1-ေကာင္းစြာတန္ဆာဆင္အပ္ေသာ
နတ္သမီးရွစ္ေသာင္း ေျခာက္ေထာင္တို႕
ညအခါ နံက္အခါတို႕၌ဆည္းကပ္ခစားခံရျခင္း
(ဒကာမမ်ားကသာႀကာပန္းလွဴႀကတာဆိုေတာ့
နတ္သားျဖစ္ျပီးခစားတာျဖစ္နိုင္သလို/နတ္မိဖုရား
ႀကီးျဖစ္ခါ ခစားခံရတာလဲျဖစ္နိုင္ပါည္။ဤကား
အက်ြန္ဳပ္၏အယူအဆေပတည္း)
2-လူ႕ဘဝေရာက္ေသာအခါ ခ်မ္းသာႀကြယ္ဝသူျဖစ္၍
စည္းစိမ္ဥစၥာမ်ားဆုတ္ယုတ္မွဳ႕မရွိျခင္း
3-ႀကာစြယ္လွဴသည့္အခ်ိန္မွစ၍ ကမ႓ာတစ္သိန္း
ဒုဂၢတိဘဝသို႕မေရာက္ျခင္း
4-ေနာက္ဆုံးဘဝ၌ ကိေလသာကုန္ခမ္းရဟႏၱာျဖစ္ျခင္း
(အပ!၂။၁၇၈။)(အပ!ျမန္!၂။ ၁၇၂။)
(နိဗၺာန္ရည္မွန္း လွဴဒါန္းသူသာရဟႏၱာျဖစ္နိုင္ )
နတ္သမီးအျခံအရံ အေရအတြက္ အတိအက်ပါတဲ႕
ထူးျခားတဲ႔ သုတ္ မို႕ ဒကာဒကာမေတြ အားက်ေစ
ပါေတာ့ဆိုတဲ႕ ေစတနာလဲ ပါပါတယ္
ဒကာႀကီးေတြလဲ လွဴတတ္ရင္ရပါတယ္
မလွဴတတ္ရင္လဲ လွဴမဲ႔ဒကာမေတြကိုခူးေပး
လိုက္ေပါ့ ။ ဒါေပမဲ႕…
ေက်းေတာသူေတြအတြက္ပါ
ေက်းေတာသူေတြသာ ႀကာပန္းခ်ိဳးလွဴတတ္ေသာ
အေလ့အထရွိတာမို႕ပါ။
ျမိဳ႕ႀကီးသူေတြကိုေတာ့ လွဴျဖစ္လိမ့္မည္
လွဴခ်င္စိတ္ပင္လာလိမ့္မည္
ထင္ မထားပါ ။
ႀကာပန္းတစ္ေထာင္လွဴဒါန္းျခင္းသည္
ေနာင္ပြင့္ေတာ္မူမည့္ ေမေတၱယ်ဘုရားရွင္နွင့္
ေတြ႕ဆုံဖူးေမ်ွာ္ရန္ အေႀကာင္းတစ္ပါးေပတည္း။
ေက်ာင္းမွာကထိန္အဝင္ေန႕ပါ။ စိတ္ရွဳပ္တဲ႕အႀကားက
ေရးသားရတဲ႔ တိုနွံ႕ ႏွံ႕ အေရးသားမို႕ ခြင့္လြတ္ပါ။
လူတိုင္းသတိမထားမိတဲ႕အက်ိဳးေပးေလးမို႕
သိေစခ်င္တဲ႔စိတ္ ျပင္းျပလာလို႕ ေရးရျခင္းပါ။
အာခံတြင္းက ႀကာညိုနံ႕သင္းတာ မပါေသး ။
(ဥဴဇင္းေက်ာင္းအနီးမွ မီွခိုေနေသာ ႀကာကန္ႀကီးပါ)
Credit: ဦးဇဝန ( မေကြး )
.................
# Unicode Version ျဖင့္ ဖတ္ပါ #
1-ကောင်းစွာတန်ဆာဆင်အပ်သော
နတ်သမီးရှစ်သောင်း ခြောက်ထောင်တို့
ညအခါ နံက်အခါတို့၌ဆည်းကပ်ခစားခံရခြင်း
(ဒကာမများကသာကြာပန်းလှူကြတာဆိုတော့
နတ်သားဖြစ်ပြီးခစားတာဖြစ်နိုင်သလို/နတ်မိဖုရား
ကြီးဖြစ်ခါ ခစားခံရတာလဲဖြစ်နိုင်ပါည်။ဤကား
အကျွန်ုပ်၏အယူအဆပေတည်း)
2-လူ့ဘဝရောက်သောအခါ ချမ်းသာကြွယ်ဝသူဖြစ်၍
စည်းစိမ်ဥစ္စာများဆုတ်ယုတ်မှု့မရှိခြင်း
3-ကြာစွယ်လှူသည့်အချိန်မှစ၍ ကမ္ဘာတစ်သိန်း
ဒုဂ္ဂတိဘဝသို့မရောက်ခြင်း
4-နောက်ဆုံးဘဝ၌ ကိလေသာကုန်ခမ်းရဟန္တာဖြစ်ခြင်း
(အပ!၂။၁၇၈။)(အပ!မြန်!၂။ ၁၇၂။)
(နိဗ္ဗာန်ရည်မှန်း လှူဒါန်းသူသာရဟန္တာဖြစ်နိုင် )
နတ်သမီးအခြံအရံ အရေအတွက် အတိအကျပါတဲ့
ထူးခြားတဲ့ သုတ် မို့ ဒကာဒကာမတွေ အားကျစေ
ပါတော့ဆိုတဲ့ စေတနာလဲ ပါပါတယ်
ဒကာကြီးတွေလဲ လှူတတ်ရင်ရပါတယ်
မလှူတတ်ရင်လဲ လှူမဲ့ဒကာမတွေကိုခူးပေး
လိုက်ပေါ့ ။ ဒါပေမဲ့…
ကျေးတောသူတွေအတွက်ပါ
ကျေးတောသူတွေသာ ကြာပန်းချိုးလှူတတ်သော
အလေ့အထရှိတာမို့ပါ။
မြို့ကြီးသူတွေကိုတော့ လှူဖြစ်လိမ့်မည်
လှူချင်စိတ်ပင်လာလိမ့်မည်
ထင် မထားပါ ။
ကြာပန်းတစ်ထောင်လှူဒါန်းခြင်းသည်
နောင်ပွင့်တော်မူမည့် မေတ္တေယျဘုရားရှင်နှင့်
တွေ့ဆုံဖူးမျှော်ရန် အကြောင်းတစ်ပါးပေတည်း။
ကျောင်းမှာကထိန်အဝင်နေ့ပါ။ စိတ်ရှုပ်တဲ့အကြားက
ရေးသားရတဲ့ တိုနှံ့ နှံ့ အရေးသားမို့ ခွင့်လွတ်ပါ။
လူတိုင်းသတိမထားမိတဲ့အကျိုးပေးလေးမို့
သိစေချင်တဲ့စိတ် ပြင်းပြလာလို့ ရေးရခြင်းပါ။
အာခံတွင်းက ကြာညိုနံ့သင်းတာ မပါသေး ။
(ဥူဇင်းကျောင်းအနီးမှ မှီခိုနေသော ကြာကန်ကြီးပါ)
Credit: ဦးဇဝန ( မကွေး )
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, March 5, 2018
ၾကာပန္းလႉဒါန္းရက်ိဳး
Reviewed by MP4 YoU
on
March 05, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment