Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 19, 2018

သူ့နာမည် သက်လင်း


ပါဂျောင်က စိတ်ကူးကြံရာရ နှိပ်စက်ခန်းများ ကို ပြောရင် သန်းဇော် (တစ္ဆေကြီး) ကို ပြေးမြင်ကြ တာပါပဲ

တကယ်က သူက အိုင်ရုံး ( ကျောင်းသား တပ်တွင်း ထောက်လှမ်းရေး ရုံး တဲ့) ရုပ်ပြ တာဝန်ခံ နယ်ရုပ် လေး တရုပ်ပါ သူ့ကို မန်းလေးသားမို့ မျက်နှာဖုံး တင်ထားတာပါ

တကယ့် လုပ်ပိုင်ခွင့်နဲ့ ဒီဇာတ်သရုပ်ကို ဖော်သူတွေ က ဇော်ဇော်မင်း (နမ္မား) ကျော်ထင်ဦး (မိုးညှင်း) နဲ့ အောင်စိုးမြင့် (မိုးညှင်း) တို့ပါ

နောက် လက်စွမ်းပြ နှိပ်စက်ခန်းမှာ ပါသူတွေ က တော့ သက်လင်း (ယခုပုံ ) မောင်ငယ် ဖိုးနှောင်း နိုင်စော နဲ့ မောင်ထွေး တို့ ဖြစ်ပါတယ်

သူတို့ဟာ ၇ တန်းကျောင်းသားတွေ ဖြစ်ပြီး အဲဒီ အထဲက မောင်ငယ် က ၆ တန်း ပါ ဗန်းမော်က လာ တဲ့ ၁၃ ယောက် အုပ်စုပေါ့ သူတို့ ကျွန်တော် တာဝန် ယူရာ AB ဗန်းမော်ခရိုင် ပတာလင် စခန်း ကို ရောက် လာပါတယ် သိပ်ငယ်လွန်းလို့ ချော့မော့ ပြန်ခိုင်းရာ တချို့ပြန်ပေမဲ့ သူတို့ ကျန်ခဲ့ပါတယ် ဒါနဲ့ အန္တရာယ် မဖြစ်အောင် ဗဟို (ပါဂျောင်) ကို ပို့ခဲ့ရပါတယ်

တကယ့် လက်တွေ့မှာ သူတို့ဟာ မျိုးဝင်း သံချောင်း ရဲ့ လက်သပ်မွေးခြင်းကို ခံလိုက်ရပြီ ကျောင်းသား တပ်မှာ ဖမ်းဆီး နှိပ်စက်မှုတွေ လုပ်တော့ သူတို့ကို ပုရွက်ဆိပ် တပ်ကြီးဆို ပွဲထုတ်ပါတယ်

" ဟေ့ကောင် ထွန်းအောင်ကျော် မင်းကိုမင်း ဥက္ကဋ္ဌ ပြန်ဖြစ်ဦးမယ် ထင်နေလား မင်းကို ငါတို့ မေးစရာ မလိုဘူး ပရွက်ဆိပ်တပ်ကြီးက မင်းဘာဆိုတာ ဖြစ် စေမယ် " ဆိုတာမျိုး ပေါ့

သူတို့ အားလုံးက M 21 သေနတ် တပြန်စာပဲ ရှိ တဲ့ ကလေးတွေပါ ဒီဖြစ်စဉ်မှာ ကိုယ့် ဦးတည် ရာ ရည် မှန်းချက် မပျက်ရအောင် ခေါင်းခံ ဖြေရှင်းသူ အဖမ်း ခံ အားလုံး သူတို့အတွက် ကစားစရာ တွေပေါ့

နှိပ်စက် လက်လွန်တွေ ရှိခဲ့ပါတယ် ဒီအထဲမှာ နှိပ်စက်မှုမှာ အပျော်ဆုံးက

အခုပုံပါ အဘ လွတ်ပြီဆို ပျော်တဲ့သူ

သူ့နာမည် သက်လင်း တဲ့
Kyaw Gyi AB



No comments:

Post a Comment