CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 2, 2018
Face recognition ဆိုတာ
Face Recognition …
Face recognition ဆိုတာ … Fb ပေါ်မှာ မိမိ Photo , Video ကို တခြားတစ်ယောက်က Upload လုပ်တဲ့အခါ / Post တင်တဲ့ အခါ မိမိကိုယ် အကြောင်းကြားပေးမဲ့ feature အသစ်လေး တစ်ခုပါ ။
----------------------------------------------------------
Facebook မှ Face Recognition ဆိုတာ....?
အရင်တုန်းက Photo တွေ Upload လိုက်တာနဲ့  အလိုလျောက် တက် ( Tag ) အလုပ်ခံရပါတယ်။
အဲ့ဒီအခွက်က ဘယ်သူ့ အခွက်ပါဆိုတာ Facebook ရဲ့  Face Recognition က မှတ်ထားတဲ့အတွက် အလိုလျောက် Tag သွားခြင်းဖြစ်ပါတယ်။
အခုဆိုရင် Facebook က Photo တင်မဟုတ်တော့ပဲ Video ထဲမှာပါတဲ့ သင်ရဲ့ မျက်နှာကို အလိုလျောက် Tag တွဲပေးတဲ့နည်းပညာကို အဆင့်မြှင့်ထားလိုက်ပါပြီ။
ကိုယ့်ပုံပါတဲ့ Photo or Video ကို တင်လိုက်တာနဲ့  ဒီတစ်ယောက်က ဘယ်သူ ဘယ်ဝါပါဆိုပီး အဲ့ဒီ Facebook Account ပိုင်ရှင်ကို Photo or Video ထဲက မျက်နှာပေါ်မှာ Auto Tag လုပ်ပေးသွားမှာပါ။
ဒီနည်းပညာကို အသုံးပြုထားတဲ့အတွက် ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းရှိလာနိုင်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့  ဒီနည်းပညာကို အသုံးချင်ရင် ဆက်သုံးလို့ ရနေပြီး အသုံးမပြုချင်ရင်လည်း မသုံးလို့ ရပါတယ်။ ယခင်ကတော့ Facebook က ဒီနည်းပညာရဲ့  Settings ပိုင်းကို Facebook User တွေကိုယ်တိုင် ပြင်ဆင်ခွင့်မပေးခဲ့ပေမယ့် အခုဆိုရင် ကိုယ်တိုင် အသုံးပြုမယ် မပြုဘူးဆိုတာကို Yes or No လုပ်လို့ ရနေပါပြီ။
ကျွန်တော်အနေနဲ့  ဒီနည်းပညာကို Review လုပ်ပေးရမယ်ဆိုရင်တော့ မဖြစ်မနေသုံးသင့်တယ်လို့ ပဲ ယူဆပါတယ်။ ဒါကြောင့် Yes လုပ်ပြီးတော့ပဲ အသုံးပြုကြပါလို့ အကြံပေးချင်ပါတယ်။ Privacy ပိုင်းအတွက် မကောင်းဘူးလို့ ထင်ရပေမယ့် ဒီနည်းပညာက သင်သာ Facebook နဲ့ မကင်းကွာနိုင်ဘူးဆိုရင် မဖြစ်မနေ သုံးကို သုံးသင့်တယ်လို့ တော့ အကြံပေးပါရစေ။
ဘာကြောင့်လည်းဆိုတော့ သင့်မျက်နှာနဲ့  သင့်အကောင့်ကို ဒီနည်းပညာက တွဲပြီး မှတ်သားထားတဲ့အတွက် သင့်ပုံစံတူ အကောင့်တွေဖွင့်လာခဲ့မယ်ဆိုရင် အဲ့ဒီအကောင့်တွေက သင်မဟုတ်ဘူးဆိုပြီး ပိုမိုခိုင်မှာတဲ့ သက်သေပြနိုင်လို့ ပါပဲ။
ဥပမာ ကိုယ့်ပုံတွေသုံးပြီး Real Name or Fake Name နဲ့  Fake Account တစ်ခုဖွင့်ထားတာတွေ့ လို့  ကိုယ်က Pretending to be Me နဲ့  Report သွားထုတဲ့အခါ မကျခဲ့တဲ့ အကောင်တွေ့ ရှိကောာင်းရှိခဲ့လိမ့်မယ်။
ဒီ Face Recognition ကို အသုံးပြုတာ ကြာသွားပြီဆိုတာနဲ့  Facebook က သင့်ရဲ့  Real Account နဲ့  Real Face ကို တွဲပြီး မှတ်မိသွားပြီးဖြစ်လို့  Pretending to be Me နဲ့ သွားထုရင် အလွယ်လေး အဲ့ဒီအကောင့် ကျသွားပါလိမ့်မယ်။
တကယ်လို့ ကိုယ်က ဒီ Face Recognition နည်းပညာကို သဘောမကျခဲ့ဘူး မသုံးချင်ဘူးဆိုရင်တော့ ကိုယ့်ရဲ့  Facebook Account Settings ထဲကနေ အဲ့ဒါလေးကို သွားပိတ်ထားလို့ ရပါတယ်။
သွားရမယ့် လမ်းကြောင်းကတော့ Account Settings => Face Recognition Settings ထဲကိုသွားပြီး Edit လေးကိုနှိပ်ပြီး No ကို ရွေးပေးထားလိုက်ရုံပါပဲ။ ကိုယ်က ပြန်သုံးချင်ပြီဆိုရင်တော့ Yes လေး သွားပြန်လုပ်ရုံပါပဲ။
သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့  ဟိုသွားဒီသွားရင်းပဲဖြစ်ဖြစ် ကြုံလို့ ဆုံလို့ ပဲဖြစ်ဖြစ် Photo တွေရိုက်ပြီး Facebook မှာ Upload တတ်ကြသူတွေအနေနဲ့ ကတော့ အဆင်ပြေပါလိမ့်မယ်။
ဘာလို့ လဲဆိုတော့ Group Photo Upload တင်လိုက်ပြီဆိုတာနဲ့  ပုံထဲမှာပါတဲ့သူတွေကို တစ်ယောက်ချင်း လိုက်ပြီး Tag ပေးနေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားလို့ ပါပဲ။
Face Recognition Settings မှာ Yes လုပ်ထားတဲ့ သူတွေချည်းပဲ ဆိုရင်တော့ Group Photo လေး Upload လိုက်တာနဲ့  Auto Tag လုပ်သွားတော့မှာမို့ ပါပဲ။
Face Recognition အကြောင်း အသေးစိတ်ကြည့်ရှုရန်နှင့် Settings ချနည်း။
https://www.facebook.com/…/manage-your-pr…/face-recognition…
Face Recognition Settings သွားချရန်နေရာ။
https://www.facebook.com/settings?tab=facerec
Crd -
-----------------------------------------------------------
1./ Fb setting
2./ Account setting
3./ Face Recognition Setting
4./ Face Recognition စာပြာပြာလေးကို နှိပ်ပြီး
5./ Yes '/' No လုပ် အသုံးပြုနိုင်ပါတယ် ။
အောက်က လင့်လေး နှိပ်ပြီးလဲ face recognition setting အကြောင်းလေ့လာ နိုင်ပါတယ်။
https://www.facebook.com/…/manage-your-pri…/face-recognition
---------------------------------------------------------
Face Recognition System on Facebook
( မျက်နှာပြ၍ အတည်ပြုခြင်း )
မျက်နှာကို အတည်ပြု၍ Login ဝင်ရောက်မှုစနစ်ကို စတင်နေပါပြီ။
ဟိုင်း,
ကျွန်တော်တို့ Facebook Community မှ Facebook ကိုပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ရန်အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတွက် မျက်နှာပြ၍ ဝင်ရောက်ဖို့ နည်းလမ်းများကို Facebook တွင် ပေါင်းထည့်ထားပြီးပါပြီ။
#သင်မသိနိုင်သောသင့်ပုံတွေကိုရှာဖွေဖို့
#သင်ခွင့်ပြုချက်မရှိဘဲသင့်ပုံတွေကိုယူသုံးသူများရန်မှကာကွယ်ဖို့
#သင်ဓာတ်ပုံဗီဒယိုတွေကိုကြည့်ရှုသုံးသပ်တဲ့လူတွေကိုပြောဖို့
သင့်မျက်နှာကို အတည်ပြု၍ ထိန်းချုပ်နိုင်ပါတယ်။
သင်သဘောကျ နှစ်သက်တယ်ဆိုရင် Settings ကို ဖွင့်ထားနိုင်ပါတယ်။ မလိုအပ်ရင်လည်း အချိန်မရွေး ပြန်ပိတ်ထားနိုင်ပါတယ်။ အောက်ပါလင့်မှာ ဝင်ရောက် ပြုလုပ်ပါ။
(စမ်းသပ်ဆဲဖြစ်လို့ အကောင့်တိုင်းမရနိုင်သေးပါ)
Facebook Team
ဖေ့စ်ဘွတ်ခ်အဖွဲ့
ရန်နောင် ရန်နောင်စိုး
Face recognition ဆိုတာ
Reviewed by MP4 YoU
on
March 02, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment