်း ဒုတိယ ဥက္ကဌ၊ ၁၉၆၀ - ဥက္ကဌ၊ ၁၉၆၃-၆၇ အထက် ဗမာ နိုင်ငံ စာရေး ဆရာ အသင်း အမှုဆောင် စတဲ့ စာပေ တာဝန် တွေကိုလည်း ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။
၁၉၅၀ သီတင်းကျွတ် အထူးထုတ် မန္တလေးမြို့ ဗဟိုရ်စည် သတင်းစာတွင် 'ဝါကျွတ်သဘင်' ကဗျာကို 'ကန်မြဲ သက်နှင်း' ကလောင် အမည်ဖြင့် ရေးဖွဲ့၍ စာပေ နယ်တွင် စတင် အခြေချ။ ၁၉၅၁ အထက် ဗမာ နိုင်ငံ စာရေး ဆရာ အသင်း၏ 'စာဆိုတော်' မဂ္ဂဇင်းတွင် 'ကန်မြဲ နန်းမြင့်နွယ်' ကလောင် အမည်ဖြင့် 'လယ်ထဲက တေးသံချို' ကဗျာကို ရေးစပ်ခဲ့။ ၁၉၅၅-၅၈ မှာ 'ကိုရင်ဂျမ်း'၊ 'စန်းရောင်' ကလောင် အမည် ခွဲများဖြင့် စာများ ရေးသား ခဲ့ပြီး၊ ၁၉၅၈ ဖေဖော်ဝါရီလ ကစြပီး 'တင်မိုး' ကလောင် အမည်ကို စတင် ခံယူ ရေးသားခဲ့ ပါတယ်။
ဖန်မီးအိမ် ကဗျာ စာအုပ်နဲ့ (၁၉၅၉) ခုနှစ်မှာ စာပေဗိမာန်ဆု ရခဲ့ သလို၊ ထီးကလေးနဲ့ မနီ ကဗျာ စာအုပ်နဲ့ (၁၉၇၀) ခုနှစ်မှာ အမျိုးသား စာပေဆု ရရှိ ခဲ့သူပါ။ ဆရာ တင်မိုး ရေးသား ခဲ့တဲ့ စာအုပ်ပေါင်း ၃၀ ကျော် ရှိပြီး၊ ထင်ရှားတဲ့ အြခား ကဗျာ စာအုပ် တွေကတော့ 'လှေတစင်းနှင့် သီချင်းသည်'၊ 'ပန်းဈေးခင်း'၊ 'နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း'၊ 'ပုဂံ ကျောင်းက ခေါင်းလောင်းသံ'၊ 'ကံကော်ရိပ်မှ အိပ်မက်များ' နဲ့ 'ပျိုးခင်း တေးသံ (ကလေး ကဗျာများ)' တို့ ဖြစ်ပါတယ်။ 'ကိုရင်ဂျမ်း အစမ်းစာ'၊ 'ပိတောက်မှ သရဖီသို့' စတဲ့ ထင်ရှားတဲ့ စကားပြေ စာအုပ် တွေလည်း ရေးသား ခဲ့ပါတယ်။
၁၉၅၇ - ၅၈ မှာ မန္တလေး ပွဲကုန်းကျောင်း၊ ၁၉၅၈ - ၅၉ မှာ မန္တလေး ရွှေမန်း တက္ကသိုလ်ကျောင်း၊ ၁၉၆၁ - ၆၂ မှာ ရန်ကုန် VEA အလွတ် ပညာသင်ကျောင်း၊ ၁၉၆၂ - ၆၇ မန္တလေး နြေပည်တော် အထက်တန်းကျောင်း တို့မှာ မြန်မာစာ သင်ပြ ပို့ချခဲ့ ပါတယ်။ ၁၉၆၆ - ၆၇ မှာ မန္တလေး လူထု သတင်းစာ၏ ကဗျာ အယ်ဒီတာ၊ ၁၉၆၇ - ၆၈ တက္ကသိုလ် ဘာသာပြန် စာအုပ် ထုတ်ဝေရေး ဌာနမှာ စာပြုနှင့် လက်ထောက် အယ်ဒီတာ၊ ၁၉၈၀ - ၈၄ မှာ အခြေခံ ပညာ သင်ရိုး ညွှန်းတမ်း အဖွဲ့ဝင် အြဖစ် ကျောင်းသုံး ပြဌာန်း စာအုပ်များ အတွက် စာမူ ရွေးချယ်ခြင်း၊ အသစ် ရေးသား ပြုစုခြင်း စတဲ့ တာဝန် တွေကိုလည်း ထမ်းဆောင် ခဲ့ပါတယ်။
စာပေကို ချစ်မြတ်နိုးသူ ပီပီ၊ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့်ကို တမ်းတ မက်မောခဲ့သူ လို့လဲ ပြောဆို နိုင်ပါတယ်။ ဒီအတွက်လဲ (၈) လေးလုံး လူထု အွုံကြမှုကြီးမှာ တတ်စွမ်း သမျှ ပါဝင် အားဖြည့် ခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ထူထောင်ချိန်က စြပီး ဗဟို တတ်သိ ပညာရှင် တဦး အြဖစ် တာဝန်ယူ ထမ်းဆောင် ခဲ့ပါတယ်။ နောက်ပြီး အဖွဲ့ချုပ် အတွက် 'အာဇာနည်မျိုး သေရိုး မရှိ' ဆိုတဲ့ ဆောင်ပုဒ် ကိုလည်း ရေးသား ပေးခဲ့ ပါသေးတယ်။
စစ်တပ်က အာဏာ သိမ်းပြီးတဲ့ နောက်ပိုင်း၊ 'အမေ့သား စကားတိုးတိုး ပြောလှည့်ပါ'၊ 'ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်း' စတဲ့ နဝတ ဆန့်ကျင်ရေး ကဗျာ တွေဟာ ဆရာ တင်မိုးရဲ့ လူထု ကိုယ်စားပြု ကဗျာတွေ ဖြစ်ခဲ့ ရပါတယ်။ ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဆရာ တင်မိုးက အခုလို ကဗျာ တပုဒ် ရွတ်ဖတ်ကာ ဒီဗွီဘီ ကနေ အသံလွှင့် သွားခဲ့ ဖူးပါတယ်။
" ပလ္လင်ပေါ်က ဆင်း
ဟေ့ ခေတ်သူခိုးဒြမဆိုတဲ့ စစ်အစိုးရ
လက်နက်ချဟေ့ လက်နက်ချ
ဒို့မှာက ချစရာလက်နက်ဆိုလို့
အပ်တိုတချောင်းမျှမရှိ၊
နေသိ၊ လသိ၊ ကမ္ဘာသိ
မင်းက လက်နက်ခဲယမ်းတွေနဲ့
အြမဲတမ်းပွဲကြမ်းနေတဲ့ကောင်
မင်းလိုလားတဲ့ အင်အားက
လှံ၊ ဓား၊ လက်နက်နဲ့
ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ အင်အား
ဒို့လက်နက်က အမှန်တရား
လူထုခွန်အား
ဒို့ယုံစားတာက မေတ္တာအထုနဲ့ လွတ်လပ်မှု
ကမ္ဘာ့တရားခွင် တိုင်ပြီးတင်ရဲတယ်
ပလ္လင်ပေါ်က ဆင်းစမ်းဟေ့။
