အခုတလော ကလေးငယ်လေးတွေ ချွဲကျပ်တာချောင်းဆိုးတာ မကြာခဏကြားနေရလို့ နည်းလမ်းကောင်းလေးတစ်ခုမျှဝေပေးပါရစေ ကိုယ်တိုင်လည်း သားသားချွဲကျပ်တုန်းက သုံးကြည့်ခဲ့ဖူးပြီး တကယ်ပျောက်ကင်းခဲ့လို့ပါ သားသားချွဲထတုန်းကဆို အထူးကုနဲ့တောင်သွားပြခဲ့ရတာပါ အခုတော့ ဘာချွဲသံမှမကြားရတော့ဘူး
ဆေးနည်းအတွက် ပျားရည် ၊ဂျုံမှုန့်၊အုန်းဆီ နဲ့ပိတ်ပါးစတစ်ခုလိုပါတယ် အုန်းဆီလဖက်စားဇွန်းတစ်ဇွန်းခန့်ကို ခပ်နွေးနွေးဖြစ်အောင်အပူပေးပါ ပြီးတော့ ဂျုံမှုန့် ပျားရည်တို့နဲ့ရောပြီး ခပ်ပျစ်ပျစ်အနေအထားရအောင်နယ်ပေးပါ
အတိုင်းအဆကအတိအကျဖြစ်ဖို့မလိုပါဘူး လက်နဲ့ပုံဖော်လို့ရတဲ့ ခပ်ပျစ်ပျစ်အနေအထားဆိုရပါတယ် အဲဒါကို ပိတ်ပါးစ ဒါမှမဟုတ် လက်ကိုင်ပဝါအပါးပေါ်မှာဖြန့်တင်ပါ အဲဒီပိတ်စကို ကလေးရင်ဘတ်ပေါ်ကပ်ပြီး မကွားအောင်အပေါ်က တိတ်အကြည်နဲ့ကပ် ဒါမှမဟုတ် ပတ်တီးစနဲ့ပတ်ထားပါ
ကလေးဆို သုံးနာရီလောက်ကပ်ရင်ရပါတယ် နှစ်ခါသုံးခါလောက်လုပ်ပေးရင် တကယ်သက်သာပါတယ် ဒါပေမဲ့ ခြောက်လအောက်ကလေးတော့ မလုပ်ရဘူးပြောတယ်
သားသားတော့ နှစ်ခါပဲလုပ်ရတယ် ချက်ချင်းသက်သာသွားပါတယ် လက်တွေ့ပျောက်ကင်းတဲ့နည်းလမ်းမို့ ကိုယ့်လိုမိခင်တွေအတွက် ပြန်လည်မျှဝေပေးတာပါရှင့် တစ်နှစ်အထက်ကလေးတွေဆိုရင် ချောင်းဆိုးချွဲကျပ်တဲ့အခါ ပျားရည်နည်းနည်းဆီတိုက်ပေးတာလည်းသက်သာပါတယ်
မူရင်းpostတင်သူကိုတော့ မမှတ်မိတော့ပါ
War War Win Shwe
No comments:
Post a Comment