လူကိုညွင္းဆဲတာထက္ စိတ္ကိုညွင္းဆဲတာက ပိုမိုရက္စက္သည္။ဆရာက ေပးရတာကို အင္မတန္ေပ်ာ္သူပါ။မေပးရရင္ အင္မတန္စိတ္ဆင္းရဲပါတယ္။သူဒါကိုသိေတာ့ ၀န္ထန္းေတြကို ဆရာကစားစရာ ေတြေက်ြးရင္ေအာ္ဟစ္ရန္ေတြ ့ တားျမစ္တတ္ပါတယ္။
ပိုေနတဲ့ မုန္ ့ကိုေက်ြးရင္ေတာင္ ေက်ြးခြင့္မျပဳပါဘူး။တရားနည္းလမ္းမက်တဲ့အႏိုင္က်င့္မႈမို ့နားမေထာင္ပါဘူး။ရိွရင္ေက်ြးတာပဲ ဆရာ့ကိုတားမရေတာ့ ၀န္ထမ္းအားလံုးကို ဆရာေကြ်းတာစားရင္ အလုပ္ကထုတ္မယ္လို ့အမိန္ ့ထုတ္ပါတယ္။အဲ့အခ်ိန္ကစျပီး ၀န္ထမ္းအားလံုးဟာ ဆရာေကြ်းတာကို မစားရဲေတာ့ပါဘူး။
ဆရာစာအုပ္ေတြက ဆရာ့လက္ထဲမွာ ရိွမွ အမ်ားအတြက္တကယ္ အက်ိဳးရိွမွာပါ၊မိသားစုလည္းပါပါတယ္။သူ ့လက္ထဲမွာရိွရင္သူ ့အတြက္မွတစ္ပါး ဘယ္သူ ့အတြက္မွ အက်ိဳးမရိွႏိုင္ပါဘူး။ဆရာကတရားမေဟာေတာ့တဲ့အတြက္ စာအုပ္ေရးသားထုတ္ေ၀ရမွ ပရဟိတကို ဆက္လုပ္ႏိုင္မွာပါ။
ဆရာ၀တၳဳတုိေပါင္းခ်ဴပ္၂အုပ္က၂၀၁၆ကတည္းကေရးျပီးေနတာပါ။အသာခံျခင္းနဲ့ အနာခံျခင္း၂တြဲက၂၀၁၇ကတည္းက ေရးျပီးေနတာပါ။ကေလာင္ကို သတ္ပစ္ျခင္တဲ့ ရည္ရြယ္ခ်က္ေၾကာင့္လို ့ထင္တယ္။ထုတ္မေပးဘဲ အခ်ိန္ဆြဲေနတာ လ၂၀ၾကာပါတယ္။
သူမအားလို ့ထုတ္မေပးႏိုင္ဘလူးလို ့ျငင္းပါတယ္။ဆရာကိုယ္တိုင္စီစဥ္မယ္ဆိုေတာ့လည္းခြင့္မျပဳပါဘူး။ဒီသၾကၤန္တရားစခန္းမွာ အမွီထုတ္ေပးဖို ့ေတာင္းပန္တာလည္း မရပါဘူး။ဒါေၾကာင့္ရဲဒင္းနဲ့ ဗီရိုနဲ့ကားမွန္ေတြကို ခြဲခဲ့တာ အမွန္ပါ။ဘယ္ေလာက္ခံစားရတယ္ဆိုတာ သိေစျခင္လို ့လုပ္တာပါ။
စာအုပ္ထုတ္ေပးဖို ့ေတာင္းပန္တာ ၂ႏွစ္နီးပါးၾကာပါတယ္။ဒါေပမယ့္သူက ရဲကိုသူ ့ကို အသက္အႏၱရာယ္ျပဳေနပါတယ္လို ့ဖုန္းဆက္ေခၚတယ္။သူစိမ္းတစ္ေယာက္က ေႏွာကပ္ယွက္ရန္ရွာတဲ့ပံုမ်ိဳးနဲ့ေခၚတာမို ့ရဲေတြ ကားနဲ ့ေရာက္လာတယ္။
ဒီေရာက္ေတာ့ လင္မယားခ်င္းျဖစ္တာသိသြားေတာ့ ဖမ္းမရတာေၾကာင့္ျပန္ဖို ့လုပ္ၾကေတာ့ သူကမဖမ္းရမလားဆိုျပီးရဲေတြကို ရစ္ေနတာ ၂နာရီေလာက္ၾကာပါတယ္။
ေနာက္ဆံုးရဲေတြကို အားနာတာနဲ ့ရဲစခန္းကို လုိက္သြားလိုက္ပါတယ္။ကိုယ္ဘယ္ေလာက္ခံစားရလဲဆိုတာ သူသိသြားျပီျဖစ္တဲ့အတြက္ အခ်ဳပ္ထဲထည့္လည္းေနလိုက္မယ္လို ့ဆံုးျဖတ္လိုက္ပါတယ္။
စခန္းေရာက္ေတာ့လည္း အခ်ဳပ္ထဲကို ဇြတ္ထည့္ခိုင္းပါတယ္။ရဲကထည့္လို ့မရေၾကာင္းေျပာတဲ့အခါ ရဲကိုရစ္ေနတာ ၄နာရီေလာက္ၾကာပါတယ္။ရဲေတြကို သနားတာနဲ့ ရဲေတြ အၾကံေပးခ်က္အတိုင္းရံုးထဲမွာအိပ္ဖို ့ေခါင္းျငိမ္ ့လိုက္ပါတယ္။
သူကအိမ္ကို ျပန္မလာေစခ်င္ေတာ့တာပါ။သူျပန္လာတဲ့အခ်ိန္မွာ ည၁၂နာရီေက်ာ္ေနပါျပီ။၁နာရီေလာက္ၾကေတာ့ ရဲက အိမ္ျပန္အိပ္လိုက္ပါ။လင္မယားခ်င္းစိတ္ဆိုးလည္း ခဏပါလို ့ေျပာတာနဲ ့ဆရာ့မွာပိုက္ဆံလည္းမကိုင္ရေတာ့ စခန္းကေနအိမ္ကို လမ္းေလွ်ာက္ျပန္ရပါတယ္။
အိမ္ေရွ ့ေရာက္ေတာ့ လသာေဆာင္မွာအိပ္တဲ့ေမာင္စိုးသိန္းကို လွမ္းႏိွဳးျပီးျခံတံခါးဖြင့္ေပးဖို ့ေျပာေတာ့သူ ့ကိုသြားေျပာျပီး လာသတင္းေပးပါတယ္။ျခံတံခါးဖြင့္မေပးရဘူးတဲ့။ဒါ့ေၾကာင့္ျခံေရွ ့လမ္းေပၚစၾကၤံေလွ်ာက္ျပီးေမတၱာပြားေနတာ မနက္၅နာရီထိုးသြားပါတယ္။ညာလက္မွာလည္း သူတုတ္နဲ ့ရိုက္လိုက္လို ့တေတာင္ဆစ္အတြင္းပိုင္းမွာ အသားနည္းနည္းစုတ္သြားလို ့ေသြးေတြ ထြက္ေနတုန္းပါ။ေဆးလည္းထည့္ခ်ိန္မရပါဘူး။
ဆရာကည ပစၥည္းပဲရိုကခဲြတာ သူက လူကိုရိုက္ခြဲတာပါ။တစ္ကယ္ဆိုရင္ သူက အျပစ္ပိုၾကီးပါတယ္။၅နာရီေက်ာ္မွ ကားငွားျပီး ေမွာဘီရိပ္သာကို ထြက္ခဲ ့တာ မေန ့ကအထိပါပဲ။
၃လပိုင္း၂၁ရက္ေန ့ညက ျဖစ္ခဲ့တာပါ။ကားခေတာင္ရိပ္သာေရာက္မွ အစ္မၾကီးဆီက ေတာင္းေပးရတာပါ။
ဆရာ ့မွတ္ပံုတင္ေရာ ဖုန္းေရာ သိမ္းထားတာ ခုထိျပန္မေပးေသးပါဘူး။ဒီအေကာင့္ကို စလုပ္တဲ့ဆရာေတာ္ကလုပ္ေပးလို ့ခုမွတျခားဖုန္းနဲ့ဂိြ်ဳင္းျပီး စတင္ႏိုင္တာပါ။
ဒီအေၾကာင္းေတြကို စာအုပ္တစ္အုပ္သီးသန္ ့ေရးပါ ့မယ္။စာေရးဆရာညာဥ္ေၾကာင့္ဘယ္ေလာက္ဒုကၡေရာက္ေရာက္ ကုန္ၾကမ္းရတယ္သေဘာထားတတ္လို ့စိတ္အၾကာၾကီး မဆင္းရဲတတ္ပါဘူး
စိတ္ခ်မ္းသာ ကိုယ္က်န္းမာပါေစ။
ေမတၱာရွင္ ေရႊျပည္သာ။
ဆက္စပ္သတင္း
- ဇနီးျဖစ္သူနဲ႔ တရားဝင္ ကြာရွင္းလိုက္တဲ့ ေမတၲာရွင္(ေ႐ႊျပည္သာ) ကေန လူဝတ္လဲသြားေသာ ဦးစိုးျမင့့္
- ဘုန္းၾကီးမယား
- ေမတၱာရွင္(ေရႊျပည္သာ)အမ်ားၾကီးေျပာင္းလဲသြားျပီ
#Unicode Version#
လူကိုညှင်းဆဲတာထက် စိတ်ကိုညှင်းဆဲတာက ပိုမိုရက်စက်သည်။ဆရာက ပေးရတာကို အင်မတန်ပျော်သူပါ။မပေးရရင် အင်မတန်စိတ်ဆင်းရဲပါတယ်။သူဒါကိုသိတော့ ဝန်ထန်းတွေကို ဆရာကစားစရာ တွေကျွေးရင်အော်ဟစ်ရန်တွေ့ တားမြစ်တတ်ပါတယ်။
ပိုနေတဲ့ မုန့်ကိုကျွေးရင်တောင် ကျွေးခွင့်မပြုပါဘူး။တရားနည်းလမ်းမကျတဲ့အနိုင်ကျင့်မှုမို့နားမထောင်ပါဘူး။ရှိရင်ကျွေးတာပဲ ဆရာ့ကိုတားမရတော့ ဝန်ထမ်းအားလုံးကို ဆရာကျွေးတာစားရင် အလုပ်ကထုတ်မယ်လို့အမိန့်ထုတ်ပါတယ်။အဲ့အချိန်ကစပြီး ဝန်ထမ်းအားလုံးဟာ ဆရာကျွေးတာကို မစားရဲတော့ပါဘူး။
ဆရာစာအုပ်တွေက ဆရာ့လက်ထဲမှာ ရှိမှ အများအတွက်တကယ် အကျိုးရှိမှာပါ၊မိသားစုလည်းပါပါတယ်။သူ့လက်ထဲမှာရှိရင်သူ့အတွက်မှတစ်ပါး ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ပါဘူး။ဆရာကတရားမဟောတော့တဲ့အတွက် စာအုပ်ရေးသားထုတ်ဝေရမှ ပရဟိတကို ဆက်လုပ်နိုင်မှာပါ။
ဆရာဝတ္ထုတိုပေါင်းချူပ်၂အုပ်က၂၀၁၆ကတည်းကရေးပြီးနေတာပါ။အသာခံခြင်းနဲ့ အနာခံခြင်း၂တွဲက၂၀၁၇ကတည်းက ရေးပြီးနေတာပါ။ကလောင်ကို သတ်ပစ်ခြင်တဲ့ ရည်ရွယ်ချက်ကြောင့်လို့ထင်တယ်။ထုတ်မပေးဘဲ အချိန်ဆွဲနေတာ လ၂၀ကြာပါတယ်။
သူမအားလို့ထုတ်မပေးနိုင်ဘလူးလို့ငြင်းပါတယ်။ဆရာကိုယ်တိုင်စီစဉ်မယ်ဆိုတော့လည်းခွင့်မပြုပါဘူး။ဒီသင်္ကြန်တရားစခန်းမှာ အမှီထုတ်ပေးဖို့တောင်းပန်တာလည်း မရပါဘူး။ဒါကြောင့်ရဲဒင်းနဲ့ ဗီရိုနဲ့ကားမှန်တွေကို ခွဲခဲ့တာ အမှန်ပါ။ဘယ်လောက်ခံစားရတယ်ဆိုတာ သိစေခြင်လို့လုပ်တာပါ။
စာအုပ်ထုတ်ပေးဖို့တောင်းပန်တာ ၂နှစ်နီးပါးကြာပါတယ်။ဒါပေမယ့်သူက ရဲကိုသူ့ကို အသက်အန္တရာယ်ပြုနေပါတယ်လို့ဖုန်းဆက်ခေါ်တယ်။သူစိမ်းတစ်ယောက်က နှောကပ်ယှက်ရန်ရှာတဲ့ပုံမျိုးနဲ့ခေါ်တာမို့ရဲတွေ ကားနဲ့ရောက်လာတယ်။
ဒီရောက်တော့ လင်မယားချင်းဖြစ်တာသိသွားတော့ ဖမ်းမရတာကြောင့်ပြန်ဖို့လုပ်ကြတော့ သူကမဖမ်းရမလားဆိုပြီးရဲတွေကို ရစ်နေတာ ၂နာရီလောက်ကြာပါတယ်။
နောက်ဆုံးရဲတွေကို အားနာတာနဲ့ရဲစခန်းကို လိုက်သွားလိုက်ပါတယ်။ကိုယ်ဘယ်လောက်ခံစားရလဲဆိုတာ သူသိသွားပြီဖြစ်တဲ့အတွက် အချုပ်ထဲထည့်လည်းနေလိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။
စခန်းရောက်တော့လည်း အချုပ်ထဲကို ဇွတ်ထည့်ခိုင်းပါတယ်။ရဲကထည့်လို့မရကြောင်းပြောတဲ့အခါ ရဲကိုရစ်နေတာ ၄နာရီလောက်ကြာပါတယ်။ရဲတွေကို သနားတာနဲ့ ရဲတွေ အကြံပေးချက်အတိုင်းရုံးထဲမှာအိပ်ဖို့ခေါင်းငြိမ့်လိုက်ပါတယ်။
သူကအိမ်ကို ပြန်မလာစေချင်တော့တာပါ။သူပြန်လာတဲ့အချိန်မှာ ည၁၂နာရီကျော်နေပါပြီ။၁နာရီလောက်ကြတော့ ရဲက အိမ်ပြန်အိပ်လိုက်ပါ။လင်မယားချင်းစိတ်ဆိုးလည်း ခဏပါလို့ပြောတာနဲ့ဆရာ့မှာပိုက်ဆံလည်းမကိုင်ရတော့ စခန်းကနေအိမ်ကို လမ်းလျှောက်ပြန်ရပါတယ်။
အိမ်ရှေ့ရောက်တော့ လသာဆောင်မှာအိပ်တဲ့မောင်စိုးသိန်းကို လှမ်းနှိုးပြီးခြံတံခါးဖွင့်ပေးဖို့ပြောတော့သူ့ကိုသွားပြောပြီး လာသတင်းပေးပါတယ်။ခြံတံခါးဖွင့်မပေးရဘူးတဲ့။ဒါ့ကြောင့်ခြံရှေ့လမ်းပေါ်စင်္ကြံလျှောက်ပြီးမေတ္တာပွားနေတာ မနက်၅နာရီထိုးသွားပါတယ်။ညာလက်မှာလည်း သူတုတ်နဲ့ရိုက်လိုက်လို့တတောင်ဆစ်အတွင်းပိုင်းမှာ အသားနည်းနည်းစုတ်သွားလို့သွေးတွေ ထွက်နေတုန်းပါ။ဆေးလည်းထည့်ချိန်မရပါဘူး။
ဆရာကည ပစ္စည်းပဲရိုကခွဲတာ သူက လူကိုရိုက်ခွဲတာပါ။တစ်ကယ်ဆိုရင် သူက အပြစ်ပိုကြီးပါတယ်။၅နာရီကျော်မှ ကားငှားပြီး မှောဘီရိပ်သာကို ထွက်ခဲ့တာ မနေ့ကအထိပါပဲ။
၃လပိုင်း၂၁ရက်နေ့ညက ဖြစ်ခဲ့တာပါ။ကားခတောင်ရိပ်သာရောက်မှ အစ်မကြီးဆီက တောင်းပေးရတာပါ။
ဆရာ့မှတ်ပုံတင်ရော ဖုန်းရော သိမ်းထားတာ ခုထိပြန်မပေးသေးပါဘူး။ဒီအကောင့်ကို စလုပ်တဲ့ဆရာတော်ကလုပ်ပေးလို့ခုမှတခြားဖုန်းနဲ့ဂိျွုင်းပြီး စတင်နိုင်တာပါ။
ဒီအကြောင်းတွေကို စာအုပ်တစ်အုပ်သီးသန့်ရေးပါ့မယ်။စာရေးဆရာညာဉ်ကြောင့်ဘယ်လောက်ဒုက္ခရောက်ရောက် ကုန်ကြမ်းရတယ်သဘောထားတတ်လို့စိတ်အကြာကြီး မဆင်းရဲတတ်ပါဘူး
စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။
မေတ္တာရှင် ရွှေပြည်သာ။
Credit: hlataw
No comments:
Post a Comment