ဒါကတော့ ဒေါသကဲတဲ့ ကဗျာပဲ ဆိုနိုင် ပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ကျနော် တို့က ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တရား မျှမျှတတ တောင်းဆို ပါလျှက်နဲ့ သူတို့ တွေက အရှက် မရှိ အကြောက် မရှိ တိုင်းပြည်ရဲ့ ပြဿနာကို တကယ်တမ်း အဖြေ မရှာဘဲနဲ့ ဒီ အာဏာကို လက်က မြဲမြဲ ဆုပ်ဖို့ရာ အတွက် သူတို့ အရှက် မရှိ လုပ်ကြ ကိုင်ကြ ပုံတွေကို မြင်ရတဲ့ အတွက်ကြောင့် စိတ်ထဲမှာ ဒေါသ ဖြစ်ပြီးတော့ ရေးလိုက်တဲ့ ကဗျာပါပဲ။"
၁၉၉၁ မှ ၁၉၉၅ ထိ ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာချုပ် အြဖစ် တာဝန် ယူနေစဉ် စစ်အစိုးရက ဖမ်းဆီးပြီး ထောင် ၄ နှစ် ချခြင်းကို ခံခဲ့ ရပါတယ်။
၁၉၉၉ ဩဂုတ်လ ၁၁ ရက်နေ့မှာ သမီး ဖြစ်သူ မိုးမိုးနှင်း နေထိုင်ရာ ဘယ်လ်ဂျီယံ နိုင်ငံသို့ အလည် ထွက်ခဲ့ပါတယ်။ (၁၉၉၉) ခုနှစ် နောက်ပိုင်းမှာ အော်စလိုမြို့ကို ပြောင်းရွှေ့ပြီး ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ ဂုဏ်ထူးဆောင် အယ်ဒီတာ အြဖစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ (၂၀၀၃) ခုနှစ် အထိ ဒီမိုကရက်တစ် မြန်မာ့ အသံရဲ့ အပတ်စဉ် ကဏ္ဍ ဖြစ်တဲ့ 'ကြေးမုံ မှန်ကွဲစများ' အစီအစဉ်ကို တာဝန်ယူ ဆောင်ရွက် ခဲ့သူလဲ ဖြစ်ပါတယ်။
(၂၀၀၀) ခုနှစ် နောက်ပိုင်းမှာ အမေရိကန် နိုင်ငံကို ပြောင်းရွှေ့ သွားခဲ့ပြီး ကွယ်လွန်ချိန် အထိ သမီး မိုးချိုသင်း မိသားစု ရှိရာ အမေရိကန်နိုင်ငံ လော့စ်အိန် ဂျလိစ်မြို့ (LA) မှာ နေထိုင်လျှက် ရှိပါတယ်။ ဒါ့အြပင် RFA မြန်မာပိုင်း အစီအစဉ်ရဲ့ 'မြန်မာ စာပေ ခရီး ပင်မ ရေစီး' အစီအစဉ်မှာ အပတ်စဉ် ပင်တိုင် ရေးသားပြီး မကွယ်လွန်မီ အချိန် အထိ ကိုယ်တိုင် အသံလွှင့် နေခဲ့ သလို၊ မိုးမခ ရေဒီယိုနှင့် မီဒီယာမှာ အမှုဆောင် လူကြီး အြဖစ်လည်း တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။ အြခား သတင်း ဌာနတွေ ဖြစ်တဲ့ ဗွီအိုအေ၊ ဘီဘီစီ တို့မှာလည်း အသံလွှင် ဆောင်းပါးတွေ ရေးသား ထုတ်လွှင့် ခဲ့ပါ သေးတယ်။
နယ်သာလန် နိုင်ငံ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အဖွဲ့က ၂၀၀၄ ခုနှစ် Prince Clause ဆုကို ဆရာ တင်မိုးအား ချီးမြှင့် ခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာ အမေရိကန်ရှိ လမင်းတရာ စာပေမှ ဆရာ တင်မိုးရဲ့ 'ဗုဒ္ဓနှင့် တွေ့ဆုံခြင်းနှင့် အြခား ကဗျာများ'၊ ၂၀၀၄ ခုမှာ ဩစတြေးလျှမှ အလင်္ကာ စာပေက 'တင်မိုး ကဗျာ ပေါင်းချုပ် (၁၉၉၉)'၊ ၂၀၀၆ မှာ ကိုရီးယားရှိ ရွှေသဂင်္ဟာ စာကြည့်တိုက်က 'အညာ လမ်းမှ တမာလမ်း' ကဗျာ စာအုပ်တွေ အြပင် ၂၀၀၅ အမေရိကရှိ မိုးမခ ရေဒီယိုက တင်မိုးနှင့် ၁၂ လ ရာသီ ခံစားမှုများ အသံ စီဒီ စတာ တွေကို ပြည်ပမှာ ထုတ်ဝေ ခဲ့ပါတယ်။
ဆရာ တင်မိုးဟာ ပြည်ပ ရောက်ကတည်း နိုင်ငံ တော်တော် များများကို သွားပြီး စာပွဲ ဟောပြောပွဲတွေ ပြုလုပ် ခဲ့ ပါတယ်။ အိန္ဒိယ နိုင်ငံ၊ နယူးဒေလီရှိ မြန်မာ့ရိပ်သာ (BCRC) ခန်းမ မှာလည်း စာပေ ဟောပြောပွဲ တရပ် ကျင်းပ ခဲ့ပါတယ်။
ကြွေရှာလေသည့် ပြည်သူ့ ကဗျာဆရာ ကြယ်တပွင့် အတွက် အမှတ်တရ ဝမ်နည်းတသ ပြောစကားများ
(ဒီဗွီဘီ၊ ၂၃ ၊ ဇန်နဝါရီ ၊ ၂၀၀၇ ရက်နေ့ည အသံလွှင့် သတင်းမှ) -
"မျိုးဆက်သစ်ရဲ့ စေတနာ"
(၈၈) မျိုးဆက်သစ်တဲ့
တခေတ်ထူမယ့် လူငယ်များ
သမိုင်းထဲက မွေးလို့ဖွား
သွေးသစ် အားသစ် လောင်းပြီတကား။
မင်းကိုနိုင်တို့ဆိုစကား
သစ္စာတရား၊ မေတ္တာပြား
မထောင်မလွှား၊ မယောင်မှား
စိန်ခေါ်သံနှင့် မာန်မြကွား
ဣနြေ္ဒရရ၊ ချိန်ဆဆနှင့်
စိန်တြမလို၊ ထွင်းဖောက်သွား
လေးစားဖွယ်ပါကလား။
တို့တိုင်း တို့ပြည် ကောင်းစေသား
စေတနာနဲ့ မေတ္တာထား
ညှိညှိနှိုင်းနှိုင်း၊ ဝိုင်းပါလား
မရိုင်းလေဘု၊ သူတို့စကား
မင်းတို့စဉ်းစား၊ ငါစဉ်းစား
နိုင်ငံ့အကျိုးမျှော်ထောက်ထား
ထောက်ခံကြစို့လား။
မင်းကိုနိုင်နဲ့ (၈၈) မျိုးဆက် ကျောင်းသား တွေကို ဂုဏ်ပြု စပ်ဆို ခဲ့တဲ့ ဆရာ တင်မိုးရဲ့ နောက်ဆုံး လက်ရာ ဖြစ်ပါတယ်။ အခုလို သူတို့ အပေါ် ဂုဏ်ပြု စပ်ဆို ခဲ့တဲ့ ဆရာ တင်မိုး ရုတ်တရက်ကြီး ကွယ်လွန် သွားရတဲ့ အပေါ် (၈၈) မျိုးဆက် ကျောင်းသား တွေက ကျန်ရစ်သူ မိသားစု၊ မြန်မာ စာပေ လောကနဲ့ ထပ်တူ အခုလို ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန် ထားပါတယ်။
