Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 25, 2018

U Shwe Jole​ပြောပြတဲ့ အင်းစိန်​​ထောင်​ထဲက တိုက်​ပိတ်​ခံ အကျဉ်းစံပြီးမှ သမ္မတဖြစ်​လာသူအန်​ကယ်​ဦးထင်​​ကျော်​အ​ကြောင်း တ​စေ့တ​စောင်း..


U Shwe Jole​ပြောပြတဲ့ အင်းစိန်​​ထောင်​ထဲက တိုက်​ပိတ်​ခံ
အကျဉ်းစံပြီးမှ သမ္မတဖြစ်​လာသူအန်​ကယ်​ဦးထင်​​ကျော်​အ​ကြောင်း တ​စေ့တ​စောင်း..

သက္ကရာဇ်​နှစ်​​ထောင်​ခုနှစ်​​​ကျော်​လောက်​က ကျ​နော်​တို့လူငယ်​တစ်​စုအပါအဝင်​လက်​ရှိ သမ္မတရာထူးက​နေအနားယူသွားတဲ့ အန်​ကယ်​ ဦးထင်​​ကျော်​၊ ​အန်​တီစု၊ အန်​ကယ်​ဦးတင်​ဦးတို့နှင့်​အတူမန္တ​လေးခရီးစဉ်​သွားရန်​ ရန်​ကုန်​ဘူတာကြီးအ​ရောက်​ လုံထိန်းများကကျ​နော်​တို့ ပါတီဝင်​တစ်​စုကို ရိုက်​နှက်​ပြီး ​နောင်​တစ်​ချိန်​သမ္မတဖြစ်​လာမယ့်​ အန်​ကယ်​ဦးထင်​​ကျော်​အပါအဝင်​ ကျ​နော်​တို့လူငယ်​တစ်​စု မန္တ​လေးမ​ရောက်ဘဲ စစ်​အစိုးရ​ကောင်းမူဖြင့်​ အင်းစိန်​​ထောင်​ကို​စရိတ်​ငြီမ်း​ရောက်​ကုန်​ကြပါ​လေ​ရော

အင်းစိန်​​ထောင်​လည်း​ရောက်​​ရောအကုန်​လုံးကိုတစ်​ခါထည်းတန်းပြီးတိုက်​ပိတ်​ပါ​လေ​ရော
ဒါကဖြစ်​စဉ်​အကျည်းပါ​ပြောချင်​တာကလက်​ရှိရာထူးက​နေအနားယူသွား​သော သမ္မတကြီး အ​ကြောင်းပါ

တိုက်​၈လပိတ်​တယ်​မိသားစုနဲ့​တွေ့ခွင့်​မ​ပေးခဲ့ပါဘူး။ တိုက်​ပိတ်​ချိန်​မှာမနက်​၁၅မိနစ်​ ည၁၅ မိနစ်​​ ရေချိုးအ​ပေါ့အ​လေးသွားရန်​ တံခါးဖွင့်​​ပေးပါတယ်​ ။ အလွန်​အင်​မတန်​မှအဖိုးတန်​တဲ့ ၁၅မိနစ်​ရတဲ့အချိန်​​လေးကို အန်​ကယ်​ဦးထင်​​ကျော်​က ​ခေါင်း​ဆောင်​​ကောင်းစိတ်​ဓာတ်​အလွန်​ကြီးမားစွာတစ်​ခန်းဝင်​တစ်​ခန်းထွက်​အခန်းဝမှ​နေ၍ ​နေ​ကောင်းကြလား ကျန်းမာကြလားစသဖြင့်​ ကျ​နော်​တို့လူငယ်​​တွေစိတ်​ဓာတ်​မကျ​အောင်​ ​ကြောက်​လန့်​မ​နေ​​အောင်​ ဒီမိုက​ရေစီခရီသွားရဲ​ဘော်​ရဲ​ဘက်​ပီသစွာအား​ပေးစကားများ​နေ့​စဉ်​​နေ့တိုင်းဝတ္တရားတစ်​ခုလိုတစ်​မျိုး တာဝန်​တစ်​ခုလိုတစ်​ဖုံ အား​ပေးစကား​ပြော​ပေးသူပါ

အချိန်​ပြည့်​လို့အာဏာပိုင်​​တွေက​ဟေ့လူမ တက်​​သေးဘူးလား​အော်​​ငေါက်​​တော့မှမျက်​နာကမန်းကတန်းသစ်​ရှာသူပါ ။သူ​မွေးသူ့သား​လောက်​ရှိတဲ့အာဏာပိုင်​​တွေကသူကိုအော်​​ငေါက်​​နေတာ​တောင်​မှသူတို့ကို​မေတ္တာမပျက်​ငြိမ်းငြိမ်းချမ်းချမ်းဆက်​ဆံတက်​သူပါ။

ပြီး​တော့
၁ပတ်​မှတစ်​ခါ လက်​မ​လောက်​သာရရှိတဲ့အသားတုံး​လေး တစ်​တုံးကို​နာမကျန်းဖြစ်​တဲ့သူရှိပါကအားရှိ​ အောင်​စားပါ​စေဆိုတဲ့စိတ်​နဲ့အငတ်​ခံ မစားရက်​မြိုမကျပဲ​ ကျွေးရှာသူပါ

ခုလို​ခေါင်း​ဆောင်​​ကောင်းပီသသူသမ္မတဖြစ်​လာ​တော့ဝမ်းသာမိတယ်
အနားယူ​တော့လည်းနှာ​မြောတသဖြစ်​ရတယ်

ပင်​စင်​​တောင်​မယူဘဲအနားယူသွားတဲ့ အန်​ကယ်​ဦးထင်​​ကျော်​အ​ကြောင်း
စဉ်းစားမိရင်း တစ်​ချိန်​ကဒီမိုက​ရေစီအတွက်​ အတူတကွတိုက်​ပွဲဝင်​အနစ်​နာခံ ဒုက္ခခံခဲ့ရတဲ့အချိန်​​လေး​တွေကိုသတိရမိလို့ပါ

မှတ်​ချက်
ကျ​နော်​ဖား​ရေးခြင်းမဟုတ်​ပါ သူလည်းသမ္မတမဟုတ်​​တော့ပါ

#U Shwe Jole.

No comments:

Post a Comment