Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 21, 2018

အသက် ၁၇ နှစ်သမီးအိမ်အကူမိန်းခလေးကို အသက် ၃၇ နှစ်အိမ်ရှင်အမျိုးသားမှ အခန်းပိတ်လှောင်မုဒိမ်းကျင့် ရိုက်နှက်

 သမီးငယ် ကရင်မြန်မာမလေး ၉ တန်းနှစ်နဲ့ ကျောင်းထွက်ပြီး အိမ်ကလေးထိမ်းကူညီပေးပါဆို၍ ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ ၁ ရပ်ကွက်တွင်နေထိုင်သူ မအိမွန်ထံတွင် အလုပ်လုပ်ကိုင်ရာ မအိမွန် အဖေနှင့်အမေ မင်္ဂလာနှစ် ၄၀ ပြည့်ပွဲညတွင် မအိမွန်၏အကို ဖိုးဝ ( ခ) ရဲမင်းထွန်း အသက် ၃၇ နှစ်သည် ကရင်မလေး အခန်းလေးပြူတင်းပေါက်မှဝင်ရောက်ပြီး ပါးစပ်ပိတ်ပြီး အော်ရင်သတ်ပြစ်မည်ဟုကြိမ်းဝါး မုဒိမ်းကျင့်ပါတယ် ။ ဒီနောက် ကလေးမလေး အိမ်ပြန်သွားရာ အိမ်မှာလူမရှိလို့ အဖေနဲ့ အမေ ဗုဒ္ဓဂါယာ သွားမှာမို့ဆိုပြီး ကလေးမလေး ရွာထိလိုက်ခေါ်ပြီး ဟိုတည်မန္တလေး မှာ တည တည်းခိုပြီး ပန်းရောင်ဆေးပြားကိုမီးရှို့ပြီး ဖိုးဝ ခေါ် ရဲမင်းထွန်း သူကိုယ်တိုင်လဲရှုတယ် ကလေးမလေးကိုလဲရှုခိုင်းပြီး မုဒိမ်းအကြိမ်ကြိမ်ပြု့ကျင့်ပြီး မုဒိမ်းပြုကျင့်သောပုံကို ဗွီဒီယိုရိုက်ထား ကလေးမလေးကိုပြန်ပြFB ပေါ်တင်မည်ဆိုပြီးချိန်းခြောက်ပါတယ် နောက်ဟိုတည်မှ ကလေးမလေးကို သူဖွင့်ထားတဲ့ လ္ဘက်ရည်ဆိုင် နောက်က အိပ်ခန်းထဲတွင် ကြိုးတုပ်ပြီး ကုတင်ပေါ်မှာစောင်ခြုံ ပိတ်လှောင်ကာ အကြိမ်ကြိမ်မုဒိမ်းပြု့ကျင့်ပါတယ် ၊ မနက် ၇ နာရီမှာထမင်းတကြိမ်ကျွေးပြီး ည ၈ နာရီမှာထမင်းတကြိမ်ကျွေးပါတယ် နေ့လည်စာထမင်းလုံးဝမကျွေးပါ ။
ကလေးမလေးမှ ဖိုးဝအခန်းအတွင်း ဆေးလာချသူ ဖိုးဝသူငယ်ချင်းတွေကို ကျမကိုကယ်ပါဟု အကူညီတောင်းရာ ဖိုးဝသူငယ်ချင်းမှ ဖိုးဝအားပြန်ပြောသဖြင့် ဖိုးဝမှ ကောင်မလေးကို ပါးစပ်ကိုတိတ်နဲ့ပိတ် လက်ပြန်ကြိုးတုပ်ပြီး နင်က ဘာအဆင့်ရှိလို့ ငါ့သူငယ်ချင်းတွေကို အကူညီတောင်းရတာလဲ နင်တကိုယ်လုံး ဘာတန်ဖိုးမှမရှိဘူး နင့်ကို အက်ဆစ်နဲ့ မျက်နှာကိုပက်လို့ရတယ် နင့်တကိုယ်လုံး ရေချိုကန်ထဲအက်ဆစ်နဲ့စိမ်လိုက်ရင်း အလောင်းပျောက်သွားမယ်ဆိုပြီး ခြိမ်းခြောက်ပြီးရိုက်နှက်ပါတယ် ။

ဖိုးဝ၏ ညီမဖြစ်သူ မအိမွန်မှ သူ၏ ယောကျာ်းနဲ့ ကလေးမလေးနဲ့ ချစ်ကြိုက်နေကြောင်း ကလေမလေးကိုလိမ်ညာ ပြောဆိုခိုင်းပြီး ဖုန်းပြောခိုင်း မက်ဆေ့စ်ပို့ခိုင်းရာ မလုပ်သဖြင့် ကလေးမလေးကိုရိုက်နှက်ထားပါတယ် ၊ ကလေးမလေး ဘယ်ဘက်နားတဖက် မကြားရတော့ဘဲ ကိုင်လို့ကိုင်မှန်မသိထုံကျင်နေပါတယ် ။

( ၁၄ . ၃ . ၂၀၁၈ ) နေတွင် မန္တလေးမြို့ ပုသိမ်းကြီး မြို့မရဲစခန်းတွင် ပ / ၇၄ ပုဒ်မ ၃၇၆ - ၃၄၃ - ၃၂၃ - '၅၀၆ - ၁၁၄ နှင့် အမှု့ဖွင့်ထားပါတယ် ။ ယခုအချိန်ထိတော့ဖမ်းဆီးခြင်းမရှိသေးဟုသိရပါတယ် ။

ကျနော်တို့ မသိတဲ့ အိမ်တွင်းမုဒိမ်းမှု့တွေဘယ်လောက်များနေလဲမသိပါဘူးရှင် ။
အမာ နီ



No comments:

Post a Comment