Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 4, 2018

ဒုတိယအကြိမ် မင်းသမီးခိုင်နှင်းဝေရဲ့ အမျိုးသမီးများဦးဆောင်သော ချို့တဲ့အိမ်ထောင်စု၃စု အလှူ

ဒုတိယအကြိမ် ကျမရဲ့ အမျိုးသမီးများဦးဆောင်သော ချို့တဲ့အိမ်ထောင်စု၃စု အလှူပါရှင်...
********
(၁) ဒေါ်ညို--သမီးတစ်ယောက်ရှိပြီး သမီးဖြစ်သူမှာ သားသမီး ၃ ဦးရှိ၍ ဗိုက်ထဲတွင်လဲ ကိုယ်ဝန် လွယ်ထားရပြီးယောင်္ကျားမှစွန့်ပစ်သွားသောကြောင့် အလုပ်လုပ်ကိုင်ရန်အရင်းအနှီးမရှိ, အကြော်ကြော်ရောင်းချင်သည်ဆိုသဖြင့် အကြော်ကြော်ရောင်းရန်လိုအပ်သောပစ္စည်းများ,အိမ်သုံးပစ္စည်းများ,စားသောက်ကုန်များနဲ့အကြော်ရောင်းရန်တွန်းလှည်း,လိုရာသုံးရန်ငွေ ၁၀၀,၀၀၀ တို့ကိုလှူဒါန်းခဲ့ပါတယ်...
(၂) ကလေး၃ယောက်နဲ့ ယောက်ကျားဆုံးသွားပြီး အကြီးဆုံးသမီးလေးနဲ့အတူ အမှိုက်လှည်းတွန်းပြီးဝမ်းစာအတွက်ရုန်းကန်နေရတဲ့မတင်မိုးခိုင် မိသားစုကို သူတို့လုပ်ချင်တယ်ဆိုတဲ့ ဆပ်ပြာဆီဖော်စပ်ရောင်းချဖို့အတွက်လိုအပ်ပစ္စည်းအားလုံးနဲ့အတူအိမ်သုံးပစ္စည်း,စားသောက်ကုန်များ,လိုရာသုံးရန် ငွေ ၁၀၀,၀၀၀တို့ကိုလှူဒါန်းခဲ့ပါတယ်...
(၃) သက်ကြီးရွယ်အို မိဘ၂ပါးနဲ့ မျက်စိတစ်ဘက်မရှိသော သားကလေးနဲ့သမီးငယ်ကို အဝတ်လျှော်ပြီး ခက်ခဲစွာရှာဖွေကျွေးမွေးနေရသူက မွေးရာပါစကားမပြောနိုင်သူ မရွှေအဖြစ်ပါတယ်... သူတို့မိသားစုကိုတော့ အိမ်ရှေ့မှာဈေးဆိုင်လေးတည်နိုင် ဆန်,ဆီ,မီးသွေးနဲ့ အိမ်သုံးပစ္စည်းများ,စားသောက်ကုန်များနဲ့ လိုရာသုံနိုင်ရန် အလှူငွေ ၁၀၀,၀၀၀ တို့ကိုလှူဒါန်းပေးခဲ့ပါတယ်...
ဓာတ်ပုံတွေများပေမယ့် သူတို့ဘဝလေးတွေအကြောင်းပုံစာလေးတွေရေးထားတာမို့၁ပုံချင်းစီကြည့်ပေးကြပါနော်...
ပါဝင်ပံ့ပိုးလှူဒါန်းပေးကြပါသောအလှူရှင်များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်...
ခိုင်နှင်းဝေပရဟိတအသင်း

No comments:

Post a Comment