"မြန်မာ နိုင်ငံ၏ နိုင်ငံ ဂုဏ်ဆောင် ကဗျာ ဆရာကြီး ဦးတင်မိုး ကွယ်လွန် ဆုံးပါး သွားကြောင်းကို ယနေ့ ဇန်နဝါရီ (၂၃) ရက် (၂၀၀၇) နံနက်ပိုင်းတွင် ကြားသိ လိုက်ရ ပါသြဖင့် ကျနော်တို့ (၈၈) မျိုးဆက် ကျောင်းသားများ အနြေဖင့် အထူးကြေကွဲ ဝမ်းနည်း စိတ်ထိခိုက် ရပါသည်။
ဆရာကြီး ဦးတင်မိုးသည် မြန်မာ့ စာပေ နယ်တွင် အလွန် ရှားပါးသော ကလေး ကဗျာများကို အများဆုံး ရေးသား ခဲ့သည့် အြပင် သူ၏ စာပေ မှာလဲ မြန်မာ့ စာပေ သမိုင်းတွင် လွန်စွာ ထင်ရှား ခဲ့သော မီးရှုး တန်ဆောင် ဖြစ်ပေသည်။ ထိုအြပင် ဆရာကြီးသည် (၁၉၈၈) ဒီမိုကရေစီ အရေးတော် ပုံကြီးတွင် စာရေး ဆရာများ၏ အခန်း ကဏ္ဍ ဘက်မှ တက်ကြွစွာ ပါဝင် ခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး အတွက် ကလောင် ကိုင်စွဲ၍ ဆက်လက် ဆင်နွှဲ လာခဲ့ရာ စစ်အစိုးရ၏ အကျဉ်းထောင် အတွင်း၌ ထိန်းသိမ်း ခံရသူလဲ ဖြစ်သည်။
မြန်မာ စာပေ သမိုင်းနှင့် ဒီမိုကရေစ တိုက်ပွဲဝင် ကဗျာ ဆရာကြီး ဦးတင်မိုးသည် မကွယ်လွန်မီ (၂) ရက် အလို (၂၀၊ ၁၊ ၂၀၀၇) ရက်နေ့တွင် မျိုးဆက်သစ်ရဲ့ စေတနာ အမည် ပေးထားသည့် ကဗျာတပုဒ်ကို (၈၈) မျိုးဆက် ကျောင်းသားများအတွက် ရည်ရွယ်ဖွဲ့ဆိုသွားပေးခဲ့ပြီး ကျနော်တို့ (၈၈) မျိုးဆက် ကျောင်းသားများ၏ အင်အား တရပ် အြဖစ် ဖြည့်စွက် ပေးခဲ့သည်။ ထိုကဲ့သို့ မြန်မာ စာပေကို မြှင့်တင် ခဲ့သော မြန်မာ နိုင်ငံ၏ အမျိုးသား ယဉ်ကျေးမှု မှတ်တိုင် တခု ဖြစ်သူ ဆရာကြီး ဦးတင်မိုးသည် မိမိ၏ မွေးရပ် မွေးမြေကို မစွန့်ခွာ လိုပါလျက်နှင့် ဒီမိုကရေစီရေး အတွက် ကြိုးပမ်းရင်း တပါးမြေ တပါးရေသို့ ကွယ်လွန် ဆုံးပါး သွားရ ခြင်းမှာလည်း အလွန် စိတ်မချမ်း မြေ့ဖွယ် ကောင်းသည့် အခြေအနေ တရပ် ဖြစ်နေ ပေသည်။
ကဗျာ ဆရာကြီး ဦးတင်မိုး ကွယ်လွန် ဆုံးပါး သွားခဲ့ ခြင်းသည် ကျနော်တို့ မြန်မာ နိုင်ငံ၏ စာပေ သမိုင်းဝင် ပုဂ္ဂိုလ်ကြီး တဦး ဆုံးရှုံး ရြခင်း ဖြစ်သည် သာမက ကျနော် တို့၏ ဒီမိုကရေစီရေး ဖော်ဆောင်မှု တွင်လဲ အင်အား တရပ် ဆုံးရှုံး ရြခင်း ဖြစ်သြဖင့် ကျနော်တို့ (၈၈) မျိုးဆက် ကျောင်းသားများမှ အထူး တလည် ဝမ်းနည်း ထိခိုက် ကြေကွဲ ခံစားရ ပါကြောင်း ဝမ်းနည်းခြင်း သဝဏ်လွှာကို ပေးပို့ လိုက်ရ ပေသည်။"
(၈၈) မျိုးဆက် ကျောင်းသားတွေ ကိုယ်စား ဆရာ တင်မိုး အပေါ် ထားရှိတဲ့ ကိုမင်းကိုနိုင်ရဲ့ ကျေးဇူး သိတတ်မှု ကတော့။
"ကျနော် အရင်ဆုံး မှတ်မိ တာက ထီးကလေးနဲ့ မနီ ကဗျာ။ မနီကလေး ဘယ်ကိုသွား ဆိုတဲ့ ကဗျာ။ ဒါ အင်မတန် ငယ်သေးတဲ့ အရွယ်ပေါ့။ ကဗျာကို သင်လို့ ရကာစ အရွယ်က စြပီးတော့ သင်ပေးတာ။ နောက် မပန်းမှုံလေး ကတက်တယ် ဆိုတဲ့ ကဗျာမျိုးပေါ့။ အဲဒါတွေက ကျနော်တို့ နှလုံးသား ထဲကို မျိုးစေ့ တခုလို ကျပြီးတော့ ပေါက်မှန်း မသိ ပေါက်လာတဲ့ အညှောင့် လေးတွေပေါ့။ အဲဒါ လေးတွေက တချိန် ကျလို့ရင် အင်မတန် မှကို လူသားရဲ့ ဘဝမှာ နူးညံ့တဲ့ နှလုံးသားရှင်တွေ ဖြစ်ဖို့ အတွက် စြပီးတော့ အခြေတည် အြမစ် စွဲလိုက် တာပဲလို့ ကျနော်တို့ ဟိုတုန်း ကတော့ ဘယ် သိမလဲ ကုန်ကုန် ပြောမယ်၊ ဆရာ့ ကဗျာ တွေကို အချစ် ကဗျာ တွေက အစ ကြိုက်တယ်။ ဥပမာ မပိုင်ပန်းက ပွင့်လေ၏ ဆိုတဲ့ ကဗျာ မျိုးကအစ စွဲစွဲ လန်းလန်းကို ကြိုက်တာ။ ကျနော်တို့ နားလည်တတ်၊ စဉ်းစားတတ်တဲ့ အရွယ် ရောက်လာမှ ဆရာ တို့ရဲ့ ကျေးဇူး တွေကို နားလည် ကြတာပေါ့။"
ဒီနေရာမှာ စိတ်မကောင်း စရာ တိုက်ဆိုင်မှု တခု ကိုလဲ ကိုမင်းကိုနိုင်က အခုလို ပြန်ပြောင်း ပြောထား ပါသေးတယ်။
"ကျနော် ဆရာ တင်မိုးနဲ့ တယ်လီဖုန်း အဆက်အသွယ် ရလိုက်တယ်။ ဆရာ မဆုံးခင်က ကျနော် ဒုတိယ အြကိမ် အဖမ်း မခံရင် ခင်ကပါ။ ဆရာ့ကို ကျနော်က ပြောတယ် ဆရာ၊ ဆရာတို့ ရွာက ရွာ အသေးလေး ဖြစ်ပေမဲ့ တကယ့် ပုဂ္ဂိုလ်တွေ ထွက်တယ်နော်။ ကျနော် သိတဲ့ ပျားရည် ဘဏ်တိုက် သီချင်းကို စပ်တဲ့ သီချင်းရေး ဆရာလဲ ဆရာ တို့ရဲ့ ကန်မြဲ ရွာကလို့ ကျနော် သိတော့လို့ ပြောတော့ ဆရာက မပြောပါနဲ့ တော့ဗျာ ဆိုပြီး သူ ဝမ်းနည်းတဲ့ အသံနဲ့ ကျနော့်ကို တုန့်ပြန်တယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ကျနော် သိပ်ပြန်ချင်တယ် ဗျာတဲ့ ရွာကို သတိရ တယ်တဲ့။ ကျနော် ရွာမှာ ခေါင်းချ ချင်တယ် ဆိုပြီးတော့ တော်တော် ဝမ်းနည်း ပက်လက် လေသံနဲ့ ကျနော့်ကို ရင်ဖွင့်တယ်။ ကျနော်က ပြောပါတယ်။ ဆရာ စိတ်မလျော့ ပါနဲ့ တကွေ့ မှာတော့ တိုင်းပြည် ပြဿနာ ပြေလည် သွားရင်တော့ ဆရာ ပြန်လို့ ရမှာ ပေါ့လို့။ ဆရာက သက်ပြင်း ချတယ်၊ သက်ပြင်း ချပြီးတော့ မီမယ် မထင်ပါဘူး ဗျာတဲ့၊ ကျနော် သိပါတယ်တဲ့။ အဲဒီလို ပြောတယ်။"
ကိုမင်းကိုနိုင် ပြောခဲ့ သလို ဆရာ တင်မိုး ကတော့ ဇာတိမြေ ကန်မြဲ ရွာကို ဘယ်တော့မှ ပြန်လာ နိုင်မှာ မဟုတ် တော့ပါဘူး။ ရေစြကို မြို့က စာရေး ဆရာ ကြည်မောင်ခင်ရဲ့ ခံစားချက် ကလဲ။
"ဆရာ တင်မိုး အခုလို ကွယ်လွန် သေဆုံးတာ ကြာလိုက် ရတော့၊ မမျှော်လင့်တော့ ဘာပြောရ မှန်းကို မသိရ လောက်အောင် ပါပဲ။ ကျနော့် အနေနဲ့က (၂၀၀၆) စက်တင်ဘာလထုတ် ပန်းနုဝေမှာ ကာလပေါ် ကလေး ကဗျာ စိန်ရတု ဆိုတဲ့ ဆရာ မင်းသုဝဏ်ရဲ့ သပြေသီးကောက် ကဗျာ (၇၅) နှစ်မြောက် အထိမ်းအမှတ် ဆောင်းပါး ရေးခဲ့ ပါတယ်။ အဲဒီမှာ ကျနော် ရေးတဲ့ အထဲမှာ မောင်ချစ်အောင် (ရေစြကို) ဆိုပြီး ဆရာ တင်မိုးကို ကျနော် ရည်ညွန်းပြီး ရေးခဲ့ ပါတယ်။ ကျနော်တို့ မြန်မာ ကဗျာ ကာလပေါ် ကဗျာ လောကမှာ ဆရာကြီး မင်းသုဝဏ်က စွန့်ဦး တီထွင်သူ ဖြစ်သလို ဆရာကြီး ခြေရာကို နင်းကြတဲ့ ကလေး ကဗျာ ရေးသူ ထဲမှာ ဆရာ တင်မိုးဟာ အဓိကရ ရေးသူ ဖြစ်ပါတယ်။ ဆရာ တင်မိုး ကွယ်လွန် တာဟာ ကျနော်တို့ ကဗျာ မြတ်နိုး သူများ သာမက ကလေးများ အတွက်ပါ ကြေကွဲ ဝမ်းနည်းစရာ ကိစ္စရပ် ဖြစ်ပါတယ်။"
အနာဂတ် ကလေးတွေ အတွက်ပါ ဆုံးရှုံးမှု တခုလို့ ဆရာ ကြည်မောင်ခင်က ဆိုခဲ့ပါပြီ။ ဆရာ တင်မိုးဟာ ရေစြကို ကျောင်းထွက် ဖြစ်လို့ ပိုလို့တောင် ခံစား ရပါတယ် လို့လဲ သူက အခုလို ဆက်ရင်ဖွင့် ပါတယ်။
"ဆရာ တင်မိုးက ကျနော်တို့ ရေစြကို အထကမှာ (၆) တန်း ကနေ တက္ကသိုလ် ဝင်တန်း အထိ နေသွားတဲ့သူ ဖြစ်ပါတယ်။ ကျနော်တို့ ရေစြကို အထကမှာ ဂုဏ်ထူး ရှင်များကို အရောင်တင်ဆီ သုတ် သင်ပုန်းကြီးနဲ့ တန်းစီ ရေးထားတဲ့ အထဲမှာ ထိပ်ဆုံးမှာ မောင်ဘဂျမ်း မြန်မာ စာဂုဏ်ထူး ဆိုတာ ကျနော်တို့ အားကျ ပြီးတော့ နံရံကပ် စာစောင်ကို (၈) တန်း ကတည်းက ထုတ်ခဲ့ ပါတယ်။ လက်ကမ်း စာစောင်တွေ ထုတ်ခဲ့ ပါတယ်၊ နေ့စဉ် ချိုးဖြူ သတင်းစဉ် ထုတ်ခဲ့ ပါတယ်။ ဆရာ တင်မိုးဟာ ကျနော် တို့အတွက် စံပြ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ကျနော် သာမက မြန်မာပြည်က ကဗျာ ဆရာ၊ စာရေး ဆရာ တက်လူ အပေါင်း အတွက် ဂုဏ်ဆောင် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ကျနော် ဒီလောက်ပဲ ပြောနိုင် ပါတယ်။"
ဆရာနဲ့ အတူတူ ကဗျာ ရေးဖော် ရေးဖက် လဲဖြစ် ယုံကြည်ချက် ချင်းလဲတူ ရင်ခုန်သံ ခြင်းလဲ တူတဲ့ နိုင်ငံကျော် ကဗျာ ဆရာ ကြည်အောင် ကတော့။
"အဲ ကနေ့ ညနေ ကိုတင်မိုး ကွယ်လွန် အနိစ္စ ရောက်ကြောင်း ကျနော့် ဆီကို လူတယောက်က လာ အကြောင်း ကြားတော့ စိတ်မကောင်း လိုက်တာ။ သူတို့ မိသားစု မြမင့်မြင့်စန်းက အင်းစိန် ထောင်မှာ သေဆုံး ခဲ့ရတယ် ဗျ၊ ကိုတင်မိုး ရဲ့သား ဉာဏ်မိုးက အင်ဒိုနီးရှားမှာ ကွယ်လွန် ရတယ်။ ကိုတင်မိုး ကတော့ အခု အမေရိကားမှာ ကွယ်လွန် ခဲ့ရတယ်ပေါ့၊ အဲ လူတွေဟာ ကိုယ့်သင်္ချိုင်း ရှိရာ သွားကြ ရတာ ပေါ့ဗျာ၊ ဗုဒ္ဓ ဘာသာတွေ ဖြစ်တဲ့ ကျနော်တို့ ခင်ဗျားတို့ အားလုံး ကတော့ တရား သဘောလေး ဆင်ခြင်ပြီး နေနေရ ပေသည့် ဒီတရား က၊ တရား တြခား ပဲဗျ။ လွမ်းတာကြေကွဲတာက လွမ်းတာ ကြေကွဲတာ တြခားပဲ ဆီနဲ့ ရေ မစပ်မိဘူး ပေါ့ဗျာ။ ကိုတင်မိုး ရေးခဲ့တဲ့ ကဗျာလေး လိုပါ ပဲဗျာ၊
'ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ'
ဆိုတဲ့ ကဗျာလေး အတိုင်း ပါပဲ။
ဆေးလိပ် တိုချိန် နေညိုချိန် ကိုယ့်ဌာန ရှိရာ ပြန်ရတာ ပေါ့ဗျာ၊ 'ဧည့်သည်ကြီး' ဆိုတဲ့ ကိုတင်မိုးရဲ့ ကဗျာ လေးကို ကျနော် ဗြုံးကနဲ သတိရမိ ပါရဲ့။ နောက် ကိုတင်မိုးက 'ဆင့်ခေါ်သံ' ဆိုတဲ့ ကဗျာ ကိုလဲပဲ ရေးတယ်၊ အဲဒီ ကဗျာ ထဲက ဘာကို ရေးခဲ့လဲ ဆိုတော့
'ယမမင်းက နေရာခြား
ဘဝတလွှာ ငါ့နေရာဝယ်
ရင်ကာပန်းဆင် အိပ်ယာပြင်၍
ကွက်ဆင်ပျော်နေတော့မယ်' ဆိုတဲ့ ကဗျာလေး ကိုလဲ သတိရ တယ်ဗျ။
ကျနော်တို့ မန္တလေး တက္ကသိုလ် နြေက တုန်းက ကိုတင်မိုးရယ်၊ ကျနော်ရယ်၊ မောင်စွမ်းရည်ရယ်၊ ဒီ သုံးယောက်ဟာ စာပေ သူငယ်ချင်း တွေလဲ ဖြစ်တယ် ပေါ့ဗျာ၊ အတူတူ နြေပီးတော့ စာပေ အလုပ်တွေ၊ စာပေ လှုပ်ရှားမှုတွေ လုပ်ခဲ့ ကြတယ် ပေါ့ဗျာ။ အဲဒီမှာ သူ့ရဲ့ ဖန်မီးအိမ် ကဗျာလေး ထုတ်တယ်။ ကျနော်နဲ့ မောင်စွမ်းရည် တို့က စိတြ ကဗျာ စာအုပ်လေး ထုတ်တယ်။ နောက် ကျနော်က လမင်းတရာ စာအုပ် ထုတ်တယ်၊ မောင်စွမ်းရည်က အနီနဲ့ အြပာ ထုတ်တယ် ပေါ့ဗျာ။ ကျနော်တို့ သူငယ်ချင်း သုံးယောက်၊ ကဗျာ ဆရာ သုံးယောက် မန္တလေး တက္ကသိုလ်မှာ ထုတ်ခဲ့ ကြတဲ့ စာအုပ်လေး တွေပေါ့၊ ကြည်အောင် ကလဲ ကြည်အောင်ဖြစ်၊ မောင်စွမ်းရည် ကလဲ မောင်စွမ်းရည်ဖြစ်၊ မငယ်တော့တဲ့ အရွယ်တွေ၊ ကျနော်တို့ မန္တလေး တက္ကသိုလ်ကြီးဟာ ကျနော်တို့ ဒီ သား သုံးယောက်ကို ကဗျာ ဆရာ သုံးယောက်ကို မွေးထုတ် လိုက်တော့ ဝမ်းရေတော့ စပ်သပေါ့ဗျာ၊ ဒါပေမဲ့ မွေးကျိုး နပ်ပါတယ်။ အဲတော့ ကျနော်တို့ရဲ့ မိခင် မန်းတက္ကသိုလ်၊ မန္တလေး တက္ကသိုလ် ကိုတင်မိုးတို့၊ ကျနော်တို့၊ မောင်စွမ်းရည်တို့ ပညာ ဆည်းပူး ခဲ့ကြတယ်၊ အဲဒီ အချိန်မယ်၊ ကိုတင်မိုးက ကျောက်သား နန်းတော် လှေကားမှာ ဆိုတဲ့ ကဗျာတပုဒ် ရေးဖူး တယ်ဗျ။ ဒီတော့ ကျနော်တို့ သူငယ်ချင်း သုံးယောက် အခုတော့ ကဗျာ သူငယ်ချင်း သုံးယောက် တယောက် လျှော့သွားပြီ၊ ကိုတင်မိုး ရေးခဲ့တဲ့ ကဗျာလေး ကို ဖတ်ရင်း သူ့ကိုပဲ ကျနော် လွမ်းနေ မိတယ်ဗျာ။ ကဗျာရဲ့ နာမည်က 'ကျောက်သား နန်းတော် လှေကားမှာ'
ကျောက်သားနဲ့ဆစ် လှေကားထစ်မှာ
မူးယစ်အဘယ်သူတို့နည်း
ငွေလရောင်ဆင်း လှေကားရင်းမှာ
သီချင်းတသိုက် ငိုတရှိုက်နှင့်
တလှိုက်လှိုက်ပင် အတွေးဆင်ကြ၊
လှေကားထစ်ချင်း ညီတူနင်း၍
အဆင်းအတက် ပြုကြသတည်း၊
သေတဖန်ခွက် ဉာဏ်ရင့်ကျက်မူ
ခွက်ဆင့်လက်ကမ်း သောက်ကြလှမ်းက
ပြန်လဲပြန်ကြွ အာကာသမှာ၊ လှလည်းအောက်ဆင်း မြေမှာနင်း၍
ဖန်ဆင်းရန်လည်း၊ ပိုင်ကုန်၏။
ပျိုရွယ်ကာလ၊ ပျံမြူးကြွ၍
ဘဝသေရည်သောက်လိုသည်။
ကိုတင်မိုးတို့ ကျနော်တို့ မောင်စွမ်းရည်တို့ မန္တလေး တက္ကသိုလ်ရဲ့ ရောမဆန်တဲ့ တိုင်ကြီး တွေအောက် လှေကားထစ်၊ ကျောက်ဆစ် လှေကား ထစ်ပေါ်မှာ ကျနော်တို့ သူငယ်ချင်း သုံးယောက် အသက် အရွယ် တွေလဲ ကြီးကုန်ပြီဗျ၊ အကယ်၍ တွေ့ကြ စတမ်း ဆိုရင် ကိုတင်မိုး ကတော့ မလာ နိုင်တော့ဘူး၊ မပါနိုင် တော့ဘူးပေါ့၊ ကျနော်နဲ့ မောင်စွမ်းရည်ပဲ ရှိရစ် ကြပီ၊ အဲတော့ ကိုတင်မိုး အခုလို ကွယ်လွန်ခြင်းဟာ သူ့မိသားစုနဲ့ ကျနော်တို့ သူငယ်ချင်း တသိုက်ရဲ့ ဆုံးရှုံးမှုတင် မကပါဘူး၊ ကျနော်တို့ ဗမာပြည်ရဲ့ စာပေ လောကြကီး တခုလုံးရဲ့ ဆုံးရှုံး တာပဲလို့ ကျနော် ဝမ်းနည်း တသစွာနဲ့ ပြောချင်တယ်။"
(မိုးမခ ကွန်ရက်စာမျက်နှာမှ) -
လူထုဒေါ်အမာ
ဇန်နဝါရီ၊ ၂၃၊ ၂၀၀၆။
"သူဆုံးတယ် ကြားလိုက်တော့ နှမြောလိုက်တာ သူလိုလူ နှစ်ယောက် မရှိဘူး။ တို့ခေတ်မှာ ဇော်ဂျီ၊ မင်းသုဝဏ် ရှိတယ်။ ကဗျာဆိုတာ တယောက် တမျိုး ကောင်းကြတာပဲ။ အိတယ်၊ ထိတယ်၊ မိတယ်၊ ပိုပြီးတော့ ဗမာ ဆန်တယ်လို့ ခံစား ရတယ်။
အခု အမေက ဘာမှ မရေး နိုင်တော့ဘူး၊ ကြီးပြီး အသုံး မကျတဲ့ လူ (အဖွားကြီး) က သေရမှာ။ (၇၃) နှစ် ရှိတဲ့ မောင်တင်မိုး ဆုံးသွား ရှာသတဲ့၊ သူ့လို မနေလို့ သေရရင် ကိုယ့်နိုင်ငံ မှာပဲ သေစေ့ ချင်တယ်။ နောက်ဆုံး မြင်ရ တွေ့ရ သြင်္ဂိုလ် ရတာပေါ့။
တင်မိုးရေ သွားတော့နော်။ ဘဝတွေ ရှိကြ သေးတယ် ဆိုရင် နောင်ဘဝမှာ ဆုံကြ တွေ့ကြ သေးတာ ပေါ့နော်။"
နိုင်ငံကျော် အဆိုတော် မာမာအေး
၁၊ ၂၃၊ ၂၀၀၆
ဂျပန်စံတော်ချိန် ၁:၂၀။
"ဆရာတင်မိုးသို့"
ပုဝါလေးတစ အသာလေးချဟေ့လို့
ဆရာပြောလေတဲ့ နှမအေးက
မသာတောင် အဝေးတမြေက မချသာဘူး။
ဖူးတွေ့ခိုက် အိမ်အလာမှာ
အြကိုက်အလိုက်
ဆေးရှိုက်လဲအတူတူ
တေးကြူလဲ တတွဲတွဲ တဟဲဟဲနဲ့ ဆရာ့ရယ်သံ
နားဝယ်လျှံခဲ့ မြင်ပြန်အြပုံး
ဒေါင်းရုပ်ဖုံးတဲ့ နှလုံးသား
ဒေါင်းငယ်များချစ်သူ
တင်မိုးဆိုတဲ့၊ ကဗျာလူကြောင့်
အပူကလှိုက်၊ လူကရှိုက်ငင်
မျက်ရည်စင်နှင့်
မြတ်ရှင်ဗုဒ္ဓ
သူ့ဘဝဖြောင့်တန်း
ငြိမ်းချမ်းစိမ့်ငှာ
ဆုချွေတော်မူပါဘုရား။ ။
ဂျင်မီ
- ၈၈ မျိုးဆောင် ကျောင်းသား ခေါင်းဆောင်
"အဲဒီမနက်က သစ္စာတရားတောင် မျက်နှာမကောင်းဘူး 'ကျုပ်ကို ရှာတွေ့သူ တယောက် လျော့သွားပြီ' တဲ့။
ကဗျာ ဆရာကြီး (ဦး) တင်မိုးအား အလေး ပြုပါ၏။"
စာရေးဆရာ မောင်ဝံသ
"ဆရာ တင်မိုးဟာ ရိုးသားတယ် ဆိုတာထက် ပိုပါတယ်။ သူကို ပြောမယ် ဆိုရင် ဖြူစင်တယ်လို့ ပြောရ ပါမယ်။"
စာရေးဆရာ မောင်သာနိုး
"ဆရာ ဂျမ်းဟာ အာဏာ ရှိတဲ့ လူနဲ့ အလိုက်သင့် ပေါင်းပြီး ဘယ်တုန်း ကမှ ကိုယ်ကျိုး စီးပွား ရှာခဲ့တဲ့သူ မဟုတ်ဘူး။ ဒါဟာ ကျနော်တို့ ဗမာပြည်မှာ ရှားပါးတဲ့ အရည်အချင်း တခုပါပဲ။"
(ယနေ့ မြန်မာ သတင်းနှင့် မီဒီယာ (Burma Today) ကွက်ရက် စာမျက်နှာမှ) -
"တစ် ကတော့ဗျာ၊ အစားထိုး မရတဲ့ ဆုံးရှုံးမှု တရပ် ပေါ့ဗျာ။ ဒါကတော့ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တွေ ဆုံးပြီ ဆိုရင် ဒီအတိုင်း ခံစား ကြရ တာပါဘဲ ဗျာ။ ညီအကို မက ရင်းတဲ့ သူငယ်ချင်း တွေဆိုတော့ ကျနော်တို့ ဆုံးရှုံးမှု ပိုကြီး တာပေါ့။ သူကို ပြောချင် တာက သူက ရိုးရိုး ကဗျာ ဆရာကြီး မဟုတ်ဘူး ဗျ။ သူက သိပ် ရိုးသားတယ်၊ ရဲရင့်တယ်၊ ပြတ်သားတယ်၊ တချိန်တည်းမှာ ယဉ်ကျေးတယ်၊ အဲဒီလို ကဗျာ ဆရာကြီး။ သူက ထူးခြား တာက တိုင်းပြည် သိပ်ချစ်တယ် ဗျ။ တိုင်းပြည် အပေါ်မှာ စေတနာ သဒ္ဓါ တရား သိပ်ကြီးတယ်။ သူ့ ကဗျာ အများစုက ဘယ်ပေါ် တည်ပြီး ရေးသလဲ ဆိုတော့ တိုင်းပြည် အပေါ်မှာ သူထားတဲ့ စေတနာ သဒ္ဓါ တရား အုတ်မြစ် ပေါ်မှာ အခြေခံ ပြီးတော့ အများ ကြီး ရေးတယ်ဗျ။
သူက နေ့တိုင်း ကဗျာ ရေးတယ်။ သူက ကျနော် အိမ်မှာလည်း လာနေ ဖူးတယ်။ သူအိမ် မှာလည်း သွားနေ ဖူးတယ်။ သူနဲ့ အတူ ခရီးသွား ဖူးတယ် ဆိုတော့ နေ့တိုင်း စာရေးတယ်၊ စာတွေကို ဖြန့်နေတယ်၊ ဝေနေတယ်၊ ပို့နေတယ်၊ ပေးနေတယ်။ ပေးရင်လည်း စေတနာတွေ အြမဲ ပါတယ်။ အဲဒီလို ကဗျာ ဆရာကြီး။ အင်မတန် အလုပ် လုပ်တဲ့လူ ဗျ။ အဲဒါ ကြောင့်မို့ အစားထိုးလို့ မရဘူး၊ အလွန် နှမြော စရာ ကောင်းတယ်။ ဗမာ ပြည်သူ ပြည်သားတွေ အတွက်ဆို ဆုံးရှုံးရတာ အင်မတန်ကို နစ်နာ တယ်ပေါ့ဗျာ။ နေ့စဉ်မြပတ် အကျိုး ပြုနေတယ်။ မြန်မာပြည် လွတ်မြောက်ရေး အတွက် အလွန် လိုလားတယ်။ ဒါတွေ သူ အများကြီး ပြောခဲ့ ပါတယ်ဗျာ။"
(ဗွီအိုအေ ၂၃ ဇန်နဝါရီ ၂၀၀၇ အသံလွှင့် သတင်းမှ) -
သတင်းစာနှင့် စာရေးဆရာ လူထု စိန်ဝင်း
"အဲဒီ သတင်း ကြားကြားခြင်း တော့ဗျာ၊ စိတ်ထဲမှာ ဘယ်လို ဖြစ်သွားလဲ ဆိုတော့ ဒီ စစ်တုရင် ကစား ကောင်းနေတုန်း မြင်းစီး သူရဲကောင်း အဆုံးရှုံး ခံလိုက် ရတယ်လို့ စိတ်ထဲမှာ ခံစား လိုက်ရတယ်။ ဒါပေမယ့် နောက် ပြန်စဉ်းစား ကြည့်တဲ့ အခါ ကျတော့ ကိုယ့်ဘက် မှာက အြဖူရောင် နယ်ရုပ် တွေက အမဲရောင် နယ်ရုပ် တွေထက် အများကြီး အားကောင်း နေတယ် ဆိုတာ တွေ့ရ တော့မှပဲ နဲနဲ ပါးပါး ဖြေသိမ့်လို့ ရသွားတယ်။ ပွဲသိမ်း ကျလို့ ရှိရင်တော့ အြဖူရောင်က နိုင်မှာပဲ ဆိုတာက စိတ်ချ လက်ချ ယုံကြည်မိ သွားတယ်ပေါ့။"
ဆရာတင်မိုး သမီး မမိုးမိုးနှင်း
"ဆရာ လင်းယုန် မောင်မောင် ဘာသာ ပြန်ခဲ့တဲ့ မာသာ ထရီစာ (Mother Teresa) စာအုပ်ကို အဖေက ဖတ်တယ်။ ဖတ်မဲ့ နေ့တွေ တိုင်းမှာ မိုးနဲ့ ဖုန်းပြော ဖြစ်တော့ သမီးရေ လူဆိုတာ ဘယ်လို စိတ်ဓာတ် ရှိရတာ၊ ဘယ်လို မြင့်မြတ် ရတာ၊ အဖေလည်း အဲဒီလို ပရဟိတ အကျိုး တွေကို ဒီ အမျိုးသမီးက ခရစ်ယာန် အမျိုးသမီး၊ ကက်သလစ် အမျိုးသမီး၊ အယ်လ်ဘေးနီးယန်း (Albanian) ပေါ့လေ၊ ဟို လူသား တွေကို စောင့်ရှောက် တာပေါ့လေ။ အဖေက အမျိုးသားရေး ဆန်တယ် ဆိုပေမယ့်လည်း တော်တော် ပျော့ပြောင်း ပါတယ်။ သူ လုပ်ခဲ့ ရတဲ့ အလုပ်တွေ၊ သူလုပ်တဲ့ ဟာတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ မာသာထရီစာ တို့ ပေါ့နော်၊ ဒေါက်တာ ဆင်သီယာမောင် တို့လိုပေါ့။ အဲဒါတွေကို သူ အရမ်း လေးစားတဲ့ အကြောင်း အဲဒါကို တဖွဖွ ပြောသွားတယ် အမ။"
(၂၃ ၊ ဇန်နဝါရီ ၊ ၂၀၀၇ ညနေပိုင်း ဘီဘီစီ မြန်မာပိုင်း အသံလွှင့် အစီအစဉ်မှ) -
ဆရာ တင်မိုး သမီး မမိုးမိုးနှင်း
"နောက်ဆုံး အနေနဲ့ ကျမ မှတ်မှတ်ရရ ပြောသွားတာ ကတော့ ဆရာ ဦးစောထွန်း ဗမာပြည်က ပြန်လာ တယ်လေ၊ သူပြန် လာတော့ ဟို လူထု ဒေါ်အမာ၊ အမေ ဒေါ်အမာရဲ့ စာကြည့်တိုက် အကြောင်းတွေ၊ အဲဒီမှာ လွတ်လပ်ခွင့် သိပ်မရတဲ့ အကြောင်းတွေ၊ စာကြည့်တိုက်ကို သူ အရမ်း အားပေး ချင်တယ်တဲ့။ အဖေက ငါ အဲဒါ တော်တော် အားတက် တယ်တဲ့။ နောက်ပြီး ဟို ဝင့်ဝင်ွ့ကြွားကြားတွေ၊ လူမှုရေး အကျိုး ဆောင်တယ် ဆိုပြီး ဝင့်ဝင်ွ့ကြွားကြား လုပ်တာတွေ သိပ်မရှိဘူးတဲ့။ တကယ်တမ်း အကျိုး သက်ရောက်မဲ့ စာကြည့်တိုက် လုပ်ငန်း ဆိုတော့ အဲဒါကို ငါတို့ အားပေး ကြရအောင်တဲ့။ အမေ ဒေါ်အမာရဲ့ စာကြည့်တိုက် လုပ်ငန်းကို။ စာကြည့်တိုက် လုပ်ငန်းတွေ စာတွေ များများ ဖတ်နိုင်အောင် စာပေနဲ့ အနုပညာတွေ များများ ဖတ်နိုင်အောင် စာကြည့်တိုက် လုပ်ငန်းလည်း လွတ်လပ်ခွင့် ရအောင်ပေါ့လေ။ သူ နေတဲ့ အမေရိကားက လူတွေ ကိုလည်း အကုန် ဝိုင်းပြီးတော့ အားတက် သရော ဆောင်ရွက် ပေးကြပါလို့ သူ တိုက်တွန်း အုန်းမယ်တဲ့။ အဲလို မျိုးတော့ သူ နောက်ဆုံး ဖြစ်ချင်တဲ့ ဆန္ဒ ကိုတော့ ကျမ အဲလိုပဲ ကြားရ ပါတယ်လေ။"
(ဒီဗွီဘီ ၊ ၂၄ ၊ ဇန်နဝါရီ ၊ ၂၀၀၇ ညပိုင်း အသံလွှင့် သတင်းမှ) -
စာရေး ဆရာ ညီပုလေး
"ဆရာ ဦးတင်မိုးလို ပုဂ္ဂိုလ်ဟာ သူ့မိသားစုနဲ့ အတူ ထပ်တူ ထပ်မျှ ဝမ်းနည်း ပါတယ်လို့ ပြောကြတာ၊ တတိုင်း ပြည်လုံးက ပြောကြရမဲ့ ပုဂ္ဂိုလ်လို့ ထင်တယ်ဗျာ၊ အဲလို ခံစား ရတယ်။
ရုပ်ရှင် မင်းသားကြီး ဦးအောင်လွင်
"မြန်မာပြည် အတွက် တန်ဖိုး ရှိတဲ့ လူတယောက် မြန်မာပြည်မှာ မသေ ရဘူး ဆိုတာ ကျနော်လဲ စိတ် မကောင်းပါဘူး။"
(၂၀၀၆) ခုနှစ် ရွှေအြမူတေ စာပေဆုရှင် ဆရာ ဇော်ခိုင်ဝင်း
"ဆရာ မင်းသုဝဏ် ကွယ်လွန် သွားတယ်၊ ကျနော်တို့ အနီး အနားမှာ ရှိတယ်။ ဥပမာ ဆရာ မြသန်းတင့် ကွယ်လွန် သွားတယ်၊ ကျနော်တို့ အနီး အနားမှာ ရှိတယ်၊ ဆရာ ဇော်ဂျီ ကွယ်လွန် သွားတယ်၊ ကျနော်တို့ အနီး အနားမှာ ရှိတယ်။ ဒါပေမယ့် ဆရာ တင်မိုး ကတော့ ကျနော်တို့ အနီး အနားမှာ မရှိဘဲနဲ့၊ ဆရာ တင်မိုးရဲ့ အသိုင်း အဝိုင်းတွေ ကတော့ ထားပါတော့ အဲဒီမှာ ရှိချင် ရှိလိမ့်မပေါ့။ သို့သော် ကျနော်တို့ ဆရာ တင်မိုးကို ချစ်တဲ့ ပရိတ်သတ်တွေ၊ ဆရာ တင်မိုးကို မြတ်နိုးတဲ့ စာဖတ် သူတွေရဲ့ အဝေး တနေရာမှာ ဆုံးပါး သွားတာတော့၊ ကျနော် ပြော မြပ နိုင်လောက်အောင် ခံစား ရပါတယ်။"
နိုင်ငံကျော် ကာတွန်း ဆရာ အော်ပီကျယ်
"ကျနော်က အမေရိကန်မှာ (၂၀၀၀) နှစ်နဲ့ (၂၀၀၂) မှာ အဲဒီ ပညာ လာသင်တယ်၊ ပညာ လာသင်တော့ အဲဒီ ဆရာ ဦးတင်မိုး ကျနော် နေတဲ့ မြို့မှာ စာပေ ဟောပြောပွဲလေး လာတယ်။ ကျနော် နေတဲ့ တက္ကသိုလ်၊ ကျနော် တက်တဲ့ တက္ကသိုလ် ပတ်ဝန်းကျင်ကို သူ၊ သူက တက္ကသိုလ် လ္ဘက်ရည်ဆိုင် လေးတွေ သိပ်ပြီးတော့ သဘော ကျတယ်လေ၊ အဲတော့ လ္ဘက်ရည် လာလာ သောက်တယ်၊ သူက အဲဒီ မြို့မှာ တလလောက် နေတော့ ကျနော့် ကျောင်းဘက်ကို ခဏခဏ လာပြီး လ္ဘက်ရည် အတူတူ သောက်ကြတယ်။ ဆရာနဲ့ လ္ဘက်ရည် သောက်တဲ့ ရက်ကလေးတွေ တော်တော် သတိရတယ်။ နောက် ကျနော် (၂၀၀၂) ကို ဗမာပြည်ကို ပညာ သင်ပြီးလို့ ပြန်လာမယ် ဆိုတော့လေ ဆရာ ကလေ ကိုအော်ပီကျယ်တဲ့ ခင်ဗျား ပြန်ရင် ကျနော်လဲ လိုက်ချင် လိုက်တာတဲ့ အဲလို ပြောတယ်ဗျ။ ကျနော်နဲ့ လိုက်ချင် လိုက်တာ သူ တကယ်ကို ပြန်ချင် တယ်ဗျ။ အဲ အဲဒါ လေးကို ကျနော် ကတော့ ဆရာ ရယ်လို့ တနေ့တော့ ပြန်ရောက်မှာ ပေါ့လို့ ကျနော်တောင် အဲလို ပြောခဲ့ သေးတယ်။ အဲ အခုတော့ ဆရာ ကတော့ မရောက် တော့ဘူး ပေါ့ဗျာ။"
ဆရာ တင်မိုးရဲ့ တပည့် အရင်း ဖြစ်ခဲ့တဲ့ မန္တလေးမြို့က ဆရာ ဦးထွန်းအောင်ကျော်
"ဟို နည်းနည်းများ လွန်သွား သလား မသိဘူး။ ပြောရမယ် ဆိုရင်တော့ ဆရာ ဇော်ဂျီတို့၊ ဆရာ မင်းသုဝဏ်၊ ပထမဆုံး ကတော့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းပေါ့၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပြီးရင်တော့ ဆရာ ဇော်ဂျီတို့၊ ဆရာ မင်းသုဝဏ် တို့ပေါ့၊ ပြီးရင်တော့ ကျနော် ထင်တယ် ဆရာ တင်မိုးဟာ မေဂျာပို့အက်လို့ ကျနော် ထင်တယ်၊ ဗမာ ကဗျာ လောကရဲ့ ရှေ့ဆောင်ကြီးလို့ ကျနော် မြင်ပါတယ် ခင်ဗျ။"
နိုင်ငံကျော် စာရေး ဆရာမြကီး လူထု ဒေါ်အမာ
"တင်မိုး ဆုံးတာ အမေ သိပ်နှမြောတာ။ ဖြစ်မှ ဖြစ်ရ လေလို့။ လွမ်းတာတော့ မပြော နဲ့တော့၊ ငါ ကြားတာနော် ယိုးဒယားဘက် လာလာ ပြီးတော့ ချောင်းကြည့် တာတဲ့။ အမေ ကတော့ သေချင် သေရင် ငါပဲ သေလိုက် ပါတော့လို့ အောက်မေ့ တာပေါ့ကွယ်။"
စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်
"ကြည်အောင်ရယ် ကိုတင်မိုးရယ် မောင်စွမ်းရည်ရယ် သုံးယောက် တနေကုန် ထိုင်ပြီး 'တမာရိပ်သာ' ဆိုတဲ့ အိမ်လေးတလုံး ငှားထားတာ ရှိတယ်။ အဲဒီမှာ သူငယ်ချင်းတွေ ကိုယ်အိမ်မှာ ရှိပေမဲ့ အဲဒီမှာ ဆုံကြ အိပ်ကြတယ် ပေါ့ဗျာ။ ကျနော်နဲ့ ကိုတင်မိုးက အတူ အိပ်တာပါ။ ကိုကြည်အောင် ကတော့ သူ့အမ အိမ်ရှိတော့ နေ့စဉ် လာတယ်ပေါ့၊ လာတော့ တနေကုန် စကား ပြောကြ ပြီးတော့ ညနေ ပြန်ခါနီးတဲ့ ကျတော့ ကဲ ဆေးလိပ်လဲ တိုလှပြီကွာ နေလဲ ညိုလာပြီ ဆိုတော့၊ ကိုတင်မိုးက ဝုန်းကနဲ ထရပ် ပါတယ်။ နောက်ပြီးတော့ နေအုန်း နေအုန်း ဆိုပြီးတော့ 'ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကို ပြန်ပို့ကြပါလေ' ဆိုပြီးတော့ 'ဧည့်သည်ကြီး' ဆိုပြီးတော့ နာမည် ပေးလိုက်တယ်။ အဲဒါက ကျနော်တို့ သုံးယောက် စလုံးနဲ့ ပတ်သက် နေတာ ပေါ့လေ။ ဒီ ကဗျာက သူ ထောင်ထဲ မှာရော ထောင်ပြင် မှာရော ဂယက် ရိုက်တာကိုးဗျ၊ ကျနော်တို့ သုံးယောက် ကြားထဲမှာ ဖြစ်လာတဲ့ ကဗျာလေးပေါ့။ ဦးဝင်းတင် ကလဲ ဒီကဗျာကို အလွန် အင်မတန် သဘောကျပြီး သဘာပတိ လုပ်တဲ့ စာပေ ဟောပြောပွဲမှာ အဲဒီ အကြောင်းကို ပြောတယ် ပေါ့လေ။ အဲဒါ အဓိပ္ပါယ် အမျိုးမျိုး ရှိပါတယ်တဲ့ ပြန်ချိန် တန်ရင် ပြန်ကြ ရမှာပဲ ဆိုပြီး စစ်အစိုးရကို ရည်စူး ပြီးတော့ ပြန်ပို့ဖို့ ဆိုတာမျိုး ပြောတယ်။ နောက်ပြီး အဝှါကတော့ သူ ကင်ဆာ ဖြစ်နေတဲ့ အချိန်မှာ မင်းသားကြီး ကောလိပ်ဂျင် နေဝင်း ကတော့ သူသေလို့ ရှိရင်ဗျာ၊ အဲဒီ ကဗျာလေးကို ကျနော် အုတ်ဂူမှာ ထိုးချင်တယ်တဲ့။"
(၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုမင်းကိုနိုင် ကတော့ နောင်ဘဝ ဆိုတာ ရှိခဲ့ရင် ဆရာ တင်မိုး တယောက် သူချစ်တဲ့ ပြည်သူ သူချစ်တဲ့ အမိမြေ မှာပဲ အသက် ရာကျော် ရှည်တဲ့ ဘဝနဲ့ နေထိုင် နိုင်ပါ စေလို့ အခုလို ဆုတောင်း သွားခဲ့ ပါတယ်။
"အဲဒီတော့ ကျနော် ကြိုက်တဲ့ ကဗျာ ဆရာ တယောက် ဆုံးရှုံး တာတင် မကဘူး အလင်းရောင် ပေးတဲ့ ကြယ်တပွင့်ကို ဆုံးရှုံး ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် ယုံကြည် တာက ဆရာက ညက ကြယ်တပွင့်လို ကြွေသွားပြီ ဒါပေမဲ့ ကြယ် ဆိုတာ မျိုးက အလင်းနှစ်ပေါင်း ထောင်ချီ ပြီးတော့ အလင်းရောင် ပေးနိုင် အုံးမယ် ဆိုတာ ကျနော် ယုံကြည် ပါတယ်။ နောင် ဖြစ်လေရာ ဘဝ တိုင်းမှာ ဆရာဟာ သူချစ်တဲ့ အမိ ဇာတိမြေ ကနေ ပြီးတော့ ဘယ်လို အကြောင်းကြောင့်၊ ဘယ်လို ဖိအား ကြောင့်မှ မခွဲရ ဘဲနဲ့ ချစ်တဲ့ မြေမှာပဲ သေတဲ့ ဆရာ ဖြစ်ပါစေ၊ အမိ မြေက ပြည်သူ အားလုံးက ချစ်တဲ့ ဆရာ ဘဝနဲ့ သက်တော် ရာကျော် ရှည်တဲ့ ဘဝမျိုးကို နောင် အခါမှာ နေရ ပါစေလို့ ကျနော် ဆုတောင်းတယ်။"
Labels: ကဗျာဆရာ, စာရေးဆရာ, တင်မိုး
ပြည်သူ့ ကဗျာဆရာ ဆရာ တင်မိုး
Reviewed by MP4 YoU
on
May 25, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment