Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 28, 2018

အလြန္ေၾကာက္ဖို႔ေကာင္းတဲ့ႏႈတ္ဝစီကံအက်ဳိး

ရဟႏၲာမႀကီးႏွစ္ပါး ထိုင္ေနတဲ့အခ်ိန္မွာ တစ္ပါးက ေမးတယ္။ အသက္ကလည္း ငယ္တယ္။ အရြယ္လည္းရိွ ေနပါလ်က္နဲ႔ ဘာေၾကာင့္ အိမ္ေထာင္မျပဳဘဲ တရားလာက်င့္ပါသလဲဆိုေတာ့ ရဟႏၲာမေထရ္​မႀကီးက သူ႔ဘဝ ဇာတ္ေၾကာင္းက ိုေျပာျပတယ္။

သူဟာ ဘဝတစ္ခုမွာ အျခားတစ္ေယာက္ကို စိတ္ဆိုးေဒါသထြက္ၿပီး အေမတပ္ ဆဲဆိုခဲ့မိတယ္။ ေနာင္တစ္ခ်ိန္မွာ သူဟာ ကုန္သည္ ေယာက်္ား တစ္ေယာက္နဲ႔ လက္ထပ္ခဲ့တယ္။ ေပါင္းသင္းၿပီး မၾကာခင္မွာဘဲ ေယာက်္ားလုပ္သူ ကုန္ကူးသြားေတာ ့ သေဘာမတူတဲ့ ေယာကၡမေတြက ဒီခေလးကသူတို႔သားနဲ႔ရတာ မဟုတ္ပါဘူးဆိုၿပီးေတာ့ အိမ္ကေန ဆူပူေမာင္းခ်လိုက္တယ္။

ကိုယ္ဝန္ရင့္မာႀကီး ဗိုက္တစ္လံုးနဲ႔ ေယာကၡမအိမ္က ဆင္းခဲ့ရတယ္။ ဇရပ္တစ္ခုေရာက္ေတာ့ ဗိုက္နာၿပီး ခေလးေမြးတယ္။ ခေလးကို ဇရပ္မွာထားၿပီး ေရသြားရွာေနတုန္း ခရီးသြားတစ္ေယာက္က စြန္႔ပစ္ထားတဲ့ ခေလးမွတ္ၿပီး ေကာက္ယူသြားခဲ့တယ္။

ဒီလိုနဲ႔ စိတ္ေလၿပီးေလွ်ာက္သြားေနတုန္း ဓားျပဗိုလ္ႀကီးနဲ႔ေတြ႕ၿပီး ေပါင္းသင္းေနထိုင္ျပန္တယ္။ တစ္ေန႔ ခေလး ပုခက္ထဲကျပဳတ္က်ၿပီး ေခါင္းမွာ ဒဏ္ရာရလို႔. ဓားျပဗိုလ္ႀကီး ႐ိုက္ႏွက္မွာကိုေၾကာက္ၿပီး ခေလးကိုထားၿပီး ထြက္ေျပးသြားခဲ့တယ္။

အဲဒီလိုနဲ႔ တစ္ေယာက္ထဲ ႏွစ္ေပါင္းမ်ားစြာ ေလွ်ာက္သြားေနတုန္း ကုန္သည္ေလး တစ္ေယာက္နဲ႔ေတြ႕ၿပီး အိမ္ေထာင္ျပဳလိုက္ျပန္တယ္။

အဲ့လို ကုန္သည္ေပါက္စေလးနဲ႔ ေပါင္းသင္းေနထိုင္တာ ၾကာလာေတာ့ တစ္ေန႔မွာ ကုန္သည္ေလးက မိန္းကေလး တစ္ေယာက္ကို ေခၚလာၿပီး ႏွစ္ေယာက္ ေပါင္းသင္းေနထိုင္တယ္။

တစ္ေန႔ေတာ့ မယားအႀကီးကမယားအငယ္ေလး ကို သန္းရွာေပးေနတုန္း ေခါင္းက ဒဏ္ရာကို ေတြ႕ေတာ့ သူ႔သမီးေလး ဒဏ္ရာနဲ႔ တူလိုက္တာ ဆိုၿပီး မယားအငယ္ေလးရဲ႕ ဇာတိနဲ႔ အေၾကာင္းစံုကိုေမးေတာ့ သူ ဓားျပဗိုလ္ႀကီးနဲ႔ ရခဲ့တဲ့ သူ႔သမီး ျဖစ္ေနပါေတာ့တယ္။

မၿပီးေသးဘူးေနာ္ …….
ႏႈတ္ဝစီေၾကာက္စရာေကာင္းတယ္ ဆက္ေျပာျပမယ္

အဲေတာ့ သားအမိႏွစ္ေယာက္ ယူႀကံဳးမရျဖစ္ေနၿပီးေတာ့ ကုန္သည္ေလး သူ႔ ေယာက်္ားျပန္လာေတာ့ သူတို႔ ေယာက်္ားကို အေၾကာင္းစံုေျပာျပတယ္။ သူတို႔ေျပာျပ
တာကို နားေထာင္ၿပီးေတာ့ သူတို႔ ေယာက်္ား ကလည္းဝမ္းနည္းစြာ ငိုေႂကြးတာျမင္ေတာ့ သူတို႔ ေယာက်္ားကို မယားႏွစ္ေယာက္ကေမးတယ္။

အ့ဲမွာ ေယာက်္ားျဖစ္သူက သူဟာ ဇရပ္မွာေပ်ာက္သြားတဲ့ ဓားျပဗိုလ္ႀကီးနဲ႔ သူနဲ႔ရခဲ့
ဲတဲ့ သူ႔သားျဖစ္ေနတယ္။ အဲေတာ့ သူတို႔ သံုးေယာက္ကဘာေတာ္ၾကလဲ သိၾကေရာေပါ့။

အဲ့ဒါေၾကာင့္
ရဟႏၲာမေထရ္​မႀကီးက သူ႔ဘဝ ဇာတ္ေၾကာင္းကိုေျပာျပၿပီး ေလာကီမွာမေနဝံ့ေတာ့လို႔ တရားထူးရေအာင္ အားထုတ္ရတာပါလို႔ ေျပာျပခဲ့ပါတယ္။

အဲဒါဟာ သူ မေအနဲ႔တပ္ၿပီးဆဲခဲ့လို႔ သူ ျပန္ေပးဆပ္ရတာပါတဲ့။

ဘယ္ေလာက္ထိေၾကာက္စရာေကာင္းလဲ။

ဒါေၾကာင့္ ဘယ္ေလာက္ဘဲ
ေဒါသထြက္ေနပါေစ သူတစ္ပါးကို မေအနဲ႔ တပ္ၿပီး မဆဲျဖစ္ေအာင္ ဂ႐ုစိုက္ၾကပါလို႔ အသိေပးသတိေပးခ်င္ပါတယ္။

ဘုရားစာရြတ္လို႔ ကုသိုလ္ရတာလည္း ဒီပါးစပ္
ႏႈတ္ဝစီမေစာင့္လို႔ အကုသိုလ္ျဖစ္ေစတာလဲ ဒီပါးစပ္

{ ဒါေၾကာင့္ ဘုရားရွင္က ပါးစပ္ကထြက္လာတဲ့ စကားေတြဟာ အက်ဳိးမခံစားရဘဲ ေပ်ာက္ပ်က္မသြားပါဘူးတဲ့ }

ဒါေၾကာင့္ ပါးစပ္စည္းကမ္းရိွၾကပါ။ ငါ့ပါးစပ္ ငါေျပာခ်င္ရာ ေျပာလို႔ရတယ္ဆိုၿပီး ႏႈတ္ဝစီ မေစာင့္ထိန္းဘဲ ေျပာခ်င္ရာမေျပာၾကပါနဲ႔။ မေအတပ္ၿပီး မဆဲမိၾကပါေစနဲ႔… လို႔
Credit: သက္ထားခင္
# Unicode Version ျဖင့္ ဖတ္ပါ #
ရဟန္တာမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာ တစ်ပါးက မေးတယ်။ အသက်ကလည်း ငယ်တယ်။ အရွယ်လည်းရှိ နေပါလျက်နဲ့ ဘာကြောင့် အိမ်ထောင်မပြုဘဲ တရားလာကျင့်ပါသလဲဆိုတော့ ရဟန္တာမထေရ်မကြီးက သူ့ဘဝ ဇာတ်ကြောင်းက ိုပြောပြတယ်။

သူဟာ ဘဝတစ်ခုမှာ အခြားတစ်ယောက်ကို စိတ်ဆိုးဒေါသထွက်ပြီး အမေတပ် ဆဲဆိုခဲ့မိတယ်။ နောင်တစ်ချိန်မှာ သူဟာ ကုန်သည် ယောကျ်ား တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ပေါင်းသင်းပြီး မကြာခင်မှာဘဲ ယောကျ်ားလုပ်သူ ကုန်ကူးသွားတော့ သဘောမတူတဲ့ ယောက္ခမတွေက ဒီခလေးကသူတို့သားနဲ့ရတာ မဟုတ်ပါဘူးဆိုပြီးတော့ အိမ်ကနေ ဆူပူမောင်းချလိုက်တယ်။

ကိုယ်ဝန်ရင့်မာကြီး ဗိုက်တစ်လုံးနဲ့ ယောက္ခမအိမ်က ဆင်းခဲ့ရတယ်။ ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ခလေးမွေးတယ်။ ခလေးကို ဇရပ်မှာထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်က စွန့်ပစ်ထားတဲ့ ခလေးမှတ်ပြီး ကောက်ယူသွားခဲ့တယ်။

ဒီလိုနဲ့ စိတ်လေပြီးလျှောက်သွားနေတုန်း ဓားပြဗိုလ်ကြီးနဲ့တွေ့ပြီး ပေါင်းသင်းနေထိုင်ပြန်တယ်။ တစ်နေ့ ခလေး ပုခက်ထဲကပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာရလို့. ဓားပြဗိုလ်ကြီး ရိုက်နှက်မှာကိုကြောက်ပြီး ခလေးကိုထားပြီး ထွက်ပြေးသွားခဲ့တယ်။

အဲဒီလိုနဲ့ တစ်ယောက်ထဲ နှစ်ပေါင်းများစွာ လျှောက်သွားနေတုန်း ကုန်သည်လေး တစ်ယောက်နဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။

အဲ့လို ကုန်သည်ပေါက်စလေးနဲ့ ပေါင်းသင်းနေထိုင်တာ ကြာလာတော့ တစ်နေ့မှာ ကုန်သည်လေးက မိန်းကလေး တစ်ယောက်ကို ခေါ်လာပြီး နှစ်ယောက် ပေါင်းသင်းနေထိုင်တယ်။

တစ်နေ့တော့ မယားအကြီးကမယားအငယ်လေး ကို သန်းရှာပေးနေတုန်း ခေါင်းက ဒဏ်ရာကို တွေ့တော့ သူ့သမီးလေး ဒဏ်ရာနဲ့ တူလိုက်တာ ဆိုပြီး မယားအငယ်လေးရဲ့ ဇာတိနဲ့ အကြောင်းစုံကိုမေးတော့ သူ ဓားပြဗိုလ်ကြီးနဲ့ ရခဲ့တဲ့ သူ့သမီး ဖြစ်နေပါတော့တယ်။

မပြီးသေးဘူးနော် …….
နှုတ်ဝစီကြောက်စရာကောင်းတယ် ဆက်ပြောပြမယ်

အဲတော့ သားအမိနှစ်ယောက် ယူကြုံးမရဖြစ်နေပြီးတော့ ကုန်သည်လေး သူ့ ယောကျ်ားပြန်လာတော့ သူတို့ ယောကျ်ားကို အကြောင်းစုံပြောပြတယ်။ သူတို့ပြောပြ
တာကို နားထောင်ပြီးတော့ သူတို့ ယောကျ်ား ကလည်းဝမ်းနည်းစွာ ငိုကြွေးတာမြင်တော့ သူတို့ ယောကျ်ားကို မယားနှစ်ယောက်ကမေးတယ်။

အဲ့မှာ ယောကျ်ားဖြစ်သူက သူဟာ ဇရပ်မှာပျောက်သွားတဲ့ ဓားပြဗိုလ်ကြီးနဲ့ သူနဲ့ရခဲ့
ဲတဲ့ သူ့သားဖြစ်နေတယ်။ အဲတော့ သူတို့ သုံးယောက်ကဘာတော်ကြလဲ သိကြရောပေါ့။

အဲ့ဒါကြောင့်
ရဟန္တာမထေရ်မကြီးက သူ့ဘဝ ဇာတ်ကြောင်းကိုပြောပြပြီး လောကီမှာမနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့ ပြောပြခဲ့ပါတယ်။

အဲဒါဟာ သူ မအေနဲ့တပ်ပြီးဆဲခဲ့လို့ သူ ပြန်ပေးဆပ်ရတာပါတဲ့။

ဘယ်လောက်ထိကြောက်စရာကောင်းလဲ။

ဒါကြောင့် ဘယ်လောက်ဘဲ
ဒေါသထွက်နေပါစေ သူတစ်ပါးကို မအေနဲ့ တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ အသိပေးသတိပေးချင်ပါတယ်။

ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီပါးစပ်
နှုတ်ဝစီမစောင့်လို့ အကုသိုလ်ဖြစ်စေတာလဲ ဒီပါးစပ်

{ ဒါကြောင့် ဘုရားရှင်က ပါးစပ်ကထွက်လာတဲ့ စကားတွေဟာ အကျိုးမခံစားရဘဲ ပျောက်ပျက်မသွားပါဘူးတဲ့ }

ဒါကြောင့် ပါးစပ်စည်းကမ်းရှိကြပါ။ ငါ့ပါးစပ် ငါပြောချင်ရာ ပြောလို့ရတယ်ဆိုပြီး နှုတ်ဝစီ မစောင့်ထိန်းဘဲ ပြောချင်ရာမပြောကြပါနဲ့။ မအေတပ်ပြီး မဆဲမိကြပါစေနဲ့… လို့
Credit: သက်ထားခင်

No comments:

Post a Comment