ပါတီ မူဝါဒတွေကနေ လွဲချော်တာမျိုး ဖြစ်မသွားအောင် ထိန်းချုပ်ထား |
ဒါပေမယ့် ပါတီစည်းမျဉ်းအရ ပါတီဝင်တွေ အနေနဲ့ CSO တွေနဲ့ ပူးပေါင်း လုပ်ဆောင်ရမှာတွေ ရှိလာရင်တော့ ပါတီအလုပ်မှုဆောင် အဖွဲ့ကို အကြောင်းကြားရမှာ ဖြစ်တယ်လို့ NLD ပါတီ ဗဟို ပြန်ကြားရေး အတွင်းရေးမှူး မုံရွာ အောင်ရှင်က ဘီဘီစီကို ပြောပါတယ်။
ဒီ စည်းမျဉ်းကလည်း ၂ဝ၁၃ လောက်ကတည်းက ထုတ်ပြန် ထားနှင့်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
CSO အဖွဲ့တွေမှာ တာဝန်ကြီးတဲ့ ဦးဆောင်မှု ကဏ္ဍမှာ မပါဝင်သင့် |
အဓိကကတော့ ပါတီတာဝန် တစ်ခု ယူထားသူတွေ အနေနဲ့ တခြား CSO အဖွဲ့တွေမှာ တာဝန်ကြီးတဲ့ ဦးဆောင်မှု ကဏ္ဍမှာ မပါဝင်သင့်ဘူးလို့ NLD ပါတီက ကန့်သတ် ထားတာ ဖြစ်ပါတယ်။
CSO တွေနဲ့ ပူးတွဲ လုပ်ဆောင်ဖို့ လိုအပ် လာတာမျိုးတွေ ရှိနေ |
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment