ပဲခူးမြို့၊အမှတ်(၃)နယ်မြေရဲစခန်းအပိုင်၊ဥသာမြို့သစ်(၈)ရပ်ကွက်တွင်(၁.၄.၂၀၁၈)နေ့ နံနက်(၈)နာရီအချိန်
ခန့်က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ချစ်ဦးနိုင်(ခ)စံကြီး(၂၅)နှစ်၊(ဘ)ဦးအောင်သောင်း၊ကျီးပင်စုကျေးရွာ၊သနပ်ပင်မြို့နေသူနှင့် မစန္ဒာကျော်ဇင်(၁၈)နှစ်၊(ဘ)ဦးမြင့်အောင်၊ကျွန်သာယာရပ်ကွက်၊ပဲခူးမြို့နေသူနှင့်လွန်ခဲ့သော (၃)နှစ်ခန့်က အိမ်ထောင်ကျပြီး
၂၀၁၈မတ်လ ၁၁ရက်နေ့တွင် ဇနီးဖြစ်သူ မစန္ဒကျော်
ဇင်မှ နေအိမ်ကထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာ
ခြင်းမရှိသဖြင့် လိုက်လံစုံစမ်းရာ ရန်ကုန်မြို့ရှိရေသန့်စက်တွင်အလုပ်နေကြောင်းကြားသိရ၍ ရန်ကုန်သို့
သွားရောက်စုံစမ်းခဲ့ရာ ဇနီးဖြစ်သူမစန္ဒကျော်မင်းမှ ဖုန်း
ဖြင်ဆက်သွယ်၍ မင်္ဂလာဒုံစစ်သင်္ချိင်းအနီးတွင်အိမ်ငှါး
နေထိုင်ကြောင်းသိရှိရသဖြင့် သွားရောက်ခဲ့ရာ မစန္ဒကျော်မင်းအား ရန်ကုန်မြို့၊စောဘွားကြီးကုန်းရှိလက်ဘက်ရည်ဆိုင်တွင် အမည်မသိအသက်(၂၀)ခန့်ရှိ
အမျိုးသားတစ်ဦးဖြင့်တွေ့ရှိခဲ့ရ၍ ချစ်ဦးနိုင်(ခ)စံကြီးမှ
ဆိုင်ကယ်ဖြင့်ဇနီးဖြစ်သူအားခေါ်ဆောင်၍ မြဝတီမြို့တွင်အလုပ်သွားရောက်လုပ်ကိုင်မည်ဟုပြောရာ ဇနီးဖြစ်သူမှာ စောဘွားကြီးကုန်းလက်ဘက်ရည်ဆိုင်တွင်တွေ
သောအမည်မသိအမျိုးသားနှင့်သာပေါင်းရန်ပြောသဖြင့် ၄င်းမှမကျေနပ်၍ ပဲခူးမြို့၊နာရဏီသိမ်အတွင်းရှိလမ်းသွယ်တစ်ခုသို့ရောက်ရှိပြီးဆိုင်ကယ်ရပ်တန့်စဉ်မစန္ဒကျော်မင်းမှ နင်နဲ့မလိုက်နိုင်ကြောင်းပြောဆိုစဉ် ချစ်ဦးနိုင်(ခ)စံကြီးမှ ငါနဲ့မလိုက်နိုင်ရင် ဘာလို့ဖုန်းဆက်တာလဲ
ဟုပြောဆိုစဉ် တစ်ဦးနှင့်တစ်ဦးစကားများရန်ဖြစ်ပြီး ချစ်ဦးနိုင်(ခ)စံကြီးမှ မစန္ဒကျော်မင်းအား လည်ပင်းညစ်ပြီး
ဆိုင်ကယ်အောက်သို့ဆွဲချခဲရာ (၁၅)မိနစ်အကြာတွင်
လည်ပင်ညစ်ခဲ့သည့်အတွက်ကြောင့်သေဆုံးသွားခဲ့သဖြင့်စခန်းမှချစ်ဦးနိုင်(ခ)စံကြီးအား
(ပ)၂၂၀/၂၀၁၈ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
Thant Zin
No comments:
Post a Comment