Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 21, 2018

ဒုရဲမှုးမိုးရန်နိုင်


 မြန်မာပြည်အညာဘက်က မိသားစုကြီးတစ်ခုအကြောင်း ပြောပြမယ်။ အဲဒီမိသားစုက အင်္ဂလိပ်ခေတ်ကထဲက ပုလိပ်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုလာတာ ဒီဘက်ခေတ် ရဲဆိုပြီး ဖြစိတဲ့အချိန်အထိ သူတို့ မျိုးဆက်တွေက ရဲသားကြီးတွေအဖြစ် အမှုတော် ထမ်းနေကြတုန်းဘဲပေါ့။

အဲဒီထဲက ဦးအုန်းဆိုတဲ့ လူကြီးဆိုရင် အင်္ဂလိပ်ခေတ်ထဲက အင်စပက်တော်မင်းလုပ်ခဲ့တာ။ ဘယ်လောက်အထိ ရိုးဂုဏ်နဲ့ ကျော်စောသလဲဆိုတော့ ဦးနု ဝန်ကြီးချုပ်ဘဝနဲ့ ရွှေဘိုဘက်ကိုလာတဲ့အခါ သူ့အိမ်ကို တကူးတက ဝင်တောင် ကန်တော့ရတယ်ဆိုဘဲလား။

အဲဒီအမျိုးတွေက ယောင်္ကျားလေးတော်တော်များများ ပုလိပ်အမှု ရဲအမှုထမ်းကြပါတယ်။ ပုလိပ်အမှု ရဲအမှုထမ်းပြီးလို့ အငြိမ်းစားယူပြီးတဲ့ အခါကြတော့လည်း ဒီလောကကို စိတ်မကုန်သေးဘဲ ဌာနာအုပ်ဘဝ ရဲအုပ်ဘဝက အတွေ့အကြုံတွေကို ဖြစ်ရပ်မှန်စာပေတွေရေးပြီး စာရေးဆရာတွေအဖြစ် အသက်မွေးကြပြန်တယ်တဲ့ဗျ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်လောက်က ခင်ဦးဘက်မှာ မူလတန်းကျောင်းအုပ်လေးတစ်ယောက် ရှိပါတယ်။ ကျောင်းဆရာဆိုတဲ့အတိုင်း အနေတော့ ရိုးပါတယ်။ ဒါပေမဲ့ မဟုတ်ရင် မခံတတ်တဲ့စိတ်ဓါတ်ရှိလေတော့ ရပ်ရွာက အားကိုးကြသလို တော်တန်ရုံလူတွေကလည်း ရှိန်ကြတဲ့အနေအထားပေါ့ဗျာ။

တစ်ခါသားတော့ ခင်ဦးမြို့လယ်ခေါင်မှာ နာရီစင်ကြီးဆောက်ဖို့ဆိုပြီး မြို့နယ်လုံးကျွတ်ငွေတွေကောက်ပြီးဖြစ်မလာလို့ ဆိုပြီး ကလောင်စွမ်းထက်ထက်နဲ့ ဆောင်းပါးရေးထဲ့လိုက်တာ မြို့က တာဝန်ရှိတဲ့လူတွေနဲ့ညှိကြတယ်လေ။ သူရေးလို့ တာဝန်ရှိသူတွေက ပြသနာသာရှာကြတာ အဲဒီနာရီစင်ကိစ္စက ခင်ဦးမှာ အခုထိကို ဖြစ်မလာတော့တာ ခင်ဦးသားတွေ အသိဆုံးရယ်ပေါ့ဗျာ။

ဒါနဲ့ အဲဒီနောက်တော့ ရဲတပ်ဖွဲ့က ဒုရဲအုပ်တွေခေါ်တော့ပါပြီးရဲထဲရောက်သွားလေရဲ့။ ရဲသိပ္ပံက ဆင်းဆင်းခြင်း ကရင်ပြည်နယ် ဇာသပြင်ဘက်မှာ တာဝန်ကျတယ်ဗျ။

အဲဒီဇာသပြင်မှာ တာဝန်ကျတုန်း ဘုရားအုတ်တံတိုင်းကို ကလားတစ်ကောင်က သေးပန်းသတဲ့။ ဒါနဲ့ အဲဒီကလားကိုသူက သေနတ်နဲ့ လိုက်ပြစ်တယ်ဗျ။ ဟိုကောင် အပြေးမြန်လို့ သက်သာသွားတာပေါ့။ နောက်တော့ ပြသနာဆက်ဖြစ်မှာစိုးလို့ လူကြီးတွေကသူ့ကို လှိုင်းဘွဲ့ဘက်ကို ပြောင်းပြစ်လိုက်တယ်။

အဲဒီကပြီးတော့ စစ်ကိုင်းတိုင်း ကန့်ဘလူဘက်ကို မြေမွန်ရဲကင်းမှူးဒုရဲအုပ်နဲ့တာဝန်ကျပါတယ်။သူလည်းရောက်ပြီး မကြာဘူး အဲဒီနားက ကျေးရွာဥက္ကဌတစ်ယောက် အသတ်ခံရတယ်ဗျ။

ဒါနဲ့ တောထဲတောင်ထဲမှာ သတ်သွားတဲ့လူဆိုးကို (၇)ရက်လောက် ခဲရာခဲဆစ် လိုက်ဖမ်းပြီး ဇီးကုန်းရဲစခန်းအချုပ်ထဲကို ပို့ခဲ့တယ်။ အဲဒီနောက် ဇီးကုန်းက ပုလိပ်တွေက တရားခံကိုစစ်တော့ တရားခံက ဖြောင့်ချက်မပေးဘူး။

ဒီတော့ တရားခံက သူ့ကို ခက်ခက်ခဲခဲဖမ်းခဲ့တဲ့ ဗိုလ်လေးဆီမှာဘဲ ဖြောင့်ချက်ပေးမယ်ဆိုလို့ သူက ဇီးကုန်းရဲစခန်းကိုပြန်တက်လာပြီး တရားခံဆီကနေ ဖြောင့်ချက်ယူပေးရတဲ့အထိ တရားခံလူဆိုးကအစ သူ့ကိုလေးစားရတာပါ။

အဲဒီမှတဆင့် ကိုးထောင်ဘို့ဘက်ကို ရဲကင်းမှူးနဲ့ပြောင်းရတယ်။ အဲဒီမှာလဲ တရားမဝင်ဆင်ဆာခွေတွေ ဝင်ဖမ်းတော့ တရားခံအမျိုးသမီးကလုံချည်တွေချွတ်ချပြီး ဒီရဲအရာရှိကဆွဲချွတ်ပါတယ် လုပ်တာနဲ့ ရဲဘော်တွေကကာကွယ်ပေးလို့ ဘာမှမဖြစ်ခဲ့ပေမဲ့ အဲဒီကနေ ပြောင်းခဲ့ရတယ်။

နောက်တစ်နေရာက နောက်ကျွန်းလှ ရေရှင်ရေနံမှော်တွေမှာ တာဝန်ကျတာပါ။ သိတဲ့အတိုင်းဘဲ ရေနံထွက်တော့ လက်ဖျားငွေသီးကြသလို မူးယစ်ဆေးဝါးတွေလည်း ပေါတယ်လေ ။

သူ့နယ်မြေကို မူးယစ်ဆေးဝါး အဓိကဝင်တာက ပင်လယ်ဘူးဘက်ကပါ။ အဲဒီမှာ မူးယစ်ဂိုဏ်းကကောင်တွေက သူ့ကို စခန်းမှူးအသစ်ဆိုတော့ လာညှိတယ်။

ဟိုကသိန်း၅၀ဆယ် လာပေးတာလက်မခံဘဲ သူ့အပိုင်ဝင်ရင်ဖမ်းမယ်လို့သတိပေးခဲ့တယ်။ နောက်တော့ ဟိုကောင်တွေ သူ့အပိုင်ထဲ ဝင်တဲ့အချိန်မှာ တကယ်ကြီး ဖမ်းပြစ်လိုက်တယ်။ ဖမ်းနေတဲ့အချိန်မှာ ဟိုဘက်က သူ့ကို ဓါးနဲ့ ဝင်ခုတ်လို့ ပေါင်ကိုပစ်ပြီးတောင် ဖမ်းခဲ့ရတယ်တဲ့။

နောက်.. သူ့အပိုင်ထဲမှာ ဘုရားပွဲလုပ်တယ်။ ဘုရားပွဲဆိုတော့ ထုံးစံအတိုင်း ခြောက်ကောင်ဂျင်ဝိုင်းတွေ လောင်းကစားဝိုင်းတွေပါလာတာပေါ့။

အဲဒီမှာ ခြောက်ကောင်ဂျင်သမားတွေနဲ့ အခြားလောင်းကစားသမားဒိုင်တွေက သူ့ကို သိန်း(၃၀)ပေးပြီး လောင်းကစားဝိုင်းတွေ ထဲ့ချင်လို့ပါ အရင်နှစ်တွေကလဲ အခုလိုဘဲ ထဲ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှုးကလည်း ခွင့်ပြုပါတယ် ဆိုပြီးလာညှိကြတယ်။

သူကလည်း ပြတ်တယ်။ သိန်း(၃၀)လည်းမယူဘူး ။ ဖွင့်တဲ့လူ အကုန်ဖမ်းမယ်ဆိုဘဲ။

ဒါနဲ့ ဘုရားပွဲစတော့ ခြောက်ကောင်ဂျင်သမားတွေက သူ့ကို ဂရုမစိုက်ဘူးဆိုပြီး အရင်နှစ်တွေကလိုဘဲ ဂျင်ဝိုင်းတွေ ဖွင့်တာပေါ့။

သူရောက်သွားတော့ဇာက်ခုံပေါ်ကမိုက်နဲ့တက်အော်တယ်ချက်ခြင်းပိတ်ပါပေါ့ .. သူစင်ပေါ်ကဆင်းလို့ မပိတ်ဘဲတွေ့သေးရင်ဖမ်းမယ်လို့ကြေငြာတယ်။

သူစင်ပေါ်ကဆင်းတော့ ဟိုက အုပ်စုလိုက်ဒုတ်တွေဓါးတွေနဲ့ဝိုင်းလာတယ်။ ရုပ်ရုပ်သဲသဲဖြစ်ပြီးလောင်းကစားသမားတွေက ရဲဘော်တစ်ယောက်ရဲ့သေနတ်ကိုဆွဲလုလို့ သူကမိုးပေါ်ထောင်သေနတ်ပစ်တာထွက်ပြေးကြတယ်။

ပြေးရင်းလွှားရင်း ဒဏ်ရာရတော့ သူက သေနတ်နဲ့ပစ်လို့ ထိတာပါဆိုပြီး ဟိုဘက်က လိန်ပြီး တိုင်ကြတယ်။ ဒါနဲ့ မြနို့နယ်ဆရာဝန်ကြီးက ဒဏ်ရာကို စစ်တော့ ပြေးရင်းလွှားရင်း ဝါးချွန်နဲ့ ထိုးမိတာဖြစ်နေလို့ ကိုယ့်ဆရာတစ်ယောက် အလုပ်မပြုတ်ရှာတာပေါ့။

အလုပ်မပြုတ် ထောင်မကျပေမဲ့ သေနတ်ကိုင်ဆောင်ခွင့်တော့ အပိတ်ခံလိုက်ရတယ်ဗျ။ နောက်တော့ ကယားဘက်ကိုပါ အပြောင်းခံရတယ်။

ကယားဘက်ရောက်တော့ မိသားစုနဲ့ တစ်ကွဲတစ်ပြားစီ ဖြစ်သွားတာပေါ့။ ဒါနဲ့ သူတို့ အမျိုးတွေက သူ့မိသားစုရော သူ့ကိုရော နှစ်နေရာထောက်ပံ့ခဲ့ရသေးတယ်။

အခုထိလည်း ထောက်ပံ့နေရတုန်းဘဲ။ သားအလတ်လေး ဆယ်တန်းအောင်ပြီးတာတောင် ရှင်မပြုရသေးလို့ အမျိုးတွေက ငွေဝိုင်းစိုက်ထုတ်ပေးပြီး ရှင်ပြုပေးရတယ်တဲ့။ အခုတော့ သူ့သားအလတ်က စီးပွားရေးတက္ကသိုလ်မှာ .. ထောက်ပံ့စာ သီးသန့်စားနေရတဲ့သဘောပေါ့။

အဲဒီကယားမှာ တာဝန်ကျတဲ့အချိန်မှာ သူ့အမေ အသည်းအသန်ဖြစ်တော့ ကိုရီးယားမှာ ရောက်နေတဲ့ ညီနှသ်ယောက်က သူတို့အမေ့အသက်မှီအောင်ပြန်လာနိုင်တယ်။

သူကတော့ ပြန်မလာနိုင်ခဲ့ဘူး။ ဒါနဲ့ သူ့အမေဆုံးတယ်။ အမှန်က သူ့အမေက နေ့ခြင်း အသုဘ ချခိုင်းတာ။ ကယားကနေ သူပြန်မလာနိုင်တော့ သူ့ကိုစောင့်နေရင်း နောက်(၃)ရက် ဆုတ်လိုက်ရတာပေါ့။

နောက်ဆုံးတော့ အလောင်း သုသာန်ထွက်မယ်လုပ်တော့မှဘဲ သူက ရောက်လာနိုင်ခဲတယ်။ အဲဒါကြီးကို သူ့ဘဝမှာ တစ်သသနဲ့ သူက ဂုဏ်ယူချင်နေသေးတယ်ဆိုဘဲ။

အဲဒီကနေမှ နေပြည်တော်ကိုပြောင်း .. ပြီးတော့ကံကောင်းတယ်လို့ပြောမလား ကံဆိုးတယ်လို့ပြောမလား အမှတ်(၈)ရဲတပ်ရင်းကိုရောက်သွားတယ်ဗျ။

ဒီလိုနဲ့ သူ့ရဲ့ ရဲတပ်ရင်းက ရခိုင်ဘက်ကို ရှေ့တန်းထွက်ပြီး ပြန်ဝင်လာတယ်။ တရက်တော့ သူတို့ တပ်တွင်းသက်သာဆိုင်ထိုင်နေတဲ့အချိန် တပ်ရင်းRPက ဧည့်သည်ဆိုပြီး လူနှစ်ယောက်လာပို့တယ်။

အဲဒီလူတွေက သတင်းထောက်တွေ ။ ဒါပေမဲ့ သူတစ်ခါမှ ဒီလူတွေကို မမြင်ဖူးဘူး။ သူကသာ မမြင်ဖူးပေမဲ့ ဒီလူတွေမှာ သူ့ရဲ့ဖုန်းနံပါတ်က ရှိနေတယ်။

ဒီလိုနဲ့ သိသိ မသိသိ သူတို့ အဲဒီ သက်သာဆိုင်မှာ အတူတူထိုင်ကြတယ်။ နောက်တော့ အဲဒီသတင်းထောက်(၂)ယောက် အဖမ်းခံရတယ်။ သူတို့ငါးယောက်လည်း အဖမ်းခံရပြီး စုံခုံဖွဲ့ပြီး အစစ်ခံရတယ်။

အဲဒီမှာ ဘာသွားဖြစ်လည်းဆိုတော့ ခုနကပြောခဲ့သလို တစ်ဆွေလုံးတစ်မျိုးလုံး အင်္ဂလိပ်ခေတ်ထဲက ပုလိပ်အလုပ် ရဲအလုပ်ကို သိက္ခာရှိရှိလုပ်ခဲ့တဲ့ တစ်ဆွေလုံး တစ်မျိုးလုံးက အံသြကုန်တာပေါ့။

သူ့အကြောင်းကို သိနေတဲ့ သူ့အမျိုးတွေ သူ့ပြောင်းလာခဲ့သမျှ ဒေသတွေက လုပ်ဖေါ်ကိုင်ဘက်တွေ။ သူစာသင်ပေးခဲ့လို့ အရာရှိကြီးတွေ ဖြစ်နေပြီဖြစ်တဲ့ သူ့တပည့်တွေဆိုတာ သူဟာ အခုလို တစ်မျိုးသားလုံးကို သစ္စာဖေါက်ရဲလောက်အောင် မိုက်မဲမဲ့သူ တစ်ယောက်မဟုတ်ဘူးဆိုပြီး ယုံကြည်နေကြသလို အခြားတစ်ဘက်မှာလည်း သူသာ အဲဒီလိုလုပ်ရပ်ကို ကျူးလွန်ခဲ့တယ်ဆိုရင်လည်း သူ့တို့နဲ့ သေခန်းပြတ်မယ်ဆိုပြီး ပြောနေကြပါတယ်။

အော် .. သူ့နာမည်လား!
ဒုရဲမှုးမိုးရန်နိုင်လို့ ခေါ်ပါတယ်။
ကလေး(၃)ယောက်ရဲ့ဖခင်ဖြစ်ပြီး
လောလောဆယ်တော့ အချုပ်ထဲမှာ စုံခုံဖွဲ့ခံထိနေပါတယ်။

ဒီနေရာမှာ မိထားတဲ့ သတင်းထောက်နှစ်ယောက်ကို ပြောချင်ပါတယ်။

ဒီသတင်းထောက်တွေရဲ့လက်ထဲက လဝအဆင့် စာရွက်စာတမ်းတွေ အချက်အလက်တွေကြောင့် ဒီပြသနာဖြစ်သွားတာပါ။

သတင်းထောက်တွေအနေနဲ့ မိမိတို့ဟာ ဒီစာရွက်စာတမ်းတွေကို ဘယ်သူ့ဆီကရတယ် .. ဘယ်သူကတော့ မိမိတို့နဲ့ ပါဝင်ပတ်သတ်မှု ရှိမနေပါဘူးဆိုတာ အမှန်အတိုင်း ထွက်ဆိုဖို့လိုပါတယ်။

တစ်ချို့လူတွေဟာ အသက်ထက် အရှက်တရားကို ပိုပြီးတန်ဖိုးထားကြသလို မျိုးဂုဏ်ရိုးဂုဏ်ကို အသက်ထက် တန်ဖိုးထားကြတယ်ဆိုတာ သိထားကြစေချင်ပါတယ်။

ခိုင်ဇော်

No comments:

Post a Comment