CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 28, 2018
ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကို ဘယ်လိုစွပ်စွဲပြစ်တင်မလဲ
အခြေခံဥပဒေ ၂၀၀၈ အရ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို စွပ်စွဲပြစ်တင်တာ impeachment လုပ်နိင်တယ်ဆိုပေမဲ့ လက်တွေ့မှာ မကြာခင်ကမှ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးတယောက်ကို စွပ်စွဲပြစ်တင်ပီး တာဝန်က ရပ်စဲနိင်ခဲ့ပါတယ်။
ပြည်နယ်တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို ဘယ်အခြေအနေတွေမှာ စွပ်စွဲပြစ်တင်နိင်သလဲ သိဘ်ု့လိုပါတယ်။
1. နိင်ငံတော်ရဲ့ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း (တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုထားတာ မရှိပါ)
2. ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း
3. အကျင့်သိက္ခာပျက်ပြားခြင်း
4. ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးရဲ့အရည်အချင်း ပျက်ယွင်းခြင်း
5. ဥပဒေအရ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာမဆောင်ရွက်ခြင်း(လိုသလို အဓိပ္ပါယ်ဖွင့်လို့ရ။ ဥပမာ ၆ လတာ အမျိုးသားစီမံကိန်းအရ ဗဟိုအစိုးရက သတ်မှတ်ပေးထားတဲ့ ပြည်နယ်တိုင်းဒေသကြီးအစိုးရတွေရဲ့ တိုးတက်မှု% မရရင် ဝန်ကြီးချုပိတွေ ဝန်ကြီးတွေကို စွပ်စွဲပစ်တင်ပီး ရာထူးကဖြုတ်ပစ်မှာလား စဥးစားစရာပါ)
ဆိုလိုတာက အထက်က ၅ ချက်အနက် တချက်ချက်နဲ့ငြိရင် ဝန်ကြီးချုပ်ဖြစ်စေ ဝန်ကြီးကိုဖြစ်စေ စွပ်စွဲပြစ်တင်ခြင်း impeachment လုပ်နိင်တဲ့သဘော။ အဲလို စွပ်စွဲပြစ်တင်လိုတယ်ဆိုရင်
1. တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံတပုံက လက်မှတ်ထိုးပီး စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌထံ တင်ပြရပါမယ်
2. သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပီး စစ်ဆေးမဲ့ကာလကိုပါ သတ်မှတ်ပေးရမယ်။
3. စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးတဲ့အခါ သက်ဆိုင်ရာဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးကို ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်နဲ့ဖြစ်စေ ချေပခွင့်ပေးရမယ်။
4. စွပ်စွဲပြစ်တင်မှုမှန်ကန်တယ်လို့ယူဆပီး အစွပ်စွဲခံရတဲ့ ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးကို တာဝန်ဆက်ထမ်းဆောင်ဘို့မသင့်ကြောင်း အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံက ဆုံးဖြတ်ရင် ဒီဆုံးဖြတ်ချက်ကို လွှတ်တော်ဥက္ကဌက သမတထံ တင်ပြရမယ်။
5. သမတဟာ တင်ပြချက်ရတာနဲ့ အစွပ်စွဲခံရတဲ့ ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးကို ရာထူးက ရပ်စဲရပါမယ်။ (ရခိုင်အစိုးရစည်ပင်ဝန်ကြီးကို သမတကအမိန့်ထုတ်တော့ တာဝန်ကရပ်စဲတယ်လို့ သုံးပါတယ် ရာထူးကရပ်စဲတာနဲ့ အတူတူပါဘဲ)
6. စွပ်စွဲပြစ်တင်မှု မမှန်ကြောင်း သက်ဆိုင်ရာလွှတ်တော်ကဆုံးဖြတ်ရင် ဒီဆုံးဖြတ်ချက်ကို လွှတ်တော်ဥက္ကဌက သမတထံ တင်ပြရပါမယ်။
အထက်ဖော်ပြပါအချက်တွေဟာ အခြေခံဥပဒေပုဒ်မ ၂၆၃ ကခဂဃင ကိုခြုံရေးထားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ကိုကြည့်ရင် ဒေါက်တာအေးမောင်ပါတီက အမတ်နေရာ အများဆုံးရထားတဲ့အတွက် အမတ်ဦးရေရဲ့ လေးပုံတပုံက လက်မှတ်ထိုးစွပ်စွဲရာမှာဖြစ်စေ စွပ်စွဲမှုမှန်ကန်ကြောင်း အမတ်သုံးပုံနှစ်ပုံက ဆုံးဖြတ်ရာမှာဖြစ်စေ အားသာနေမှာ ဖြစ်ပါတယ်။
အန်အယ်ဒီပါတီဟာ ရခိုင်ပြည်နယ်အစိုးရမှာ အားအနည်းဆုံး ဖြစ်ပါတယ်။
...........
ခြေဥ ၁၉၉၊ က။ နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည်နိုင်ငံတော်သမတဖြစ်သည်။
၂၆၄၊ ခ၊ ၁။နိုင်ငံတော်သမတသည်လုပ်ငန်းတာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်သော တိုင်း သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအားတာဝန်မှနုတ်ထွက်ရန် ညွန်ကြားနိုင်သည်။
ညွန်ကြားသည့်အတိုင်းလိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်။
ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကို ဘယ်လိုစွပ်စွဲပြစ်တင်မလဲ
Reviewed by MP4 YoU
on
January 28, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment